မ်က္ႏွာ၊ လက္၊ လက္ေမာင္း၊ ပခံုးေတြမွာ ေနေရာင္နဲ႔ ထိေတြ႕မႈမ်ားၿပီး ျဖစ္လာတဲ့ အညိဳစက္၊ အမည္းစက္ ေပ်ာက္ခ်င္သူေတြအိမ္ မွာ ကိုယ္တိုင္လုပ္လို႔ရတဲ့ နည္းလမ္းတခ်ိဳ႕ကို မွ်ေဝလိုက္ပါတယ္။

ပန္းသီးဗီနီဂါ – ပန္းသီးဗီနီဂါနဲ႔ ေရကို ဆတူေရာစပ္ၿပီး အမည္း စက္ျဖစ္ေနတဲ့ ေနရာကို သုတ္ လိမ္းၿပီး မိနစ္ ၂၀ ေလာက္ထား ကာ ေဆးေၾကာတာမ်ိဳး တစ္ေန႔ တစ္ႀကိမ္ လုပ္ႏိုင္သလိ၊ ပန္းသီး ဗီနီဂါ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္း ကို ေရ တစ္ဖန္ခြက္နဲ႔ေရာၿပီး တစ္ေန႔ တစ္ႀကိမ္ (သို႔) ႏွစ္ႀကိမ္ ေသာက္ ေပးႏိုင္ပါတယ္။

သံပရာသီး- လတ္လတ္ဆတ္ ဆတ္ သံပရာသီးကို စိတ္လိုက္ၿပီး အမည္းစက္ျဖစ္ေနတဲ့ ေနရာေတြ ကို လိုက္ပြတ္ေပးကာ ၁၀ မိနစ္ ေလာက္ေနရင္ ေရခပ္ေႏြးေႏြးနဲ႔ ေဆးေၾကာေပးတာမ်ိဳးလည္း လုပ္ ႏိုင္ပါတယ္။

ရွားေစာင္းလက္ပပ္- ရွားေစာင္း လက္ပပ္ပင္ကို အနည္းငယ္လွီး ျဖတ္ၿပီး ရွားေစာင္းလက္ပပ္ဂ်ယ္ နဲ႔ သုတ္လိမ္းၿပီး တစ္နာရီေက်ာ္ ေက်ာ္ေလာက္ထားၿပီး ေဆးေၾကာေပးတာမ်ိဳးလည္း တစ္ေန႔ႏွစ္ႀကိမ္ ေလာက္ လုပ္ႏိုင္ပါတယ္။

ၾကက္ဆူဆီ- ၾကက္ဆူဆီအနည္း ငယ္ကို အမည္းစက္ရွိတဲ့ေနရာမွာ အသားထဲ စိမ့္ဝင္ေအာင္ ႏွိပ္နယ္ လိမ္းက်ံၿပီးနာရီအနည္းငယ္ၾကာ တဲ့အခါ ေဆးေၾကာေပးတာမ်ိဳး လည္း မနက္တစ္ႀကိမ္၊ ညတစ္ ႀကိမ္လုပ္ေဆာင္ႏိုင္ပါတယ္။

ဒိန္ခ်ဥ္- သဘာဝဒိန္ခ်ဥ္ကို အ မည္းစက္ေနရာေတြ သုတ္လိမ္း ၿပီး မိနစ္ ၂၀ ေလာက္ေနရင္ ေရ ေအးေအးနဲ႔ ေဆးေၾကာတာမ်ိဳး တစ္ေန႔ ႏွစ္ႀကိမ္ (သို႔) သံုးႀကိမ္ လုပ္ႏိုင္ပါတယ္။

ဗီတာမင္အီး- ဗီတာမင္အီးအဆီ ကို အေရျပားမွာ သုတ္လိမ္းေပး တာမ်ိဳး တစ္ေန႔ႏွစ္ႀကိမ္ေလာက္ လုပ္ေပးရင္ အမည္းစက္လည္း သက္သာသလို အသားအေရ လည္း ေကာင္းေစပါတယ္။

နႏြင္း- နႏြင္းမႈန္႔လက္ဖက္ရည္ ဇြန္းႏွစ္ဇြန္းကို ႏြားႏို႔အနည္းငယ္၊ သံပရာရည္အနည္းငယ္နဲ႔ေရာစပ္ ၿပီး အမည္းစက္ေနရာေတြကို လိမ္းၿပီး မိနစ္ ၂၀ ေလာက္ၾကာရင္ ေရ ခပ္ေႏြးေႏြးနဲ႔ ေဆးေၾကာတာမ်ိဳး တစ္ပတ္သံုးႀကိမ္ေလာက္ လုပ္ ေပးႏိုင္ပါတယ္။

ခရမ္းခ်ဥ္သီး- လတ္လတ္ဆတ္ ဆတ္ ခရမ္းခ်ဥ္သီးကို အကြင္း ေလးလွီးၿပီး အမည္းစက္ေတြကို ပြတ္ေပးကာ မိနစ္ ၂၀ ေလာက္ေန ရင္ ေရေအးေအးနဲ႔ေဆးေၾကာတာ မ်ိဳး လုပ္ႏုိင္သလို ခရမ္းခ်ဥ္သီးကို အရည္ညႇစ္၊ ပ်ားရည္နဲ႔ေရာ ၿပီး ေတာ့လည္း ပြတ္ေပးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:lwinpyin
# Unicode Version # ျဖင့္ ဖတ္ပါ #

မျက်နှာ၊ လက်၊ လက်မောင်း၊ ပခုံးတွေမှာ နေရောင်နဲ့ ထိတွေ့မှုများပြီး ဖြစ်လာတဲ့ အညိုစက်၊ အမည်းစက် ပျောက်ချင်သူတွေအိမ် မှာ ကိုယ်တိုင်လုပ်လို့ရတဲ့ နည်းလမ်းတချို့ကို မျှဝေလိုက်ပါတယ်။

ပန်းသီးဗီနီဂါ – ပန်းသီးဗီနီဂါနဲ့ ရေကို ဆတူရောစပ်ပြီး အမည်း စက်ဖြစ်နေတဲ့ နေရာကို သုတ် လိမ်းပြီး မိနစ် ၂၀ လောက်ထား ကာ ဆေးကြောတာမျိုး တစ်နေ့ တစ်ကြိမ် လုပ်နိုင်သလိ၊ ပန်းသီး ဗီနီဂါ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း ကို ရေ တစ်ဖန်ခွက်နဲ့ရောပြီး တစ်နေ့ တစ်ကြိမ် (သို့) နှစ်ကြိမ် သောက် ပေးနိုင်ပါတယ်။

သံပရာသီး- လတ်လတ်ဆတ် ဆတ် သံပရာသီးကို စိတ်လိုက်ပြီး အမည်းစက်ဖြစ်နေတဲ့ နေရာတွေ ကို လိုက်ပွတ်ပေးကာ ၁၀ မိနစ် လောက်နေရင် ရေခပ်နွေးနွေးနဲ့ ဆေးကြောပေးတာမျိုးလည်း လုပ် နိုင်ပါတယ်။

ရှားစောင်းလက်ပပ်- ရှားစောင်း လက်ပပ်ပင်ကို အနည်းငယ်လှီး ဖြတ်ပြီး ရှားစောင်းလက်ပပ်ဂျယ် နဲ့ သုတ်လိမ်းပြီး တစ်နာရီကျော် ကျော်လောက်ထားပြီး ဆေးကြောပေးတာမျိုးလည်း တစ်နေ့နှစ်ကြိမ် လောက် လုပ်နိုင်ပါတယ်။

ကြက်ဆူဆီ- ကြက်ဆူဆီအနည်း ငယ်ကို အမည်းစက်ရှိတဲ့နေရာမှာ အသားထဲ စိမ့်ဝင်အောင် နှိပ်နယ် လိမ်းကျံပြီးနာရီအနည်းငယ်ကြာ တဲ့အခါ ဆေးကြောပေးတာမျိုး လည်း မနက်တစ်ကြိမ်၊ ညတစ် ကြိမ်လုပ်ဆောင်နိုင်ပါတယ်။

ဒိန်ချဉ်- သဘာဝဒိန်ချဉ်ကို အ မည်းစက်နေရာတွေ သုတ်လိမ်း ပြီး မိနစ် ၂၀ လောက်နေရင် ရေ အေးအေးနဲ့ ဆေးကြောတာမျိုး တစ်နေ့ နှစ်ကြိမ် (သို့) သုံးကြိမ် လုပ်နိုင်ပါတယ်။

ဗီတာမင်အီး- ဗီတာမင်အီးအဆီ ကို အရေပြားမှာ သုတ်လိမ်းပေး တာမျိုး တစ်နေ့နှစ်ကြိမ်လောက် လုပ်ပေးရင် အမည်းစက်လည်း သက်သာသလို အသားအရေ လည်း ကောင်းစေပါတယ်။

နနွင်း- နနွင်းမှုန့်လက်ဖက်ရည် ဇွန်းနှစ်ဇွန်းကို နွားနို့အနည်းငယ်၊ သံပရာရည်အနည်းငယ်နဲ့ရောစပ် ပြီး အမည်းစက်နေရာတွေကို လိမ်းပြီး မိနစ် ၂၀ လောက်ကြာရင် ရေ ခပ်နွေးနွေးနဲ့ ဆေးကြောတာမျိုး တစ်ပတ်သုံးကြိမ်လောက် လုပ် ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီး- လတ်လတ်ဆတ် ဆတ် ခရမ်းချဉ်သီးကို အကွင်း လေးလှီးပြီး အမည်းစက်တွေကို ပွတ်ပေးကာ မိနစ် ၂၀ လောက်နေ ရင် ရေအေးအေးနဲ့ဆေးကြောတာ မျိုး လုပ်နိုင်သလို ခရမ်းချဉ်သီးကို အရည်ညှစ်၊ ပျားရည်နဲ့ရော ပြီး တော့လည်း ပွတ်ပေးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top