သင့္ရဲ႕ မ်က္စိ၊ စိတ္နဲ႔ ဦးေႏွာက္က ခ်ိတ္ဆက္ေနတဲ့ အရာေတြပါပဲ။ မ်က္စိက ျမင္လိုက္တဲ့အရာကို ဦးေႏွာက္က ဘာသာျပန္ေပးၿပီး သင့္ရဲ႕ စိတ္ထဲမွာေတာ့ အေတြးေပါင္းစံု ေတြးေနမွာပဲျဖစ္ပါတယ္။ တစ္ခါတစ္ရံက်ရင္လည္း ကိုယ္ ေတြးေနတဲ့အရာကိုပဲ ကြက္ျမင္မိတာမ်ိဳးေတြလည္း ႀကံဳဖူးၾကမွာပါပဲ။

ေလ့လာေတြ႔႐ွိခ်က္မ်ားအရ မ်က္စိနဲ႔ ျမင္ရတဲ့အရာေတြကို ဦးေႏွာက္က ဘာသာျပန္ေပးၿပီး သတင္းအခ်က္အလက္ေပးပို႔ႏိုင္ဖို႔အတြက္ ၁၃ သန္းစကၠန္႔ခန္႔ ၾကာျမွင့္တယ္လို႔ သိရပါတယ္။ လူတစ္ေယာက္ခ်င္းစီရဲ႕ စဥ္းစားေတြးေခၚပံုကလည္း မတူညီၾကပါဘူး။ ထိုစဥ္းစားေတြးေခၚပံုေတြကေန အေျခခံၿပီးေတာ့ သင့္ရဲ႕ အက်င့္စ႐ိုက္နဲ႔ သင္ ဘယ္လိုလူလဲဆိုတာကို ေဖာ္ျပေပးေနတာပဲျဖစ္ပါတယ္။

သင္က ဘယ္လိုလူမ်ိဳးလဲ။ သနားၾကင္နာတတ္တဲ့သူလား။ ရဲရင့္ျပတ္သားတဲ့သူလားဆိုတဲ့ အခ်က္ေတြကို သိႏိုင္ဖို႔အတြက္ ဒီဂိမ္းေလးကို ေဆာ့ၾကည့္လိုက္ရေအာင္။ အဆင္သင့္ျဖစ္ၿပီဆိုရင္ ေအာက္မွာ ျပထားတဲ့ပံုထဲက သင္ အရင္ဆံုးျမင္လိုက္တဲ့ အဂၤလိပ္ အကၡရာစာလံုးတစ္လံုးကို ေရြးခ်ယ္လိုက္ပါ။

အကၡရာ A

ဒီစာလံုးေလးကို အရင္ျမင္တယ္ဆိုရင္ေတာ့ သင္က ႐ႈပ္႐ႈပ္ယွက္ယွက္ ကိစၥေတြမွာ ပါဝင္ပတ္သက္ရတာ မႀကိဳက္တဲ့သူပါ။ ေျဖာင့္မတ္ ႐ိုးသားတဲ့သူျဖစ္ၿပီး မိမိရဲ႕ အေကာင္းဆံုးပံုရိပ္ကိုသာ ျပသေပးခ်င္တာျဖစ္တဲ့အတြက္ေၾကာင့္ အျခားသူေတြကို တတ္ႏိုင္သေလာက္ ကူညီေပးတဲ့သူပဲျဖစ္ပါတယ္။ အျခားတစ္ေယာက္က သင့္ကို သစၥာေဖာက္ခဲ့မယ္ဆိုရင္လည္း ထိုသူကို သင့္ဘဝထဲက အၿပီးအပိုင္ ဖယ္႐ွားပစ္ဖို႔ ဝန္မေလးတဲ့သူပါပဲ။

အကၡရာ O

“O” ဆိုတဲ့ စာလံုးေလးကို အရင္ျမင္တာဆိုရင္ေတာ့ သင္က ျပႆနာေျဖ႐ွင္းေပးသူပဲျဖစ္ပါတယ္။ မည္သည့္ျပႆနာကိုမဆို အလြယ္တကူေျဖ႐ွင္းေပးႏိုင္တဲ့အတြက္ေၾကာင့္ အျခားသူေတြရဲ႕ ေလးစားခ်စ္ခင္ျခင္း ခံရေလ့႐ွိပါတယ္။ သင္က လက္ေတြ႔က်တဲ့သူျဖစ္ၿပီး ဆံုးျဖတ္ခ်က္ ခိုင္မာျပတ္သားသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။

အကၡရာ R

“R” ဆိုတဲ့ စာလံုးေလးကို အရင္ျမင္တဲ့ သင္က ပတ္ဝန္းက်င္ကို ေလ့လာအကဲခတ္ႏိုင္စြမ္း ေကာင္းမြန္ၿပီး အဘက္ဘက္က ၿပီးျပည့္စံုေနတဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။ အေသးအဖြဲကိစၥေလးေတြက လွပတဲ့ ပံုရိပ္အႀကီးႀကီးတစ္ခုကို ဖန္တီးေပးႏိုင္တယ္လို႔ ယူဆတဲ့အတြက္ေၾကာင့္ အေသးအဖြဲအရာေတြကိုလည္း လ်စ္လ်ဴမ႐ႈဘဲ ဂ႐ုတစိုက္ေဆာင္ရြက္တတ္သူတစ္ေယာက္ပါ။

အကၡရာ S

သင္ကေတာ့ တည္ၿငိမ္ေအးခ်မ္းတဲ့သူတစ္ေယာက္ပါ။ အျခားသူေတြနဲ႔ သေဘာထားကြဲလြဲၿပီး ျငင္းခုန္ရတာမ်ိဳးကို မႏွစ္သက္ပါဘူး။ ျငင္းခုန္ရမယ့္ အေျခအေနမ်ိဳးႀကံဳလာခဲ့ရင္ သင့္ဘက္က အသာတၾကည္နဲ႔ ႏႈတ္ဆိတ္ေနတတ္သူပါ။ အျခားသူေတြက သင့္ကို အားေလ်ာ့တဲ့သူ၊ သတၱိမ႐ွိတဲ့သူလို႔ ထင္ေကာင္းထင္ပါလိမ့္မယ္။ တကယ္ေတာ့ စိတ္တည္ၿငိမ္ေအာင္ ေနထိုင္ၿပီး အာ႐ံုစူးစိုက္ႏိုင္စြမ္း ျမင့္မားတာက သင့္ရဲ႕ မဟာအားသာခ်က္တစ္ခုပါပဲ။ ဒါ့အျပင္ ျပႆနာတစ္စံုတစ္ခုနဲ႔ ရင္ဆိုင္ရရင္လည္း အျခားသူမ်ားကို အကူအညီေတာင္းတာမ်ိဳး မျပဳလုပ္ဘဲ မိမိကိုယ္တိုင္ ေျဖ႐ွင္းေလ့႐ွိသူတစ္ေယာက္ပါ။ အျခားသူေတြကို ဒုကၡမေပးဘဲ သင္ ကိုယ္တိုင္ ေျဖ႐ွင္းႏိုင္တယ္လို႔ ယံုၾကည္လို႔ပါပဲ။

အကၡရာ T

“T” ဆိုတဲ့ စာလံုးေလးကို ျမင္ရေတာ့ သင္က ေခါင္းေဆာင္ေကာင္းတစ္ေယာက္ပဲျဖစ္ပါတယ္။ စည္းမ်ဥ္းစည္းကမ္းမ်ားက လူတစ္ေယာက္ကို တိုးတက္ေအာင္ ကူညီေပးႏိုင္တယ္လို႔ ယူဆတဲ့အတြက္ေၾကာင့္ စည္းမ်ဥ္းစည္းကမ္းေတြကို ႀကိဳက္ႏွစ္သက္သူတစ္ေယာက္ပါ။ အဆိုးျမင္ဝါဒီသမားမဟုတ္တဲ့အေလ်ာက္ ကိုယ့္ပတ္ဝန္းက်င္ကိုလည္း အေကာင္းျမင္စိတ္နဲ႔ လႊမ္းၿခံဳေပးႏိုင္တဲ့သူတစ္ေယာက္ပါ။

အကၡရာ E

ဒီစာလံုးေလးကို အရင္ျမင္မိတာဆိုရင္ေတာ့ သင္က တီထြင္ဖန္တီးႏိုင္စြမ္းျမင့္မားတဲ့ အႏုပညာသမားတစ္ေယာက္ပါ။ စိတ္ကူးယဥ္စြမ္းအားျမင့္မားၿပီး အျခားသူေတြ မေတြးႏိုင္တဲ့ ႐ႈေထာင့္မ်ိဳးကေန စဥ္းစားေတြးေခၚတတ္ပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္သူတစ္ေယာက္ျဖစ္ၿပီး ကိုယ့္ပတ္ဝန္းက်င္ကသူေတြကိုလည္း ေပ်ာ္ရႊင္ေအာင္ ထားႏိုင္တဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။

ကဲ… ဘယ္လိုလဲ စာဖတ္သူတို႔ေရ။ အခုေဖာ္ျပသြားတဲ့ အခ်က္ေလးေတြနဲ႔ စာဖတ္သူတို႔ရဲ႕ အက်င့္စ႐ိုက္ေလးေတြက ကိုက္ညီမႈ႐ွိရဲ႕လား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MyStyle Myanmar
# Unicode Version # ျဖင့္ ဖတ္ပါ #


သင့်ရဲ့ မျက်စိ၊ စိတ်နဲ့ ဦးနှောက်က ချိတ်ဆက်နေတဲ့ အရာတွေပါပဲ။ မျက်စိက မြင်လိုက်တဲ့အရာကို ဦးနှောက်က ဘာသာပြန်ပေးပြီး သင့်ရဲ့ စိတ်ထဲမှာတော့ အတွေးပေါင်းစုံ တွေးနေမှာပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံကျရင်လည်း ကိုယ် တွေးနေတဲ့အရာကိုပဲ ကွက်မြင်မိတာမျိုးတွေလည်း ကြုံဖူးကြမှာပါပဲ။

လေ့လာတွေ့ရှိချက်များအရ မျက်စိနဲ့ မြင်ရတဲ့အရာတွေကို ဦးနှောက်က ဘာသာပြန်ပေးပြီး သတင်းအချက်အလက်ပေးပို့နိုင်ဖို့အတွက် ၁၃ သန်းစက္ကန့်ခန့် ကြာမြှင့်တယ်လို့ သိရပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ စဉ်းစားတွေးခေါ်ပုံကလည်း မတူညီကြပါဘူး။ ထိုစဉ်းစားတွေးခေါ်ပုံတွေကနေ အခြေခံပြီးတော့ သင့်ရဲ့ အကျင့်စရိုက်နဲ့ သင် ဘယ်လိုလူလဲဆိုတာကို ဖော်ပြပေးနေတာပဲဖြစ်ပါတယ်။

သင်က ဘယ်လိုလူမျိုးလဲ။ သနားကြင်နာတတ်တဲ့သူလား။ ရဲရင့်ပြတ်သားတဲ့သူလားဆိုတဲ့ အချက်တွေကို သိနိုင်ဖို့အတွက် ဒီဂိမ်းလေးကို ဆော့ကြည့်လိုက်ရအောင်။ အဆင်သင့်ဖြစ်ပြီဆိုရင် အောက်မှာ ပြထားတဲ့ပုံထဲက သင် အရင်ဆုံးမြင်လိုက်တဲ့ အင်္ဂလိပ် အက္ခရာစာလုံးတစ်လုံးကို ရွေးချယ်လိုက်ပါ။

အက္ခရာ A

ဒီစာလုံးလေးကို အရင်မြင်တယ်ဆိုရင်တော့ သင်က ရှုပ်ရှုပ်ယှက်ယှက် ကိစ္စတွေမှာ ပါဝင်ပတ်သက်ရတာ မကြိုက်တဲ့သူပါ။ ဖြောင့်မတ် ရိုးသားတဲ့သူဖြစ်ပြီး မိမိရဲ့ အကောင်းဆုံးပုံရိပ်ကိုသာ ပြသပေးချင်တာဖြစ်တဲ့အတွက်ကြောင့် အခြားသူတွေကို တတ်နိုင်သလောက် ကူညီပေးတဲ့သူပဲဖြစ်ပါတယ်။ အခြားတစ်ယောက်က သင့်ကို သစ္စာဖောက်ခဲ့မယ်ဆိုရင်လည်း ထိုသူကို သင့်ဘဝထဲက အပြီးအပိုင် ဖယ်ရှားပစ်ဖို့ ဝန်မလေးတဲ့သူပါပဲ။

အက္ခရာ O

“O” ဆိုတဲ့ စာလုံးလေးကို အရင်မြင်တာဆိုရင်တော့ သင်က ပြဿနာဖြေရှင်းပေးသူပဲဖြစ်ပါတယ်။ မည်သည့်ပြဿနာကိုမဆို အလွယ်တကူဖြေရှင်းပေးနိုင်တဲ့အတွက်ကြောင့် အခြားသူတွေရဲ့ လေးစားချစ်ခင်ခြင်း ခံရလေ့ရှိပါတယ်။ သင်က လက်တွေ့ကျတဲ့သူဖြစ်ပြီး ဆုံးဖြတ်ချက် ခိုင်မာပြတ်သားသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

အက္ခရာ R

“R” ဆိုတဲ့ စာလုံးလေးကို အရင်မြင်တဲ့ သင်က ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နိုင်စွမ်း ကောင်းမွန်ပြီး အဘက်ဘက်က ပြီးပြည့်စုံနေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အသေးအဖွဲကိစ္စလေးတွေက လှပတဲ့ ပုံရိပ်အကြီးကြီးတစ်ခုကို ဖန်တီးပေးနိုင်တယ်လို့ ယူဆတဲ့အတွက်ကြောင့် အသေးအဖွဲအရာတွေကိုလည်း လျစ်လျူမရှုဘဲ ဂရုတစိုက်ဆောင်ရွက်တတ်သူတစ်ယောက်ပါ။

အက္ခရာ S

သင်ကတော့ တည်ငြိမ်အေးချမ်းတဲ့သူတစ်ယောက်ပါ။ အခြားသူတွေနဲ့ သဘောထားကွဲလွဲပြီး ငြင်းခုန်ရတာမျိုးကို မနှစ်သက်ပါဘူး။ ငြင်းခုန်ရမယ့် အခြေအနေမျိုးကြုံလာခဲ့ရင် သင့်ဘက်က အသာတကြည်နဲ့ နှုတ်ဆိတ်နေတတ်သူပါ။ အခြားသူတွေက သင့်ကို အားလျော့တဲ့သူ၊ သတ္တိမရှိတဲ့သူလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့ စိတ်တည်ငြိမ်အောင် နေထိုင်ပြီး အာရုံစူးစိုက်နိုင်စွမ်း မြင့်မားတာက သင့်ရဲ့ မဟာအားသာချက်တစ်ခုပါပဲ။ ဒါ့အပြင် ပြဿနာတစ်စုံတစ်ခုနဲ့ ရင်ဆိုင်ရရင်လည်း အခြားသူများကို အကူအညီတောင်းတာမျိုး မပြုလုပ်ဘဲ မိမိကိုယ်တိုင် ဖြေရှင်းလေ့ရှိသူတစ်ယောက်ပါ။ အခြားသူတွေကို ဒုက္ခမပေးဘဲ သင် ကိုယ်တိုင် ဖြေရှင်းနိုင်တယ်လို့ ယုံကြည်လို့ပါပဲ။

အက္ခရာ T

“T” ဆိုတဲ့ စာလုံးလေးကို မြင်ရတော့ သင်က ခေါင်းဆောင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းများက လူတစ်ယောက်ကို တိုးတက်အောင် ကူညီပေးနိုင်တယ်လို့ ယူဆတဲ့အတွက်ကြောင့် စည်းမျဉ်းစည်းကမ်းတွေကို ကြိုက်နှစ်သက်သူတစ်ယောက်ပါ။ အဆိုးမြင်ဝါဒီသမားမဟုတ်တဲ့အလျောက် ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကောင်းမြင်စိတ်နဲ့ လွှမ်းခြုံပေးနိုင်တဲ့သူတစ်ယောက်ပါ။

အက္ခရာ E

ဒီစာလုံးလေးကို အရင်မြင်မိတာဆိုရင်တော့ သင်က တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ အနုပညာသမားတစ်ယောက်ပါ။ စိတ်ကူးယဉ်စွမ်းအားမြင့်မားပြီး အခြားသူတွေ မတွေးနိုင်တဲ့ ရှုထောင့်မျိုးကနေ စဉ်းစားတွေးခေါ်တတ်ပါတယ်။ ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုလည်း ပျော်ရွှင်အောင် ထားနိုင်တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

ကဲ… ဘယ်လိုလဲ စာဖတ်သူတို့ရေ။ အခုဖော်ပြသွားတဲ့ အချက်လေးတွေနဲ့ စာဖတ်သူတို့ရဲ့ အကျင့်စရိုက်လေးတွေက ကိုက်ညီမှုရှိရဲ့လား။

ဖိုးသူတော် (www.phothutaw.com)
Credit:MyStyle Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top