Credit:mmcelesmedia
# Unicode Version # ဖြင့် ဖတ်ပါ #
တရုတ်လုပ်ငန်းရှင်သူဌေး ဆီကို ခပ်နွမ်းနွမ်းတရုတ်လူမျိုး တစ်ယောက် အလုပ်လာတောင်းတယ်။ “ထမင်းစား ဖို့တောင် ခက်နေလို့ အလုပ်လေးတစ်ခုပေးပါဗျာ” ”
အင်း အလုပ်တော့ရှိတယ် ကြိုးစား လုပ်” “ဟုတ်ကဲ့” လအတန်ကြာ တော့ တရုတ်သူဌေးလည်း လုပ်ငန်းသစ်တိုးချဲ့ အလုပ်တောင်းသော တရုတ်သူဆင်းရဲလည်း
ပြည့်စုံတိုးတက် လုပ်ငန်းရှင်ဖြစ်လာ သော်လည်း သူ့ကျေးဇူးရှင် သူဌေးကို မမေ့ ။
အိန္ဒိယ လူမျိုးသူဌေးတစ်ယောက်ဆီ ခပ်စုတ်စုတ်လူမျိုးတူ တစ်ဦး အလုပ်လာတောင်းတယ်။ “ဟရေး အဘိုင် အလုပ်လေး ပေးပါ” “ရှိတာလုပ်ကွာ ထမင်းစားဖို့တော့ ရမယ်”
“ဟုတ်ကဲ့” မာမွတ်လည်း စောလျင်စွာအလုပ်တွေ ပြီးသလို သူဆင်းရဲ အနဲ လည်း ပြောင်ပြောင်ယောင်ယောင်နဲ့ လုပ်ငန်း စိတ်ချရသူမို့ ဦးစီးခေါင်းဆောင်ဖြစ်လာတယ်။
မြန်မာလူမျိုး လုပ်ငန်းရှင်ဆီ ဟန်အပြည့်နဲ့ လူတစ်ယောက်ရောက်လာတယ်။ “ကျနော် အလုပ်ပြတ်နေတာ တစ်နှစ်နီးပါး ရှိပါပြီ။ အလုပ်ကလေး ပေးပါဗျာ။” အေး ရှိတာလေးလုပ်ပေါ့ကွာ။”
“ဟုတ်ကဲ့ ဘယ်လောက်ပေးမှာပါလဲ။ ဘယ်လိုလုပ်ရမှာ ပါလဲ” ” အင်း မင်းလုပ်နိုင်စွမ်းရည်ပေါ် မူတည် ပေးမယ်ကွာ” “ဟုတ်ကဲ့ ကျနော်က ဘာတွေ လုပ်တတ်ပါတယ်ဗျာ””အေး”
သုံးရက်လောက်နေတော့ ” ကျနော်က ဆရာကြီးဗျ ဒါတွေ မလုပ်နိုင်ဘူး။ ဒီလောက်ဆို ကျနော့် ပေးတာနဲ့ တန်နေပြီ။ ဒီနေ့ မအားဘူးဗျာ တခြားအလုပ်တွေရှိသေးတယ်။
ကျနော်မရှိရင် ဒီအလုပ်က လုပ်မရဘူးဗျ ။ ခုသူဌေးက ဘာမှအသုံး မကျပါဘူးဗျာ ကျနော်ပဲလုပ်နေရတာ မို့ကျနော့်ပဲ အလုပ်ပေးဗျာ။ ကျနော် းးးးးးးကျနော် းးးးးးးးပေါင်းများစွာကြား
မြန်မာ ပိုင်ရှင် သူဌေးလည်း ထမင်းပန်းကန် အလုမခံ ရဖို့ အလုပ်နားခိုင်းလိုက်ရတဲ့ အဖြစ်။
ဟန် မာန် သစ္စာ ကျေးဇူးတရား ဆရာဆိုတဲ့ဦးထိပ်ထားမှု အစစကွာခြားမှုတွေနဲ့ မိမိက ဘယ်လောက်ပေးလို့ ဘယ်လောက် ပြန်ရပါလားဆိုတဲ့ တွေးခေါ် မှု မိမိရပ်တည်မှု အရည်အချင်း ထက်ပိုသာရလိုမှု ပညာကုန်မတတ် ဆရာကိုသတ်မယ်ဆိုတဲ့စိတ်များနေသရွေ့ တိုးတက်မှုဆိုတာ ပေးဆပ်မှုထက် ရလိုမှု များသော အသိုင်းဝန်းတွေ ကြောင့်းးးးးးးးးးးး
ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top