ရန္ကုန္ ၿမိဳ႕နယ္အခ်ိဳ႕မွာ ေဖာ္ေဆာင္မယ့္ ေျမေအာက္ ကားပါကင္ Smart Parking စနစ္ ကို ျပည္သူေတြ ဘယ္ေလာက္အထိ စရိတ္တတ္ႏိုင္မလဲဆိုတာက အေရးႀကီးတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။

Smart Packing စနစ္အတြက္ ကားရပ္နားမယ့္ေနရာေတြကို လမ္းေတြ ေအာက္မွာ ေဆာက္ဖို႔ စီစဥ္ေနတာလို႔ သိရပါတယ္။ ဒီလိုလမ္းေတြ ေအာက္မွာ ထားရင္ ကားထားခ စရိတ္ႀကီးလာမွာ ျဖစ္လို႔ ခ်ိန္ဆေဆာင္ရြက္ေနရတာလို႔ ဝန္ႀကီးခ်ဳပ္က ဆိုပါတယ္။

ဒီလိုေဆာင္ရြက္ဖို႔တြက္ ေဒသခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြ ၊ ျပည္သူေတြနဲ႕ ပူးေပါင္းၿပီး ျပည္သူေတြ အဆင္ေျပႏိုင္မယ့္ ပံုစံမ်ိဳးျဖစ္ဖို႔ စနစ္တက်အေကာင္အထည္ေဖာ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိရန္ကုန္ၿမိဳ႕ရဲ႕ ယာဥ္ေၾကာပိတ္ဆို႕မႈေတြဟာ လမ္းမေတြေပၚမွာ သြားေနတဲ့ ေမာ္ေတာ္ယာဥ္ေတြအပါအ၀င္ လမ္းမေတြေပၚမွာ ရပ္နားထားတဲ့ေမာ္ေတာ္ယာဥ္ေတြေၾကာင့္လည္း ျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့တာပါ။

ယခုေဆာင္ရြက္မယ့္ အစီအစဥ္ကိုသာ အေကာင္အထည္ေဖာ္ႏိုင္ရင္ ရန္ကုန္ၿမိဳ႕တြင္းမွာ ျဖစ္ေပၚေနတ့ဲ ယာဥ္ေၾကာပိတ္ဆို႔မႈေတြကို ေျဖရွင္းႏိုင္မွာျဖစ္တယ္လို႕ သိရပါတယ္။

ရန္ကုန္ၿမိဳ႕တြင္း ေျခာက္ၿမိဳ႕နယ္မွာ Smart Parking တည္ေဆာက္ဖို႔အတြက္ စိတ္၀င္စားတဲ့ ျပည္တြင္းကုမၸဏီေတြနဲ႕ ျပည္တြင္းျပည္ပ ဖက္စပ္ကုမၸဏီေတြကို ဇန္န၀ါရီလ ၂၂ ရက္ေန႕က စည္ပင္သာယာေရးေကာ္မတီက တင္ဒါဖိတ္ေခၚခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: 7daydaily
#Unicode Verison#
ရန်ကုန် မြို့နယ်အချို့မှာ ဖော်ဆောင်မယ့် မြေအောက် ကားပါကင် Smart Parking စနစ် ကို ပြည်သူတွေ ဘယ်လောက်အထိ စရိတ်တတ်နိုင်မလဲဆိုတာက အရေးကြီးတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။

Smart Packing စနစ်အတွက် ကားရပ်နားမယ့်နေရာတွေကို လမ်းတွေ အောက်မှာ ဆောက်ဖို့ စီစဉ်နေတာလို့ သိရပါတယ်။ ဒီလိုလမ်းတွေ အောက်မှာ ထားရင် ကားထားခ စရိတ်ကြီးလာမှာ ဖြစ်လို့ ချိန်ဆဆောင်ရွက်နေရတာလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ဒီလိုဆောင်ရွက်ဖို့တွက် ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ ၊ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေ အဆင်ပြေနိုင်မယ့် ပုံစံမျိုးဖြစ်ဖို့ စနစ်တကျအကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေဟာ လမ်းမတွေပေါ်မှာ သွားနေတဲ့ မော်တော်ယာဉ်တွေအပါအဝင် လမ်းမတွေပေါ်မှာ ရပ်နားထားတဲ့မော်တော်ယာဉ်တွေကြောင့်လည်း ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

ယခုဆောင်ရွက်မယ့် အစီအစဉ်ကိုသာ အကောင်အထည်ဖော်နိုင်ရင် ရန်ကုန်မြို့တွင်းမှာ ဖြစ်ပေါ်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာ Smart Parking တည်ဆောက်ဖို့အတွက် စိတ်ဝင်စားတဲ့ ပြည်တွင်းကုမ္ပဏီတွေနဲ့ ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီတွေကို ဇန်နဝါရီလ ၂၂ ရက်နေ့က စည်ပင်သာယာရေးကော်မတီက တင်ဒါဖိတ်ခေါ်ခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top