ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔တို႔ ပူးေပါင္း၍ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနေသာ ရန္ကုန္ မိုးပ်ံအျမန္လမ္းစီမံကိန္း အပိုင္း (၁) ၏ Pre-Bid Conference ကို ေနျပည္ေတာ္တြင္ ယေန႔ က်င္းပသည္။ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္၊ ဒုတိယဝန္ႀကီး ဦးေက်ာ္လင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္မ်ားႏွင့္ တာဝန္ရိွသူမ်ား၊ International Finance Corporation (IFC) မွ တာဝန္ရိွသူမ်ား၊ စီမံကိန္းအား ရင္းႏွီးျမႇဳပ္ႏွံမည့္ အရည္အခ်င္းျပည့္မီေသာ ကုမၸဏီအစုအဖြဲ႔မ်ားႏွင့္ ႏိုင္ငံတကာေငြေၾကးဆိုင္ရာအဖြဲ႔အစည္းမ်ား တက္ေရာက္ခဲ့ႀကသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္က ရန္ကုန္ျမိဳ႕၏ ယာဥ္ေၾကာပိတ္ဆို႔မႈကို ေလ်ာ့ခ်ႏိုင္ရန္အတြက္အဓိကရည္ရြယ္၍တည္ေဆာက္ျခင္းျဖစ္သည္ဟု ေျပာသည္။အဆိုပါစီမံကိန္းကို Public Private Partnership (PPP) ျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ျပီး စုစုေပါင္းအရွည္မွာ (၄၇.၅)ကီလိုမီတာရွိမည္ျဖစ္ကာ Phase 1 အျဖစ္ အေရွ႕ဘက္ျခမ္း (၄)လမ္းသြားလမ္းမႀကီး (၁၉)ကီလိုမီတာ၊ အေရွ႕ႏွင့္ အေနာက္ခ်ိတ္ဆက္ထားေသာ(၄)လမ္းသြား(၆)ကီလိုရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ သို႔ ဆက္သြယ္ထားေသာ (၂)လမ္းသြား (၂.၅)ကီလိုမီတာ စုစုေပါင္း အရွည္ (၂၇.၅)ကီလိုမီတာ ရိွေၾကာင္း သိရသည္။

ယခုအခါ အဆိုပါ စီမံကိန္းအတြက္ တင္ဒါ ဝင္ေရာက္ယွဥ္ျပိဳင္လိုသူမ်ားကို ေရြးခ်ယ္ရန္ ဇကာတင္ အရည္အေသြး ျပည့္မီသည့္ ေလွ်ာက္လႊာမ်ား Request for Qualification (RFQ) တင္သြင္းေစခဲ့ရာ ၀န္ၾကီးဌာနက ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလတြင္ ေလ်ာက္လႊာ (၁၂) ေစာင္ကို လက္ခံရရိွခဲ့သည္ဟု သိရသည္။

၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ လက္ခံရရိွထားေသာ ေလွ်ာက္လႊာ (၁၂) ေစာင္အား ဇကာတင္ အရည္အေသြးျပည့္မီမႈကို မူတည္၍ အကဲျဖတ္ခဲ့ရာ စီမံကိန္းအတြက္ ဝင္ေရာက္ယွဥ္ျပိဳင္ႏိုင္ေသာ အက်ိဳးတူ အဖြဲ႔အစည္း (၁၀) ခုကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလတြင္ ဇကာတင္ ေရြးခ်ယ္ခဲ့သည္။

၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလတြင္ ႀကိဳတင္ အရည္အခ်င္းျပည့္မီသည့္ တင္ဒါ ယွဥ္ျပိဳင္သူမ်ားအတြက္ Request for Proposal (RFP) ကို ေဆာင္ရြက္ခဲ့သည္ဟု သိရသည္။

ေရွ႕ဆက္လက္ျပီး ၂၀၁၉ ခုႏွစ္၊ ေမလ (၇)၊ (၈) ႏွင့္ (၉) ရက္ေန႔မ်ားတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ IFC ႏွင့္ အရည္အခ်င္းျပည့္မီသည့္ တင္ဒါယွဥ္ျပိဳင္သူ မ်ားသည္ One on One Meeting မ်ား ေဆာင္ရြက္မည္ဟု သိရသည္။

ဇြန္လတြင္ တင္ဒါယွဥ္ျပိဳင္သူမ်ားသည္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ စီမံကိန္းအဆိုျပဳလႊာကို တင္သြင္းရမည္ ျဖစ္ျပီး ဇူလိုင္/ႀသဂုတ္လတြင္ တင္ဒါေအာင္ျမင္သည့္ ရင္းႏွီးျမႇဳပ္ႏွံမည့္ကုမၸဏီကို ထုတ္ျပန္သြားမည္ဟု သိရသည္။

ဤစီမံကိန္းကို ၂၀၂၀ ခုႏွစ္၊ ဇူလိုင္လတြင္ စတင္တည္ေဆာက္ရန္ ရည္မွန္းထားျပီး (၃) ႏွစ္အတြင္း ျပီးစီးႏိုင္မည္ဟု ေဆာက္လုပ္ေရး၀န္ၾကီးဌာနက ခန္႔မွန္းထားသည္။

အဆိုပါစီမံကိန္း ေဆာင္ရြက္ျခင္းအားျဖင့္ ရန္ကုန္ျမိဳ႕တြင္း၌ ေတြ႔ႀကံဳေနရေသာ ယာဥ္ေၾကာပိတ္ဆို႔မႈ ျပႆနာမ်ားကို ေလွ်ာ့ခ်ေပးႏိုင္မည့္အျပင္ စီးပြားေရးအခြင့္အလမ္းမ်ား ဖြံ႔ျဖိဳးတိုးတက္ကာ ျပည္သူလူထု၏ လူမႈဘဝလည္း ျမင့္မားလာမည္ဟု ေဆာက္လုပ္ေရး၀န္ၾကီးဌာနႏွင့္ ရန္ကုန္တိုင္းအစိုးရတို႔က ေျပာဆိုထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:NW(iseemedia)

#Unicode Version# ျဖင့္ဖတ္ပါ ။

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေသော ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း (၁) ၏ Pre-Bid Conference ကို နေပြည်တော်တွင် ယနေ့ ကျင်းပသည်။ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ International Finance Corporation (IFC) မှ တာဝန်ရှိသူများ၊ စီမံကိန်းအား ရင်းနှီးမြှုပ်နှံမည့် အရည်အချင်းပြည့်မီသော ကုမ္ပဏီအစုအဖွဲ့များနှင့် နိုင်ငံတကာငွေကြေးဆိုင်ရာအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို လျော့ချနိုင်ရန်အတွက်အဓိကရည်ရွယ်၍တည်ဆောက်ခြင်းဖြစ်သည်ဟု ပြောသည်။အဆိုပါစီမံကိန်းကို Public Private Partnership (PPP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်းအရှည်မှာ (၄၇.၅)ကီလိုမီတာရှိမည်ဖြစ်ကာ Phase 1 အဖြစ် အရှေ့ဘက်ခြမ်း (၄)လမ်းသွားလမ်းမကြီး (၁၉)ကီလိုမီတာ၊ အရှေ့နှင့် အနောက်ချိတ်ဆက်ထားသော(၄)လမ်းသွား(၆)ကီလိုရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဆက်သွယ်ထားသော (၂)လမ်းသွား (၂.၅)ကီလိုမီတာ စုစုပေါင်း အရှည် (၂၇.၅)ကီလိုမီတာ ရှိကြောင်း သိရသည်။

ယခုအခါ အဆိုပါ စီမံကိန်းအတွက် တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်လိုသူများကို ရွေးချယ်ရန် ဇကာတင် အရည်အသွေး ပြည့်မီသည့် လျှောက်လွှာများ Request for Qualification (RFQ) တင်သွင်းစေခဲ့ရာ ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် လျောက်လွှာ (၁၂) စောင်ကို လက်ခံရရှိခဲ့သည်ဟု သိရသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် လက်ခံရရှိထားသော လျှောက်လွှာ (၁၂) စောင်အား ဇကာတင် အရည်အသွေးပြည့်မီမှုကို မူတည်၍ အကဲဖြတ်ခဲ့ရာ စီမံကိန်းအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သော အကျိုးတူ အဖွဲ့အစည်း (၁၀) ခုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ဇကာတင် ရွေးချယ်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကြိုတင် အရည်အချင်းပြည့်မီသည့် တင်ဒါ ယှဉ်ပြိုင်သူများအတွက် Request for Proposal (RFP) ကို ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ရှေ့ဆက်လက်ပြီး ၂၀၁၉ ခုနှစ်၊ မေလ (၇)၊ (၈) နှင့် (၉) ရက်နေ့များတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ IFC နှင့် အရည်အချင်းပြည့်မီသည့် တင်ဒါယှဉ်ပြိုင်သူ များသည် One on One Meeting များ ဆောင်ရွက်မည်ဟု သိရသည်။

ဇွန်လတွင် တင်ဒါယှဉ်ပြိုင်သူများသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းအဆိုပြုလွှာကို တင်သွင်းရမည် ဖြစ်ပြီး ဇူလိုင်/သြဂုတ်လတွင် တင်ဒါအောင်မြင်သည့် ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီကို ထုတ်ပြန်သွားမည်ဟု သိရသည်။

ဤစီမံကိန်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် စတင်တည်ဆောက်ရန် ရည်မှန်းထားပြီး (၃) နှစ်အတွင်း ပြီးစီးနိုင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

အဆိုပါစီမံကိန်း ဆောင်ရွက်ခြင်းအားဖြင့် ရန်ကုန်မြို့တွင်း၌ တွေ့ကြုံနေရသော ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများကို လျှော့ချပေးနိုင်မည့်အပြင် စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ကာ ပြည်သူလူထု၏ လူမှုဘဝလည်း မြင့်မားလာမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရတို့က ပြောဆိုထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:NW(iseemedia)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top