Credit: bamakhit
#Unicode Version# ဖြင့်ဖတ်ပါ ။
စစ်ကိုင်းမြို့တွင် မိုးခေါင်မှုဖြစ်ပေါ်နေသဖြင့် မိုးရွာသွန်းစေရန် အတွက် လွန်ဆွဲပွဲကို ဧပြီ ၂၉ ရက် ညနေပိုင်းက တကောင်းရပ်ကွက် နယ်မြေ(၂)နှင့် နယ်မြေ (၄) ရပ်ကွက်တို့တွင် ပြုလုပ်ခဲ့ကြရာ လွန်ဆွဲ ပွဲမစမီ ဆရာတော် သံဃာတော်များက ငါးရံ့မင်းပရိတ်ကို ရွတ်ဖတ် ပူဇော်၍ လွန်ဆွဲပွဲကိုပြုလုပ်ခဲ့ကြောင်း တကောင်းရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးဟန်ရှိန်က ပြောဆိုသည်။
“ကျွန်တော်တို့ငယ်စဉ်ကတည်းက ပြုလုပ်လာတာ နှစ်စဉ်တော့ မဟုတ်ပေမယ့် ဒီလိုမျိုး မိုးခေါင်နေရင် လွန်ဆွဲပွဲပြုလုပ်တယ်။ ကျွန် တော်တို့လွန်ဆွဲပွဲပြုလုပ်ပြီးတိုင်း မိုးကအမြဲရွာသွန်းလေ့ရှိပါတယ်”ဟု ၎င်းကပြောဆိုသည်။
မိုးရွာသွန်းစေရန်အတွက် ပြုလုပ်သည့်လွန်ဆွဲပွဲကို ဧပြီ၂၉ ရက်မှ စတင်၍ သုံးရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ပြီး လွန်ဆွဲပွဲတွင် အမျိုး သမီးတစ်ဖက်၊ အမျိုးသားတစ်ဖက်ယှဉ်ပြိုင်၍ အပြိုင်အဆိုင်ဆွဲကြရပြီး ရှုံးသည့်ဘက်က သီချင်းတေးသွားတစ်ပုဒ်ဖြင့် ကပြဖျော်ဖြေကြကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: bamakhit
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top