အေျခခံပညာေက်ာင္းေတြ မွာ ေက်ာင္းအပ္ လက္ခံတဲ့အခါ ေက်ာင္း အပ္မယ့္ကေလးေတြအတြက္ ေမြး စာရင္း စာ႐ြက္မတင္ျပႏိုင္ေပမဲ့ တိက်ခိုင္ မာတဲ့ အေထာက္အထားရွိရင္ လက္ခံေပး မယ္ လို႔ ပညာေရးဝန္ႀကီးဌာန၊ အေျခခံ ပညာ ဦးစီးဌာနက သိရပါတယ္။

ေက်ာင္းစၿပီးအပ္မယ့္ ကေလးေတြ ကို ေက်ာင္းအပ္တဲ့အခါမွာ ေမြးစာရင္း (မူရင္း၊မိတၱဴ)၊ ေျခာက္လအတြင္းေနထိုင္ တဲ့အိမ္ေထာင္စုစာရင္းမူရင္း၊ မိတၱဴ၊ ရပ္ ကြက္အုပ္ခ်ဳပ္ေရးမႉးရဲ႕ေနထိုင္ေၾကာင္း ေထာက္ခံစာ၊ မိဘႏွစ္ဦးရဲ႕မွတ္ပုံတင္ မိတၱဴ၊ ဝန္ထမ္းျဖစ္ပါက အႀကီးအကဲရဲ႕ ေထာက္ခံခ်က္စတာေတြကို တင္ျပေပးရ မွာ ျဖစ္ပါတယ္။

ေမြးစာရင္းတင္ျပဖို႔ အခက္အခဲရွိတဲ့ သူေတြကို ခိုင္မာတဲ့အေထာက္အထားရွိ မယ္ဆိုရင္ လက္ခံေပးရမွာျဖစ္ၿပီး ေက်ာင္း ေနအ႐ြယ္ကေလးတိုင္း ပညာသင္ခြင့္ ရရွိ ေရး အတြက္ ဦးတည္ေဆာင္႐ြက္ေပး ျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။

‘ေက်ာင္းအပ္ႏွံတဲ့အခါမွာ ေမြးစာ ရင္း အဓိကက်ပါတယ္၊ ရန္ကုန္တိုင္းမွာ ေတာ့ ေက်ာင္းအုပ္ႀကီးေတြက တစ္ျပားမွ မေလ်ာ့ပါဘူး၊ ေမြးစာရင္းမပါရင္ လက္မခံ ပါဘူး၊ ဒါေပမဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြ မ်ားတဲ့ေ႐ႊျပည္သာတို႔၊ လႈိင္သာယာတို႔၊ ဒဂုံဆိပ္ကမ္းတို႔၊ ဒဂုံေတာင္တို႔လို ေနရာ မ်ိဳးမွာဆိုရင္ နယ္ကေမြးလာတဲ့ကေလး ေတြဆိုရင္ ေမြးစာရင္းမရွိတာေတြရွိတယ္၊

လႈိင္သာယာ၊ ေ႐ႊျပည္သာတို႔လို ေနရာမ်ိဳးမွာ ေ႐ႊ႕ေျပာင္းေနထိုင္တဲ့သူ ေတြ အရမ္းမ်ားတယ္၊ အဲဒီလိုေနရာ ေတြမွာ တခ်ိဳ႕ အရပ္လက္သည္နဲ႔ေမြးတာ ေတြ၊ ေမြးစာရင္းမရွိတာေတြ၊ နယ္မွာေမြး လို႔မလုပ္ခဲ့တာေတြဆိုရင္ သူတို႔အမွတ္အ သားနဲ႔ သူတို႔ မွတ္ထားၾကပါလိမ့္မယ္၊ တခ်ိဳ႕လဲ ဗလာစာအုပ္ထဲမွာ ေရးမွတ္ ထားတယ္၊ ခ်င္းျပည္ဘက္မွာဆို ေမြး စာရင္းမရွိဘူး၊ ဘယ္ေတာင္ယာကို လုပ္တုန္းက ေမြးတာဆိုၿပီး ေျပာၾကတယ္၊ ေမြးတဲ့မိခင္ကိုယ္တိုင္က မွတ္မထားတာ လဲရွိတယ္၊ တခ်ိဳ႕ကလဲ မွတ္နည္းမ်ိဳးစုံနဲ႔ မွတ္ထားၾကတယ္၊ အဲဒါမ်ိဳးေတြဆို လက္ခံေပးပါ၊

အထူးသျဖင့္ ေတာကလူေတြမွာ အရပ္လက္သည္နဲ႔ ေမြးလိုက္ရင္ ေမြးစာရင္း မျပႏိုင္ၾကေတာ့တာေတြရွိတယ္၊ အဓိ က က ေက်ာင္းေနအ႐ြယ္ကေလးတိုင္း မည္သည့္အေၾကာင္းျပခ်က္မွေက်ာင္း ေန ခြင့္မဆုံးရႈံးဖို႔ လုပ္ေပးရမွာပါ” လို႔ အေျခခံ ပညာဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။

တစ္ႏိုင္ငံလုံးအတိုင္းအတာအရ ေက်ာင္းေတြအားလုံးကို ၫႊန္ၾကားထား တာ ျဖစ္ၿပီး ေက်ာင္းေနအ႐ြယ္ကေလးတိုင္း ပညာသင္ၾကားခြင့္ရရွိေရးအတြက္ ဦးတည္ေဆာင္႐ြက္တာျဖစ္တယ္လို႔ သိရ ပါတယ္။ ရန္ကုန္တိုင္းအတြင္းက ေက်ာင္း ေတြမွာေတာ့ အခုပညာသင္ႏွစ္မွာ သတ္ မွတ္ဧရိယာအတိုင္းသာ ေက်ာင္းအပ္ႏွံ ခြင့္ျပဳမွာျဖစ္ၿပီး နယ္ေျမေက်ာ္ ေက်ာင္း အပ္တာေတြကို တင္းတင္းက်ပ္က်ပ္တား ျမစ္သြားမယ္လို႔ ဆိုပါတယ္။

“တစ္ႏိုင္ငံလုံးအတိုင္းအတာအရ ဘယ္ေက်ာင္းမဆို သူ႔ သတ္မွတ္ဧရိယာ အတိုင္းလက္ခံဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္၊ ရန္ကုန္တိုင္းမွာေတာ့ ေအာ္ေနၾကတာ မ်ားပါတယ္၊ ဒီကိစၥက ရန္ကုန္တိုင္းေဒသ ႀကီးအစိုးရအဖြဲ႕နဲ႔ ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမႉး႐ုံးကေန သင့္ေတာ္သလို ေဆာင္႐ြက္တာျဖစ္ပါတယ္၊ ဒါကိုလဲလိုက္နာရမွာျဖစ္ပါတယ္”လို႔ ဦးကိုေလး ဝင္းက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra

#Unicode Version# ျဖင့္ဖတ္ပါ ။

အခြေခံပညာကျောင်းတွေ မှာ ကျောင်းအပ် လက်ခံတဲ့အခါ ကျောင်း အပ်မယ့်ကလေးတွေအတွက် မွေး စာရင်း စာရွက်မတင်ပြနိုင်ပေမဲ့ တိကျခိုင် မာတဲ့ အထောက်အထားရှိရင် လက်ခံပေး မယ် လို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာ ဦးစီးဌာနက သိရပါတယ်။

ကျောင်းစပြီးအပ်မယ့် ကလေးတွေ ကို ကျောင်းအပ်တဲ့အခါမှာ မွေးစာရင်း (မူရင်း၊မိတ္တူ)၊ ခြောက်လအတွင်းနေထိုင် တဲ့အိမ်ထောင်စုစာရင်းမူရင်း၊ မိတ္တူ၊ ရပ် ကွက်အုပ်ချုပ်ရေးမှူးရဲ့နေထိုင်ကြောင်း ထောက်ခံစာ၊ မိဘနှစ်ဦးရဲ့မှတ်ပုံတင် မိတ္တူ၊ ဝန်ထမ်းဖြစ်ပါက အကြီးအကဲရဲ့ ထောက်ခံချက်စတာတွေကို တင်ပြပေးရ မှာ ဖြစ်ပါတယ်။

မွေးစာရင်းတင်ပြဖို့ အခက်အခဲရှိတဲ့ သူတွေကို ခိုင်မာတဲ့အထောက်အထားရှိ မယ်ဆိုရင် လက်ခံပေးရမှာဖြစ်ပြီး ကျောင်း နေအရွယ်ကလေးတိုင်း ပညာသင်ခွင့် ရရှိ ရေး အတွက် ဦးတည်ဆောင်ရွက်ပေး ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

‘ကျောင်းအပ်နှံတဲ့အခါမှာ မွေးစာ ရင်း အဓိကကျပါတယ်၊ ရန်ကုန်တိုင်းမှာ တော့ ကျောင်းအုပ်ကြီးတွေက တစ်ပြားမှ မလျော့ပါဘူး၊ မွေးစာရင်းမပါရင် လက်မခံ ပါဘူး၊ ဒါပေမဲ့ ရွှေ့ပြောင်းလုပ်သားတွေ များတဲ့ရွှေပြည်သာတို့၊ လှိုင်သာယာတို့၊ ဒဂုံဆိပ်ကမ်းတို့၊ ဒဂုံတောင်တို့လို နေရာ မျိုးမှာဆိုရင် နယ်ကမွေးလာတဲ့ကလေး တွေဆိုရင် မွေးစာရင်းမရှိတာတွေရှိတယ်၊

လှိုင်သာယာ၊ ရွှေပြည်သာတို့လို နေရာမျိုးမှာ ရွှေ့ပြောင်းနေထိုင်တဲ့သူ တွေ အရမ်းများတယ်၊ အဲဒီလိုနေရာ တွေမှာ တချို့ အရပ်လက်သည်နဲ့မွေးတာ တွေ၊ မွေးစာရင်းမရှိတာတွေ၊ နယ်မှာမွေး လို့မလုပ်ခဲ့တာတွေဆိုရင် သူတို့အမှတ်အ သားနဲ့ သူတို့ မှတ်ထားကြပါလိမ့်မယ်၊ တချို့လဲ ဗလာစာအုပ်ထဲမှာ ရေးမှတ် ထားတယ်၊ ချင်းပြည်ဘက်မှာဆို မွေး စာရင်းမရှိဘူး၊ ဘယ်တောင်ယာကို လုပ်တုန်းက မွေးတာဆိုပြီး ပြောကြတယ်၊ မွေးတဲ့မိခင်ကိုယ်တိုင်က မှတ်မထားတာ လဲရှိတယ်၊ တချို့ကလဲ မှတ်နည်းမျိုးစုံနဲ့ မှတ်ထားကြတယ်၊ အဲဒါမျိုးတွေဆို လက်ခံပေးပါ၊

အထူးသဖြင့် တောကလူတွေမှာ အရပ်လက်သည်နဲ့ မွေးလိုက်ရင် မွေးစာရင်း မပြနိုင်ကြတော့တာတွေရှိတယ်၊ အဓိ က က ကျောင်းနေအရွယ်ကလေးတိုင်း မည်သည့်အကြောင်းပြချက်မှကျောင်း နေ ခွင့်မဆုံးရှုံးဖို့ လုပ်ပေးရမှာပါ” လို့ အခြေခံ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျောင်းတွေအားလုံးကို ညွှန်ကြားထား တာ ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့်ရရှိရေးအတွက် ဦးတည်ဆောင်ရွက်တာဖြစ်တယ်လို့ သိရ ပါတယ်။ ရန်ကုန်တိုင်းအတွင်းက ကျောင်း တွေမှာတော့ အခုပညာသင်နှစ်မှာ သတ် မှတ်ဧရိယာအတိုင်းသာ ကျောင်းအပ်နှံ ခွင့်ပြုမှာဖြစ်ပြီး နယ်မြေကျော် ကျောင်း အပ်တာတွေကို တင်းတင်းကျပ်ကျပ်တား မြစ်သွားမယ်လို့ ဆိုပါတယ်။

“တစ်နိုင်ငံလုံးအတိုင်းအတာအရ ဘယ်ကျောင်းမဆို သူ့ သတ်မှတ်ဧရိယာ အတိုင်းလက်ခံဖို့ မေတ္တာရပ်ခံချင်ပါတယ်၊ ရန်ကုန်တိုင်းမှာတော့ အော်နေကြတာ များပါတယ်၊ ဒီကိစ္စက ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးကနေ သင့်တော်သလို ဆောင်ရွက်တာဖြစ်ပါတယ်၊ ဒါကိုလဲလိုက်နာရမှာဖြစ်ပါတယ်”လို့ ဦးကိုလေး ဝင်းက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top