စီးပြားတက္ခ်င္ရင္ လင္နဲ႔မယား ရန္မျဖစ္ၾကဖို႔ လိုတယ္ ။ ဘာျဖစ္လို႔ ရန္ျဖစ္ရင္ စီးပြားမတက္တာလဲ ။ ရန္ျဖစ္ၿပီ ဆိုတာနဲ႔ ဝစီဒုစ႐ိုက္ မနာ ဒုစ႐ိုက္မႈေတြ က်ဴးလြန္မိေတာ့တာကိုး ။ လင္နဲ႔မယား ရန္မျဖစ္တဲ့ အခ်ိန္က နကၡတ္ေကာင္းတဲ့ အခ်ိန္ပါပဲ ။ နကၡတ္ေကာင္းရင္ စီးပြားတက္မွာပဲ ။ နကၡတ္ေကာင္းဖို႔ ယၾတာေခ်ေနဖို႔ မလိုဘူး ။ လင္နဲ႔မယား ရန္မျဖစ္ဖို႔ပဲ လိုတယ္။ လူဆိုတာ ကိုယ့္ကိုယ္ကိုယ္ အေကာင္းခ်ည္းပဲ ထင္ေနတတ္ၾကတယ္ ။ ပုထုဇဥ္ေတြပဲဆိုေတာ့ အေကာင္းခ်ည္းပဲ ဆိုတာေတာ့ ျဖစ္မလာဘူး ။

လင္မယားဆိုတာ ေကာင္းတိုင္ပင္ ဆိုးတိုင္ပင္ ရွိရမယ္ ။ တစ္ေယာက္ကို တစ္ေယာက္ အျပစ္မျမင္ အျပစ္ မတင္ရဘူး ။ တစ္ေယာက္ကိုတစ္ေယာက္ ေမတၱာေရွ႕ ထားၿပီးေတာ့ အျပဳသေဘာ ေဆာင္ၿပီး သတိေပးၾကရမယ္ ။ လင္ႏွင့္မယား ရန္ျဖစ္ျငား စီးပြားပ်က္မည္သာ ။ ဒါကေတာ့ မိုးသု (မႏၲေလး) က စီးပြားတက္ဖို႔အတြက္ ရန္မျဖစ္မိၾကဖို႔ အိမ္ေထာင္သည္ေတြကို သတိ ေပးထားတာေလးေပါ့ ။ အိမ္ေထာင္တစ္ခု စီးပြားတက္ဖို႔ဆိုရင္ မွန္ပါတယ္ မိုးသု ႐ွင္းျပထားသလို လင္မယားေတြ ရန္သတ္ေနလို႔ မျဖစ္ပါဘူး ။ ဒါဟာလည္း စီးပြားျဖစ္ျခင္း ၊ မျဖစ္ျခင္းထက္ နံပါတ္(၁)အခ်က္ကေတာ့ အျမဲ ရန္သတ္ေနတဲ့ အိမ္က သာယာတဲ့ စိတ္ခ်မ္းသာမႈ မရတာေတာ့အမွန္ပဲ ။

ပြင့္ပြင့္လင္းလင္း ေျပာရရင္ က်က္သေရမရိွတဲ့ အိမ္ေပါ့ ။ ကြၽန္ေတာ္ ဝန္ထမ္းအိမ္ေထာင္သည္ စံုတြဲကေလးေတြ တစ္ရက္ျခား ရန္ျဖစ္ၾကတယ္ ။ ရန္ျဖစ္တိုင္း ေခၚဆံုးမရတာက အလုပ္ တစ္လုပ္ ။ တခ်ဳိ့ၾကေတာ့ ရန္ျဖစ္ၿပီဆို အလုပ္ပ်က္ ၊အလုပ္ခန ၊ ခနပ်က္ရင္ ၾကာေတာ့ အလုပ္ ထုတ္ရေတာ့တာေပါ့ (ဒါလည္း စီးပြားပ်က္ျခင္းတမ်ဳိးပဲ) ။ တခ်ဳိ့ ခ်စ္ခ်စ္ခင္ခင္ေနတဲ့ အိမ္ေထာင္သည္ စံုတြဲေတြၾကျပန္ေတာ့ ၊ လင္အလုပ္ မယားကကူ ၊ မယားအလုပ္ လင္ကကူနဲ႔ သူတို႔ေလးေတြၾကျပန္ေတာ့ ေရႊတြဲလြဲ ေငြတြဲလြဲနဲ႔ေပါ့ ။ ဒါက ဝန္ထမ္း အိမ္ေထာင္သည္ေတြနဲ႔ ဥပမာ ႏိႈင္းျပတာ ။ ကြၽန္ေတာ္ တို႔လင္မယား ႏွစ္ေယာက္အေပၚ ဝန္ထမ္းကေလးေတြ ပေဟဠိ ျဖစ္ေနတဲ့ အခ်က္တစ္ခု ရိွတယ္ ၊ အဲဒါက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ရန္ျဖစ္တာ မေတြ႔ၾကလို႔တဲ့ဗ် ။

အိမ္ ေထာင္သည္ ဝန္ထမ္းေတြေကာ ၊ အိမ္ေထာင္ မသည္ေသးတဲ့ ဝန္ထမ္းေလးေတြေကာေပါ့ သူတို႔ က်င္လည္လာတဲ့ ပတ္ဝန္းက်င္ ၊ သူတို႔မိဘေတြ ရန္ ခနခန ျဖစ္ၾကတယ္တဲ့ ၊ တည့္တဲ့ အခ်ိန္ကနည္းတယ္ ၊ ကိုကိုႀကီးနဲ႔ မမ ၾကေတာ့ ရန္ျဖစ္တာ တစ္ခါမွ မေတြ႔ဘူးဆိုၿပီး လာေမးၾကတဲ့အထိေပါ့ ။ သူတို႔ေ႐ွ႕မွာ ရန္ျဖစ္တာမေတြ႔လို႔ လာေမးၾကတာ ။ ေ႐ွ႕မွာရန္မျဖစ္သလို ကြယ္ရာမွာလဲ ရန္မျဖစ္ဘူး ။ ဘာေၾကာင့္ ရန္မျဖစ္ၾကတာလဲ ? တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္လို႔ ယူထားၾကတာေလ ။ ရန္ျဖစ္ဖို႔ ယူတာမွ မဟုတ္တာ ။ ရည္းစားဘဝမွာ ဘယ္ေလာက္ပဲ အလိုလိုက္လိုက္ ၊ ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ ၊ တခ်ဳိ့တခ်ဳိ့ေတြ အိမ္ေထာင္ၾကၿပီးေနာက္ပိုင္း လက္ပါလာၾကတယ္ ။ အလြန္အမင္း ႐ိုက္နက္ၾကတဲ့သူေတြလည္း ရိွတယ္ ။

သူတို႔ေတြကို ေတြ႔ေတာ့ ရည္စားဘဝတုန္းက ဘယ္လိုမ်ား ခ်စ္စကား ေျပာလာၾကလည္းဆိုတာ အရမ္း သိခ်င္မိတယ္ ။ မိန္းခေလးဘက္ကလည္း ဘယ္ေလာက္ထိ အိုက္တင္ ခံၿပီးမွ အေျဖေပးသလဲဆိုတာ သိခ်င္မိတယ္ ။ ကြၽန္ေတာ္တုန္းက ခက္ခက္ခဲခဲ ခ်စ္ခြင့္ပန္ခဲ့ရတယ္ ၊ အခက္အခဲေတြ အမ်ားႀကီး ၾကံဳေတြ႔ခဲ့ရတယ္ ၊ ဒီလို ခက္ခဲစြ ာရယူလာခဲ့ရတဲ့ အခ်စ္ကို တန္ဖိုးထားတယ္ ၊ ျမတ္ႏိုးတယ္ ။ တကယ္ေတာ့ လင္မယားဆိုတာ အရင္းနီးဆံုး မိတ္ေဆြေတြေလ ၊ ထိလွ်လြယ္တယ္ ။ ရန္မျဖစ္မိေအာင္ အတတ္ႏိုင္ဆံုး ေျဖေလ်ာ့တတ္ရမယ္ ။ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ နားလည္းမႈ အျပည့္ရိွၾကတယ္ ။ နားလည္မႈဆိုတာ ဆင္းရဲတာ ၊ ခ်မ္းသာတာနဲ႔ မဆိုင္ဘူးေနာ္ ။

ေနာက္တစ္ခ်က္က ငါဆိုတဲ့ အတၱစြဲတြ ေလ်ာ့ခ်ပစ္ရမယ္ ။ လူပဲ အခန္႔မသင့္ရင္ စိတ္ေတာ့ တိုတတ္ၾကတာေပါ့ ။ စိတ္တိုတိုင္းလည္း ေပါက္ကြဲျပစ္လို႔မရဘူး ၊ ေပါက္ကြဲမႈျပင္းရင္ ျပင္းသလို အပိုင္းအဆေတြက လႊင့္စင္ ထြက္သြားတတ္ၾကတယ္ ၊ နဂိုအတိုင္း ျပန္ျဖစ္ဖို႔ လႊင့္သြားတဲ့ စိတ္ဒဏ္ရာ အပိုင္းအဆေတြကို ျပန္ဆက္ရတာမလြယ္ဘူးေလ ။ ဒီေတာ့ ေဒါသရဲ႕ ေပါက္ကြဲမႈအားကို နည္းႏိုင္သေလာက္ နည္းေအာင္ ပထမအဆင့္ ေလ်ာ့ခ်ႏိုင္ရမယ္ ။ မျဖစ္ႏိုင္တာ မရိွပါဘူး ၊ ခင္ဗ်ားတို႔ရဲ႕ ထစ္ကတည္းေနရင္ ထြက္တတ္တဲ့ ေဒါသ အက်င့္ကေလးကို ေျဖးေျဖးခ်င္း ေလ်ာ့ခ်ၾကည့္ပါ ။

လင္မယားေတြ ရန္ျဖစ္တာ နည္းလာေလ ၊ ပတ္ဝန္းက်င္က ကိုယ့္ကိုေလးစား အထင္ႀကီးလာ ေလပါပဲ ၊ စိတ္ခ်မ္းသာမႈ အျမဲရေနရင္ အလုပ္လုပ္ရတာလည္း အဆင္ေျပလာမယ္ ၊ စီးပြားလည္းသူ႔အလိုလို ျဖစ္လာတာေပါ့ ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ရန္ မျဖစ္ၾကဘူး ။ တစ္ေယာက္ကိုတစ္ေယာက္ ေဖးမ ကူညီတယ္ ။ ဒါေၾကာင့္ အိမ္ေထာင္မႈ သာယာတယ္ ၊ စီးပြားလည္းတက္တယ္ဆိုတာ နိဂံုးခ်ဳပ္ ေျပာျပခ်င္ပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Zaw Moe
# Unicode Version # ျဖင့္ ဖတ္ပါ #

စီးပွားတက်ချင်ရင် လင်နဲ့မယား ရန်မဖြစ်ကြဖို့ လိုတယ် ။ ဘာဖြစ်လို့ ရန်ဖြစ်ရင် စီးပွားမတက်တာလဲ ။ ရန်ဖြစ်ပြီ ဆိုတာနဲ့ ဝစီဒုစရိုက် မနာ ဒုစရိုက်မှုတွေ ကျူးလွန်မိတော့တာကိုး ။ လင်နဲ့မယား ရန်မဖြစ်တဲ့ အချိန်က နက္ခတ်ကောင်းတဲ့ အချိန်ပါပဲ ။ နက္ခတ်ကောင်းရင် စီးပွားတက်မှာပဲ ။ နက္ခတ်ကောင်းဖို့ ယတြာချေနေဖို့ မလိုဘူး ။ လင်နဲ့မယား ရန်မဖြစ်ဖို့ပဲ လိုတယ်။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အကောင်းချည်းပဲ ထင်နေတတ်ကြတယ် ။ ပုထုဇဉ်တွေပဲဆိုတော့ အကောင်းချည်းပဲ ဆိုတာတော့ ဖြစ်မလာဘူး ။

လင်မယားဆိုတာ ကောင်းတိုင်ပင် ဆိုးတိုင်ပင် ရှိရမယ် ။ တစ်ယောက်ကို တစ်ယောက် အပြစ်မမြင် အပြစ် မတင်ရဘူး ။ တစ်ယောက်ကိုတစ်ယောက် မေတ္တာရှေ့ ထားပြီးတော့ အပြုသဘော ဆောင်ပြီး သတိပေးကြရမယ် ။ လင်နှင့်မယား ရန်ဖြစ်ငြား စီးပွားပျက်မည်သာ ။ ဒါကတော့ မိုးသု (မန္တလေး) က စီးပွားတက်ဖို့အတွက် ရန်မဖြစ်မိကြဖို့ အိမ်ထောင်သည်တွေကို သတိ ပေးထားတာလေးပေါ့ ။ အိမ်ထောင်တစ်ခု စီးပွားတက်ဖို့ဆိုရင် မှန်ပါတယ် မိုးသု ရှင်းပြထားသလို လင်မယားတွေ ရန်သတ်နေလို့ မဖြစ်ပါဘူး ။ ဒါဟာလည်း စီးပွားဖြစ်ခြင်း ၊ မဖြစ်ခြင်းထက် နံပါတ်(၁)အချက်ကတော့ အမြဲ ရန်သတ်နေတဲ့ အိမ်က သာယာတဲ့ စိတ်ချမ်းသာမှု မရတာတော့အမှန်ပဲ ။

ပွင့်ပွင့်လင်းလင်း ပြောရရင် ကျက်သရေမရှိတဲ့ အိမ်ပေါ့ ။ ကျွန်တော် ဝန်ထမ်းအိမ်ထောင်သည် စုံတွဲကလေးတွေ တစ်ရက်ခြား ရန်ဖြစ်ကြတယ် ။ ရန်ဖြစ်တိုင်း ခေါ်ဆုံးမရတာက အလုပ် တစ်လုပ် ။ တချို့ကြတော့ ရန်ဖြစ်ပြီဆို အလုပ်ပျက် ၊အလုပ်ခန ၊ ခနပျက်ရင် ကြာတော့ အလုပ် ထုတ်ရတော့တာပေါ့ (ဒါလည်း စီးပွားပျက်ခြင်းတမျိုးပဲ) ။ တချို့ ချစ်ချစ်ခင်ခင်နေတဲ့ အိမ်ထောင်သည် စုံတွဲတွေကြပြန်တော့ ၊ လင်အလုပ် မယားကကူ ၊ မယားအလုပ် လင်ကကူနဲ့ သူတို့လေးတွေကြပြန်တော့ ရွှေတွဲလွဲ ငွေတွဲလွဲနဲ့ပေါ့ ။ ဒါက ဝန်ထမ်း အိမ်ထောင်သည်တွေနဲ့ ဥပမာ နှိုင်းပြတာ ။ ကျွန်တော် တို့လင်မယား နှစ်ယောက်အပေါ် ဝန်ထမ်းကလေးတွေ ပဟေဠိ ဖြစ်နေတဲ့ အချက်တစ်ခု ရှိတယ် ၊ အဲဒါက ကျွန်တော်တို့နှစ်ယောက် ရန်ဖြစ်တာ မတွေ့ကြလို့တဲ့ဗျ ။

အိမ်ထောင်သည် ဝန်ထမ်းတွေကော ၊ အိမ်ထောင် မသည်သေးတဲ့ ဝန်ထမ်းလေးတွေကောပေါ့ သူတို့ ကျင်လည်လာတဲ့ ပတ်ဝန်းကျင် ၊ သူတို့မိဘတွေ ရန် ခနခန ဖြစ်ကြတယ်တဲ့ ၊ တည့်တဲ့ အချိန်ကနည်းတယ် ၊ ကိုကိုကြီးနဲ့ မမ ကြတော့ ရန်ဖြစ်တာ တစ်ခါမှ မတွေ့ဘူးဆိုပြီး လာမေးကြတဲ့အထိပေါ့ ။ သူတို့ရှေ့မှာ ရန်ဖြစ်တာမတွေ့လို့ လာမေးကြတာ ။ ရှေ့မှာရန်မဖြစ်သလို ကွယ်ရာမှာလဲ ရန်မဖြစ်ဘူး ။ ဘာကြောင့် ရန်မဖြစ်ကြတာလဲ ? တစ်ယောက်ကိုတစ်ယောက် ချစ်လို့ ယူထားကြတာလေ ။ ရန်ဖြစ်ဖို့ ယူတာမှ မဟုတ်တာ ။ ရည်းစားဘဝမှာ ဘယ်လောက်ပဲ အလိုလိုက်လိုက် ၊ ဘယ်လောက်ပဲ ချစ်ချစ် ၊ တချို့တချို့တွေ အိမ်ထောင်ကြပြီးနောက်ပိုင်း လက်ပါလာကြတယ် ။ အလွန်အမင်း ရိုက်နက်ကြတဲ့သူတွေလည်း ရှိတယ် ။

သူတို့တွေကို တွေ့တော့ ရည်စားဘဝတုန်းက ဘယ်လိုများ ချစ်စကား ပြောလာကြလည်းဆိုတာ အရမ်း သိချင်မိတယ် ။ မိန်းခလေးဘက်ကလည်း ဘယ်လောက်ထိ အိုက်တင် ခံပြီးမှ အဖြေပေးသလဲဆိုတာ သိချင်မိတယ် ။ ကျွန်တော်တုန်းက ခက်ခက်ခဲခဲ ချစ်ခွင့်ပန်ခဲ့ရတယ် ၊ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတယ် ၊ ဒီလို ခက်ခဲစွ ာရယူလာခဲ့ရတဲ့ အချစ်ကို တန်ဖိုးထားတယ် ၊ မြတ်နိုးတယ် ။ တကယ်တော့ လင်မယားဆိုတာ အရင်းနီးဆုံး မိတ်ဆွေတွေလေ ၊ ထိလျှလွယ်တယ် ။ ရန်မဖြစ်မိအောင် အတတ်နိုင်ဆုံး ဖြေလျော့တတ်ရမယ် ။ ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နားလည်းမှု အပြည့်ရှိကြတယ် ။ နားလည်မှုဆိုတာ ဆင်းရဲတာ ၊ ချမ်းသာတာနဲ့ မဆိုင်ဘူးနော် ။

နောက်တစ်ချက်က ငါဆိုတဲ့ အတ္တစွဲတွ လျော့ချပစ်ရမယ် ။ လူပဲ အခန့်မသင့်ရင် စိတ်တော့ တိုတတ်ကြတာပေါ့ ။ စိတ်တိုတိုင်းလည်း ပေါက်ကွဲပြစ်လို့မရဘူး ၊ ပေါက်ကွဲမှုပြင်းရင် ပြင်းသလို အပိုင်းအဆတွေက လွှင့်စင် ထွက်သွားတတ်ကြတယ် ၊ နဂိုအတိုင်း ပြန်ဖြစ်ဖို့ လွှင့်သွားတဲ့ စိတ်ဒဏ်ရာ အပိုင်းအဆတွေကို ပြန်ဆက်ရတာမလွယ်ဘူးလေ ။ ဒီတော့ ဒေါသရဲ့ ပေါက်ကွဲမှုအားကို နည်းနိုင်သလောက် နည်းအောင် ပထမအဆင့် လျော့ချနိုင်ရမယ် ။ မဖြစ်နိုင်တာ မရှိပါဘူး ၊ ခင်ဗျားတို့ရဲ့ ထစ်ကတည်းနေရင် ထွက်တတ်တဲ့ ဒေါသ အကျင့်ကလေးကို ဖြေးဖြေးချင်း လျော့ချကြည့်ပါ ။

လင်မယားတွေ ရန်ဖြစ်တာ နည်းလာလေ ၊ ပတ်ဝန်းကျင်က ကိုယ့်ကိုလေးစား အထင်ကြီးလာ လေပါပဲ ၊ စိတ်ချမ်းသာမှု အမြဲရနေရင် အလုပ်လုပ်ရတာလည်း အဆင်ပြေလာမယ် ၊ စီးပွားလည်းသူ့အလိုလို ဖြစ်လာတာပေါ့ ။ ကျွန်တော်တို့နှစ်ယောက် ရန် မဖြစ်ကြဘူး ။ တစ်ယောက်ကိုတစ်ယောက် ဖေးမ ကူညီတယ် ။ ဒါကြောင့် အိမ်ထောင်မှု သာယာတယ် ၊ စီးပွားလည်းတက်တယ်ဆိုတာ နိဂုံးချုပ် ပြောပြချင်ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:Zaw Moe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top