ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ခ႐ိုင္၊ နမ့္ခမ္းၿမိဳ႕ေပၚရွိ အိမ္တအိမ္ကို လက္နက္ (ေသနတ္) ငယ္မ်ား ကိုင္ေဆာင္ ထားသည့္ အရပ္ဝတ္ လူတစုက ဝင္ေရာက္ဓားျပတိုက္မႈျဖစ္ပြားခဲ့ေၾကာင္း ကယကံရွင္ မိသားစုက ဧရာဝတီသို႔ ေျပာသည္။

ေသနတ္ကိုင္ေဆာင္ထားသည့္ အရပ္ဝတ္ လူ ၆ ဦးသည္ ေမ ၁ ရက္ေန႔ မြန္းလြဲပိုင္းက နမ့္ခမ္းၿမိဳ႕၊ ေအာင္ေမတၱာရပ္ အမွတ္ (၁၄) ရပ္ကြက္အတြင္းရွိ ဦးစိုး
သူ ပိုင္ဆိုင္သည့္ ေနအိမ္သို႔ အရပ္ဝတ္ျဖင့္ လူ ၆ ဦးသည္ ဆိုင္ကယ္ ၃ စီးျဖင့္ ေရာက္ရွိလာၿပီး ဓားျပတိုက္သြားျခင္းျဖစ္သည္။

ဓါးျပတိုက္ခံရသည့္ အိမ္ပိုင္ရွင္ ဦးစိုးသူ ၏ အစ္မက “အိမ္ထဲမွာ ရွိတဲ့ အမ်ိဳးသား ၂ ေယာက္ကို လက္ထိပ္ ခတ္တယ္၊ ကေလးေလးေတြနဲ႔ ေက်ာင္းေနအ႐ြယ္ ကေလး ၅-၆ ေယာက္ရွိတယ္။ အမ်ိဳးသမီး ၃-၄ ေယာက္က အိမ္ေပၚထပ္မွာ ပုန္းေနတယ္။ ၿပီးေတာ့ ပိုက္ဆံနဲ႔ ေ႐ႊယူသြား တယ္” ဟု ဧရာဝတီသို႔ ေျပာသည္။
ယင္းျဖစ္စဥ္တြင္ ေ႐ႊဆြဲႀကိဳး ၂ ကုံး၊ ျမန္မာေငြ ၆၅ သိန္း၊ တ႐ုတ္ေငြ ယြမ္ ၂၀၀၀ ႏွင့္ ဖုန္း ၁ လုံး ပါသြားေၾကာင္း အိမ္ရွင္က ေျပာသည္။

အိမ္ရွင္ျဖစ္သူ ဦးစိုးသူ အိမ္ျပန္လာခ်ိန္တြင္ အိမ္ေရွ႕တြင္ ေသနတ္မ်ား ထုပ္ပိုးသယ္ေဆာင္လာသည့္ ဂုံနီအိတ္ခြံမ်ား ေတြ႕သျဖင့္ အိမ္တြင္းသို႔ လက္နက္ကိုင္ အဖြဲ႕မ်ား ဝင္ေရာက္ေနၿပီဟု သတိထားမိသျဖင့္ ရဲႏွင့္ ျပည္သူ႔စစ္မ်ားကို အေၾကာင္းၾကားခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ျပည္သူ႔စစ္မ်ားက အရင္ေရာက္လာၿပီး ဓားျပတိုက္သူမ်ားႏွင့္ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး ဓားျပတိုက္သူမ်ား ထြက္ေျပးသြားသည္ဟု ဆိုသည္။

အိမ္ရွင္ဦးစိုးသူ၏ အစ္မက “ဖုန္းေတြဆက္ၿပီး အကူအညီ ေတာင္းတဲ့အခါမွာ ျပည္သူ႔စစ္စခန္းက သတင္းရၿပီးေတာ့ ဆင္းလာတယ္၊ အဲမွာ သူတို႔ ကင္းသမားနဲ႔ ပစ္က်တယ္၊ ဒီဘက္ကလည္း လူပါမသြားေအာင္ ကေလးေတြလည္း မထိခိုက္ေအာင္ ျပန္ပစ္တာေပါ့၊ ဒါေပမယ့္ ကိုယ့္အိမ္ထဲဆိုေတာ့ ထိန္းပစ္က်တာ အရမ္းပစ္ ဝင္လို႔မရဘူး သူတို႔ကက်ေတာ့ ၇-၈ ခ်က္ ေလာက္ကို ပစ္တယ္” ဟု ေျပာသည္။

မိသားစုဝင္မ်ားက ဓါးျပတိုက္သူမ်ားသည္ ပေလာင္စကား ေျပာၾကျခင္းႏွင့္ လြန္ခဲ့သည့္ ၁၀ ရက္ေလာက္ ကလည္း ၎တို႔ႏွင့္ အမ်ိဳးေတာ္စပ္သူ တဦး၏ အမ်ိဳးသားကိုလည္း ဖမ္းဆီးသြားၾက သူမ်ားျဖစ္ၿပီး တအာင္း (ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) ျဖစ္သည္ဟု စြပ္စြဲထားသည္။

TNLA မွ အေထြေထြ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ တာဘုန္းေက်ာ္ကေတာ့ နမ့္ခမ္း-မူဆယ္ နယ္စပ္တြင္ လက္နက္ကိုင္ တပ္ဖြဲ႕ေပါင္းစုံ ရွိသည့္အတြက္ ေျပာရခက္ခဲေၾကာင္း၊ ယခုျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီးေတာ့ TNLA တပ္ဖြဲ႕ဝင္မ်ား ဟုတ္/မဟုတ္ ေအာက္ေျခကို စိစစ္ေနေၾကာင္း ဧရာဝတီသို႔ ေျပာသည္။

ဗိုလ္မႉးခ်ဳပ္ တားဘုန္းေက်ာ္ က “အဲဒီမွာက က်ေနာ္ထင္တယ္ လက္နက္ကိုင္အဖြဲ႕ေတြက ျပည္သူ႔စစ္ေတြလည္းမ်ားတယ္၊ လူမ်ိဳးေပါင္းစုံလည္း ရွိတယ္၊ ေသေသခ်ာခ်ာ ဘယ္အဖြဲ႕ပါလို႔ ေျပာဖို႔ခက္မယ္ထင္တယ္၊ က်ေနာ္တို႔လည္း စိစစ္ေနတယ္၊ က်ေနာ္တို႔ အဖြဲ႕ ဟုတ္ မဟုတ္၊ ဒီလုပ္ေဆာင္ခ်က္က ဘယ္လိုမ်ိဳး လုပ္ေဆာင္ခ်က္လဲဆိုတာ ေစာင့္ၾကည့္ စိစစ္ေနဆဲျဖစ္ပါ တယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

၎က ဆက္၍ “တခုရွိတာက မူဆယ္-နမ့္ခမ္း နယ္စပ္မွာက လက္နက္ကိုင္ တပ္ဖြဲ႕ေတြလည္း အမ်ားႀကီး လက္နက္ကိုင္ အဖြဲ႕ထဲမွာလည္း က်ေန္ာတို႔ တအန္း လူမ်ိဳးေတြလည္း မ်ားတယ္ေလ၊ တ႐ုတ္ေတြေရာ၊ ရွမ္းေတြေရာ အမ်ိဳးမ်ိဳးရွိေတာ့ အဖြဲ႕ေပါင္းစုံထဲက ျဖစ္ႏိုင္တယ္။ အခုက ဘာဝတ္စုံမွ မဝတ္ဘူးဆိုေတာ့ ေတာ္ေတာ္ ခန႔္မွန္းရတာ ခက္တယ္၊ က်ေနာ္တို႔လည္း ေအာက္ေျခအဆင့္ကို စိစစ္ေနဆဲပါပဲ” ဟု ေျပာသည္။

လက္ရွိတြင္ နမ့္ခမ္းၿမိဳ႕မရဲစခန္းမွာ လုယွက္တိုက္ခိုက္ခံရသည့္ အိမ္ရွင္မ်ားက ဓါးျပမႈႏွင့္ အဓမၼခ်ဳပ္ေႏွာင္ေစမႈ တို႔ျဖင့္ အမႈဖြင့္ တိုင္ၾကားထားေၾကာင္း ဆိုသည္။

နမ့္ခမ္းၿမိဳ႕မရဲစခန္းသို႔ ဧရာဝတီက ဆက္သြယ္ ေမးျမန္းေသာ္လည္း တုန႔္ျပန္ ေျဖဆိုမႈ မရွိသျဖင့္ သီးျခား အတည္ျပဳခ်က္ကို ေဖာ္ျပႏိုင္ျခင္း မရွိေသးပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:irrawaddy

#Unicode Version#


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ပေါ်ရှိ အိမ်တအိမ်ကို လက်နက် (သေနတ်) ငယ်များ ကိုင်ဆောင် ထားသည့် အရပ်ဝတ် လူတစုက ဝင်ရောက်ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း ကယကံရှင် မိသားစုက ဧရာဝတီသို့ ပြောသည်။

သေနတ်ကိုင်ဆောင်ထားသည့် အရပ်ဝတ် လူ ၆ ဦးသည် မေ ၁ ရက်နေ့ မွန်းလွဲပိုင်းက နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ် အမှတ် (၁၄) ရပ်ကွက်အတွင်းရှိ ဦးစိုး
သူ ပိုင်ဆိုင်သည့် နေအိမ်သို့ အရပ်ဝတ်ဖြင့် လူ ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဓားပြတိုက်သွားခြင်းဖြစ်သည်။

ဓါးပြတိုက်ခံရသည့် အိမ်ပိုင်ရှင် ဦးစိုးသူ ၏ အစ်မက “အိမ်ထဲမှာ ရှိတဲ့ အမျိုးသား ၂ ယောက်ကို လက်ထိပ် ခတ်တယ်၊ ကလေးလေးတွေနဲ့ ကျောင်းနေအရွယ် ကလေး ၅-၆ ယောက်ရှိတယ်။ အမျိုးသမီး ၃-၄ ယောက်က အိမ်ပေါ်ထပ်မှာ ပုန်းနေတယ်။ ပြီးတော့ ပိုက်ဆံနဲ့ ရွှေယူသွား တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းဖြစ်စဉ်တွင် ရွှေဆွဲကြိုး ၂ ကုံး၊ မြန်မာငွေ ၆၅ သိန်း၊ တရုတ်ငွေ ယွမ် ၂၀၀၀ နှင့် ဖုန်း ၁ လုံး ပါသွားကြောင်း အိမ်ရှင်က ပြောသည်။

အိမ်ရှင်ဖြစ်သူ ဦးစိုးသူ အိမ်ပြန်လာချိန်တွင် အိမ်ရှေ့တွင် သေနတ်များ ထုပ်ပိုးသယ်ဆောင်လာသည့် ဂုံနီအိတ်ခွံများ တွေ့သဖြင့် အိမ်တွင်းသို့ လက်နက်ကိုင် အဖွဲ့များ ဝင်ရောက်နေပြီဟု သတိထားမိသဖြင့် ရဲနှင့် ပြည်သူ့စစ်များကို အကြောင်းကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်သူ့စစ်များက အရင်ရောက်လာပြီး ဓားပြတိုက်သူများနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဓားပြတိုက်သူများ ထွက်ပြေးသွားသည်ဟု ဆိုသည်။

အိမ်ရှင်ဦးစိုးသူ၏ အစ်မက “ဖုန်းတွေဆက်ပြီး အကူအညီ တောင်းတဲ့အခါမှာ ပြည်သူ့စစ်စခန်းက သတင်းရပြီးတော့ ဆင်းလာတယ်၊ အဲမှာ သူတို့ ကင်းသမားနဲ့ ပစ်ကျတယ်၊ ဒီဘက်ကလည်း လူပါမသွားအောင် ကလေးတွေလည်း မထိခိုက်အောင် ပြန်ပစ်တာပေါ့၊ ဒါပေမယ့် ကိုယ့်အိမ်ထဲဆိုတော့ ထိန်းပစ်ကျတာ အရမ်းပစ် ဝင်လို့မရဘူး သူတို့ကကျတော့ ၇-၈ ချက် လောက်ကို ပစ်တယ်” ဟု ပြောသည်။

မိသားစုဝင်များက ဓါးပြတိုက်သူများသည် ပလောင်စကား ပြောကြခြင်းနှင့် လွန်ခဲ့သည့် ၁၀ ရက်လောက် ကလည်း ၎င်းတို့နှင့် အမျိုးတော်စပ်သူ တဦး၏ အမျိုးသားကိုလည်း ဖမ်းဆီးသွားကြ သူများဖြစ်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဖြစ်သည်ဟု စွပ်စွဲထားသည်။

TNLA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကတော့ နမ့်ခမ်း-မူဆယ် နယ်စပ်တွင် လက်နက်ကိုင် တပ်ဖွဲ့ပေါင်းစုံ ရှိသည့်အတွက် ပြောရခက်ခဲကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီးတော့ TNLA တပ်ဖွဲ့ဝင်များ ဟုတ်/မဟုတ် အောက်ခြေကို စိစစ်နေကြောင်း ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးချုပ် တားဘုန်းကျော် က “အဲဒီမှာက ကျနော်ထင်တယ် လက်နက်ကိုင်အဖွဲ့တွေက ပြည်သူ့စစ်တွေလည်းများတယ်၊ လူမျိုးပေါင်းစုံလည်း ရှိတယ်၊ သေသေချာချာ ဘယ်အဖွဲ့ပါလို့ ပြောဖို့ခက်မယ်ထင်တယ်၊ ကျနော်တို့လည်း စိစစ်နေတယ်၊ ကျနော်တို့ အဖွဲ့ ဟုတ် မဟုတ်၊ ဒီလုပ်ဆောင်ချက်က ဘယ်လိုမျိုး လုပ်ဆောင်ချက်လဲဆိုတာ စောင့်ကြည့် စိစစ်နေဆဲဖြစ်ပါ တယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်၍ “တခုရှိတာက မူဆယ်-နမ့်ခမ်း နယ်စပ်မှာက လက်နက်ကိုင် တပ်ဖွဲ့တွေလည်း အများကြီး လက်နက်ကိုင် အဖွဲ့ထဲမှာလည်း ကျနေ်ာတို့ တအန်း လူမျိုးတွေလည်း များတယ်လေ၊ တရုတ်တွေရော၊ ရှမ်းတွေရော အမျိုးမျိုးရှိတော့ အဖွဲ့ပေါင်းစုံထဲက ဖြစ်နိုင်တယ်။ အခုက ဘာဝတ်စုံမှ မဝတ်ဘူးဆိုတော့ တော်တော် ခန့်မှန်းရတာ ခက်တယ်၊ ကျနော်တို့လည်း အောက်ခြေအဆင့်ကို စိစစ်နေဆဲပါပဲ” ဟု ပြောသည်။

လက်ရှိတွင် နမ့်ခမ်းမြို့မရဲစခန်းမှာ လုယှက်တိုက်ခိုက်ခံရသည့် အိမ်ရှင်များက ဓါးပြမှုနှင့် အဓမ္မချုပ်နှောင်စေမှု တို့ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ဆိုသည်။

နမ့်ခမ်းမြို့မရဲစခန်းသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း တုန့်ပြန် ဖြေဆိုမှု မရှိသဖြင့် သီးခြား အတည်ပြုချက်ကို ဖော်ပြနိုင်ခြင်း မရှိသေးပါ။

ဖိုးသူတော်(www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top