“ဗ်ိဳ႕ေဒၚဖြားေမ…ဘာခ်က္တုန္းဗ်…””ေအး…မနက္ကခေလးေတြအိုင္ပက္တာသြားဝိုင္းလုပ္လို႔ငါးဟင္းစားရတယ္ေလ…အဲ႔ဒါေလးေတြခ်က္တယ္”ေဒၚဖြားေမတို႕အိမ္မွာအရင္ကမိသားစု၆ဦး…သားသံုးေယာက္သမီးအၾကီးဆံုးကတစ္ေယာက္…သမီးအၾကီးနဲ႔သားၾကီးကအိမ္ေထာင္က်သြားေတာ့က်န္တဲ႔၁၀နွစ္အရြယ္သားနဲ႔၈နွစ္အရြယ္သားအငယ္ဆံုးနွစ္ေယာက္သာက်န္ေတာ့သည္။

ဒီကေလးနွစ္ေယာက္ကလဲေက်ာင္းေနတဲ႔အရြယ္မို႔…ေဒၚဖြားေမကိုသိပ္ျပီးမကူညီနိုင္ရွာ…အိမ္အလုပ္အျပင္စားဝတ္ေနေရးကအစပူပန္ေနရေသာေဒၚဖြားေမအဖို႔…ရွိရင္းစြဲအသက္ထက္ရင့္ေရာ္ေနသည္ကားမစမ္းပါ…အားကိုးစရာခင္ပြန္းကလဲခေလးေတြငယ္စဥ္ထဲကဆံုးပါးသြားသည္မို႔…ဘဝကိုျဖစ္သလိုရုန္းကန္ေနရရွာသည္။

ခဏေနသားနွစ္ေယာက္ေက်ာင္းကျပန္လာေတာ့မည္။ဒီကေလးနွစ္ေယာက္ကလဲမိခင္ကိုသိတက္ရွာသည္။မနက္မိုးလင္းရင္အိမ္မွာရွိတဲ႔ႏြားေတြကိုအင္းေဘးကိုသြားလႊတ္ထားသည္။တစ္ရြာလံုးဒီလိုလႊတ္ထားသည္မို႔စိတ္ပူစရာမရွိ…ညေနသူတို႔ေလးေတြေက်ာင္းကျပန္လာရင္ႏြားသိမ္းရသည့္အလုပ္ကသူတို႕ေလးေတြရဲ႕အလုပ္…”အေမ…သားတို႕ျပန္လာျပီ…””ေအာ္…ေအးေအး…ထမင္းစားေတာ့မလား…””မစားေသးဘူးအေမ…ျပန္လာမွစားမယ္…ႏြားေတြအရင္သြားသိမ္းမယ္…” “အဲ႔ဒါဆိုေသခ်ာဂရုစိုက္ျပီးလဲျပန္လာၾကဦးေနာ္…လမ္းမွာဟိုဝင္ဒီထြက္မလုပ္ၾကနဲ႔ဦး…””ဟုတ္…”ဟုတ္ဆိုေသာအသံကခပ္ေဝးေဝးကၾကားလိုက္ရသည္မို႔…မေအျဖစ္သူစကားမဆံုးခင္ထြက္သြားၾကျပီဆိုတာေဒၚဖြားေမသိလိုက္သည္။

”ကိုၾကီး…ဟိုေကာင္ေတြနဲ႔ဘယ္နားခ်ိန္းထားတာ””ေရွ႕ကမက်ည္းပင္ေအာက္မွာခ်ိန္းထားတာ…ဟိုမွာေရာက္ေတာင္ေရာက္ေနျပီ…”အေဆာ့မက္ေသာအရြယ္မို႔…ႏြားသိမ္းရန္အခ်ိန္ေစာသည္ဟုစိတ္ထဲမွတ္ယူကာ…ေက်ာင္းမွာထဲကခ်ိန္းထားေသာသူငယ္ခ်င္းေတြနွင့္ညီအစ္ကိုနွစ္ေယာက္ေက်ာက္ဒိုးေအးေဆးပစ္ေနၾကသည္။

အခ်ိန္မည္မ်ွၾကာသြားသည္မသိ…ေမွာင္ရိပ္သန္းခ်ိန္ေရာက္မွႏြားသိမ္းရမည္ကိုညီအစ္ကိုနွစ္ေယာက္စလံုးသတိရမိၾကသည္။”ကိုၾကီး…ေတာ္ေတာ့…ႏြားေတြသိမ္းရဦးမယ္ေလ””ငါလဲအခုမွသတိရတာ…ေတာ္ျပီေလ…””ေအးခ်မ္း…ေတာ္ျပီလားကြ…””ေတာ္ျပီငါႏြားသြားသိမ္းရဦးမယ္…မနက္ျဖန္မွမေၾကပြဲဆက္ႏႊဲၾကတာေပါ့…””ဒါဆိုျပီးေရာေလ…မနက္ျဖန္ေက်ာင္းလႊတ္တာနဲ႔ဒီမွာပဲေစာင့္ေနမယ္””ေအးေအး…”ညီအစ္ကိုနွစ္ေယာက္…အင္းေဘးႏြားမ်ားရွိရာသို႔ခပ္သုတ္သုတ္လွမ္းခဲ႔ၾကသည္။

သူတို႔ေရာက္သြားေတာ့…ထိုေနရာမွာႏြားမေျပာနဲ႔ေခြးေလေခြးလႊင့္တစ္ေကာင္ေတာင္ရွိမေနေတာ့ေပ…ညီအစ္ကိုနွစ္ေယာက္စလံုးရင္ထိန္႕သြားကာ…ႏြားရွာပုံေတာ္ကိုခပ္ျမန္ျမန္ဖြင့္လိုက္ၾကသည္။”ကိုၾကီး…ႏြားေတြကဘယ္ေရာက္သြားလဲမသိဘူး…ဘယ္လိုလုပ္ၾကမလဲ””ရွာရမွာေပါ့ကြ…နယ္မ်ားေက်ာ္သြားလားမသိဘူး…လာငါတို႔ဟိုဖက္ရြာသြားတဲ႔လမ္းအတိုင္းေလ်ွာက္ၾကည့္ရေအာင္…”အခ်ိန္ကမရွိေတာ့သည္မို႔ညီအစ္ကိုနွစ္ေယာက္ခပ္ျမန္ျမန္ပင္တစ္ဖက္ရြာသို႔သြားေသာလမ္းေတာက္ေရွာက္ေလ်ွာက္လာရင္း…”ဦးေလး…သားတို႕ႏြားကိုေတြ႕မိေသးလား”တစ္ရြာထဲေနသူဦးေလးတစ္ေယာက္အားေတြ႕လို႔ကမန္းကတန္းျဖင့္…ေတြ႕မိလိုေတြ႕မိျငားလွမ္းေမးလိုက္မိသည္။

“မင္းတို႕ႏြားလားဒါဆိုနယ္ေက်ာ္သြားျပီ…အျမန္လိုက္…””ဟုတ္…ဟုတ္ကဲ႔ဦးေလး…”ဝမ္းသာအားရျဖစ္သြားေသာသူတို႔နွစ္ဦး…တစ္ရြာနဲ႔တစ္ရြာ၂မိုင္ခရီးေလာက္ေဝးေသာတစ္ဖက္ရြာသို႔မေျပးရံုတမယ္ေျခလွမ္းမ်ားျဖင့္ခပ္သုတ္သုတ္လွမ္းလိုက္ၾကသည္။

သူတို႕ဆက္ေလ်ွာက္လာရင္း…ဟိုဖက္ရြာအစပ္မွာႏြားနွစ္ေကာင္အားေတြ႕လိုက္ရေတာ့သူတို႔ေပ်ာ္သြားၾကသည္။ဒီႏြားေတြသူတို႔ႏြားျဖစ္ပါေစဟုဆုေတာင္းမိတာလဲအခါခါ…အခ်ိန္ကတျဖည္းျဖည္းေမွာင္လာသည္မို႔ႏြားေတြကဘယ္သူဘယ္ဝါရဲ႕ႏြားေတြဆိုတာသဲကြဲစြာမျမင္ရေပ…

နွစ္ေယာက္သားႏြားေတြရွိရာကိုခပ္သုတ္သုတ္ေလ်ွာက္သြားၾကျပီး…ႏြားေတြကသူတို႕ႏြားဟုတ္မဟုတ္ေသခ်ာၾကည့္လိုက္ၾကသည္။”ကိုၾကီး…ဒါငါတို႔ႏြားေတြ…””ဒါဆိုအျမန္သြားၾကမယ္…အိမ္မွာအေမစိတ္ပူေနေရာ့မယ္””အျမန္ေရာက္ေအာင္ကြင္းထဲကျဖတ္ျပန္ၾကမယ္ေလ””ေကာင္းတယ္…ဒါမွအိမ္ျမန္ျမန္ေရာက္မွာ…”ႏြားေတြကိုတုတ္တစ္ေခ်ာင္းျဖင့္ကြင္းထဲကေနရိုက္ေမာင္းျပီးညီအစ္ကိုနွစ္ေယာက္ျပန္လာၾကေတာ့သည္။

အခ်ိန္ကည၁၀နာရီပင္ထိုးလုေတာ့မည္။သားနွစ္ေယာက္ကအခုထိအိမ္ျပန္မလာေသး…ေဒၚဖြားေမတစ္ေယာက္သားေတြအတြက္အလြန္ပင္စိတ္ပူပမ္ေနမိသည္။သူမဒီတိုင္းေနလို႔မျဖစ္…ကေလးနွစ္ေယာက္ကိုအျမန္ဆံုးလိုက္ရွာမွျဖစ္မည္…မေတာ္…လမ္းမွာတစ္ခုခုျဖစ္ေနမွျဖင့္…ေတြးရင္းျဖင့္သားေတြအတြက္ပိုျပီးစိတ္ပူလာေသာေဒၚဖြားေမနွစ္ေတာင့္ထိုးဓါတ္မီးေလးကိုဆြဲကာ…ႏြားလႊတ္ေသာအင္းေဘးသိုေလ်ွာက္လာလိုက္သည္။

“ေဒၚဖြားေမ…ဘယ္တုန္းညၾကီးမိုးခ်ဳပ္…””က်ဳပ္သားနွစ္ေယာက္ႏြားေတြသြားသိမ္းတာအခုထိျပန္မလာလို႔…အဲ႔ဒါလိုက္ရွာမလို႕ေလ…က်ဳပ္သားေတြေတြ႕မိၾကေသးလား””ဒါဆိုႏြားေတြနယ္ေက်ာ္လို႔လိုက္ေနတာျဖစ္မယ္…ဟိုတေလာကသံေခ်ာင္းႏြားေတြလဲအဲ႔ဒီဖက္ေရာက္လို႔မနဲျပန္လိုက္ရတယ္”

“ဒါဆိုက်ဳပ္သားေတြေနာက္လိုက္ဦးမွပါ…”ဟိုဖက္ကေျပာသည့္စကားကိုပင္မေစာင့္…ေဒၚဖြားေမဓါတ္မီးေလးကိုင္ကာေလ်ွာက္လာခဲ႔သည္။ညမိုးခ်ဳပ္အခ်ိန္ေပမယ့္…ဟိုဖက္ရြာဒီဖက္ရြာကူးသည့္လူေတြတစ္ေယာက္စနွစ္ေယာက္စကိုေတာ့ေတြ႕ရသည္။ရြာကက်ဥ္းေတာ့တစ္ေယာက္နဲ႔တစ္ေယာက္မသိတဲ႔လူဆိုတာခပ္ရွားရွား…တျဖည္းျဖည္းေလ်ွာက္လာရင္းလမ္းထက္ဝက္က်ိဳးေရာက္ေတာ့…

“အရီးဖြားေမ…အရီးသားေတြလိုက္ရွာေနတာလား””ေအး…ဟုတ္တယ္””သူတို႔ကအိမ္ျပန္ေရာက္ေနၾကျပီေလ…က်ြန္ေတာ္နဲ႔ေတာင္လမ္းမွာေတြ႕ေသးတယ္ကြင္းထဲကျဖတ္ျပန္လာၾကတာေနမယ္…ဒါ့ေၾကာင့္လမ္းလြဲသြားတာ””ေအးေအး…ဒါဆိုငါအိမ္ျပန္လိုက္ေတာ့မယ္…ေက်းဇူးပဲဖိုးေခြးေရ”ဟိုဖက္ရြာသူနဲ႔အိမ္ေထာင္က်ေသာဖိုးေခြးမိဘဆီလာရင္းမိုးခ်ဳပ္သြားသည့္ထင္…အခုမွသူ႔အိမ္ျပန္ပုံရသည္။လမ္းၾကံဳတုန္းေျပာျပေပးလို႔ေက်းဇူးတင္မိသည္။

ေဒၚဖြားေမလက္ထဲရွိဓါတ္မီးေလးအားက်စ္က်စ္ပါေအာင္ဆုတ္ကိုင္ရင္းေလ်ွာက္လွမ္းလာလိုက္သည္။တျဖည္းျဖည္းေလ်ွာက္လာရင္းသူမျဖတ္ျပန္လာေသာအင္းနားသို႔ေရာက္ေတာ့မီးေရာင္လွမ္းေတြ႕ရသည္မို႔အေဖာ္ရျပီဆိသည့္အသိနွင့္ဝမ္းသာအားရလွမ္းေအာ္လိုက္သည္။

“ေဟး…ငါးရၾကလား…”သူမလွမ္းေအာ္ေပမယ့္ဟိုဖက္ကတုန္႕ျပန္သံမၾကား…မၾကားဘူးအထင္နွင့္ေနာက္တစ္ခြန္းလွမ္းေအာ္ၾကည့္လိုက္သည္။”မျပန္ၾကေသးဘူးလား…ငါးေရာရၾကလားေဟ့…”ဟိုဖက္ကျပန္ထူးသံမၾကားရ၍ေဒၚဖြားေမတစ္ေယာက္သူ႔ရြာကလူေတြမဟုတ္ဘူူးဆိုတာသိလိုက္ရသည္။ေျခစံုရပ္ထားေသာေျခေထာက္ေတြကိုအျပန္လမ္းေပၚသို႕ဦးတည္လိုက္ျပီးစတင္ေလ်ွာက္လွမ္းလာခဲ႔သည္။

အခ်ိန္ကလည္းည၁၁နာရီ၁၂နာရီခန္႔ေလာက္ရွိေတာ့မည္။သူမေျခလွမ္းေတြကိုျမန္သည္ထက္ျမန္ေအာင္ခပ္သုတ္သုတ္လွမ္းေနမိသည္႔မျဖစ္…”က်ီ…က်ီ…က်ီ…””ဖ်က္…ဖ်က္…ဖ်က္…”ေလ်ွာက္လွမ္းလာရင္း…ခုဏကခပ္သဲ႔သဲ႔သာၾကားရေသာပုရစ္အသံဟုထင္ထားသည့္အသံကသူမေလ်ွာက္လွမ္းေနသည့္လမ္းေတာက္ေရွာက္ပို၍ပင္က်ယ္ေလာင္လာသလိုလိုထင္မိသည္။

ေက်ာျပင္ဖက္မွလည္းတစ္စံုတစ္ေယာက္သူမအားစူးစိုက္ၾကည့္ေနသည္ဟုခံစားမိေနတာလည္းၾကာျပီ…ဘာမ်ားလည္းဆိုသည့္အသိနွင့္အေနာက္သို႔လက္ထဲပါလာသည့္ဓါတ္မီးေလးျဖင့္လွမ္းထိုးလိုက္ေတာ့… “အမေလး… ျမတ္စြာဘုရား ကယ္ေတာ္မူပါ…”

ဘုရားတသည္ကေနာက္…သူမအရင္ေတြ႕လိုက္ရသည္ကဆံပင္မတိုမရွည္ျဖင့္လည္ပင္းအရစ္ကေနပ်က္ထြက္ေနေသာေခါင္းပ်က္ၾကီး…သူမကိုျပဴးက်ယ္ေသာမ်က္လံုးအစံုျဖင့္ၾကည့္ရင္းတျဖည္းျဖည္းအနားတိုးကပ္လာသည္မို႔ဓါတ္မီးကိုေယာင္ရမ္းလႊတ္ခ်ကာရြာထဲသို႔အားသြန္ခြန္စိုက္ေျပးလႊားခဲ႔သည္။

“က်ီ…က်ီ…က်ီ…”သူမဘယ္လိုပင္ေျပးေစကာမူအေနာက္မွအသံကေပ်ာက္ကြယ္မသြားဆက္လိုက္လာသည္ကိုသိသျဖင့္ေမာေနေသာ္လည္းအေျပးကိုမရပ္ရဲခဲ႔…သူမအိမ္ရွိရာသို႔အသဲသန္ေျပးခဲ႔ရသည္။

“ေအးခ်မ္း…ေအာင္ခ်မ္း…သားတို႔ေရ…”အိမ္ကိုေရာက္သည္နွင့္သားနွစ္ေယာက္ျဖစ္သူ၏နာမည္ကိုေအာ္ေခၚျပီးအိမ္တံခါးကိုဝုန္းဒိုင္းပိတ္ပစ္ကာအေမာေျဖေနလိုက္ရသည္။မ်က္လံုးထဲျမင္ေတြ႕ခဲ႔ရသည့္ေခါင္းပ်က္ၾကီးကေတာ့သူမမ်က္လံုးထဲစြဲထင္က်န္ရစ္လ်ွက္…ညကျဖစ္ပ်က္ခဲ႔သည့္အျဖစ္အပ်က္ၾကီးေၾကာင့္ေဒၚဖြားေမတစ္ေယာက္အိပ္ယာထဲလဲပါေတာ့သည္။

“အရီးဖြားေမ…အရီးဖြားေမရွိလား…””အေမရွိတယ္မၾကီးယမင္း…ေနမေကာင္းလို႔အိပ္ယာထဲမွာေမွးေနတယ္””သိတယ္…အဲ႔ဒါေၾကာင့္ၾကက္သားဆန္ျပဳတ္ေလးလာပို႔ေပးတာ…ေသခ်ာတိုက္လိုက္ေနာ္…အလုပ္ေလးရွိလို႔မၾကီးျပန္ေတာ့မယ္””ဟုတ္ကဲ႔”ေဒၚဖြားေမသားအၾကီးေကာင္ေအးခ်မ္းက…တစ္ရြာထဲေနသူအသက္၁၈နွစ္ခန္႔ယမင္းဆိုသည့္အပ်ိဳမေလးလာေပးေသာဆန္ျပဳတ္ခ်ိဳင့္အားဆြဲကာမိခင္ရွိရာသို႔လွမ္းလာလိုက္သည္။

“အေမ…အေမ႔””အင္း…ဘာလဲေအးခ်မ္း””မၾကီးယမင္းကအေမေသာက္ဖို႔တဲ႔…ၾကက္သားဆန္ျပဳတ္လာေပးတယ္…အေမဒါေသာက္လိုက္ဦးေနာ္…”ေဒၚဖြားေမကိုယ့္နားကိုယ္ပင္မယုံနိုင္ေလာက္ေအာင္အံ႔ၾသသြားရသည္။သူမနားၾကားမ်ားလြဲေလေရာ့သလား…”ဘယ္လို…ဘယ္သူ…ဘယ္သူလာေပးတာ””ရြာေရွ႕ပိုင္းကမၾကီးယမင္းေလဗ်ာ…မသိေတာ့ဘူးလား””ဟင့္အင္း…မေသာက္ဘူး…ယူသြား…အဲ႔ဒါအခုသြားလႊင့္ပစ္…””ဒုန္း…””ခ်လြမ္း……”ပါးစပ္ကလည္းေျပာမ်က္လံုးျပဴးမ်က္ဆံျပဴးျဖင့္ေအာ္ရင္းလက္ကလည္းသားျဖစ္သူကိုင္ထားေသာဆန္ျပဳတ္ခ်ိဳင့္အားပုတ္ထုပ္လိုက္ေလသည္။

ညကေတြ႕ခဲ႔သည့္မ်က္နွာ…ဒီမ်က္နွာပိုင္ရွင္ကသူမအိမ္ကိုမနက္ေစာေစာစီးစီးေရာက္လာခဲ႔သည္။သူမေနမေကာင္းတာအိမ္နီးနားခ်င္းေတြေတာင္သိခ်င္မွသိလိမ့္မယ္…ရြာအေရွ႕ပိုင္းကလူကတကူးတကဘာ့ေၾကာင့္သိျပီးဒီဆန္ျပဳတ္လာပို႔ရတာလည္း…ေဒၚဖြားေမသိလိုက္သည္က…ဒါသူမကိုဒီကိစၥဘယ္သူ႕မွမေျပာရန္လာေရာက္သတိေပးခ်ိန္းေျခာက္ျခင္းဆိုတာပင္…

ၿပီၚးပါျပီ

အားေပးၾကေသာfriမ်ားေက်းဇူးပါ အမွားပါတာရွိရင္သည္းခံပါေနာ္ အစ္ကို တစ္ေယာက္ေျပာျပေသာ ျဖစ္ရပ္မွန္ေလး အားနာမည္နဲ႔ေနရာေဒေတြလႊဲေျပာင္းျပီးေရးသားထားပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ယြန္းလဲ့ျဖဴ

#Unicode Version# ျဖင့္ဖတ္ပါ ။

“ဗျို့ဒေါ်ဖွားမေ…ဘာချက်တုန်းဗျ…””အေး…မနက်ကခလေးတွေအိုင်ပက်တာသွားဝိုင်းလုပ်လို့ငါးဟင်းစားရတယ်လေ…အဲ့ဒါလေးတွေချက်တယ်”ဒေါ်ဖွားမေတို့အိမ်မှာအရင်ကမိသားစု၆ဦး…သားသုံးယောက်သမီးအကြီးဆုံးကတစ်ယောက်…သမီးအကြီးနဲ့သားကြီးကအိမ်ထောင်ကျသွားတော့ကျန်တဲ့၁၀နှစ်အရွယ်သားနဲ့၈နှစ်အရွယ်သားအငယ်ဆုံးနှစ်ယောက်သာကျန်တော့သည်။

ဒီကလေးနှစ်ယောက်ကလဲကျောင်းနေတဲ့အရွယ်မို့…ဒေါ်ဖွားမေကိုသိပ်ပြီးမကူညီနိုင်ရှာ…အိမ်အလုပ်အပြင်စားဝတ်နေရေးကအစပူပန်နေရသောဒေါ်ဖွားမေအဖို့…ရှိရင်းစွဲအသက်ထက်ရင့်ရော်နေသည်ကားမစမ်းပါ…အားကိုးစရာခင်ပွန်းကလဲခလေးတွေငယ်စဉ်ထဲကဆုံးပါးသွားသည်မို့…ဘဝကိုဖြစ်သလိုရုန်းကန်နေရရှာသည်။

ခဏနေသားနှစ်ယောက်ကျောင်းကပြန်လာတော့မည်။ဒီကလေးနှစ်ယောက်ကလဲမိခင်ကိုသိတက်ရှာသည်။မနက်မိုးလင်းရင်အိမ်မှာရှိတဲ့နွားတွေကိုအင်းဘေးကိုသွားလွှတ်ထားသည်။တစ်ရွာလုံးဒီလိုလွှတ်ထားသည်မို့စိတ်ပူစရာမရှိ…ညနေသူတို့လေးတွေကျောင်းကပြန်လာရင်နွားသိမ်းရသည့်အလုပ်ကသူတို့လေးတွေရဲ့အလုပ်…”အမေ…သားတို့ပြန်လာပြီ…””အော်…အေးအေး…ထမင်းစားတော့မလား…””မစားသေးဘူးအမေ…ပြန်လာမှစားမယ်…နွားတွေအရင်သွားသိမ်းမယ်…” “အဲ့ဒါဆိုသေချာဂရုစိုက်ပြီးလဲပြန်လာကြဦးနော်…လမ်းမှာဟိုဝင်ဒီထွက်မလုပ်ကြနဲ့ဦး…””ဟုတ်…”ဟုတ်ဆိုသောအသံကခပ်ဝေးဝေးကကြားလိုက်ရသည်မို့…မအေဖြစ်သူစကားမဆုံးခင်ထွက်သွားကြပြီဆိုတာဒေါ်ဖွားမေသိလိုက်သည်။

”ကိုကြီး…ဟိုကောင်တွေနဲ့ဘယ်နားချိန်းထားတာ””ရှေ့ကမကျည်းပင်အောက်မှာချိန်းထားတာ…ဟိုမှာရောက်တောင်ရောက်နေပြီ…”အဆော့မက်သောအရွယ်မို့…နွားသိမ်းရန်အချိန်စောသည်ဟုစိတ်ထဲမှတ်ယူကာ…ကျောင်းမှာထဲကချိန်းထားသောသူငယ်ချင်းတွေနှင့်ညီအစ်ကိုနှစ်ယောက်ကျောက်ဒိုးအေးဆေးပစ်နေကြသည်။

အချိန်မည်မျှကြာသွားသည်မသိ…မှောင်ရိပ်သန်းချိန်ရောက်မှနွားသိမ်းရမည်ကိုညီအစ်ကိုနှစ်ယောက်စလုံးသတိရမိကြသည်။”ကိုကြီး…တော်တော့…နွားတွေသိမ်းရဦးမယ်လေ””ငါလဲအခုမှသတိရတာ…တော်ပြီလေ…””အေးချမ်း…တော်ပြီလားကွ…””တော်ပြီငါနွားသွားသိမ်းရဦးမယ်…မနက်ဖြန်မှမကြေပွဲဆက်နွှဲကြတာပေါ့…””ဒါဆိုပြီးရောလေ…မနက်ဖြန်ကျောင်းလွှတ်တာနဲ့ဒီမှာပဲစောင့်နေမယ်””အေးအေး…”ညီအစ်ကိုနှစ်ယောက်…အင်းဘေးနွားများရှိရာသို့ခပ်သုတ်သုတ်လှမ်းခဲ့ကြသည်။

သူတို့ရောက်သွားတော့…ထိုနေရာမှာနွားမပြောနဲ့ခွေးလေခွေးလွှင့်တစ်ကောင်တောင်ရှိမနေတော့ပေ…ညီအစ်ကိုနှစ်ယောက်စလုံးရင်ထိန့်သွားကာ…နွားရှာပုံတော်ကိုခပ်မြန်မြန်ဖွင့်လိုက်ကြသည်။”ကိုကြီး…နွားတွေကဘယ်ရောက်သွားလဲမသိဘူး…ဘယ်လိုလုပ်ကြမလဲ””ရှာရမှာပေါ့ကွ…နယ်များကျော်သွားလားမသိဘူး…လာငါတို့ဟိုဖက်ရွာသွားတဲ့လမ်းအတိုင်းလျှောက်ကြည့်ရအောင်…”အချိန်ကမရှိတော့သည်မို့ညီအစ်ကိုနှစ်ယောက်ခပ်မြန်မြန်ပင်တစ်ဖက်ရွာသို့သွားသောလမ်းတောက်ရှောက်လျှောက်လာရင်း…”ဦးလေး…သားတို့နွားကိုတွေ့မိသေးလား”တစ်ရွာထဲနေသူဦးလေးတစ်ယောက်အားတွေ့လို့ကမန်းကတန်းဖြင့်…တွေ့မိလိုတွေ့မိငြားလှမ်းမေးလိုက်မိသည်။

“မင်းတို့နွားလားဒါဆိုနယ်ကျော်သွားပြီ…အမြန်လိုက်…””ဟုတ်…ဟုတ်ကဲ့ဦးလေး…”ဝမ်းသာအားရဖြစ်သွားသောသူတို့နှစ်ဦး…တစ်ရွာနဲ့တစ်ရွာ၂မိုင်ခရီးလောက်ဝေးသောတစ်ဖက်ရွာသို့မပြေးရုံတမယ်ခြေလှမ်းများဖြင့်ခပ်သုတ်သုတ်လှမ်းလိုက်ကြသည်။

သူတို့ဆက်လျှောက်လာရင်း…ဟိုဖက်ရွာအစပ်မှာနွားနှစ်ကောင်အားတွေ့လိုက်ရတော့သူတို့ပျော်သွားကြသည်။ဒီနွားတွေသူတို့နွားဖြစ်ပါစေဟုဆုတောင်းမိတာလဲအခါခါ…အချိန်ကတဖြည်းဖြည်းမှောင်လာသည်မို့နွားတွေကဘယ်သူဘယ်ဝါရဲ့နွားတွေဆိုတာသဲကွဲစွာမမြင်ရပေ…

နှစ်ယောက်သားနွားတွေရှိရာကိုခပ်သုတ်သုတ်လျှောက်သွားကြပြီး…နွားတွေကသူတို့နွားဟုတ်မဟုတ်သေချာကြည့်လိုက်ကြသည်။”ကိုကြီး…ဒါငါတို့နွားတွေ…””ဒါဆိုအမြန်သွားကြမယ်…အိမ်မှာအမေစိတ်ပူနေရော့မယ်””အမြန်ရောက်အောင်ကွင်းထဲကဖြတ်ပြန်ကြမယ်လေ””ကောင်းတယ်…ဒါမှအိမ်မြန်မြန်ရောက်မှာ…”နွားတွေကိုတုတ်တစ်ချောင်းဖြင့်ကွင်းထဲကနေရိုက်မောင်းပြီးညီအစ်ကိုနှစ်ယောက်ပြန်လာကြတော့သည်။

အချိန်ကည၁၀နာရီပင်ထိုးလုတော့မည်။သားနှစ်ယောက်ကအခုထိအိမ်ပြန်မလာသေး…ဒေါ်ဖွားမေတစ်ယောက်သားတွေအတွက်အလွန်ပင်စိတ်ပူပမ်နေမိသည်။သူမဒီတိုင်းနေလို့မဖြစ်…ကလေးနှစ်ယောက်ကိုအမြန်ဆုံးလိုက်ရှာမှဖြစ်မည်…မတော်…လမ်းမှာတစ်ခုခုဖြစ်နေမှဖြင့်…တွေးရင်းဖြင့်သားတွေအတွက်ပိုပြီးစိတ်ပူလာသောဒေါ်ဖွားမေနှစ်တောင့်ထိုးဓါတ်မီးလေးကိုဆွဲကာ…နွားလွှတ်သောအင်းဘေးသိုလျှောက်လာလိုက်သည်။

“ဒေါ်ဖွားမေ…ဘယ်တုန်းညကြီးမိုးချုပ်…””ကျုပ်သားနှစ်ယောက်နွားတွေသွားသိမ်းတာအခုထိပြန်မလာလို့…အဲ့ဒါလိုက်ရှာမလို့လေ…ကျုပ်သားတွေတွေ့မိကြသေးလား””ဒါဆိုနွားတွေနယ်ကျော်လို့လိုက်နေတာဖြစ်မယ်…ဟိုတလောကသံချောင်းနွားတွေလဲအဲ့ဒီဖက်ရောက်လို့မနဲပြန်လိုက်ရတယ်”

“ဒါဆိုကျုပ်သားတွေနောက်လိုက်ဦးမှပါ…”ဟိုဖက်ကပြောသည့်စကားကိုပင်မစောင့်…ဒေါ်ဖွားမေဓါတ်မီးလေးကိုင်ကာလျှောက်လာခဲ့သည်။ညမိုးချုပ်အချိန်ပေမယ့်…ဟိုဖက်ရွာဒီဖက်ရွာကူးသည့်လူတွေတစ်ယောက်စနှစ်ယောက်စကိုတော့တွေ့ရသည်။ရွာကကျဉ်းတော့တစ်ယောက်နဲ့တစ်ယောက်မသိတဲ့လူဆိုတာခပ်ရှားရှား…တဖြည်းဖြည်းလျှောက်လာရင်းလမ်းထက်ဝက်ကျိုးရောက်တော့…

“အရီးဖွားမေ…အရီးသားတွေလိုက်ရှာနေတာလား””အေး…ဟုတ်တယ်””သူတို့ကအိမ်ပြန်ရောက်နေကြပြီလေ…ကျွန်တော်နဲ့တောင်လမ်းမှာတွေ့သေးတယ်ကွင်းထဲကဖြတ်ပြန်လာကြတာနေမယ်…ဒါ့ကြောင့်လမ်းလွဲသွားတာ””အေးအေး…ဒါဆိုငါအိမ်ပြန်လိုက်တော့မယ်…ကျေးဇူးပဲဖိုးခွေးရေ”ဟိုဖက်ရွာသူနဲ့အိမ်ထောင်ကျသောဖိုးခွေးမိဘဆီလာရင်းမိုးချုပ်သွားသည့်ထင်…အခုမှသူ့အိမ်ပြန်ပုံရသည်။လမ်းကြုံတုန်းပြောပြပေးလို့ကျေးဇူးတင်မိသည်။

ဒေါ်ဖွားမေလက်ထဲရှိဓါတ်မီးလေးအားကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ရင်းလျှောက်လှမ်းလာလိုက်သည်။တဖြည်းဖြည်းလျှောက်လာရင်းသူမဖြတ်ပြန်လာသောအင်းနားသို့ရောက်တော့မီးရောင်လှမ်းတွေ့ရသည်မို့အဖော်ရပြီဆိသည့်အသိနှင့်ဝမ်းသာအားရလှမ်းအော်လိုက်သည်။

“ဟေး…ငါးရကြလား…”သူမလှမ်းအော်ပေမယ့်ဟိုဖက်ကတုန့်ပြန်သံမကြား…မကြားဘူးအထင်နှင့်နောက်တစ်ခွန်းလှမ်းအော်ကြည့်လိုက်သည်။”မပြန်ကြသေးဘူးလား…ငါးရောရကြလားဟေ့…”ဟိုဖက်ကပြန်ထူးသံမကြားရ၍ဒေါ်ဖွားမေတစ်ယောက်သူ့ရွာကလူတွေမဟုတ်ဘူူးဆိုတာသိလိုက်ရသည်။ခြေစုံရပ်ထားသောခြေထောက်တွေကိုအပြန်လမ်းပေါ်သို့ဦးတည်လိုက်ပြီးစတင်လျှောက်လှမ်းလာခဲ့သည်။

အချိန်ကလည်းည၁၁နာရီ၁၂နာရီခန့်လောက်ရှိတော့မည်။သူမခြေလှမ်းတွေကိုမြန်သည်ထက်မြန်အောင်ခပ်သုတ်သုတ်လှမ်းနေမိသည့်မဖြစ်…”ကျီ…ကျီ…ကျီ…””ဖျက်…ဖျက်…ဖျက်…”လျှောက်လှမ်းလာရင်း…ခုဏကခပ်သဲ့သဲ့သာကြားရသောပုရစ်အသံဟုထင်ထားသည့်အသံကသူမလျှောက်လှမ်းနေသည့်လမ်းတောက်ရှောက်ပို၍ပင်ကျယ်လောင်လာသလိုလိုထင်မိသည်။

ကျောပြင်ဖက်မှလည်းတစ်စုံတစ်ယောက်သူမအားစူးစိုက်ကြည့်နေသည်ဟုခံစားမိနေတာလည်းကြာပြီ…ဘာများလည်းဆိုသည့်အသိနှင့်အနောက်သို့လက်ထဲပါလာသည့်ဓါတ်မီးလေးဖြင့်လှမ်းထိုးလိုက်တော့… “အမလေး… မြတ်စွာဘုရား ကယ်တော်မူပါ…”

ဘုရားတသည်ကနောက်…သူမအရင်တွေ့လိုက်ရသည်ကဆံပင်မတိုမရှည်ဖြင့်လည်ပင်းအရစ်ကနေပျက်ထွက်နေသောခေါင်းပျက်ကြီး…သူမကိုပြူးကျယ်သောမျက်လုံးအစုံဖြင့်ကြည့်ရင်းတဖြည်းဖြည်းအနားတိုးကပ်လာသည်မို့ဓါတ်မီးကိုယောင်ရမ်းလွှတ်ချကာရွာထဲသို့အားသွန်ခွန်စိုက်ပြေးလွှားခဲ့သည်။

“ကျီ…ကျီ…ကျီ…”သူမဘယ်လိုပင်ပြေးစေကာမူအနောက်မှအသံကပျောက်ကွယ်မသွားဆက်လိုက်လာသည်ကိုသိသဖြင့်မောနေသော်လည်းအပြေးကိုမရပ်ရဲခဲ့…သူမအိမ်ရှိရာသို့အသဲသန်ပြေးခဲ့ရသည်။

“အေးချမ်း…အောင်ချမ်း…သားတို့ရေ…”အိမ်ကိုရောက်သည်နှင့်သားနှစ်ယောက်ဖြစ်သူ၏နာမည်ကိုအော်ခေါ်ပြီးအိမ်တံခါးကိုဝုန်းဒိုင်းပိတ်ပစ်ကာအမောဖြေနေလိုက်ရသည်။မျက်လုံးထဲမြင်တွေ့ခဲ့ရသည့်ခေါင်းပျက်ကြီးကတော့သူမမျက်လုံးထဲစွဲထင်ကျန်ရစ်လျှက်…ညကဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ကြီးကြောင့်ဒေါ်ဖွားမေတစ်ယောက်အိပ်ယာထဲလဲပါတော့သည်။

“အရီးဖွားမေ…အရီးဖွားမေရှိလား…””အမေရှိတယ်မကြီးယမင်း…နေမကောင်းလို့အိပ်ယာထဲမှာမှေးနေတယ်””သိတယ်…အဲ့ဒါကြောင့်ကြက်သားဆန်ပြုတ်လေးလာပို့ပေးတာ…သေချာတိုက်လိုက်နော်…အလုပ်လေးရှိလို့မကြီးပြန်တော့မယ်””ဟုတ်ကဲ့”ဒေါ်ဖွားမေသားအကြီးကောင်အေးချမ်းက…တစ်ရွာထဲနေသူအသက်၁၈နှစ်ခန့်ယမင်းဆိုသည့်အပျိုမလေးလာပေးသောဆန်ပြုတ်ချိုင့်အားဆွဲကာမိခင်ရှိရာသို့လှမ်းလာလိုက်သည်။

“အမေ…အမေ့””အင်း…ဘာလဲအေးချမ်း””မကြီးယမင်းကအမေသောက်ဖို့တဲ့…ကြက်သားဆန်ပြုတ်လာပေးတယ်…အမေဒါသောက်လိုက်ဦးနော်…”ဒေါ်ဖွားမေကိုယ့်နားကိုယ်ပင်မယုံနိုင်လောက်အောင်အံ့သြသွားရသည်။သူမနားကြားများလွဲလေရော့သလား…”ဘယ်လို…ဘယ်သူ…ဘယ်သူလာပေးတာ””ရွာရှေ့ပိုင်းကမကြီးယမင်းလေဗျာ…မသိတော့ဘူးလား””ဟင့်အင်း…မသောက်ဘူး…ယူသွား…အဲ့ဒါအခုသွားလွှင့်ပစ်…””ဒုန်း…””ချလွမ်း……”ပါးစပ်ကလည်းပြောမျက်လုံးပြူးမျက်ဆံပြူးဖြင့်အော်ရင်းလက်ကလည်းသားဖြစ်သူကိုင်ထားသောဆန်ပြုတ်ချိုင့်အားပုတ်ထုပ်လိုက်လေသည်။

ညကတွေ့ခဲ့သည့်မျက်နှာ…ဒီမျက်နှာပိုင်ရှင်ကသူမအိမ်ကိုမနက်စောစောစီးစီးရောက်လာခဲ့သည်။သူမနေမကောင်းတာအိမ်နီးနားချင်းတွေတောင်သိချင်မှသိလိမ့်မယ်…ရွာအရှေ့ပိုင်းကလူကတကူးတကဘာ့ကြောင့်သိပြီးဒီဆန်ပြုတ်လာပို့ရတာလည်း…ဒေါ်ဖွားမေသိလိုက်သည်က…ဒါသူမကိုဒီကိစ္စဘယ်သူ့မှမပြောရန်လာရောက်သတိပေးချိန်းခြောက်ခြင်းဆိုတာပင်…

ပြီါ်းပါပြီ

အားပေးကြသောfriများကျေးဇူးပါ အမှားပါတာရှိရင်သည်းခံပါနော် အစ်ကို တစ်ယောက်ပြောပြသော ဖြစ်ရပ်မှန်လေး အားနာမည်နဲ့နေရာဒေတွေလွှဲပြောင်းပြီးရေးသားထားပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ယွန်းလဲ့ဖြူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top