









Credit:lyhealthcare
# Unicode Version # ဖြင့် ဖတ်ပါ #


လူတော်တော်များများ ဆရာဝန်ကို အမေးများတာက ဦးနှောက်ကို အားပေးတဲ့အစားအစာက ဘာလဲဆိုတာ ဖြစ်ပါတယ်။တကယ်လို့ အဲ့ဒါကို ဆရာဝန်က လမ်းညွှန်လိုက်ရင် အဲ့ဒီအစားအစာကို များများစားတော့တာပဲ။ဒါက များများစားလို့ အစာအိမ်အောင့်တာ အစာမကြေတာတွေ ဖြစ်တာကို သတိမထားမိကြဘူး။

ခေါင်းကိုက်ခြင်းဟာ တခါတလေမှာ အသံတွေကြောင့် ဖြစ်တတ်ပါတယ်။ဒီလို အသံလှိုင်းကို အာရုံကြောက လက်မခံနိုင်တဲ့အခါ ခေါင်းခဏခဏ ကိုက်တတ်ပြီး ဒါက အမြဲလိုလိုကြုံတွေ့လာရင် လူက စိုးရိမ်စိတ်ပိုလာကာ ခေါင်းကိုက်ပျောက်ဆေးတွေ သောက်တတ်ပါတယ်။ခေါင်းကိုက် ပျောက်ဆေးကို တချို့က တရက်ထဲ သုံးလုံးလောက်ထိ သောက်လိုက်တာမျိုးတောင်ရှိပါတယ်။တကယ်က တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာလေးမှာ ခဏလောက်အနားယူတာနဲ့ သင်းပျံ့တဲ့ မွှေးရနံ့လေး ရှုရှိုက်ပေးလိုက်တာနဲ့ ပျောက်ကင်းတတ်ပါတယ်။

များသောအားဖြင့် ကလေးတွေထဲမှာ သင့်ကလေးက အရပ်ကြီးရှည်နေတာဆို သူ့ကို လေ့ကျင့်ခန်းလုပ်ခိုင်းတာ ရေကူးခိုင်းတာမျိုး လုပ်သင့်ပါတယ်။သူတို့ဟာ အရွယ်ရောက်ချိန်မှာတော့ သူများထက် ပိုပုသွားတတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

လက်ဗွေဆိုတာ တယောက်နဲ့ တယောက် မတူညီပါဘူး။ဒီလိုမတူညီကြတဲ့အထဲမှာ လျှာလည်းပါ ပါတယ်။လုံခြုံရေးစနစ်အတွက် လျှာကိုလည်း အသုံးပြုနိုင်ပါတယ်။

ရာသီဥတုက သင့်ရဲ့ ခန္ဓာဖြစ်စဉ်ကို ကောင်းကောင်းကြီးပြောင်းလဲ ပစ်နိုင်ပါတယ်။ဒါကြောင့် အေးတဲ့အခါ ကိုယ်တွေလက်တွေ ကိုက်တာနဲ့ ရာသီဥတုပူတဲ့အခါ သွေးတိုးတာနဲ့ ခေါင်းကိုက်တာတွေဖြစ်နိုင်ပါတယ်။သင့်တဲ့ မျှတတဲ့ အစားနဲ့ ရေချိုးချိန်မှန်ခြင်းက ဒါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဂျိုင်းချွေးနံ့ဆိုးထွက်တာကို ကိုယ့်ဟာကိုယ်သိနိုင်ဖို့ ခက်ပါတယ်။တစုံတယောက်က နံ့တယ်လို့ပြောလာရင် လက်ခံလိုက်ပါ။ဒါဟာ ချွေးနံ့ကို ပြင်းစေတဲ့ ငပိ၊ငချဉ်နဲ့ ကြက်သွန်နီအစားများပြီး ဓာတ်ဆားရေမသောက်လို့ ဖြစ်ပါတယ်။

အသက်ကြီးသွားရင်တော့ ဒါဟာ တဖြေးဖြေး လျော့နည်းသွားတတ်ပါတယ်။

သွားတွေမှာ ညီညာတဲ့ ပုံစံမရှိရင် ဒါကို ထိန်းသိမ်းသင့်ပါတယ်။အဲ့လို မထိန်းသိမ်းရင် အသက်အရွယ်ရလာတာနဲ့ အမျှ သွားတွေ ကြွေတာ ကျိုးတာတွေ ဖြစ်တတ်ပါတယ်။ဒီတော့ သွားတွေကို အလစ်အလပ်မရှိအောင် ပြန်ညှိထားသင့်ပါတယ်။

တခါတလေ သင့်ဟာ သင်တောင် ထိန်းလို့မရအောင် မျက်ရည်တွေကျနေတာမျိုးရှိတတ်ပါတယ်။ဒါဟာ အပူများလို့ဖြစ်နိုင်သလို၊ကဖင်းဓာတ်များလို့ ကျတာလဲ ဖြစ်နိုင်ပါတယ်။မျက်သားတွေနဲ့ မျက်ကြောတွေ နာကျင်မှုအပြင် အလာ့ဂျစ်ကြောင့်လဲ ဖြစ်တတ်ပါတယ်။

တချို့က ခါးသေးရင်ချီဖို့ ကြိုးစားပါတယ်။တကယ်က ခါးသေးရင်ချီတာဟာ သဘာဝအတိုင်းဆို ကောင်းပါတယ်။သဘာဝမဟုတ်ပဲ တချို့က ခွဲစိတ်မှုတွေပါ လုပ်နေကြပြီး ဒါဟာ အူတွေကို နေရာကျယ်ကျယ်ဝန်းဝန်းပေးနိုင်တဲ့ နေရာကို လျော့ကျစေပါတယ်။ဒီလိုဆို အူတွေကို ညှစ်ထားသလိုဖြစ်ပြီး တော်ရုံ အစားအသောက်နဲ့ အနေအထိုင်တောင် မှားယွင်းမှုမျိုးကို လက်မခံနိုင်ပဲ ဖြစ်တတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:lyhealthcare
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top