





Credit:mmcelesmedia
# Unicode Version # ဖြင့် ဖတ်ပါ #


တရက်က မွန်းလွဲ ၁:၂၀ မှာ၊ညောင်ဦးကျောက်ပန်းတောင်လမ်းမကြီးပေါ်၊ညောင်ဦးရောက်ရန် ၆/၇ မိုင်အလိုလောက်မှာ ဆိုင်ကယ်တစ်စီးမှောက်တယ်၊ စီးလာတဲ့သူနှစ်ယောက်သေနိုင်တဲ့ အခြေနေမျိုး၊ နိုင်ငံခြားသားနှစ်ယောက်ပါတဲ့ကားမှာ ကားဆရာကမရပ်ဘူး နိုင်ငံခြားသားကအတင်ရပ်ခိုင်းတယ်။

ကျွန်တော်တို့ပြည်သူတွေ၃၀ ကျော်လောက်ရှိမယ်၊ အဲ့ဒီအချိန်ကျွန်တော်တို့ကားရောက်လာတယ်။ နိုင်ငံခြားအမျိုးသ္မီးက မြင်မကောင်းအောင်ဖြစ်နေတဲ့လူနာနှစ်ယောက်ကိုသန်ု့စင်ပေးနေတယ် ပါးစပ်ကလည်းအရေးပေါ်ကားခေါ်ပေးကြဖို့တစ်စာစာဪနေတယ်။

ကျွန်တော်တို့နိုင်ငံသား၃၀/၄၀ ကတော့မကိုင်ရဲမထိရဲပဲ ရဲခေါ်ဖို့ ရဲမလားခင်သွားထိလို့မရဘူးဆိုပြီးတော့ဖုန်းလေးတွေနဲ့တစ်ဖြတ်ဖြတ်ဓါတ်ဖမ်းကြပါတယ်။ ကျွန်တော်အပါအဝင်ပေါ့နော့။

ကျွန်တော်တို့ကားကရဲသွားခေါ်တယ် လူနာတင်ယဉ်သွားခေါ်တယ်။ ထူးခြားတာကရဲကဝေ့လည်ကြောင်ပတ်နဲ့မလိုက်ခြင်လို့အချိန်ဆွဲတယ်။ လိုက်လာပါတယ်ချက်ခြင်းလူနာတင်ယဉ်တွေ၊

လူနာတင်ပြီးတော့ပြဿာနာကတစ်ခု၊လူနာကဘယ်ကမှန်းမသိ၊လူနာရှင်မရှိတော့ လူနာတင်ယဉ်ကမသွားရဲဘူး၊ နိုင်ငံခြားသူကကားကိုအလန်းပေးချက်ခြင်းဆေးရုံသွားဖို့အသက်မှီဖို့အတွက်အမိန့်ပုံစံပြောလာပါတယ်၊ကျွန်တောတို့လည်းမလိုက်ခြင်တဲ့ရဲကိုလူနာတင်ယဉ်ပေါ်အတင်းတွန်တင်ပြီးသွားခိုင်ရပါတယ်။

ကွာခြားတာကသူတို့ကလူနာအသက်မှီဖို့နံပတ်တစ်၊ ကျွန်တော်တို့ရဲမလာမခြင်စောင့်ဖို့ကနံပတ်တစ်???

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top