ပလက္ဝၿမိဳ႕နယ္မီးဇာေက်းရြာတြင္ေနထုိင္တဲ့ဦးေက်ာ္သိန္း(ခ)ဦးေအာင္ယဒ္ဟာ စိတ္ေဖာက္ျပန္တာေၾကာင့္ သမီးအရင္းကို ဓားျဖစ္ခုတ္လို႔ ဦးေခါင္တြင္ႏွစ္ခ်က္၊ လက္တြင္ ႏွစ္ေနရာမွာ ဒဏ္ရာရရွိသြားပါတယ္။

ျဖစ္စဥ္မွာ ဦးေက်ာ္သိန္း(ခ)ဦးေအာင္ယဒ္ဟာ ေမလ ၅ ရက္ နံနက္ ၁၀ နာရီခန္႔မွာ စိတ္ေဖာက္ျပန္တာေၾကာင့္ သမီးအရင္း ျဖစ္သူ မသီတာေမ အသက္(၁၀)ႏွစ္အားဓါးျဖင့္ခုတ္ခဲ့တာေၾကာင့္ဦးေခါင္းနဲ႔လက္တြင္ဒဏ္ရာျပင္းထန္စြာရရွိခဲ့ပါတယ္။

ယခင္က ဦးေအာင္ယဒ္ဟာ သာယာကုန္းအုပ္စု၊ကင္းသလင္းရြာတြင္ေနထိုင္ၿပီး ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ ၂ရက္ေန ့က တိုက္ပြဲမ်ားေၾကာင္း ဘဂၤလားေဒ႐ွ္ ့ ႏိုင္ငံသို ့ ေအေအရဲ႕ ေခၚေဆာင္မႈခံေနရပါတယ္။

ထိုသို ့ေအေအ ၏ ထိန္းသိမ္းခံေနရစဥ္ အမ်ဳိးမ်ဳိး အလုပ္ခိုင္းေစမႈမ်ား ႐ွိေနျခင္း ေၾကာင္း မခံႏိုင္၍ ဦးေက်ာ္သိန္းႏွင့္ဦးတနလၤာ တို႔ႏွစ္ဦးသည္ ဝါးခုတ္သြားရင္း ထြက္ေျပးလြတ္ေျမာက္ လာခဲ့ကာ မီးဇာရြာတြင္ ေနထိုင္ၾကပါတယ္။ မိသားစုအခ်ဳိ ့မွာ ယေန ့အခ်ိန္ထိ ေအေအ ၏ ထိန္းခ်ဳပ္မႈေအာက္တြင္ ရွိေနၾကစဲျဖစ္ပါတယ္။

သမီးမသီတာေမ မွာ ေက်ာင္းတက္ေနစဥ္ မိသားစုႏွင့္မပါမိပဲ မီးဇာေက်းရြာတြင္ က်န္ ရစ္ခဲ့သည္။ ဦးေက်ာ္သိန္းဟာ ထြက္ေျပးလြတ္ေျမာက္လာကာ သူ ့သမီး ႐ွိရာ မီးဇာရြာသို ့ေရာက္႐ွိစဥ္မွစ၍ စိတ္ေဝဒနာ စိတ္ေဖာက္ျပန္ျခင္း ခံစားေနရသည္။

ေမလ၅ရက္နံနက္၁၀နာရီေက်ာ္အခ်ိန္တြင္ေၾကာက္တယ္ေၾကာက္တယ္လို႔ ေအာ္ ဟစ္ကာ သူ ့သမီးအား ဓါးျဖင့္ခုတ္ခဲ့ျခင္း ျဖစ္ပါတယ္။

ခုခ်ိန္မွာ ဦးေက်ာ္သိန္းကို တရြန္အိုင္ ရဲ စခန္း၌ထိန္းသိမ္းခဲ့ၿပီး မသီတာေမမွာ ဒဏ္ရာျပင္းထန္ခဲ့သျဖင့္ ပလက္ဝေဆးရံု ဆရာဝန္မ်ားက စစ္ေတြသို ့ ေဆးကုသမႈခံယူရန္ေစလြတ္ခဲ့သည္။ ဒီေန႔ မနက္ ၁၁ နာရီေက်ာ္တြင္ ပလက္ဝၿမိဳ႕မွ စစ္ေတြသို႔ ေရာက္ရွိၾကပါတယ္။

ပလက္ဝမွ စစ္ေတြထိိလိုက္ပါပို႔ေဆာင္သူ ကင္းသလင္းေက်းရြာေက်ာင္း ဆရာေအာင္လင္းေဟြ ့က”ေခါင္းဘယ္ဘက္ျခမ္းမွာ သံုးလက္မေလာက္အရွည္နဲ႔ ဦးေႏွာက္အမ်ဥ္ပါးထိေပၚေနတယ္။

ဦးေခါင္းညာဘက္ကေတာ့ သိပ္မျပင္းဘူး။ ၿပီးေတာ့ ဘယ္ဘက္ လက္သန္းပ်က္သြားတယ္။ ညာဘက္ လက္ေကာက္ဝက္မွာလည္း မာဆာလ္တစ္ခုပ်က္သြားတယ္ထင္တယ္လက္ကတစ္ဆစ္ဆစ္တုန္ေနတယ္။ အခု စစ္ေတြေဆးရံုမွာ လူနာေစာင့္ ႏွစ္ေယာက္ကေစာင့္ေနတယ္” လုိ႔ေျပာပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:သတင္းဓာတ္ပုံ-Zalen
#Unicode Version#
ပလက်ဝမြို့နယ်မီးဇာကျေးရွာတွင်နေထိုင်တဲ့ဦးကျော်သိန်း(ခ)ဦးအောင်ယဒ်ဟာ စိတ်ဖောက်ပြန်တာကြောင့် သမီးအရင်းကို ဓားဖြစ်ခုတ်လို့ ဦးခေါင်တွင်နှစ်ချက်၊ လက်တွင် နှစ်နေရာမှာ ဒဏ်ရာရရှိသွားပါတယ်။

ဖြစ်စဉ်မှာ ဦးကျော်သိန်း(ခ)ဦးအောင်ယဒ်ဟာ မေလ ၅ ရက် နံနက် ၁၀ နာရီခန့်မှာ စိတ်ဖောက်ပြန်တာကြောင့် သမီးအရင်း ဖြစ်သူ မသီတာမေ အသက်(၁၀)နှစ်အားဓါးဖြင့်ခုတ်ခဲ့တာကြောင့်ဦးခေါင်းနဲ့လက်တွင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။

ယခင်က ဦးအောင်ယဒ်ဟာ သာယာကုန်းအုပ်စု၊ကင်းသလင်းရွာတွင်နေထိုင်ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ရက်နေ့က တိုက်ပွဲများကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံသို့ အေအေရဲ့ ခေါ်ဆောင်မှုခံနေရပါတယ်။

ထိုသို့အေအေ ၏ ထိန်းသိမ်းခံနေရစဉ် အမျိုးမျိုး အလုပ်ခိုင်းစေမှုများ ရှိနေခြင်း ကြောင်း မခံနိုင်၍ ဦးကျော်သိန်းနှင့်ဦးတနင်္လာ တို့နှစ်ဦးသည် ဝါးခုတ်သွားရင်း ထွက်ပြေးလွတ်မြောက် လာခဲ့ကာ မီးဇာရွာတွင် နေထိုင်ကြပါတယ်။ မိသားစုအချို့မှာ ယနေ့အချိန်ထိ အေအေ ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြစဲဖြစ်ပါတယ်။

သမီးမသီတာမေ မှာ ကျောင်းတက်နေစဉ် မိသားစုနှင့်မပါမိပဲ မီးဇာကျေးရွာတွင် ကျန် ရစ်ခဲ့သည်။ ဦးကျော်သိန်းဟာ ထွက်ပြေးလွတ်မြောက်လာကာ သူ့သမီး ရှိရာ မီးဇာရွာသို့ရောက်ရှိစဉ်မှစ၍ စိတ်ဝေဒနာ စိတ်ဖောက်ပြန်ခြင်း ခံစားနေရသည်။

မေလ၅ရက်နံနက်၁၀နာရီကျော်အချိန်တွင်ကြောက်တယ်ကြောက်တယ်လို့ အော် ဟစ်ကာ သူ့သမီးအား ဓါးဖြင့်ခုတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ခုချိန်မှာ ဦးကျော်သိန်းကို တရွန်အိုင် ရဲ စခန်း၌ထိန်းသိမ်းခဲ့ပြီး မသီတာမေမှာ ဒဏ်ရာပြင်းထန်ခဲ့သဖြင့် ပလက်ဝဆေးရုံ ဆရာဝန်များက စစ်တွေသို့ ဆေးကုသမှုခံယူရန်စေလွတ်ခဲ့သည်။ ဒီနေ့ မနက် ၁၁ နာရီကျော်တွင် ပလက်ဝမြို့မှ စစ်တွေသို့ ရောက်ရှိကြပါတယ်။

ပလက်ဝမှ စစ်တွေထိလိုက်ပါပို့ဆောင်သူ ကင်းသလင်းကျေးရွာကျောင်း ဆရာအောင်လင်းဟွေ့က”ခေါင်းဘယ်ဘက်ခြမ်းမှာ သုံးလက်မလောက်အရှည်နဲ့ ဦးနှောက်အမျဉ်ပါးထိပေါ်နေတယ်။

ဦးခေါင်းညာဘက်ကတော့ သိပ်မပြင်းဘူး။ ပြီးတော့ ဘယ်ဘက် လက်သန်းပျက်သွားတယ်။ ညာဘက် လက်ကောက်ဝက်မှာလည်း မာဆာလ်တစ်ခုပျက်သွားတယ်ထင်တယ်လက်ကတစ်ဆစ်ဆစ်တုန်နေတယ်။ အခု စစ်တွေဆေးရုံမှာ လူနာစောင့် နှစ်ယောက်ကစောင့်နေတယ်” လို့ပြောပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:သတင်းဓာတ်ပုံ-Zalen
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top