ရွမ္းျပည္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕ ရပ္ကြက္ (၅) ရွိ ေစ်းအနီးမွာ ဒီကေန႔မနက္က မီးေလာင္မႈ ျဖစ္ပြားၿပီး အိမ္ဆိုင္ ၃ လံုး မီးထဲပါသြားကာ လူ ၂ ဦး မီးေလာင္ ေသဆံုးသြားပါတယ္။

ဒီမနက္ ၄ နာရီေလာက္က ေစ်းအနီး ေစတနာဖံုးဆိုင္ကေန မီးစေလာင္ၿပီး အနီးနား အျခားဖံုးဆိုင္ တဆိုင္နဲ႔ ကုန္စံုဆိုင္တဆိုင္ကိုပါ ေလာင္ကၽြမ္းသြားေၾကာင္း၊ အမ်ိဳးသား ၁ ဦးနဲ႔  အမ်ိဳးသမီး ၁ ဦးတို႔လည္း မီးထဲပါသြားၿပီး ေသဆံုးခဲ့ရတယ္လို႔ ကြတ္ခိုင္ျဗဟၼစိုရ္ လူမႈကူညီေရး အသင္း ေခါင္းေဆာင္ ဦးတင္၀င္းက ဒီဗြီဘီကို ေျပာပါတယ္။

“က်ေနာ္တို႔ လူမႈကူညီေရးအဖြဲ႔ထဲကေရာ၊ ရပ္ကြက္ထဲကလူေတြ အကုန္၀ိုင္းၿငိႇမ္းၾကတယ္။ မီးေလာင္ၿပီး မိနစ္ ၄၀ ေလာက္ၾကာေတာ့မွ မီးသတ္ကား ၃ စီးေလာက္လာပါတယ္။ မီးက မနက္ ၆နာရီေလာက္မွာမွ မီးညြန္႔က်ိဳးသြား တယ္ခင္ဗ်။  လူမႈကူညီေရးအဖြဲ႔က စိုင္းစံဆိုတဲ့တေယာက္က မီးထဲေရာက္ေနတဲ့ သူ႔အေဒၚကို ၀င္ဆြဲရင္း သူလည္းမီးေလာင္ခံရၿပီး ဆံုးသြားတယ္။ ေနာက္ အမ်ိဳးသမီး ၁ ေယာက္က မီးထဲမွာ ပိတ္မိၿပီး ဆံုးသြားတာ၊ နာမည္ေတာ့ မသိေသးဘူး။ အသက္ ၂၀ ေက်ာ္၀န္းက်င္ရွိမယ္။ ႏွစ္ေယာက္လံုး ပြဲခ်င္းၿပီး ဆံုးတယ္လို႔ဘဲေျပာရမွာေပါ့ဗ်ာ။ ေဆး႐ုံကို အေလာင္းအေနနဲ႔ပဲ ပို႔လိုက္ရတယ္ေလ။”



မီးစေလာင္ရတဲ့ အေၾကာင္းရင္းကို ေသခ်ာမသိေသးဘဲ ၀ိုင္ယာေရွာ့ျဖစ္တယ္လို႔ ကနဦး ယူဆေနၾကပါတယ္။

မီးေလာင္ခံရတဲ့ အိမ္ဆိုင္ ၃ ဆိုင္လံုးမွာ တန္ဖိုးႀကီးတယ္လီဖုန္းအမ်ိဳးမ်ိဳးနဲ႔ ကုန္မ်ိဳးစံုေတြပါ ေရာင္းခ်တာေၾကာင့္ ဆံုး႐ႈံးမႈပမာဏ သိန္းေပါင္းေထာင္နဲ႔ခ်ီရွိမယ္လို႔ ခန္႔မွန္း ေၾကာင္း ဦးတင္၀င္းက ေျပာပါတယ္။

ေသဆံုးသူ စိုင္းစံ (အသက္ ၃၀ ေက်ာ္)ဟာ ေစတနာဖုန္းဆိုင္ကျဖစ္ၿပီး လူမႈေရးလုပ္ငန္း၊ ပရဟိတလုပ္ငန္းေတြမွာ တက္ႂကြစြာလႈပ္ရွားကူညီတတ္သူ ျဖစ္တယ္လို႔ အျခားၿမိဳ႕ခံတဦး ကလည္း ဒီဗြီဘီကို ေျပာသြားပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb.
# Unicode Version # ျဖင့္ ဖတ္ပါ #


ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ ရပ်ကွက် (၅) ရှိ ဈေးအနီးမှာ ဒီကနေ့မနက်က မီးလောင်မှု ဖြစ်ပွားပြီး အိမ်ဆိုင် ၃ လုံး မီးထဲပါသွားကာ လူ ၂ ဦး မီးလောင် သေဆုံးသွားပါတယ်။

ဒီမနက် ၄ နာရီလောက်က ဈေးအနီး စေတနာဖုံးဆိုင်ကနေ မီးစလောင်ပြီး အနီးနား အခြားဖုံးဆိုင် တဆိုင်နဲ့ ကုန်စုံဆိုင်တဆိုင်ကိုပါ လောင်ကျွမ်းသွားကြောင်း၊ အမျိုးသား ၁ ဦးနဲ့  အမျိုးသမီး ၁ ဦးတို့လည်း မီးထဲပါသွားပြီး သေဆုံးခဲ့ရတယ်လို့ ကွတ်ခိုင်ဗြဟ္မစိုရ် လူမှုကူညီရေး အသင်း ခေါင်းဆောင် ဦးတင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ လူမှုကူညီရေးအဖွဲ့ထဲကရော၊ ရပ်ကွက်ထဲကလူတွေ အကုန်ဝိုင်းငြှိမ်းကြတယ်။ မီးလောင်ပြီး မိနစ် ၄၀ လောက်ကြာတော့မှ မီးသတ်ကား ၃ စီးလောက်လာပါတယ်။ မီးက မနက် ၆နာရီလောက်မှာမှ မီးညွန့်ကျိုးသွား တယ်ခင်ဗျ။  လူမှုကူညီရေးအဖွဲ့က စိုင်းစံဆိုတဲ့တယောက်က မီးထဲရောက်နေတဲ့ သူ့အဒေါ်ကို ဝင်ဆွဲရင်း သူလည်းမီးလောင်ခံရပြီး ဆုံးသွားတယ်။ နောက် အမျိုးသမီး ၁ ယောက်က မီးထဲမှာ ပိတ်မိပြီး ဆုံးသွားတာ၊ နာမည်တော့ မသိသေးဘူး။ အသက် ၂၀ ကျော်ဝန်းကျင်ရှိမယ်။ နှစ်ယောက်လုံး ပွဲချင်းပြီး ဆုံးတယ်လို့ဘဲပြောရမှာပေါ့ဗျာ။ ဆေးရုံကို အလောင်းအနေနဲ့ပဲ ပို့လိုက်ရတယ်လေ။”

မီးစလောင်ရတဲ့ အကြောင်းရင်းကို သေချာမသိသေးဘဲ ဝိုင်ယာရှော့ဖြစ်တယ်လို့ ကနဦး ယူဆနေကြပါတယ်။

မီးလောင်ခံရတဲ့ အိမ်ဆိုင် ၃ ဆိုင်လုံးမှာ တန်ဖိုးကြီးတယ်လီဖုန်းအမျိုးမျိုးနဲ့ ကုန်မျိုးစုံတွေပါ ရောင်းချတာကြောင့် ဆုံးရှုံးမှုပမာဏ သိန်းပေါင်းထောင်နဲ့ချီရှိမယ်လို့ ခန့်မှန်း ကြောင်း ဦးတင်ဝင်းက ပြောပါတယ်။

သေဆုံးသူ စိုင်းစံ (အသက် ၃၀ ကျော်)ဟာ စေတနာဖုန်းဆိုင်ကဖြစ်ပြီး လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းတွေမှာ တက်ကြွစွာလှုပ်ရှားကူညီတတ်သူ ဖြစ်တယ်လို့ အခြားမြို့ခံတဦး ကလည်း ဒီဗွီဘီကို ပြောသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top