ပရိသတ္ေတြ ခ်စ္ၾကတဲ့ LGBT (Lesbian, Gay, Bisexual, Transgender) စုံတြဲတတြဲျဖစ္တဲ့ ဟန္လင္းနဲ႔ ေမဦးတို႔ကေတာ့ ခ်စ္သူႏွစ္ေယာက္မွာ စိတ္သေဘာထားခ်င္း မတူတာေတြ ရွိတာေၾကာင့္ ညႇိယူရသလို နားလည္မႈေတြလည္း ယူရတယ္လို႔ ဆိုပါတယ္။

“အမ်ားႀကီးပါပဲ။ သူ ႀကိဳက္တာနဲ႔ ကိုယ္ႀကိဳက္တာ ရွိသလို၊ မရွိတာလည္း မ်ားတယ္။ အရင္ကဆို ခဏခဏ ရန္ျဖစ္တယ္။ ရန္ျဖစ္သြားၿပီးတိုင္းမွာ ညႇိလို႔ မရတာ ဘယ္လို အဆင္ေျပေအာင္ေနမလဲ ဆိုၿပီး စဥ္းစားတယ္။ ႏွစ္ေယာက္စလုံးက ျပတ္ေတာ့မယ့္အထိလည္း ျဖစ္ဖူးတယ္။ ခ်စ္တဲ့သူေတြက ၾကားထဲမွာ ျပန္ညႇိေပးတယ္။ ရန္ျဖစ္တဲ့ ကိစၥေတြ၊ အဆင္မေျပတဲ့ ကိစၥေတြကိုလည္း ျပန္ၿပီးေတာ့ ညႇိယူခဲ့ရတယ္”

“သူလည္း စိတ္ေကာက္တတ္တယ္။ ေမဦးလည္း စိတ္ေကာက္ တတ္တယ္။ နားလည္မႈကေတာ့ အရမ္းယူရတာေပါ့။ လူတိုင္းမွာက စိတ္သေဘာထားခ်င္း မတူတာေတြ ရွိတာေၾကာင့္ ညႇိယူရတာေပါ့။ သူက ႐ိုးသားတယ္။ သူတပါးအေပၚ ဘယ္ေတာ့မွ အႏိုင္မက်င့္ဘူး။ ဘယ္ေတာ့မွလည္း မေကာင္း မေျပာဘူး။ အလႉအတန္ းအရမ္းလုပ္ၿပီး စိတ္ထားျဖဴစင္တယ္”လို႔ ခ်စ္သူ ဟန္လင္းအေပၚ မိတ္ကပ္ ေမဦးက ေျပာပါတယ္။

ဆက္လက္ၿပီး ဟန္လင္းနဲ႔ ေမဦးတို႔ အတြဲကို ပရိသတ္က ခ်စ္ခင္ၾကတဲ့အတြက္ ပရိသတ္ရဲ႕ အခ်စ္ေတြ အလကား မျဖစ္ေအာင္ ဆင္ဆင္ျခင္ျခင္ ေနထိုင္တယ္လို႔လည္း ေမဦးက ဆိုပါတယ္။



“ေမဦးတို႔ကို ခ်စ္ေနတဲ့အတြက္ ဘာလုပ္လုပ္ အျပစ္ မျမင္ၾကဘူး။ အဲဒီ ခ်စ္တာေတြသည္ အလကားျဖစ္ မသြားေအာင္ အေကာင္းဆုံး ေနတယ္။ အျမင္႐ိုင္းေအာင္ မေနဘူး။ ခ်စ္ဖို႔ေကာင္းေအာင္ ေနတယ္။ မခ်စ္တဲ့သူေတြအတြက္လည္း အျမင္ကတ္ေအာင္ မေနဘူး။ ပိုၿပီး ဆင္ျခင္ၿပီး ေနတယ္။ ဝန္းရံတဲ့သူေတြကိုလည္း ေက်းဇူးတင္တယ္။ မခ်စ္ဘဲ မေကာင္းေၾကာင္း ေျပာေနတဲ့သူေတြကိုလည္း မေကာင္း မျမင္ဘူး။ အေကာင္းျမင္ႏိုင္ေအာင္ ႀကိဳးစားသြားမယ္”လို႔ ေမဦးက ေျပာပါတယ္။

ေမဦးရဲ႕ ခ်စ္သူ ဟန္လင္းကေတာ့ ေမဦးဟာ ေတာ္ၿပီးသားမလို႔ အႀကံဉာဏ္ သိပ္မေပးျဖစ္သလို ခ်စ္သူကိုနားလည္မႈလည္း ေပးရတယ္လို႔ ဆိုပါတယ္။

“နားလည္မႈပါပဲ။ သူက အလုပ္အရမ္းမ်ားတဲ့အတြက္ က်ေနာ့္အတြက္ သိပ္ အခ်ိန္မေပးႏိုင္တာ ပိုမ်ားတယ္။ အဲဒီအတြက္ သူ႔ကို ပိုၿပီးေတာ့ နားလည္မႈ ေပးရတယ္။ မေကာင္းတဲ့အက်င့္က အရမ္းနားၿငီးတယ္။ ပြစိပြစိ အရမ္း လုပ္တယ္။ တကယ္ေတာ့ သူက အလုပ္ေတြ အမ်ားႀကီး လုပ္ေနရတဲ့အတြက္ တိက်ခ်င္တာပါ။ ေပ်ာ္ပါတယ္။ ခ်စ္တဲ့သူေတြလည္း မ်ားသလို၊ မုန္းတဲ့သူေတြလည္း ရွိပါတယ္။ ဒါေပမဲ့ မုန္းတဲ့သူေတြေရာ ခ်စ္တဲ့သူေတြ အားလုံးကို ေက်းဇူးတင္ပါတယ္။ သူကေတာ္ၿပီးသားဆိုေတာ့ အႀကံဉာဏ္ေတာ့ သိပ္ေပးတာ မရွိပါဘူး”လို႔ ဟန္လင္းက ေျပာပါတယ္။

နားလည္မႈေတြမ်ားစြာနဲ႔ ေအးခ်မ္းသာယာတဲ့ ေပ်ာ္႐ႊင္ဖြယ္ အခ်စ္ေရးကို ပိုင္ဆိုင္ထားတယ္လို႔ ပရိသတ္ေတြ သိထားၾကတဲ့ ဟန္လင္းနဲ႔ ေမဦးတို႔ ခ်စ္သူ အတြဲဟာ အၿမဲလိုလို မခြဲဘဲ ေတြ႕ျမင္ေနရပါတယ္။ ဟန္လင္းနဲ႔ ေမဦးတို႔ရဲ႕ ခ်စ္သူ သက္တမ္းကေတာ့ လာမယ့္ ဇူလိုင္လဆိုရင္ ၃ ႏွစ္ျပည့္ေတာ့မွာ ျဖစ္ပါတယ္။

မဂၤလာပြဲနဲ႔ ပတ္သက္ၿပီး One Stop Service ေပးတဲ့အလုပ္နဲ႔ ပန္းအလွဆင္ျခင္းေတြ ျပဳလုပ္ေနေပးေနတဲ့ “May & Co” ဆိုတဲ့ လုပ္ငန္းကိုလည္း ဟန္လင္းနဲ႔ ေမဦးတို႔ တြဲဖက္ ဖြင့္လွစ္ထားပါတယ္။ မိတ္ကပ္ ေမဦးဟာ လက္ရွိ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္း မိတ္ကပ္ပညာရွင္ေတြထဲက တဦးျဖစ္ၿပီး “မီ” ႐ုပ္ရွင္နဲ႔လည္း Special Award (Costume & Make Up Award) ဆုကို ရရွိထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #

ပရိသတ်တွေ ချစ်ကြတဲ့ LGBT (Lesbian, Gay, Bisexual, Transgender) စုံတွဲတတွဲဖြစ်တဲ့ ဟန်လင်းနဲ့ မေဦးတို့ကတော့ ချစ်သူနှစ်ယောက်မှာ စိတ်သဘောထားချင်း မတူတာတွေ ရှိတာကြောင့် ညှိယူရသလို နားလည်မှုတွေလည်း ယူရတယ်လို့ ဆိုပါတယ်။

“အများကြီးပါပဲ။ သူ ကြိုက်တာနဲ့ ကိုယ်ကြိုက်တာ ရှိသလို၊ မရှိတာလည်း များတယ်။ အရင်ကဆို ခဏခဏ ရန်ဖြစ်တယ်။ ရန်ဖြစ်သွားပြီးတိုင်းမှာ ညှိလို့ မရတာ ဘယ်လို အဆင်ပြေအောင်နေမလဲ ဆိုပြီး စဉ်းစားတယ်။ နှစ်ယောက်စလုံးက ပြတ်တော့မယ့်အထိလည်း ဖြစ်ဖူးတယ်။ ချစ်တဲ့သူတွေက ကြားထဲမှာ ပြန်ညှိပေးတယ်။ ရန်ဖြစ်တဲ့ ကိစ္စတွေ၊ အဆင်မပြေတဲ့ ကိစ္စတွေကိုလည်း ပြန်ပြီးတော့ ညှိယူခဲ့ရတယ်”

“သူလည်း စိတ်ကောက်တတ်တယ်။ မေဦးလည်း စိတ်ကောက် တတ်တယ်။ နားလည်မှုကတော့ အရမ်းယူရတာပေါ့။ လူတိုင်းမှာက စိတ်သဘောထားချင်း မတူတာတွေ ရှိတာကြောင့် ညှိယူရတာပေါ့။ သူက ရိုးသားတယ်။ သူတပါးအပေါ် ဘယ်တော့မှ အနိုင်မကျင့်ဘူး။ ဘယ်တော့မှလည်း မကောင်း မပြောဘူး။ အလှူအတန် းအရမ်းလုပ်ပြီး စိတ်ထားဖြူစင်တယ်”လို့ ချစ်သူ ဟန်လင်းအပေါ် မိတ်ကပ် မေဦးက ပြောပါတယ်။

ဆက်လက်ပြီး ဟန်လင်းနဲ့ မေဦးတို့ အတွဲကို ပရိသတ်က ချစ်ခင်ကြတဲ့အတွက် ပရိသတ်ရဲ့ အချစ်တွေ အလကား မဖြစ်အောင် ဆင်ဆင်ခြင်ခြင် နေထိုင်တယ်လို့လည်း မေဦးက ဆိုပါတယ်။

“မေဦးတို့ကို ချစ်နေတဲ့အတွက် ဘာလုပ်လုပ် အပြစ် မမြင်ကြဘူး။ အဲဒီ ချစ်တာတွေသည် အလကားဖြစ် မသွားအောင် အကောင်းဆုံး နေတယ်။ အမြင်ရိုင်းအောင် မနေဘူး။ ချစ်ဖို့ကောင်းအောင် နေတယ်။ မချစ်တဲ့သူတွေအတွက်လည်း အမြင်ကတ်အောင် မနေဘူး။ ပိုပြီး ဆင်ခြင်ပြီး နေတယ်။ ဝန်းရံတဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်။ မချစ်ဘဲ မကောင်းကြောင်း ပြောနေတဲ့သူတွေကိုလည်း မကောင်း မမြင်ဘူး။ အကောင်းမြင်နိုင်အောင် ကြိုးစားသွားမယ်”လို့ မေဦးက ပြောပါတယ်။

မေဦးရဲ့ ချစ်သူ ဟန်လင်းကတော့ မေဦးဟာ တော်ပြီးသားမလို့ အကြံဉာဏ် သိပ်မပေးဖြစ်သလို ချစ်သူကိုနားလည်မှုလည်း ပေးရတယ်လို့ ဆိုပါတယ်။

“နားလည်မှုပါပဲ။ သူက အလုပ်အရမ်းများတဲ့အတွက် ကျနော့်အတွက် သိပ် အချိန်မပေးနိုင်တာ ပိုများတယ်။ အဲဒီအတွက် သူ့ကို ပိုပြီးတော့ နားလည်မှု ပေးရတယ်။ မကောင်းတဲ့အကျင့်က အရမ်းနားငြီးတယ်။ ပွစိပွစိ အရမ်း လုပ်တယ်။ တကယ်တော့ သူက အလုပ်တွေ အများကြီး လုပ်နေရတဲ့အတွက် တိကျချင်တာပါ။ ပျော်ပါတယ်။ ချစ်တဲ့သူတွေလည်း များသလို၊ မုန်းတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ မုန်းတဲ့သူတွေရော ချစ်တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ သူကတော်ပြီးသားဆိုတော့ အကြံဉာဏ်တော့ သိပ်ပေးတာ မရှိပါဘူး”လို့ ဟန်လင်းက ပြောပါတယ်။

နားလည်မှုတွေများစွာနဲ့ အေးချမ်းသာယာတဲ့ ပျော်ရွှင်ဖွယ် အချစ်ရေးကို ပိုင်ဆိုင်ထားတယ်လို့ ပရိသတ်တွေ သိထားကြတဲ့ ဟန်လင်းနဲ့ မေဦးတို့ ချစ်သူ အတွဲဟာ အမြဲလိုလို မခွဲဘဲ တွေ့မြင်နေရပါတယ်။ ဟန်လင်းနဲ့ မေဦးတို့ရဲ့ ချစ်သူ သက်တမ်းကတော့ လာမယ့် ဇူလိုင်လဆိုရင် ၃ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး One Stop Service ပေးတဲ့အလုပ်နဲ့ ပန်းအလှဆင်ခြင်းတွေ ပြုလုပ်နေပေးနေတဲ့ “May & Co” ဆိုတဲ့ လုပ်ငန်းကိုလည်း ဟန်လင်းနဲ့ မေဦးတို့ တွဲဖက် ဖွင့်လှစ်ထားပါတယ်။ မိတ်ကပ် မေဦးဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မိတ်ကပ်ပညာရှင်တွေထဲက တဦးဖြစ်ပြီး “မီ” ရုပ်ရှင်နဲ့လည်း Special Award (Costume & Make Up Award) ဆုကို ရရှိထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top