



ကိုယ်​ချင်းစာကြပါ..


Credit:AriaRoma

#Unicode Version#

ဒီနေ့ဘုရားကြီးသွားတယ်..မရောက်တာကြာလို့ငါးကန်ဘက်သွားတာဒီလိုမြင်တွေ့ခဲ့ရတယ်.ငါးကြီးတွေကသေနေပြီ..ပုပ်ပွလို့ ပုပ်စော်တွေလဲနံ ငါးတွေကအပေါ်မော့ပြီးပါးစပ်ကြီးဟလို့..ကိုယ်ကလဲဘုမသိဘမသိနဲ့ပူလို့လားထင်မိသေး ရေထဲကငါးတွေကို….ကြည့်နေရင်းသေနေတဲ့ငါးတွေကို ငါးတွေကစားနေတာမြင်တော့လန့်သွားတယ်…စိတ်ထင်ပြီး …

အစာကျွေးကြည့်တော့ အရမ်းကိုလန့်သွားတယ်..ငါးလေးတွေသိပ်ဆာနေတယ်..အရင်ကလဲ ငါးစာကျွေးဖူးပါတယ် အဲ့လောက်ကြောက်စရာမစားဖူးဘူး..ပြီးတော့အမှိုက်တွေလဲပွလို့…စိတ်ထင်တာမမှားရင်ငတ့်သေရင်သေ မသေရင် ညစ်ပတ်တာပဲ… သနားစရာငါးလေးတွေ..ဘုရားဝန်းကျင်မှာနေပြီး မငြိမ်းချမ်းတဲ့အပြင် ငတ်ပြတ်လို့ …

ဓာတ်ပုံတွေထရိုက်တော့ သန့်ရှင်းရေးနဲ့လုံခြုံရေးတွေပြေးလာတယ်..အခုမှသိလို့လား ကိုယ်ရိုက်လို့လားတော့မသိဘူး… အခုမှသိတာလိုလိုနဲ့ကြည့်နေကြတာ.ငါးတွေကဖြင့် စားထားလို့အရိုးဖြင့်ကျန်တော့မယ် ..နိုင်ငံခြားဧည့်သည်တွေအပြင် မြန်မာတစ်နိုင်ငံလုံးက အမြဲလာနေတဲ့ဘုရားမှာ ဒီလိုမြင်ကွင်းမျိုးဟာ ရှက်စရာကောင်းသလို ငါးတွေလိုငရဲပေးနေသလိုပဲ…

ရန်ပုံငွေ အလှူငွေတွေလဒီလောက်ရနေတာ ဒီငါးကန်လေးတောင် မလုပ်ဆောင်နိုင်ဘူးလား..ရှက်ဖွယ်အတိပါ လူကြီးတွေရေ…
တိရစ္ဆာန် လဲ အသက်နဲ့ပဲ.ဆာရင်သေ သလို ညစ်ပတ်ရင်လဲသေပါတယ်..

ကိုယ်ချင်းစာကြပါ..

Share ပေးပါ..တာဝန်ရှိသူတွေမြင်အောင်ထိ ..

ဖိုးသူတော်(www.phothutaw.com)
Credit:AriaRoma
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top