ဗီယက္နမ္စစ္ပြဲအတြင္းထြက္ေျပးရာမွ တာဇံတစ္ေယာက္လို ေတာတြင္းမွာ နွစ္ေပါင္း ၄၀ ေလာက္ ဘယ္လိုအသက္ရွင္ေနထိုင္ခဲ့ရသလဲဆိုတာကို ဗီယက္နမ္အမ်ိဳးသားတဦးက ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လုိ႔ Pattayaone သတင္းမွာေဖာ္ျပပါတယ္။

ဒီအမ်ိဳးသားကေတာ့ အသက္ ၄၄ နွစ္အရြယ္ ဟိုဗန္လန္းျဖစ္ၿပီး ဖခင္ျဖစ္သူ အသက္ ၈၅ နွစ္အရြယ္ စစ္ျပန္ႀကီး ဟိုဗန္သန္းနဲ႔အတူ ကြန္ငန္ျပည္နယ္ ေတတရာ ခ႐ိုင္ထဲက ေတာနက္ထဲကို ကေလးဘဝအရြယ္ကတည္းက ထြက္ေျပးခဲ့သူျဖစ္ပါတယ္။

ေတာတြင္းမွာ ႂကြက္ေတြကို စားရင္းအသက္ရွင္ဖို႔ ႀကိဳးစားကာ တကိုယ္ရည္သန္႔ရွင္းေရး ကိစၥေတြကို ေတာနက္ထဲမွာ ဘယ္လိုကိစၥ ရွင္းလင္းခဲ့ရသလဲဆိုတာကို ေျပာျပခဲ့ပါတယ္။

သူတို႔သားအဖနွစ္ေယာက္ဟာ ဗီယက္နမ္မွာ စစ္ျဖစ္ပြားေနတဲ့ ၁၉၇၁ ခုႏွစ္က မိခင္နဲ႔ တျခားေမြးခ်င္းနွစ္ဦး အေမရိကန္တို႔ရဲ႕ဗံုးဒဏ္ေၾကာင့္ ေသဆံုးသြားခဲ့ၿပီးေနာက္မွာ ေနထိုင္ရာ ေက်းရြာငယ္ေလးကေန ေတာနက္ထဲကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

သူတို႔ေနထိုင္ရာ ျပည္နယ္ဟာ ဗီယက္ေကာင္းေတြရဲ႕ ေျခကုပ္ေနရာျဖစ္တာေၾကာင့္ အေမရိကန္တပ္ေတြနဲ႔ ေဒသခံတပ္ဖြဲ႔ေတြဟာ မၾကာခဏဆိုသလို ျပင္းျပင္းထန္ထန္တိုက္ပြဲ ျဖစ္ပြားေလ့ရွိခဲ့ပါတယ္။

ဒါ့ေၾကာင့္ သူတို႔ေနထိုင္ရာ ေတာနက္ထဲအထိပါ တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီး အျပန္အလွန္ ပစ္ခတ္မႈအတြင္း ၾကားညွပ္သြားမွာ စိုးရိမ္တာေၾကာင့္ သူတို႔သားအဖေတြဟာ လူသားေတြနဲ႔ တႀကိမ္တခါမွ သြားေရာက္ဆက္သြယ္ခဲ့ျခင္း မရွိပါဘူး။

ဒါ့ေၾကာင့္ သူတို႔သားအဖဟာ တာဇံေတြလို သစ္ပင္အိမ္ေတြမွ ေနထိုင္ခဲ့ၿပီး သစ္ေခါက္ အဝတ္အစားေတြကိုသာ ဝတ္ဆင္ခဲ့ပါတယ္။

ဒီလိုပံုစံမ်ိဳးနဲ႔ အသက္ရွင္ေနတဲ့ သူတို႔ကို ၿပီးခဲ့တဲ့ ၂၀၁၃ ခုနွစ္မွာမွ ေဒသခံေတြက ျမင္ေတြ႔ခဲ့ရတာျဖစ္ၿပီး လူ႔အဖြဲ႔အစည္းနဲ႔ ျပန္လည္သင့္ျမတ္ဖို႔ တျဖည္းျဖည္းခ်င္း စည္း႐ံုးသိမ္းသြင္းခဲ့ရပါတယ္။ ဒါ့ေၾကာင့္ အခုခ်ိန္မွာေတာ့ သူတို႔သားအဖဟာ ေတာစပ္က အိမ္တလံုးမွာ ေျပာင္းေရႊ႕ေနထိုင္ေနၿပီပဲျဖစ္ပါတယ္။

မၾကာေသးခင္က Docastaway ရဲ႕မန္ေနးဂ်င္ဒါရိုက္တာျဖစ္သူ အယ္ဗာတို စီရိုဇိုက သူတို႔သားအဖ ရဲ႕ေတာတြင္းရွင္သန္ေနထိုင္ပံုေတြကို အေသးစိတ္” ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ပါဘူး။

အယ္ဗာတိုဟာ သူတို႔သားအဖနဲ႔အတူ သူတို႔ေနထိုင္ခဲ့တဲ့ ေတာတြင္းေနရာမွာ ငါးရက္တိုင္တိုင္ လိုက္ပါေနထိုင္ခဲ့ေပမယ့္လည္း လိုခ်င္တဲ့အေျဖကို ရရွိခဲ့ျခင္း မရွိပါဘူး။

“သူတို႔သားအဖေတြေျပာတဲ့ စကားေတြကို နားေထာင္ၾကည့္တာနဲ႔ သူတို႔ဟာ အျပင္ဘက္မွာရွိတဲ့ ယဥ္ေက်းတဲ့လူ႔အဖြဲ႔အစည္းနဲ႕ ဘယ္ေလာက္အဆက္အသြယ္ ျပတ္ေနသလဲဆိုတာကို သိနုိင္ပါတယ္” လို႔လည္း အဲဗာတိုက ေျပာပါတယ္။

ဒီငါးရက္တာ အေၾကာင္းေတြကို မွတ္တမ္းတင္ထားတဲ့ ဗီြဒီယိုဖိုင္တခုမွာလည္း ဟိုဗန္လန္းဟာ ႂကြက္ႀကီးတေကာင္ကို ရက္ရက္စက္စက္ သတ္ျဖတ္ခ်က္ျပဳတ္ စားေသာက္ ေနတာကိုလည္း ျမင္ေတြ႔ခဲ့ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ဗီယက်နမ်စစ်ပွဲအတွင်းထွက်ပြေးရာမှ တာဇံတစ်ယောက်လို တောတွင်းမှာ နှစ်ပေါင်း ၄၀ လောက် ဘယ်လိုအသက်ရှင်နေထိုင်ခဲ့ရသလဲဆိုတာကို ဗီယက်နမ်အမျိုးသားတဦးက ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ Pattayaone သတင်းမှာဖော်ပြပါတယ်။

ဒီအမျိုးသားကတော့ အသက် ၄၄ နှစ်အရွယ် ဟိုဗန်လန်းဖြစ်ပြီး ဖခင်ဖြစ်သူ အသက် ၈၅ နှစ်အရွယ် စစ်ပြန်ကြီး ဟိုဗန်သန်းနဲ့အတူ ကွန်ငန်ပြည်နယ် တေတရာ ခရိုင်ထဲက တောနက်ထဲကို ကလေးဘဝအရွယ်ကတည်းက ထွက်ပြေးခဲ့သူဖြစ်ပါတယ်။

တောတွင်းမှာ ကြွက်တွေကို စားရင်းအသက်ရှင်ဖို့ ကြိုးစားကာ တကိုယ်ရည်သန့်ရှင်းရေး ကိစ္စတွေကို တောနက်ထဲမှာ ဘယ်လိုကိစ္စ ရှင်းလင်းခဲ့ရသလဲဆိုတာကို ပြောပြခဲ့ပါတယ်။

သူတို့သားအဖနှစ်ယောက်ဟာ ဗီယက်နမ်မှာ စစ်ဖြစ်ပွားနေတဲ့ ၁၉၇၁ ခုနှစ်က မိခင်နဲ့ တခြားမွေးချင်းနှစ်ဦး အမေရိကန်တို့ရဲ့ဗုံးဒဏ်ကြောင့် သေဆုံးသွားခဲ့ပြီးနောက်မှာ နေထိုင်ရာ ကျေးရွာငယ်လေးကနေ တောနက်ထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သူတို့နေထိုင်ရာ ပြည်နယ်ဟာ ဗီယက်ကောင်းတွေရဲ့ ခြေကုပ်နေရာဖြစ်တာကြောင့် အမေရိကန်တပ်တွေနဲ့ ဒေသခံတပ်ဖွဲ့တွေဟာ မကြာခဏဆိုသလို ပြင်းပြင်းထန်ထန်တိုက်ပွဲ ဖြစ်ပွားလေ့ရှိခဲ့ပါတယ်။

ဒါ့ကြောင့် သူတို့နေထိုင်ရာ တောနက်ထဲအထိပါ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း ကြားညှပ်သွားမှာ စိုးရိမ်တာကြောင့် သူတို့သားအဖတွေဟာ လူသားတွေနဲ့ တကြိမ်တခါမှ သွားရောက်ဆက်သွယ်ခဲ့ခြင်း မရှိပါဘူး။

ဒါ့ကြောင့် သူတို့သားအဖဟာ တာဇံတွေလို သစ်ပင်အိမ်တွေမှ နေထိုင်ခဲ့ပြီး သစ်ခေါက် အဝတ်အစားတွေကိုသာ ဝတ်ဆင်ခဲ့ပါတယ်။

ဒီလိုပုံစံမျိုးနဲ့ အသက်ရှင်နေတဲ့ သူတို့ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာမှ ဒေသခံတွေက မြင်တွေ့ခဲ့ရတာဖြစ်ပြီး လူ့အဖွဲ့အစည်းနဲ့ ပြန်လည်သင့်မြတ်ဖို့ တဖြည်းဖြည်းချင်း စည်းရုံးသိမ်းသွင်းခဲ့ရပါတယ်။ ဒါ့ကြောင့် အခုချိန်မှာတော့ သူတို့သားအဖဟာ တောစပ်က အိမ်တလုံးမှာ ပြောင်းရွှေ့နေထိုင်နေပြီပဲဖြစ်ပါတယ်။

မကြာသေးခင်က Docastaway ရဲ့မန်နေးဂျင်ဒါရိုက်တာဖြစ်သူ အယ်ဗာတို စီရိုဇိုက သူတို့သားအဖ ရဲ့တောတွင်းရှင်သန်နေထိုင်ပုံတွေကို အသေးစိတ်” မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။

အယ်ဗာတိုဟာ သူတို့သားအဖနဲ့အတူ သူတို့နေထိုင်ခဲ့တဲ့ တောတွင်းနေရာမှာ ငါးရက်တိုင်တိုင် လိုက်ပါနေထိုင်ခဲ့ပေမယ့်လည်း လိုချင်တဲ့အဖြေကို ရရှိခဲ့ခြင်း မရှိပါဘူး။

“သူတို့သားအဖတွေပြောတဲ့ စကားတွေကို နားထောင်ကြည့်တာနဲ့ သူတို့ဟာ အပြင်ဘက်မှာရှိတဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းနဲ့ ဘယ်လောက်အဆက်အသွယ် ပြတ်နေသလဲဆိုတာကို သိနိုင်ပါတယ်” လို့လည်း အဲဗာတိုက ပြောပါတယ်။

ဒီငါးရက်တာ အကြောင်းတွေကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဖိုင်တခုမှာလည်း ဟိုဗန်လန်းဟာ ကြွက်ကြီးတကောင်ကို ရက်ရက်စက်စက် သတ်ဖြတ်ချက်ပြုတ် စားသောက် နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top