နွာေတြ ေခ်၊ ေခ်ာင္းဆိုး၊ ႏွာရည္ေတြ က်ေနရင္ ေနမေကာင္းဘူး၊ ေဆးေသာက္ရေတာ့မယ္ဆိုတာကို သိသာတဲ့ေစပါတယ္။ ဒါေပမဲ့ ေနမေကာင္း ျဖစ္ေနတယ္ဆိုတာကို မျမင္သာတဲ့လကၡဏာေတြက အမ်ားႀကီးပါ။ ခႏၶာကိုယ္မွာရွိတဲ့ ေခါင္းက ဆံပင္ေမြးကေနၿပီးေတာ့ ေျခေထာက္အထိ အားလုံးက က်န္းမာေရးနဲ႔ သက္ဆိုင္ပါတယ္။ လက္ေတြလည္း အပါအဝင္ေပါ့။ လက္ေတြကို ၾကည့္ၿပီးေတာ့ က်န္းမာေနလား၊ မက်န္းမာဘူးလားဆိုတာကို သိႏိုင္တဲ့ အခ်က္ (၉) ခ်က္ ရွိပါတယ္။

1.      လက္မွာ ပင္အပ္ေတြ၊ အပ္ေတြနဲ႔ ထိုးသလို ခံစားရျခင္း

          လက္ေတြမွာ အျမဲထုံက်ဥ္သလို ခံစားရတာက Carpal tunnel လို႔ေခၚတဲ့ အာ႐ံုေၾကာေရာဂါ တစ္မ်ိဳးေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒါကျပင္းထန္ရင္ လက္စည္းဝတ္ဖို႔ (သို႔) ခြဲစိတ္မႈလုပ္ဖို႔ တိုက္တြန္းပါလိမ့္မယ္။ လက္ေတြ၊ လက္ေမာင္းေတြ ႐ုတ္တရက္ ထုံလာ၊ အားနည္းလာရင္ေတာ့ ေလျဖတ္မွာ စိုးရိမ္ရပါတယ္။

2.      အေရာင္အေျပာင္းအလဲ

          ေအးလာတဲ့အခါမွာ လက္ေတြ ျပာသြားတာ၊ ေသြးဆုတ္သြားတာေတြ အျမဲျဖစ္ေနတတ္ရင္ ဒါက Raynaud’s လို႔ေခၚတဲ့ လက္ေတြ ထုံက်ဥ္ ေအးစက္ၿပီးေတာ့ နာက်င္မႈျဖစ္ေစတဲ့ ေရာဂါတစ္မ်ိဳးေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒါက စိုးရိမ္ရတဲ့ေရာဂါ မဟုတ္ပါဘူး။ ဒီလိုလကၡဏာေတြ႕ရင္ ဆရာဝန္ သြားျပလိုက္ပါ။

3.      လက္ေတြ ေရာင္ေနျခင္း

        လက္ေခ်ာင္းေလးေတြက ေဘာလုံးလိုမ်ိဳး ေရာင္တင္းေနပါသလား။ ဆားစားသုံးမႈမ်ားလို႔ ျဖစ္ႏိုင္ပါတယ္။ ဆားစားသုံးမႈ မ်ားတဲ့အခါမွာ ေသြးထဲက မလိုအပ္တဲ့အရာေတြနဲ႔ အရည္ေတြကို စစ္ထုတ္ေပးရတဲ့ ေက်ာက္ကပ္ရဲ႕လုပ္ငန္းစဉ္ကို ခက္ခဲေစၿပီးေတာ့ အရည္ေတြကို ခႏၶာကိုယ္ထဲက လက္လိုမ်ိဳးေနရာေတြမွာ စုပုံလာေစပါတယ္။

4.      လက္ေပၚက အနီဖုေလးေတြ

          လက္ေပၚမွာ ျပည္ဖုေလးေတြ၊ အနီဖုအစက္ေတြက Psoriasis ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ Psoriasis ဆိုတာက လက္ကို နီရဲ အေရခြံေတြလန္ အဖုေတြ၊ ျပည္ဖုေတြထြက္ေစတဲ့ ေရာဂါတစ္မ်ိဳးပါ။ ေရာဂါတိတိက်က် ေဖာ္ထုတ္ႏိုင္ဖို႔အတြက္ ဆရာဝန္နဲ႔ သြားျပပါ။

5.      လက္တုန္ျခင္း

          လူတိုင္းကေတာ့ လက္ နည္းနည္း တုန္တတ္ပါတယ္။ ၿပီးေတာ့ အိပ္ေရးပ်က္တဲ့အခါ၊ ကဖင္းဓာတ္ေတြ မ်ားမ်ားေသာက္မိတဲ့အခါ၊ ေသာက္ေနတဲ့ေဆးအခ်ိဳ႕ရဲ႕ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ လက္တုန္တာ ပိုဆိုးတတ္ပါတယ္။ ဒါေပမဲ့ လႈပ္ရွားမႈေတြ ေႏွးေကြးလာတာ၊ ေျခေထာက္ေတြ ေတာင့္တင္းလာတာနဲ႔ တြဲျဖစ္လာရင္ေတာ့ Parkinson’s disease လို႔ေခၚတဲ့ ပိုၿပီးျပင္းထန္တဲ့ေရာဂါေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

6.      လက္ေခ်ာင္းေပၚက ခရမ္းေရာင္အဖုေလးေတြ

လက္ေခ်ာင္းထိပ္ေလးေတြမွာ အနီ (သို႔) ခရမ္းေရာင္အဖုေလးေတြက နွလုံးအဆို့ရွင္ေရာင္တာေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ဒါက နွလုံးအဆို့ရွင္ကို ဘက္တီးရီးယားပိုးဝင္လို႔ျဖစ္ၿပီးေတာ့ လက္ဖဝါးအေရျပားေအာက္မွာသြေးထြက္ေစပါတယ္။ ဒီလကၡဏာေတြေတြ႕ရင္ေတာ့ ဆရာဝန္သြားျပဖို႔လိုပါတယ္။

7.      လက္ေခ်ာင္းရဲ႕ ဆုပ္ကိုင္ႏိုင္အား

          ဆရာဝန္ေတြက လူနာေတြကို စစ္ေဆးတဲ့အခါမွာ လက္ေခ်ာင္းေတြ စုပ္ကိုင္ႏိုင္အားကိုလည္း စစ္ေလ့ရွိပါတယ္။ ဆုပ္ကိုင္တဲ့အား ေလ်ာ့တာက အားနည္းတဲ့လကၡဏာ ျဖစ္ႏိုင္သလို ႏွလုံးေရာဂါနဲ႔လည္း ဆက္စပ္ေနႏိုင္ပါတယ္။

8.      လက္ေတြ အရမ္းေျခာက္ေနျခင္း

          အမ်ားအားျဖင့္ေတာ့ ေအးတဲ့လေတြမွာ အသားအေရ စိုစြတ္မႈေတြ ေျခာက္ခမ္းၿပီးေတာ့ အေရျပားေတြ ေျခာက္တတ္ပါတယ္။ ဒါက လက္ခဏခဏ ေဆးတဲ့အခါမွာ သဘာဝအဆီေတြ ေျခာက္ခမ္းသြားလို႔လည္း ျဖစ္ႏိုင္ပါတယ္။ စိုးရိမ္စရာ မရွိပါဘူး။

9.      လက္ေခ်ာင္းတစ္ေခ်ာင္း ေကြးမရ၊ ဆန္႔မရ ျဖစ္ေနျခင္း

          ဒါက ဒီလက္ေခ်ာင္းမွာရွိတဲ့ အရြတ္ေရာင္ေနလို႔ ျဖစ္ႏိုင္ၿပီးေတာ့ အ႐ိုးအဆစ္ ေရာင္ေနတဲ့သူေတြ၊ သိုင္း႐ြိဳက္ေရာဂါရွိသူေတြနဲ႔ ဆီးခ်ိဳသမားေတြမွာ အျဖစ္မ်ားပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)
#Unicode Version#
နှာတွေ ချေ၊ ချောင်းဆိုး၊ နှာရည်တွေ ကျနေရင် နေမကောင်းဘူး၊ ဆေးသောက်ရတော့မယ်ဆိုတာကို သိသာတဲ့စေပါတယ်။ ဒါပေမဲ့ နေမကောင်း ဖြစ်နေတယ်ဆိုတာကို မမြင်သာတဲ့လက္ခဏာတွေက အများကြီးပါ။ ခန္ဓာကိုယ်မှာရှိတဲ့ ခေါင်းက ဆံပင်မွေးကနေပြီးတော့ ခြေထောက်အထိ အားလုံးက ကျန်းမာရေးနဲ့ သက်ဆိုင်ပါတယ်။ လက်တွေလည်း အပါအဝင်ပေါ့။ လက်တွေကို ကြည့်ပြီးတော့ ကျန်းမာနေလား၊ မကျန်းမာဘူးလားဆိုတာကို သိနိုင်တဲ့ အချက် (၉) ချက် ရှိပါတယ်။

1.      လက်မှာ ပင်အပ်တွေ၊ အပ်တွေနဲ့ ထိုးသလို ခံစားရခြင်း

          လက်တွေမှာ အမြဲထုံကျဉ်သလို ခံစားရတာက Carpal tunnel လို့ခေါ်တဲ့ အာရုံကြောရောဂါ တစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကပြင်းထန်ရင် လက်စည်းဝတ်ဖို့ (သို့) ခွဲစိတ်မှုလုပ်ဖို့ တိုက်တွန်းပါလိမ့်မယ်။ လက်တွေ၊ လက်မောင်းတွေ ရုတ်တရက် ထုံလာ၊ အားနည်းလာရင်တော့ လေဖြတ်မှာ စိုးရိမ်ရပါတယ်။

2.      အရောင်အပြောင်းအလဲ

          အေးလာတဲ့အခါမှာ လက်တွေ ပြာသွားတာ၊ သွေးဆုတ်သွားတာတွေ အမြဲဖြစ်နေတတ်ရင် ဒါက Raynaud’s လို့ခေါ်တဲ့ လက်တွေ ထုံကျဉ် အေးစက်ပြီးတော့ နာကျင်မှုဖြစ်စေတဲ့ ရောဂါတစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက စိုးရိမ်ရတဲ့ရောဂါ မဟုတ်ပါဘူး။ ဒီလိုလက္ခဏာတွေ့ရင် ဆရာဝန် သွားပြလိုက်ပါ။

3.      လက်တွေ ရောင်နေခြင်း

        လက်ချောင်းလေးတွေက ဘောလုံးလိုမျိုး ရောင်တင်းနေပါသလား။ ဆားစားသုံးမှုများလို့ ဖြစ်နိုင်ပါတယ်။ ဆားစားသုံးမှု များတဲ့အခါမှာ သွေးထဲက မလိုအပ်တဲ့အရာတွေနဲ့ အရည်တွေကို စစ်ထုတ်ပေးရတဲ့ ကျောက်ကပ်ရဲ့လုပ်ငန်းစဉ်ကို ခက်ခဲစေပြီးတော့ အရည်တွေကို ခန္ဓာကိုယ်ထဲက လက်လိုမျိုးနေရာတွေမှာ စုပုံလာစေပါတယ်။

4.      လက်ပေါ်က အနီဖုလေးတွေ

          လက်ပေါ်မှာ ပြည်ဖုလေးတွေ၊ အနီဖုအစက်တွေက Psoriasis ကြောင့် ဖြစ်နိုင်ပါတယ်။ Psoriasis ဆိုတာက လက်ကို နီရဲ အရေခွံတွေလန် အဖုတွေ၊ ပြည်ဖုတွေထွက်စေတဲ့ ရောဂါတစ်မျိုးပါ။ ရောဂါတိတိကျကျ ဖော်ထုတ်နိုင်ဖို့အတွက် ဆရာဝန်နဲ့ သွားပြပါ။

5.      လက်တုန်ခြင်း

          လူတိုင်းကတော့ လက် နည်းနည်း တုန်တတ်ပါတယ်။ ပြီးတော့ အိပ်ရေးပျက်တဲ့အခါ၊ ကဖင်းဓာတ်တွေ များများသောက်မိတဲ့အခါ၊ သောက်နေတဲ့ဆေးအချို့ရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ လက်တုန်တာ ပိုဆိုးတတ်ပါတယ်။ ဒါပေမဲ့ လှုပ်ရှားမှုတွေ နှေးကွေးလာတာ၊ ခြေထောက်တွေ တောင့်တင်းလာတာနဲ့ တွဲဖြစ်လာရင်တော့ Parkinson’s disease လို့ခေါ်တဲ့ ပိုပြီးပြင်းထန်တဲ့ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။

6.      လက်ချောင်းပေါ်က ခရမ်းရောင်အဖုလေးတွေ

လက်ချောင်းထိပ်လေးတွေမှာ အနီ (သို့) ခရမ်းရောင်အဖုလေးတွေက နှလုံးအဆို့ရှင်ရောင်တာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါက နှလုံးအဆို့ရှင်ကို ဘက်တီးရီးယားပိုးဝင်လို့ဖြစ်ပြီးတော့ လက်ဖဝါးအရေပြားအောက်မှာသွေးထွက်စေပါတယ်။ ဒီလက္ခဏာတွေတွေ့ရင်တော့ ဆရာဝန်သွားပြဖို့လိုပါတယ်။

7.      လက်ချောင်းရဲ့ ဆုပ်ကိုင်နိုင်အား

          ဆရာဝန်တွေက လူနာတွေကို စစ်ဆေးတဲ့အခါမှာ လက်ချောင်းတွေ စုပ်ကိုင်နိုင်အားကိုလည်း စစ်လေ့ရှိပါတယ်။ ဆုပ်ကိုင်တဲ့အား လျော့တာက အားနည်းတဲ့လက္ခဏာ ဖြစ်နိုင်သလို နှလုံးရောဂါနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။

8.      လက်တွေ အရမ်းခြောက်နေခြင်း

          အများအားဖြင့်တော့ အေးတဲ့လတွေမှာ အသားအရေ စိုစွတ်မှုတွေ ခြောက်ခမ်းပြီးတော့ အရေပြားတွေ ခြောက်တတ်ပါတယ်။ ဒါက လက်ခဏခဏ ဆေးတဲ့အခါမှာ သဘာဝအဆီတွေ ခြောက်ခမ်းသွားလို့လည်း ဖြစ်နိုင်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။

9.      လက်ချောင်းတစ်ချောင်း ကွေးမရ၊ ဆန့်မရ ဖြစ်နေခြင်း

          ဒါက ဒီလက်ချောင်းမှာရှိတဲ့ အရွတ်ရောင်နေလို့ ဖြစ်နိုင်ပြီးတော့ အရိုးအဆစ် ရောင်နေတဲ့သူတွေ၊ သိုင်းရွိုက်ရောဂါရှိသူတွေနဲ့ ဆီးချိုသမားတွေမှာ အဖြစ်များပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top