ျမန္မာ အမ်ိဳးသမီးမိန္းကေလးငယ္ေလးမ်ားအတြက္ တိုင္းတပါးသားေတြရဲ႕ အႏၱရာယ္
ပြင္႔လင္းလာတဲ႔ေခတ္ႀကီးမွာ ျမန္မာႏုိင္ငံထဲကုိ ႏုိင္ငံတကာ က လူေပါင္းစုံဝင္ထြက္သြားလာေနၾကတာမဆန္းပါဘူး။
ဒါ ေပမဲ႔ တံခါးေတြဖြင္႔လုိက္လုိ႔ လတ္ဆတ္ တဲ႔ေလေတြဝင္လာ ေပမဲ႔ ဒါေတြနဲ႔အတူ အမႈံအမႊားေတြ ေရာဂါပုိးေတြလည္းပါ လာတတ္ပါတယ္။
က်ေနာ္ မေန႔က ဗီယက္နမ္မွာျဖစ္သြားတဲ႔ သတင္းတစ္ ပုဒ္ကုိဖတ္လုိက္ရပါတယ္။
ႏုိင္ငံျခားသားမ်ား ( အထူးသျဖင္႔ အဂၤလိပ္စကားေျပာႏုိင္ငံကသူေတြ ) ထဲက မသမာသူမ်ား ဟာ အမ်ိဳးသမီးငယ္မ်ားကုိ ဖ်ားေရာင္ေသြးေဆာင္ၿပီး ေဆးခပ္ ညစ္ညမ္းဗြီဒီယုိမ်ားရုိက္
အဲဒီ႔ဝက္ဆုိဒ္ေတြကုိျပန္လည္ေရာင္း စားေနတဲ႔သတင္းပါ။ ညစ္ညမ္းဝက္ဆုိဒ္မ်ားဟာ သူတုိ႔ ႀကိဳက္ ရင္ ႀကိဳက္သေလာက္ ေဒၚလာ ၁၀၀၀ ကေန ေသာင္းဂဏန္း ထိေပးၾကပါတယ္။
အဲဒီ႔သတင္းကုိ တင္ထားတဲ႔ဆုိဒ္နဲ႔ခ်ိတ္ထား တဲ႔ Youtube ဖုိင္ကုိၾကည္႔ရင္းက ျမန္မာျပည္ကုိဝင္လာၿပီး ျမန္မာမိန္းခေလးေတြကုိ လုိက္လံဖ်ားေရာင္းေနတဲ႔ ဖုိင္ကုိပါ ေတြ႔လုိက္ရတဲ႔အခါ…ႀကက္သီးေတြထမိပါတယ္။
ဆူးေလဘုရား ဘယ္လုိသြားရသလဲဆုိတာ အမ်ိဳးသမီးဝယ္ေလးေတြကုိလုိက္ ေမးပါတယ္။ ျမန္မာတုိ႔ရဲ႕ပ်ဴငွာမူ႔ ၊ အကူညီေပးလုိမႈ႔ ၊ ၾကင္နာ တတ္မႈ႔ကုိ အခြင္႔ေကာင္းယူဖုိ႔ႀကိဳးစားေနတယ္လုိ႔ထင္ပါတယ္။
တဆက္ထဲမွာ..နာမည္ဘယ္လုိေခၚသလဲ၊ လွတယ္၊ ဘယ္မွာ ေနလဲ၊ ဘာအလုပ္လုပ္သလဲဆုိတာ ဆက္လာပါတယ္။ ၿပီး ေတာ႔ ေကာ္ဖီဆုိင္ကုိေခၚဖုိ႔ ႀကိဳးစားပါတယ္။
ေကာင္မေလးေတြ ဖုန္းနံပါတ္ေတာင္းၿပီး ခ်ိန္းဆုိဖုိ႔ လုပ္ပါတယ္။ ညဘက္မွာေတြ႔ ဆုံဖုိ႔ ကမ္းလွမ္းလာပါတယ္။ ေကာင္မေလးေတြကေတာ႔ ယဥ္ ေက်းစြာျငင္းပယ္ၾကလုိ႔ ေတာ္ပါေသးရဲ႕လုိ႔ သက္ျပင္းခ်မိပါတယ္။
သူ လုိက္လံခ်ဥ္းကပ္ေနတဲ႔ အမ်ိဳးသမီးဝယ္ေလးေတြအားလုံးက အမ်ိဳးေကာင္းသားသမီးေလးေတြပါ။
သူတုိ႔ဖာသာလမ္းေလွ်ာက္ လာရင္း သတင္းေမးသလုိလုိနဲ႔ ဖြတ္အတင္းဝင္ခ်ဥ္းကပ္တာျဖစ္ ပါတယ္။
အဲဒီ႔ႏုိင္ငံျခားသားဟာ ရုပ္ရည္ေခ်ာေမာသူတစ္ေယာက္ ျဖစ္ၿပီး တစ္ဘက္သားက်ေအာင္စကားေျပာတတ္သူပါ။ က်ေနာ္ဟာ အေမရိကားမွာ ႏွစ္မ်ားစြာေနထုိင္ေနသူတစ္ ေယာက္ပါ။
အေမရိကန္ႏုိင္ငံသားျဖစ္ေနေပမဲ႔…ျမန္မာစစ္စစ္ပါ။ ျမန္မာႏုိင္ငံ၊ လူမ်ိဳးကုိ အၿမဲထာဝရခ်စ္ျမတ္ႏုိးေနသူတစ္ဦးပါ။
အေမ ရိကားမွာ ကေလကေခ် ၊ ကေလကဝေတြ၊ သူေတာင္းစားေတြ အိမ္ေျခမဲ႔သူေတြ၊ ခရက္တစ္ပ်က္ေနသူ ( နာမည္ပ်က္စာရင္းဝင္ ေနသူ ) ေတြအမ်ားႀကီးပါ။
အခုဆုိရင္ သူတုိ႔အတြက္ အာရွဟာ စားက်က္တစ္ခုျဖစ္လာလုိ႔ေနပါၿပီ။
လူေကာင္းေတြအမ်ားႀကီးရွိ ေနတာျပသနာမဟုတ္ ( သူတုိ႔က ျပသနာမေပးပါဘူး ) – ကေလ လူေတြက – ကမၻာလွည္႔ဖ်က္စီးမဲ႔အေရး – မိမိႏုိင္ငံအတြက္ေတြး ပူမိပါတယ္။
ထုိင္း၊ဆုိ ေတာ္ေတာ္ခံေနရပါတယ္။ အျဖဴေကာင္ေတြ ေတြ႔တုိင္းအထင္ႀကီးတတ္တာေတာ႔ သတိထားေစခ်င္တယ္။ အား လုံးကုိ မဆုိလုိပါဘူး…လူေကာင္းေတြလည္းရွိပါတယ္။
လူေကာင္း ေတြက ဒါမ်ိဳး ( မ်ားေသာအားျဖင္႔ – အႀကြင္းမဲ႔ မဆုိလုိ ) မလုပ္တတ္ ပါဘူး။
ဗီယက္နမ္မွာဆုိ…အဂၤလိပ္စကားေျပာေလ႔က်င္႔ခ်င္ေနတဲ႔ ေက်ာင္းသူငယ္ငယ္ေလးေတြ ခံလုိက္ရပါတယ္။ သက္ဆုိင္ရာကသိ တဲ႔အခ်ိန္ – ငနဲေတြက ျပန္လစ္သြားၿပီး ဗြီဒီယုိဖုိင္ေတြ ပါသြားပါၿပီ။
ကေလးမေလးေတြကုိ သတိေပးခ်င္တာက – အခုလုိလမ္း ေပၚမွာ ဒါမွမဟုတ္ တစ္ေနရာရာမွာ ရုတ္တရက္ေတြ႔တဲ႔ ႏုိင္ငံျခား သားမ်ားနဲ႔ ( အဲဒီေနရာမွာပဲ – ႏႈတ္အား ျဖင္႔ကူညီခ်င္ကူညီပါ ေႏြး ေထြးပါ )
ဘယ္ေသာအခါမွ အခ်ိန္းအခ်က္လုပ္တာ…ဧည္႔ခံတာ ဖိတ္ေခၚတာ မလုပ္ေစခ်င္ပါ။ အႏၱယာယ္ အရမ္းမ်ားပါတယ္။
ဒီအေၾကာင္းရာကုိ – တစ္ေယာက္နဲ႔ တစ္ေယာက္ လက္ဆင္႔ကမ္း ျခင္းျဖင္႔ကူညီပါ ။ က်ေနာ္ေျပာျပေနတာေတြဟာ မုန္းတီးဖုိ႔ေျပာေန တာမဟုတ္ – မုန္းရန္လည္းမလုိအပ္ –
သတိထားႏုိင္ဖုိ႔အတြက္ ( ခ်စ္လုိ႔ေျပာေနတယ္ ) ဆုိတာ သေဘာေပါက္ေစခ်င္ပါတယ္။
ျမန္မာအမ်ိဳးေကာင္းသားသမီးမ်ား လူယုတ္မာေဘးမွ ကင္းေဝးၾကပါေစ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Maung Maung One
# Unicode Version # ျဖင့္ ဖတ္ပါ #
ပွင့်လင်းလာတဲ့ခေတ်ကြီးမှာ မြန်မာနိုင်ငံထဲကို နိုင်ငံတကာ က လူပေါင်းစုံဝင်ထွက်သွားလာနေကြတာမဆန်းပါဘူး။
ဒါ ပေမဲ့ တံခါးတွေဖွင့်လိုက်လို့ လတ်ဆတ် တဲ့လေတွေဝင်လာ ပေမဲ့ ဒါတွေနဲ့အတူ အမှုံအမွှားတွေ ရောဂါပိုးတွေလည်းပါ လာတတ်ပါတယ်။
ကျနော် မနေ့က ဗီယက်နမ်မှာဖြစ်သွားတဲ့ သတင်းတစ် ပုဒ်ကိုဖတ်လိုက်ရပါတယ်။
နိုင်ငံခြားသားများ ( အထူးသဖြင့် အင်္ဂလိပ်စကားပြောနိုင်ငံကသူတွေ ) ထဲက မသမာသူများ ဟာ အမျိုးသမီးငယ်များကို ဖျားရောင်သွေးဆောင်ပြီး ဆေးခပ် ညစ်ညမ်းဗွီဒီယိုများရိုက်
အဲဒီ့ဝက်ဆိုဒ်တွေကိုပြန်လည်ရောင်း စားနေတဲ့သတင်းပါ။ ညစ်ညမ်းဝက်ဆိုဒ်များဟာ သူတို့ ကြိုက် ရင် ကြိုက်သလောက် ဒေါ်လာ ၁၀၀၀ ကနေ သောင်းဂဏန်း ထိပေးကြပါတယ်။
အဲဒီ့သတင်းကို တင်ထားတဲ့ဆိုဒ်နဲ့ချိတ်ထား တဲ့ Youtube ဖိုင်ကိုကြည့်ရင်းက မြန်မာပြည်ကိုဝင်လာပြီး မြန်မာမိန်းခလေးတွေကို လိုက်လံဖျားရောင်းနေတဲ့ ဖိုင်ကိုပါ တွေ့လိုက်ရတဲ့အခါ…ကြက်သီးတွေထမိပါတယ်။
ဆူးလေဘုရား ဘယ်လိုသွားရသလဲဆိုတာ အမျိုးသမီးဝယ်လေးတွေကိုလိုက် မေးပါတယ်။ မြန်မာတို့ရဲ့ပျူငှာမူ့ ၊ အကူညီပေးလိုမှု့ ၊ ကြင်နာ တတ်မှု့ကို အခွင့်ကောင်းယူဖို့ကြိုးစားနေတယ်လို့ထင်ပါတယ်။
တဆက်ထဲမှာ..နာမည်ဘယ်လိုခေါ်သလဲ၊ လှတယ်၊ ဘယ်မှာ နေလဲ၊ ဘာအလုပ်လုပ်သလဲဆိုတာ ဆက်လာပါတယ်။ ပြီး တော့ ကော်ဖီဆိုင်ကိုခေါ်ဖို့ ကြိုးစားပါတယ်။
ကောင်မလေးတွေ ဖုန်းနံပါတ်တောင်းပြီး ချိန်းဆိုဖို့ လုပ်ပါတယ်။ ညဘက်မှာတွေ့ ဆုံဖို့ ကမ်းလှမ်းလာပါတယ်။ ကောင်မလေးတွေကတော့ ယဉ် ကျေးစွာငြင်းပယ်ကြလို့ တော်ပါသေးရဲ့လို့ သက်ပြင်းချမိပါတယ်။
သူ လိုက်လံချဉ်းကပ်နေတဲ့ အမျိုးသမီးဝယ်လေးတွေအားလုံးက အမျိုးကောင်းသားသမီးလေးတွေပါ။
သူတို့ဖာသာလမ်းလျှောက် လာရင်း သတင်းမေးသလိုလိုနဲ့ ဖွတ်အတင်းဝင်ချဉ်းကပ်တာဖြစ် ပါတယ်။
အဲဒီ့နိုင်ငံခြားသားဟာ ရုပ်ရည်ချောမောသူတစ်ယောက် ဖြစ်ပြီး တစ်ဘက်သားကျအောင်စကားပြောတတ်သူပါ။ ကျနော်ဟာ အမေရိကားမှာ နှစ်များစွာနေထိုင်နေသူတစ် ယောက်ပါ။
အမေရိကန်နိုင်ငံသားဖြစ်နေပေမဲ့…မြန်မာစစ်စစ်ပါ။ မြန်မာနိုင်ငံ၊ လူမျိုးကို အမြဲထာဝရချစ်မြတ်နိုးနေသူတစ်ဦးပါ။
အမေ ရိကားမှာ ကလေကချေ ၊ ကလေကဝတွေ၊ သူတောင်းစားတွေ အိမ်ခြေမဲ့သူတွေ၊ ခရက်တစ်ပျက်နေသူ ( နာမည်ပျက်စာရင်းဝင် နေသူ ) တွေအများကြီးပါ။
အခုဆိုရင် သူတို့အတွက် အာရှဟာ စားကျက်တစ်ခုဖြစ်လာလို့နေပါပြီ။
လူကောင်းတွေအများကြီးရှိ နေတာပြသနာမဟုတ် ( သူတို့က ပြသနာမပေးပါဘူး ) – ကလေ လူတွေက – ကမ္ဘာလှည့်ဖျက်စီးမဲ့အရေး – မိမိနိုင်ငံအတွက်တွေး ပူမိပါတယ်။
ထိုင်း၊ဆို တော်တော်ခံနေရပါတယ်။ အဖြူကောင်တွေ တွေ့တိုင်းအထင်ကြီးတတ်တာတော့ သတိထားစေချင်တယ်။ အား လုံးကို မဆိုလိုပါဘူး…လူကောင်းတွေလည်းရှိပါတယ်။
လူကောင်း တွေက ဒါမျိုး ( များသောအားဖြင့် – အကြွင်းမဲ့ မဆိုလို ) မလုပ်တတ် ပါဘူး။
ဗီယက်နမ်မှာဆို…အင်္ဂလိပ်စကားပြောလေ့ကျင့်ချင်နေတဲ့ ကျောင်းသူငယ်ငယ်လေးတွေ ခံလိုက်ရပါတယ်။ သက်ဆိုင်ရာကသိ တဲ့အချိန် – ငနဲတွေက ပြန်လစ်သွားပြီး ဗွီဒီယိုဖိုင်တွေ ပါသွားပါပြီ။
ကလေးမလေးတွေကို သတိပေးချင်တာက – အခုလိုလမ်း ပေါ်မှာ ဒါမှမဟုတ် တစ်နေရာရာမှာ ရုတ်တရက်တွေ့တဲ့ နိုင်ငံခြား သားများနဲ့ ( အဲဒီနေရာမှာပဲ – နှုတ်အား ဖြင့်ကူညီချင်ကူညီပါ နွေး ထွေးပါ )
ဘယ်သောအခါမှ အချိန်းအချက်လုပ်တာ…ဧည့်ခံတာ ဖိတ်ခေါ်တာ မလုပ်စေချင်ပါ။ အန္တယာယ် အရမ်းများပါတယ်။
ဒီအကြောင်းရာကို – တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်း ခြင်းဖြင့်ကူညီပါ ။ ကျနော်ပြောပြနေတာတွေဟာ မုန်းတီးဖို့ပြောနေ တာမဟုတ် – မုန်းရန်လည်းမလိုအပ် –
သတိထားနိုင်ဖို့အတွက် ( ချစ်လို့ပြောနေတယ် ) ဆိုတာ သဘောပေါက်စေချင်ပါတယ်။
မြန်မာအမျိုးကောင်းသားသမီးများ လူယုတ်မာဘေးမှ ကင်းဝေးကြပါစေ။
ဖိုးသူတော် (www.phothutaw.com)
Credit:Maung Maung One