ဒီလို လူမျိုးတွေ များများပေါ်ပေါက်ပါစေ
Credit:Shin Shin
#Unicode Version#
ဒီလို လူမျိုုု းတွေ များများပေါ ်ပေါက်ပါစေ
ကောက်ညှင်းထုပ်ရောင်းပြီးအပြန် ဆိုင်မှာဈေးလာဝယ်နေတဲ့ ဦးလေး ကောက်ညှင်းထုပ်စားချင်လို့ ကုန်သွားပြီလား ဦးလေး…..
တခါတခါ လာရောင်းတာမတွေ့မိဘူးလို့ မေးတော့ လယ်တွေ ကိုင်းတွေလည်း လုပ်ရတယ်လေတဲ့…..
သားရော သမီးရော သူပါ ကောက်ညှင်းထုပ်ကို မြို့မှာလည်းရောင်း ရွာစဉ်လှည့်ပြီးလည်း ရောင်းကြတယ်…..
အမျိုးသမီးက အိမ်မှာကောက်ညှင်းထုပ် ဒိုင်ခံထုပ်ပေးပေါ့….
အိမ်ရှိလူကုန် အလုပ်လုပ်နေတာ သူဌေးမဖြစ်သေးဘူးလားလို့ မေးတော့…..
သူဋ္ဌေးဖြစ်ဖို့နေနေသာသာ ငါ့လယ် ၂ ကွက်ကုန်သွားပြီတဲ့….
ဘာဖြစ်လို့တုန်းမေးတော့ ရွာနဲ့ရွာနီးချုပ်စပ်က ကလေးတွေ….
စာနားမလည်တာတွေ…နားလည်ဖို့ စာသင်ကျောင်းက ကလေးတွေကို….
အချိန်ပို သင်ဖို့ ကျောင်းက ဆရာမတွေကို အချိန်ပိုကြေးပေးပြီး စာသင်စေတာပါ…..
စာအုပ်စာတန်း မဝယ်နိုင်တဲ့ကလေးတွေ စာအုပ်စာတမ်း ထောက်ပံ့ဖို့..ငါတို့ မိသားစုရှာနေတာပါတဲ့….
ရွာက စာသင်နေတဲ့ ကလေးတွေ စာတတ်စေချင်တာ စာမေးပွဲအောင်စေချင်တာပါလို့ပြောပါတယ်…..
မိသားစု အားလုံးက ကြည်ကြည်ဖြူဖြူ နဲ့ ကျောင်းသား ပညာရေးအတွက် အားလုံးထောက်ပံ့ကြတာပါတဲ့….
ခုလိုငွေကြေးထောက်ပံ့တဲ့ အထဲမှာ ဦးလေး သားသမီးတွေ တစ်ယောက်မှမပါဘူးတဲ့ရှင်…..
ရလိုမှု့မရှိ တခြားလူတွေလို အလုပ်မလုပ်ဘဲ….ကိုယ့်တစ်ဝမ်းတစ်ခါးတောင် ဖြောင့်ဖြောင့်တန်းတန်း ရှာဖွေမစားနိုင်ဘဲ…..
ဟိုလူ့အပြစ်လိုလို ဒီလူ့အပြစ်လိုလိုပုံမချဘဲ ရိုးသားစွာ ကိုယ့်ဝမ်းစာကိုယ်ရှာစားပြီး…..
ပြည့်စုံကြွယ်ဝချမ်းသာနေတာလည်းမဟုတ်တဲ့သူ ပညာလည်း များစွာမတတ်တဲ့သူရဲ့…..
စေတနာ နဲ့ခံယူချက် လက်တွေ့လုပ်ဆောင်နေမှု့များကို fb မိတ်ဆွေများ သိအောင်ဖော်ပြရင်း…..
လေးစားချစ်ခင်စွာ အကြိမ်ကြိမ် ဦးညွှတ်လိုက်ပါတယ်ရှင့်…….။
ဖိုးသူတော်(www.phothutaw.com)
Credit:Shin Shin