20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


( ၁ ) သင့္ရဲ႕ အတိတ္နဲ႔ ၿငိမ္းခ်မ္းမႈယူပါ ။

ဒါမွ သင့္ရဲ႕အတိတ္က သင့္ရဲ႕ပစၥဳပၸန္ကို မေႏွာက္ယွက္ေတာ့မွာပါ ။

လူေတာ္ေတာ္မ်ားမ်ား စိတ္ဆင္းရဲရတဲ့ အေၾကာင္းအရင္းကေတာ့

အတိတ္က အေၾကာင္းေတြကို ျပန္ေတြးေနလို႔ပါပဲ။ အတိတ္က

မေအာင္ျမင္ခဲ့တာေတြ က်ရႈံးခဲ့တာေတြ စိတ္ညစ္စရာေတြကို ျပန္

ေတြးေလ့ရွိလို႔ စိတ္ဆင္းရဲၾကတာမ်ားပါတယ္။ဒီေတာ့ အခုအခ်ိန္က

စၿပီး ျပန္သြားလို႔ မရေတာ့တဲ့ အတိတ္နဲ႔ ၿငိမ္းခ်မ္းေရးယူၿပီး လက္ရွိ

လုပ္ေနတာကိုပဲ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္လိုက္ပါ။

( ၂ ) အျခားသူေတြ သင့္အေၾကာင္း ဘယ္လိုေတြးလဲဆိုတာ သင့္ကိစၥ မဟုတ္ပါဘူး။

အျခားသူေတြက သင့္အေၾကာင္းကို ဘယ္လိုေတြးမလဲဆိုၿပီး စဥ္းစားရတာလည္း တကယ္ေတာ့သင့္ကို စိတ္ညစ္ေစပါတယ္။

ဘာမွကိုမလုပ္ရေသးဘူး ” ငါဒါလုပ္ရင္ သူတို႔ေတြ ဘာမ်ားေျပာၾကမလဲ ”

ဆိုၿပီး ေတြးရတာကိုက ပင္ပန္းလွပါတယ္။သင္လုပ္စရာရွိရင္ ျဖစ္ေျမာက္ေအာင္ လုပ္ပါ။

ကဲ့ရဲ႕တာ ခ်ီးက်ဴးတာက သူတို႔အလုပ္ပါ။ သင့္အလုပ္မဟုတ္ပါဘူး။သင့္အလုပ္က သင္လုပ္စရာရွိတာကိုၿပီးေျမာက္ေအာင္ လုပ္ေဆာင္ဖို႔ပါ။

( ၃ ) အခ်ိန္က အရာအားလုံးနီးပါကို ကုစားႏိုင္ပါတယ္။

အခ်ိန္ေပးပါ။ အေကာင္းဆုံးသမားေတာ္ကေတာ့ အခ်ိန္ပါပဲ။

တစ္ခ်ိဳ႕ကိစၥေတြက အခ်ိန္ေပးဖို႔ လိုပါတယ္။ ခ်က္ခ်င္းလုပ္ ခ်က္ခ်င္းမျဖစ္ပါဘူး။

အခ်ိန္အတိုင္းအတာ တစ္ခုေပးမွ ျဖစ္တာပါ။

ဒါေၾကာင့္ အခ်ိန္ေပးသင့္တဲ့ အရာေတြကို အခ်ိန္ေပးပါ။

( ၄ ) သင့္ရဲ႕ဘဝကို အျခားသူမ်ားရဲ႕ ဘဝနဲ႔ မႏႈိင္းယွဥ္ပါနဲ႔။

သူ႔တို႔ကိုလည္း မေဝဖန္ပါနဲ႔။သင္ဟာ ကမာၻေပၚမွာ ဘယ္သူနဲ႔မွ မတူတဲ့တစ္ဦးတည္းေသာသူ တေယာက္ပါ။

ဒီေတာ့ သင့္ကိုယ္သင္ဘယ္သူနဲ႔မွ လိုက္ၿပီးမယွဥ္ပါနဲ႔။ သူမ်ားေတြကိုလည္း မေဝဖန္ပါနဲ႔။ဘာလို႔
လည္းဆိုေတာ့ သူတို႔ရဲ႕ ဘဝပန္းတိုင္ကဘာလဲ သင္မွမသိတာ။

( ၅ ) အေတြးမလြန္ပါေစနဲ႔။ အရာအားလုံးရဲ႕ အေျဖကိုသိစရာမလိုပါဘူး။

အေကာင္းျမင္တတ္ဖို႔ပဲ လိုတာပါ။ အခ်ိဳ႕ေတြကအရမ္းအေတြးလြန္

တတ္ပါတယ္။ အားလုံးရဲ႕ အေျဖကိုသိခ်င္ၾကပါတယ္။

အက်ိဳးဆက္အေနနဲ႔ စိတ္ပင္ပန္းပါတယ္။ သင္အရာအားလုံးရဲ႕ အေျဖကို သိဖို႔မလိုပါဘူး။

ေလာကႀကီးမွာ သင့္ကို ဘယ္လိုအရာေတြ ျဖစ္ပ်က္လဲဆိုတာက အေရးမႀကီးပါဘူး။သင္က ထိုအရာေတြကို ဘယ္လိုတုံ႔ျပန္လဲ ဆိုတာသာ အေရးႀကီးတာပါ။

( ၆ ) သင့္ရဲ႕ ေပ်ာ္႐ႊင္မႈအတြက္ သင္ကလြဲၿပီး မည္သူ႔မွာမွ တာဝန္မရွိပါဘူး။

သင့္ရဲ႕ ေပ်ာ္႐ႊင္မႈအတြက္ တစ္စုံတေယာက္ တစုံတရာကို တာဝန္ မေပးလိုက္ပါနဲ႔။သူတို႔မရွိေတာ့ရင္သင္မေပ်ာ္မ႐ႊင္ ျဖစ္လာပါလိမ့္မယ္။

သင္သာလွ်င္ သင့္ဘဝရဲ႕ ပဲ့ကိုင္ရွင္ပါ။

( ၇ ) ၿပဳံးပါေလာကႀကီးတစ္ခုလုံးက ျပႆနာခ်ည္းပဲ မဟုတ္ပါဘူး။

မေသခ်ာတဲ့ မနက္ျဖန္ကို စိတ္ပူမည့္အစားေသခ်ာတဲ့ ယခုလက္ရွိအခ်ိန္ေလးမွာ ေပ်ာ္႐ႊင္ေအာင္ေနပါ။

မွတ္ခ်က္ /ဆရာမိုးရွင္း(IMT)ရဲ႕ သူစိတ္ဓာတ္က်တိုင္းဖတ္ဖို႔ စာအုပ္မွ ေကာက္ႏုတ္တင္ျပပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #


( ၁ ) သင့်ရဲ့ အတိတ်နဲ့ ငြိမ်းချမ်းမှုယူပါ ။

ဒါမှ သင့်ရဲ့အတိတ်က သင့်ရဲ့ပစ္စုပ္ပန်ကို မနှောက်ယှက်တော့မှာပါ ။

လူတော်တော်များများ စိတ်ဆင်းရဲရတဲ့ အကြောင်းအရင်းကတော့

အတိတ်က အကြောင်းတွေကို ပြန်တွေးနေလို့ပါပဲ။ အတိတ်က

မအောင်မြင်ခဲ့တာတွေ ကျရှုံးခဲ့တာတွေ စိတ်ညစ်စရာတွေကို ပြန်

တွေးလေ့ရှိလို့ စိတ်ဆင်းရဲကြတာများပါတယ်။ဒီတော့ အခုအချိန်က

စပြီး ပြန်သွားလို့ မရတော့တဲ့ အတိတ်နဲ့ ငြိမ်းချမ်းရေးယူပြီး လက်ရှိ

လုပ်နေတာကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်လိုက်ပါ။

( ၂ ) အခြားသူတွေ သင့်အကြောင်း ဘယ်လိုတွေးလဲဆိုတာ သင့်ကိစ္စ မဟုတ်ပါဘူး။

အခြားသူတွေက သင့်အကြောင်းကို ဘယ်လိုတွေးမလဲဆိုပြီး စဉ်းစားရတာလည်း တကယ်တော့သင့်ကို စိတ်ညစ်စေပါတယ်။

ဘာမှကိုမလုပ်ရသေးဘူး ” ငါဒါလုပ်ရင် သူတို့တွေ ဘာများပြောကြမလဲ ”

ဆိုပြီး တွေးရတာကိုက ပင်ပန်းလှပါတယ်။သင်လုပ်စရာရှိရင် ဖြစ်မြောက်အောင် လုပ်ပါ။

ကဲ့ရဲ့တာ ချီးကျူးတာက သူတို့အလုပ်ပါ။ သင့်အလုပ်မဟုတ်ပါဘူး။သင့်အလုပ်က သင်လုပ်စရာရှိတာကိုပြီးမြောက်အောင် လုပ်ဆောင်ဖို့ပါ။

( ၃ ) အချိန်က အရာအားလုံးနီးပါကို ကုစားနိုင်ပါတယ်။

အချိန်ပေးပါ။ အကောင်းဆုံးသမားတော်ကတော့ အချိန်ပါပဲ။

တစ်ချို့ကိစ္စတွေက အချိန်ပေးဖို့ လိုပါတယ်။ ချက်ချင်းလုပ် ချက်ချင်းမဖြစ်ပါဘူး။

အချိန်အတိုင်းအတာ တစ်ခုပေးမှ ဖြစ်တာပါ။

ဒါကြောင့် အချိန်ပေးသင့်တဲ့ အရာတွေကို အချိန်ပေးပါ။

( ၄ ) သင့်ရဲ့ဘဝကို အခြားသူများရဲ့ ဘဝနဲ့ မနှိုင်းယှဉ်ပါနဲ့။

သူ့တို့ကိုလည်း မဝေဖန်ပါနဲ့။သင်ဟာ ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှ မတူတဲ့တစ်ဦးတည်းသောသူ တယောက်ပါ။

ဒီတော့ သင့်ကိုယ်သင်ဘယ်သူနဲ့မှ လိုက်ပြီးမယှဉ်ပါနဲ့။ သူများတွေကိုလည်း မဝေဖန်ပါနဲ့။ဘာလို့
လည်းဆိုတော့ သူတို့ရဲ့ ဘဝပန်းတိုင်ကဘာလဲ သင်မှမသိတာ။

( ၅ ) အတွေးမလွန်ပါစေနဲ့။ အရာအားလုံးရဲ့ အဖြေကိုသိစရာမလိုပါဘူး။

အကောင်းမြင်တတ်ဖို့ပဲ လိုတာပါ။ အချို့တွေကအရမ်းအတွေးလွန်

တတ်ပါတယ်။ အားလုံးရဲ့ အဖြေကိုသိချင်ကြပါတယ်။

အကျိုးဆက်အနေနဲ့ စိတ်ပင်ပန်းပါတယ်။ သင်အရာအားလုံးရဲ့ အဖြေကို သိဖို့မလိုပါဘူး။

လောကကြီးမှာ သင့်ကို ဘယ်လိုအရာတွေ ဖြစ်ပျက်လဲဆိုတာက အရေးမကြီးပါဘူး။သင်က ထိုအရာတွေကို ဘယ်လိုတုံ့ပြန်လဲ ဆိုတာသာ အရေးကြီးတာပါ။

( ၆ ) သင့်ရဲ့ ပျော်ရွှင်မှုအတွက် သင်ကလွဲပြီး မည်သူ့မှာမှ တာဝန်မရှိပါဘူး။

သင့်ရဲ့ ပျော်ရွှင်မှုအတွက် တစ်စုံတယောက် တစုံတရာကို တာဝန် မပေးလိုက်ပါနဲ့။သူတို့မရှိတော့ရင်သင်မပျော်မရွှင် ဖြစ်လာပါလိမ့်မယ်။

သင်သာလျှင် သင့်ဘဝရဲ့ ပဲ့ကိုင်ရှင်ပါ။

( ၇ ) ပြုံးပါလောကကြီးတစ်ခုလုံးက ပြဿနာချည်းပဲ မဟုတ်ပါဘူး။

မသေချာတဲ့ မနက်ဖြန်ကို စိတ်ပူမည့်အစားသေချာတဲ့ ယခုလက်ရှိအချိန်လေးမှာ ပျော်ရွှင်အောင်နေပါ။

မှတ်ချက် /ဆရာမိုးရှင်း(IMT)ရဲ့ သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ စာအုပ်မှ ကောက်နုတ်တင်ပြပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top