Sussex ၿမိဳ႕စားကေတာ္ မင္းသမီး မီဂန္မာကယ္ဟာ သားေယာက်ာ္းေလးတဦးကို ေမြးဖြားလိုက္ၿပီလို႔ Sussex ၿမိဳ႕စား ေတာ္ဝင္မင္းသား ဟယ္ရီက ေမလ ၆ ရက္ေန႔မွာ ေၾကညာခဲ့ပါတယ္။ ေပ်ာ္႐ႊင္ေနတဲ့ မင္းသား ဟယ္ရီက သူတို႔ႏွစ္ေယာက္လုံးဟာ ေတာ္ေတာ္ေလးကို စိတ္လႈပ္ရွားခဲ့ၾကၿပီး သူတို႔ကို အားေပးေထာက္ခံၾကတဲ့ ျပည္သူေတြကိုလည္း ေက်းဇူးတင္စကား ဆိုလိုက္ပါတယ္။

မိခင္မီဂန္ေရာ ရင္ေသြးေလးေရာ က်န္းက်န္းမာမာ ရွိၾကတယ္လို႔ သူကေျပာဆိုၿပီး ေဒသစံေတာ္ခ်ိန္ နံနက္ ၅ နာရီ ၂၆ မိနစ္မွာ ေမြးဖြားခဲ့တဲ့ ေမြးကင္းစ ရင္ေသြးေလးကို နာမည္ေပးဖို႔ စဥ္းစားေနၿပီလို႔လည္း ဆိုပါတယ္။

ကေလးဟာ အေလးခ်ိန္ ၇ ေပါင္နဲ႔ ၃ ေအာင္စ ရွိတယ္လို႔ဆိုၿပီး မင္းသား ဟယ္ရီဟာလည္း ဇနီးသည္ မီးဖြားတဲ့ ေနရာမွာ ရွိေနခဲ့တယ္လို႔ Buckingham နန္းေတာ္က ဆိုပါတယ္။ အဲဒီ သားေယာက်ာ္းေလးဟာ ၿဗိတိန္ ထီးေမြ နန္းေမြ ဆက္ခံမယ့္ သတၱမေျမာက္ ေနရာမွာ ရွိပါတယ္။

သူ႔ရဲ႕အေရွ႕မွာေတာ့ ေဝလမင္းသား၊ Cambridge ၿမိဳ႕စား၊ သူ႔ရဲ႕ရင္ေသြးေတြျဖစ္တဲ့ မင္းသားေလး George ၊ မင္းသမီးေလး Charlotte ၊ မင္းသားေလး Louis နဲ႔ မင္းသား ဟယ္ရီတို႔ အစဥ္လိုက္ ရွိၾကပါတယ္။

ၿပီးေတာ့ အဲဒီ ကေလးဟာ ဘုရင္မႀကီး အဲလိဇဘက္အတြက္ အ႒မေျမာက္ ျမစ္ေတာ္ ျဖစ္ပါတယ္။ အဲဒီ ရင္ေသြး ေမြးဖြားခဲ့ၿပီးေနာက္ မင္းသား ဟယ္ရီက ကေလးဟာ နည္းနည္းေစာ အခ်ိန္ေစာေမြးခဲ့တာျဖစ္ၿပီး ေနာက္ ၂ ရက္ ေလာက္ဆိုရင္ လူတိုင္းက ကေလးကို ၾကည့္ႏိုင္ေတာ့မွာျဖစ္တဲ့အျပင္ ေၾကညာခ်က္တခု ထပ္ၿပီး ထုတ္ျပန္ဖို႔ စီစဥ္ထားတယ္လို႔လည္း ဆိုထားပါတယ္။

ကေလးမီးဖြားတဲ့အခ်ိန္မွာ ရွိေနခဲ့တာ ဘယ္လိုေနလဲ ဆိုတဲ့ ေမးခြန္းကိုေတာ့ မင္းသား ဟယ္ရီက “ကေလးမီးဖြားတဲ့ေနရာမွာ က်ေနာ္ မေနခဲ့ဖူးပါဘူး။ ဒါ က်ေနာ့္ရဲ႕ ကေလးမီးဖြားေနတဲ့အခ်ိန္မွာ ပထမဆုံးအႀကိမ္ ရွိခဲ့တာပါ။ ေတာ္ေတာ္ေလးကို အံ့ၾသဖို႔ေကာင္းပါတယ္။ ထူးျခားတယ္။ ၿပီးေတာ့ က်ေနာ့္ဇနီးအတြက္လည္း ေတာ္ေတာ္ေလးကို ဂုဏ္ယူပါတယ္”လို႔ ဆိုပါတယ္။

Buckingham နန္းေတာ္ရဲ႕အဆိုအရ “ဘုရင္မႀကီး၊ Edinburgh ၿမိဳ႕စားႀကီး၊ ေဝလမင္းသား၊ Cornwall ၿမိဳ႕စားကေတာ္၊ Cambridge ၿမိဳ႕စားနဲ႔ ၿမိဳ႕စားကေတာ္၊ Lady Jane Fellowes၊ Sarah McCorquodale နဲ႔ Earl Spencer တို႔ဟာလည္း အခုလိုမ်ိဳးသတင္းကို သိရွိၿပီး ေပ်ာ္႐ႊင္ေနၾကတယ္လို႔ ဆိုပါတယ္။

မင္းသမီး မီဂန္ရဲ႕ မိခင္ Doria Ragland ကေတာ့ သူ႔ရဲ႕ ပထမဆုံးေျမးေလး ေမြးဖြားလာတာကို သိရွိၿပီး ေတာ္ေတာ္ေလး ေပ်ာ္႐ႊင္ေနခဲ့တယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #


Sussex မြို့စားကတော် မင်းသမီး မီဂန်မာကယ်ဟာ သားယောကျာ်းလေးတဦးကို မွေးဖွားလိုက်ပြီလို့ Sussex မြို့စား တော်ဝင်မင်းသား ဟယ်ရီက မေလ ၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ပျော်ရွှင်နေတဲ့ မင်းသား ဟယ်ရီက သူတို့နှစ်ယောက်လုံးဟာ တော်တော်လေးကို စိတ်လှုပ်ရှားခဲ့ကြပြီး သူတို့ကို အားပေးထောက်ခံကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်။

မိခင်မီဂန်ရော ရင်သွေးလေးရော ကျန်းကျန်းမာမာ ရှိကြတယ်လို့ သူကပြောဆိုပြီး ဒေသစံတော်ချိန် နံနက် ၅ နာရီ ၂၆ မိနစ်မှာ မွေးဖွားခဲ့တဲ့ မွေးကင်းစ ရင်သွေးလေးကို နာမည်ပေးဖို့ စဉ်းစားနေပြီလို့လည်း ဆိုပါတယ်။

ကလေးဟာ အလေးချိန် ၇ ပေါင်နဲ့ ၃ အောင်စ ရှိတယ်လို့ဆိုပြီး မင်းသား ဟယ်ရီဟာလည်း ဇနီးသည် မီးဖွားတဲ့ နေရာမှာ ရှိနေခဲ့တယ်လို့ Buckingham နန်းတော်က ဆိုပါတယ်။ အဲဒီ သားယောကျာ်းလေးဟာ ဗြိတိန် ထီးမွေ နန်းမွေ ဆက်ခံမယ့် သတ္တမမြောက် နေရာမှာ ရှိပါတယ်။

သူ့ရဲ့အရှေ့မှာတော့ ဝေလမင်းသား၊ Cambridge မြို့စား၊ သူ့ရဲ့ရင်သွေးတွေဖြစ်တဲ့ မင်းသားလေး George ၊ မင်းသမီးလေး Charlotte ၊ မင်းသားလေး Louis နဲ့ မင်းသား ဟယ်ရီတို့ အစဉ်လိုက် ရှိကြပါတယ်။

ပြီးတော့ အဲဒီ ကလေးဟာ ဘုရင်မကြီး အဲလိဇဘက်အတွက် အဋ္ဌမမြောက် မြစ်တော် ဖြစ်ပါတယ်။ အဲဒီ ရင်သွေး မွေးဖွားခဲ့ပြီးနောက် မင်းသား ဟယ်ရီက ကလေးဟာ နည်းနည်းစော အချိန်စောမွေးခဲ့တာဖြစ်ပြီး နောက် ၂ ရက် လောက်ဆိုရင် လူတိုင်းက ကလေးကို ကြည့်နိုင်တော့မှာဖြစ်တဲ့အပြင် ကြေညာချက်တခု ထပ်ပြီး ထုတ်ပြန်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုထားပါတယ်။

ကလေးမီးဖွားတဲ့အချိန်မှာ ရှိနေခဲ့တာ ဘယ်လိုနေလဲ ဆိုတဲ့ မေးခွန်းကိုတော့ မင်းသား ဟယ်ရီက “ကလေးမီးဖွားတဲ့နေရာမှာ ကျနော် မနေခဲ့ဖူးပါဘူး။ ဒါ ကျနော့်ရဲ့ ကလေးမီးဖွားနေတဲ့အချိန်မှာ ပထမဆုံးအကြိမ် ရှိခဲ့တာပါ။ တော်တော်လေးကို အံ့သြဖို့ကောင်းပါတယ်။ ထူးခြားတယ်။ ပြီးတော့ ကျနော့်ဇနီးအတွက်လည်း တော်တော်လေးကို ဂုဏ်ယူပါတယ်”လို့ ဆိုပါတယ်။

Buckingham နန်းတော်ရဲ့အဆိုအရ “ဘုရင်မကြီး၊ Edinburgh မြို့စားကြီး၊ ဝေလမင်းသား၊ Cornwall မြို့စားကတော်၊ Cambridge မြို့စားနဲ့ မြို့စားကတော်၊ Lady Jane Fellowes၊ Sarah McCorquodale နဲ့ Earl Spencer တို့ဟာလည်း အခုလိုမျိုးသတင်းကို သိရှိပြီး ပျော်ရွှင်နေကြတယ်လို့ ဆိုပါတယ်။

မင်းသမီး မီဂန်ရဲ့ မိခင် Doria Ragland ကတော့ သူ့ရဲ့ ပထမဆုံးမြေးလေး မွေးဖွားလာတာကို သိရှိပြီး တော်တော်လေး ပျော်ရွှင်နေခဲ့တယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top