ေတာအုပ္တြင္း ၁၇ ရက္ၾကာ ေပ်ာက္ဆုံးေနခဲ့သည့္ အေမရိကန္ ေယာဂနည္းျပ အမ်ိဳးသမီးတစ္ဦးကို အသက္ရွင္လ်က္ ျပန္ေတြ႕
အေမရိကန္ျပည္ေထာင္စု ဟာဝိုင္အီ ျပည္နယ္ ေတာအုပ္နက္တစ္ခုတြင္း သီတင္းပတ္ႏွစ္ပတ္ေက်ာ္ၾကာ ေပ်ာက္ဆုံးေနခဲ့သည့္ အေမရိကန္ ေယာဂနည္းျပ အမ်ိဳးသမီးတစ္ဦးကို ယခုအခါ အသက္ရွင္လ်က္ ျပန္ေတြ႕ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
သူမသည္ ယင္းေတာအုပ္ထဲ လမ္းမွား ေရာက္သြားခဲ့စဥ္ အသက္ဆက္ရွင္ေရးအတြက္ အပင္ႏွင့္ ေရကိုသာ အားကိုးခဲ့ရေၾကာင္း သိရသည္။
အသက္ ၃၅ ႏွစ္ရွိ အမန္ဒါ အယ္လာ ဆိုသူ အမ်ိဳးသမီးကို ဟယ္လီေကာ္ပတာျဖင့္ လိုက္ရွာရင္း ေမလ ၂၄ ရက္က ေတာအုပ္တစ္ခုထဲက လွ်ိဳတစ္ခု ေအာက္ေျခ ေခ်ာင္းငယ္တစ္ခုေဘးတြင္ ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။
သူမသည္ အေပ်ာ္ေျခလ်င္ခရီး ထြက္လာစဥ္ လမ္းမွားၿပီး ေတာနက္ထဲ ေရာက္သြားခဲ့ျခင္း ျဖစ္သည္။
ထိုကဲ့သို႔ ေတာအုပ္ထဲ မ်က္စိလည္ လမ္းမွား ေရာက္သြားခဲ့စဥ္ သူမသည္ ေတာင္ေစာင္းတစ္ခုေပၚမွ ျပဳတ္က်ခဲ့၍ ေျခက်ိဳးဒဏ္ရာအျပင္ အျခား ပြန္းပဲ့ဒဏ္ရာမ်ားလည္း ရရွိခဲ့ကာ ကိုယ္အေလးခ်ိန္လည္း မ်ားစြာ က်သြားခဲ့သည္ဟု သိရသည္။
ယခုအခါ သူမကို ျပန္လည္ေတြ႕ရွိၿပီးေနာက္ ေဆး႐ုံသို႔ တင္ပို႔ေပးထားၿပီး အေျခအေနေကာင္းမြန္ေနလ်က္ ရွိေၾကာင္း သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #
အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီ ပြည်နယ် တောအုပ်နက်တစ်ခုတွင်း သီတင်းပတ်နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေခဲ့သည့် အမေရိကန် ယောဂနည်းပြ အမျိုးသမီးတစ်ဦးကို ယခုအခါ အသက်ရှင်လျက် ပြန်တွေ့ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
သူမသည် ယင်းတောအုပ်ထဲ လမ်းမှား ရောက်သွားခဲ့စဉ် အသက်ဆက်ရှင်ရေးအတွက် အပင်နှင့် ရေကိုသာ အားကိုးခဲ့ရကြောင်း သိရသည်။
အသက် ၃၅ နှစ်ရှိ အမန်ဒါ အယ်လာ ဆိုသူ အမျိုးသမီးကို ဟယ်လီကော်ပတာဖြင့် လိုက်ရှာရင်း မေလ ၂၄ ရက်က တောအုပ်တစ်ခုထဲက လျှိုတစ်ခု အောက်ခြေ ချောင်းငယ်တစ်ခုဘေးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သူမသည် အပျော်ခြေလျင်ခရီး ထွက်လာစဉ် လမ်းမှားပြီး တောနက်ထဲ ရောက်သွားခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ တောအုပ်ထဲ မျက်စိလည် လမ်းမှား ရောက်သွားခဲ့စဉ် သူမသည် တောင်စောင်းတစ်ခုပေါ်မှ ပြုတ်ကျခဲ့၍ ခြေကျိုးဒဏ်ရာအပြင် အခြား ပွန်းပဲ့ဒဏ်ရာများလည်း ရရှိခဲ့ကာ ကိုယ်အလေးချိန်လည်း များစွာ ကျသွားခဲ့သည်ဟု သိရသည်။
ယခုအခါ သူမကို ပြန်လည်တွေ့ရှိပြီးနောက် ဆေးရုံသို့ တင်ပို့ပေးထားပြီး အခြေအနေကောင်းမွန်နေလျက် ရှိကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese