သခြါးသီးဟာ ကမၻာေပၚမွာ လူေတြ အမ်ားဆုံးစားၾကတဲ့ အသီးအႏွံ ၄ မ်ိဳးထဲမွာ တစ္ခု အပါအဝင္ ျဖစ္ျပီး လူကုိယ္ခနၶာ တစ္ခုလုံး အတြက္ ေကာင္းက်ိဳးရွိတဲ႔ စားစရာ တစ္မ်ိဳး ျဖစ္တယ္လုိ႔ လည္းယူဆၾကတယ္။ သခြါးသီးရဲ႕ ေဆးဘက္ဝင္ အာနိသင္ေတြကေတာ့ ေအာက္ပါ အတုိင္း ျဖစ္ပါတယ္။

ကုိယ္ခနၶာထဲမွာ လုိအပ္တဲ႔ ေရဓါတ္ကုိ ျဖည္႔ဆည္းျခင္း။ တကယ္လုိ႔ မိတ္ေဆြ အလုပ္ မ်ားေနလုိ႔ ေရေသာက္ဖုိ႔ အခ်ိန္ေတာင္ မရွိဘူး ဆုိရင္၊ သခြါးသီး တစ္လုံးေလာက္ စားပါ။ သခြါးသီးထဲမွာ ေရ ၉၀ ရာခုိင္နွုန္း ရွိျပီး ကုိယ္ခနၶာထဲမွာ လုိအပ္တဲ႔ ေရဓါတ္ကုိ ျဖည္႔စြက္နုိင္မယ္။

အပူဒဏ္ ေလ်ာ႔နည္းလာေစျခင္း။ သခြါးသီးကုိ စားရင္ အစာအိမ္ထဲမွာ ပူေနတဲ႔ ခံစားမွု ေလ်ာ႔ေပါ႔လာေစနုိင္တယ္။ သခြါးသီးကုိ ပါးပါးေလး ျဖစ္ေအာင္ လွီးျပီး အေရျပားေပၚမွာ ကပ္ထားရင္ ေနေရာင္ျခည္ေၾကာင္႔ ျဖစ္ေစတဲ႔ အပူဒဏ္ကုိ ေလ်ာ႔ပါးလာေစနုိင္မယ္။

အဆိပ္ဓါတ္ေတြကုိ ဖယ္ရွားေပးျခင္း။ သခြါးသီးထဲမွာ ပါတဲ႔ ေရဓါတ္ဟာ တျမက္စည္း လုိပဲ ကုိယ္ခနၶာထဲရွိ စြန္႔ပစ္ပစၥည္းမ်ားကုိ ဖယ္ရွား သန္႔ရွင္း ေပးနုိင္တယ္။ သခြါးသီးကုိ ခဏခဏ စားရင္ ေက်ာက္ကပ္ ေက်ာက္တည္ျခင္းမျဖစ္ႏုိင္ပါဘူး။

ဗီတာမင္မ်ား ျဖည္႔စြက္ျခင္း။ သခြါးသီးထဲမွာပါတဲ့ဓာတ္ေတြဟာ လူကုိယ္ခနၶာ လုိအပ္တဲ႔ ဗီတာမင္ စီ၊ ဗီတာမင္ အးီနဲ႔ ဗီတာမင္ ေအ အစရွိတဲ႔ ဗီတာမင္ အမ်ားစုကုိ ေထာက္ပံ႔ေပးနုိင္တယ္။ အဲဒါဟာ လူကုိယ္ခနၶာရဲ႕ ေရာဂါ ခုခံစြမ္းအားကုိ တုိးျမွင္႔လာေစျပီး ဓါတ္ေရာင္ျခည္ ျဖာထြက္မွု အနၱရာယ္ကုိ ၾကိဳတင္ကာကြယ္နုိင္မယ္။

သတၳဳဓါတ္ ျဖည္႔စြက္ျခင္း။ သခြါးသီးထဲမွာ အသင္႔အတင္႔မ်ားတဲ႔ ကယ္ဆီယမ္၊ မဂၢနီဆီယံနဲ႔ ဆီလီဆီယမ္ဓါတ္ေတြ ပါရွိပါတယ္။ အဲဒါဟာ သခြါးသီးရည္နဲ႔ အေရျပားေရာဂါကုိ ကုသနုိင္တဲ႔ အေၾကာင္းရင္း ျဖစ္တယ္။

ဝိတ္ခ်ျခင္း။ သခြါးသီးထဲမွာ ေရ မ်ားျပီး ကယ္လုိရီ နည္းတဲ့အတြက္ ဝိတ္ခ်သူေတြ စားသင္႔တဲ႔ စားစရာ တစ္မ်ိဳးလုိ႔ ဆုိနုိင္တယ္။ သခြါးသီးထဲမွာ ပါတဲ႔ ခ်ည္မွ်င္ဓါတ္ေတြဟာ အစာေခ်ေရး အတြက္ ေကာင္းက်ိဳးရွိလုိ႔ ေန႔စဥ္ သခြါးသီးစားတာဟာ ဝမ္းမခ်ဳပ္ေစဖုိ႔ကုိ အေထာက္အပ့ံျပဳတယ္။

မ်က္စိ အၾကည္႔ အာရုံကုိ ထိန္းသိမ္းျခင္း။ ေအးျမတဲ႔ သခြါးသီး ပါးပါးေလး တစ္ျပားကုိ ဖူးေရာင္ေနတဲ႔ မ်က္ခြံေပၚမွာ ကပ္ထားျခင္းဟာ ရုိးရာ မ်က္စိ ကုနည္း တစ္မ်ိဳး ျဖစ္တယ္။ ဒါဟာ ေရာင္နာမႈကုို ခုခံနုိင္တဲ႔အျပင္ မ်က္စိ ဖူးေရာင္မွုကုိလည္း ေလ်ာ႔ပါးလာေစနုိင္မယ္။

ကင္ဆာကုိ ခုခံျခင္း။ lignanoid ဓါတ္ သုံးမ်ိဳး ပါရွိလုိ႔ ဥအိမ္ကင္ဆာ၊ ရင္သားကင္ဆာ၊ သုက္ရည္ဂလင္းကင္ဆာနဲ႔ ဆီးလမ္းေၾကာင္းကင္ဆာေတြ ျဖစ္ပြါးနုိင္ေခ် ေလ်ာ႔နည္း လာေစနုိင္တယ္။

ဆီးခ်ိဳ ကုသျခင္း။ သခြါးသီး စားရင္ ကုိယ္လက္စထေရာ ေလ်ာ႔နည္းလာေစျပီး ေသြးတုိးေရာဂါကုိ ထိန္းညွိ နုိင္တယ္လုိ႔ ဆုိတယ္။ သခြါးသီး အရည္ထဲမွာ ပန္ကရိယ ဂလင္း ဆဲလ္ တစ္မ်ိဳး ပါလုိ႔ ဆီးခ်ိဳ ေရာဂါသည္အတြက္ ေကာင္းက်ိဳးရွိတဲ႔ အင္ဆူလင္ ေပၚထြက္ဖုိ႔ အတြက္ လိုအပ္တဲ႔ ဟုိမုန္းကုိ ေထာက္ပံ႔ေပးနုိင္တယ္။

ဆံပင္နဲ႔ လက္သည္း ေခ်ာေမြ႔ေစျခင္း။ သခြါးသီးထဲမွာ ပါတဲ႔ ဆီလီဆီယမ္ဓါတ္ဟာ ဆံပင္နဲ႔ လက္သည္း အေပၚယံကုိ ေခ်ာေမြ႔၊ ခုိင္မာလာေစနုိင္တယ္။ သခြါးသီးထဲမွာ ပါတဲ႔ ဆာလဖာနဲ႔ ဆီလီဆီယံဓါတ္ေတြဟာ ဆံပင္ ကုိသန္ေစတဲ့ေကာင္းက်ိဳးရွိတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original

#Unicode Version#
သခွါးသီးဟာ ကမ္ဘာပေါ်မှာ လူတွေ အများဆုံးစားကြတဲ့ အသီးအနှံ ၄ မျိုးထဲမှာ တစ်ခု အပါအဝင် ဖြစ်ပြီး လူကိုယ်ခန္ဓာ တစ်ခုလုံး အတွက် ကောင်းကျိုးရှိတဲ့ စားစရာ တစ်မျိုး ဖြစ်တယ်လို့ လည်းယူဆကြတယ်။ သခွါးသီးရဲ့ ဆေးဘက်ဝင် အာနိသင်တွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ကိုယ်ခန္ဓာထဲမှာ လိုအပ်တဲ့ ရေဓါတ်ကို ဖြည့်ဆည်းခြင်း။ တကယ်လို့ မိတ်ဆွေ အလုပ် များနေလို့ ရေသောက်ဖို့ အချိန်တောင် မရှိဘူး ဆိုရင်၊ သခွါးသီး တစ်လုံးလောက် စားပါ။ သခွါးသီးထဲမှာ ရေ ၉၀ ရာခိုင်နှုန်း ရှိပြီး ကိုယ်ခန္ဓာထဲမှာ လိုအပ်တဲ့ ရေဓါတ်ကို ဖြည့်စွက်နိုင်မယ်။

အပူဒဏ် လျော့နည်းလာစေခြင်း။ သခွါးသီးကို စားရင် အစာအိမ်ထဲမှာ ပူနေတဲ့ ခံစားမှု လျော့ပေါ့လာစေနိုင်တယ်။ သခွါးသီးကို ပါးပါးလေး ဖြစ်အောင် လှီးပြီး အရေပြားပေါ်မှာ ကပ်ထားရင် နေရောင်ခြည်ကြောင့် ဖြစ်စေတဲ့ အပူဒဏ်ကို လျော့ပါးလာစေနိုင်မယ်။

အဆိပ်ဓါတ်တွေကို ဖယ်ရှားပေးခြင်း။ သခွါးသီးထဲမှာ ပါတဲ့ ရေဓါတ်ဟာ တမြက်စည်း လိုပဲ ကိုယ်ခန္ဓာထဲရှိ စွန့်ပစ်ပစ္စည်းများကို ဖယ်ရှား သန့်ရှင်း ပေးနိုင်တယ်။ သခွါးသီးကို ခဏခဏ စားရင် ကျောက်ကပ် ကျောက်တည်ခြင်းမဖြစ်နိုင်ပါဘူး။

ဗီတာမင်များ ဖြည့်စွက်ခြင်း။ သခွါးသီးထဲမှာပါတဲ့ဓာတ်တွေဟာ လူကိုယ်ခန္ဓာ လိုအပ်တဲ့ ဗီတာမင် စီ၊ ဗီတာမင် အးီနဲ့ ဗီတာမင် အေ အစရှိတဲ့ ဗီတာမင် အများစုကို ထောက်ပံ့ပေးနိုင်တယ်။ အဲဒါဟာ လူကိုယ်ခန္ဓာရဲ့ ရောဂါ ခုခံစွမ်းအားကို တိုးမြှင့်လာစေပြီး ဓါတ်ရောင်ခြည် ဖြာထွက်မှု အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်မယ်။

သတ္ထုဓါတ် ဖြည့်စွက်ခြင်း။ သခွါးသီးထဲမှာ အသင့်အတင့်များတဲ့ ကယ်ဆီယမ်၊ မဂ္ဂနီဆီယံနဲ့ ဆီလီဆီယမ်ဓါတ်တွေ ပါရှိပါတယ်။ အဲဒါဟာ သခွါးသီးရည်နဲ့ အရေပြားရောဂါကို ကုသနိုင်တဲ့ အကြောင်းရင်း ဖြစ်တယ်။

ဝိတ်ချခြင်း။ သခွါးသီးထဲမှာ ရေ များပြီး ကယ်လိုရီ နည်းတဲ့အတွက် ဝိတ်ချသူတွေ စားသင့်တဲ့ စားစရာ တစ်မျိုးလို့ ဆိုနိုင်တယ်။ သခွါးသီးထဲမှာ ပါတဲ့ ချည်မျှင်ဓါတ်တွေဟာ အစာချေရေး အတွက် ကောင်းကျိုးရှိလို့ နေ့စဉ် သခွါးသီးစားတာဟာ ဝမ်းမချုပ်စေဖို့ကို အထောက်အပံ့ပြုတယ်။

မျက်စိ အကြည့် အာရုံကို ထိန်းသိမ်းခြင်း။ အေးမြတဲ့ သခွါးသီး ပါးပါးလေး တစ်ပြားကို ဖူးရောင်နေတဲ့ မျက်ခွံပေါ်မှာ ကပ်ထားခြင်းဟာ ရိုးရာ မျက်စိ ကုနည်း တစ်မျိုး ဖြစ်တယ်။ ဒါဟာ ရောင်နာမှုကို ခုခံနိုင်တဲ့အပြင် မျက်စိ ဖူးရောင်မှုကိုလည်း လျော့ပါးလာစေနိုင်မယ်။

ကင်ဆာကို ခုခံခြင်း။ lignanoid ဓါတ် သုံးမျိုး ပါရှိလို့ ဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သုက်ရည်ဂလင်းကင်ဆာနဲ့ ဆီးလမ်းကြောင်းကင်ဆာတွေ ဖြစ်ပွါးနိုင်ချေ လျော့နည်း လာစေနိုင်တယ်။

ဆီးချို ကုသခြင်း။ သခွါးသီး စားရင် ကိုယ်လက်စထရော လျော့နည်းလာစေပြီး သွေးတိုးရောဂါကို ထိန်းညှိ နိုင်တယ်လို့ ဆိုတယ်။ သခွါးသီး အရည်ထဲမှာ ပန်ကရိယ ဂလင်း ဆဲလ် တစ်မျိုး ပါလို့ ဆီးချို ရောဂါသည်အတွက် ကောင်းကျိုးရှိတဲ့ အင်ဆူလင် ပေါ်ထွက်ဖို့ အတွက် လိုအပ်တဲ့ ဟိုမုန်းကို ထောက်ပံ့ပေးနိုင်တယ်။

ဆံပင်နဲ့ လက်သည်း ချောမွေ့စေခြင်း။ သခွါးသီးထဲမှာ ပါတဲ့ ဆီလီဆီယမ်ဓါတ်ဟာ ဆံပင်နဲ့ လက်သည်း အပေါ်ယံကို ချောမွေ့၊ ခိုင်မာလာစေနိုင်တယ်။ သခွါးသီးထဲမှာ ပါတဲ့ ဆာလဖာနဲ့ ဆီလီဆီယံဓါတ်တွေဟာ ဆံပင် ကိုသန်စေတဲ့ကောင်းကျိုးရှိတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Original
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top