မိမိေနအိမ္အတြင္း ပုရြက္ဆိတ္ေတြ အရမ္းေသာင္းက်န္းလာလုိ႔ ႏွိမ္ႏွင္းဖုိ႔
လုပ္တဲ့အခါ စိတ္ညစ္ေခါင္းအစားရဆုံးအခ်ိန္ျဖစ္ပါတယ္။ ဒီေတာ့
ပုရြက္ဆိတ္ေတြကို ေမာင္းထုတ္ေပးမယ့္ နည္းလမ္းတခ်ဳိ႕ကို
ေဖာ္ျပေပးလုိက္ပါတယ္။
၁။ ႏွစ္ဖက္သုံးတိပ္ၾကိဳး
သင့္မီးဖုိေခ်ာင္အတြင္း
ပုရြက္ဆိတ္ေတြစီးနင္းဝင္လာပါက ႏွစ္ဖက္လုံးကပ္ႏုိင္တဲ့ တိပ္ၾကိဳးနဲ႔
ဟန္႔တားႏုိင္ပါတယ္။ ပုရြက္္ဆိတ္ေတြရဲ႕ လမ္းေၾကာင္းနဲ႔ လႈပ္ရွားသြားလာရာ
ေနရာကို ေတြ႔ေအာင္ရွာျပီး ပုရြက္ဆိတ္ေတြ ေက်ာ္မတက္ႏုိင္တဲ့
အဲဒီတိပ္ၾကိဳးျဖင့္ ဝန္းရံေပးရပါမယ္။
၂။ ေဘာရစ္ခ္ အက္စစ္ (Boric acid)
Boric
acid ကို အမႈန္႔နဲ႔ ေရာင္းပါတယ္။ Boric acid ထမင္းစားဇြန္း (၃) ဇြန္း၊
သၾကား ထမင္းစားဇြန္း (၃) ဇြန္းနဲ႔ ေရေႏြး (၁) ခြက္ ေရာပါ။ အဲဒီအရည္ထဲ
ဂြမ္းစေလးေတြနစ္ျပီး ပုရြက္ဆိတ္ေတြ စုရုံးရာ ေနရာေတြမွာ ထားပါ။ သၾကားက
သူတုိ႔ကို ဆြဲေဆာင္ျပီး boric acid ကေန ေသေၾကပ်က္စီးေစပါလိမ့္မယ္။
၃။ ဂ်ဳံမႈန္႔
ပုရြက္ဆိတ္စုရုံးတတ္တဲ့
အခန္းေထာင့္ေတြမွာ ဂ်ဳံမႈန္႔ေတြ ျဖဴးပါ။ ပုရြက္ဆိတ္ေတြလာစားၾကပါလိမ့္မယ္။
ဒါေပမယ့္ အစာမေၾကညက္ႏုိင္ျခင္းေၾကာင့္ လြယ္ကူစြာ ရွင္းထုတ္ပါလိမ့္မယ္။
၄။ ေရွာက္၊ သံပုရာမ်ဳိးဝင္အသီးမ်ား
သံပုယုိနဲ႔
လိေမၼာ္သီးအနံ႔အသက္က ပုရြက္ဆိတ္ေတြ ရွင္းလင္းေပးပါလိမ့္မယ္။
သစ္သီးၾကိတ္စက္ထဲ လိေမၼာ္သီးခြံေတြ ေရေႏြးတစ္ခြက္နဲ႔ ေရာၾကိတ္ျပီး
ပုရြက္ဆိတ္တြင္းထဲ ျဖည္းျဖည္းခ်င္း ေလာင္းခ်ေပးပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit :Original writer
#Unicode Verison#
မိမိနေအိမ်အတွင်း ပုရွက်ဆိတ်တွေ အရမ်းသောင်းကျန်းလာလို့ နှိမ်နှင်းဖို့ လုပ်တဲ့အခါ စိတ်ညစ်ခေါင်းအစားရဆုံးအချိန်ဖြစ်ပါတယ်။ ဒီတော့ ပုရွက်ဆိတ်တွေကို မောင်းထုတ်ပေးမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ နှစ်ဖက်သုံးတိပ်ကြိုး
သင့်မီးဖိုချောင်အတွင်း ပုရွက်ဆိတ်တွေစီးနင်းဝင်လာပါက နှစ်ဖက်လုံးကပ်နိုင်တဲ့ တိပ်ကြိုးနဲ့ ဟန့်တားနိုင်ပါတယ်။ ပုရွက်ဆိတ်တွေရဲ့ လမ်းကြောင်းနဲ့ လှုပ်ရှားသွားလာရာ နေရာကို တွေ့အောင်ရှာပြီး ပုရွက်ဆိတ်တွေ ကျော်မတက်နိုင်တဲ့ အဲဒီတိပ်ကြိုးဖြင့် ဝန်းရံပေးရပါမယ်။
၂။ ဘောရစ်ခ် အက်စစ် (Boric acid)
Boric acid ကို အမှုန့်နဲ့ ရောင်းပါတယ်။ Boric acid ထမင်းစားဇွန်း (၃) ဇွန်း၊ သကြား ထမင်းစားဇွန်း (၃) ဇွန်းနဲ့ ရေနွေး (၁) ခွက် ရောပါ။ အဲဒီအရည်ထဲ ဂွမ်းစလေးတွေနစ်ပြီး ပုရွက်ဆိတ်တွေ စုရုံးရာ နေရာတွေမှာ ထားပါ။ သကြားက သူတို့ကို ဆွဲဆောင်ပြီး boric acid ကနေ သေကြေပျက်စီးစေပါလိမ့်မယ်။
၃။ ဂျုံမှုန့်
ပုရွက်ဆိတ်စုရုံးတတ်တဲ့ အခန်းထောင့်တွေမှာ ဂျုံမှုန့်တွေ ဖြူးပါ။ ပုရွက်ဆိတ်တွေလာစားကြပါလိမ့်မယ်။ ဒါပေမယ့် အစာမကြေညက်နိုင်ခြင်းကြောင့် လွယ်ကူစွာ ရှင်းထုတ်ပါလိမ့်မယ်။
၄။ ရှောက်၊ သံပုရာမျိုးဝင်အသီးများ
သံပုယိုနဲ့ လိမ္မော်သီးအနံ့အသက်က ပုရွက်ဆိတ်တွေ ရှင်းလင်းပေးပါလိမ့်မယ်။ သစ်သီးကြိတ်စက်ထဲ လိမ္မော်သီးခွံတွေ ရေနွေးတစ်ခွက်နဲ့ ရောကြိတ်ပြီး ပုရွက်ဆိတ်တွင်းထဲ ဖြည်းဖြည်းချင်း လောင်းချပေးပါ။
ဖိုးသူတော် (www.phothutaw.com)
Credit :Original writer
မိမိေနအိမ္တြင္း ပုရြက္ဆိတ္ႏွိမ္ႏွင္းနည္းမ်ား
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။