



Credit:MYEIKONLINETV

#Unicode Version#
မြိတ်မြို့နယ်၊ မြိတ်တောင်နယ်မြေ ရေနံမြေရပ်ကွက် သိရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်း အတွင်းရှိ အလှူခံပုံးများ မေလ ၂၁ ရက်နေ့ ညပိုင်းက ဖောက်ထွင်းခံလိုက်ရကြောင်း သိရ သည်။

သိရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်း အတွင်း မြဘုရား ပူဇော်ထားသော ဘုရားကျောင်း ဆောင်ရှိ အလှူခံပုံ (၂) ပုံကို မေလ ၂၁ ရက် ညက ရိုက်ခွဲ ဖျက်ဆီး၍ အလှူခံပုံး အတွင်းရှိ အလှူငွေများကို ခိုးယူ သွားကြောင်း သိရ သည်။

အလာတူ မြိတ်မြို့ပေါ်ရှိ နာရေးကူညီမှု အသင်းများမှ ရပ်ကွက် အလိုက် နေရာ တချို့မှာ ချထားသည့် အလှူခံ ပုံများလည်း ခိုးယူခံနေရကြောင်း သိရ သည်။

အဆိုပါ အလှူခံပုံများ၌ အလှူငွေများကို ခိုးယူနေသူ များကို အမြန်ဆုံး ဖမ်းဆီး အရေယူ ပေးနိုင်ရန် မြို့ခံပြည်သူများက လိုလာနေသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:MYEIKONLINETV
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top