ေရစႀကိဳၿမိဳ႕တြင္ ထန္းလ်က္အမႈန္႔ကို ထုတ္လုပ္လ်က္ရွိၿပီး ျပည္ပႏိုင္ငံမ်ားသို႔ စမ္းသပ္တင္ပို႔လ်က္ရွိရာ ထန္းလ်က္မႈန္႔ ပိုမိုထုတ္လုပ္ႏိုင္ရန္ ထန္းလ်က္မႈန္႔ ထုတ္လုပ္သည့္ 555 SHWE HINTHA ကုမၸဏီမွ လာမည့္ဇြန္လတြင္ ထန္းေတာင္သူ မ်ား ထံမွ ထန္းရည္ခ်ိဳကို တိုက္႐ိုက္ဝယ္ယူေတာ့မည္ျဖစ္ရာ ထန္းေတာင္သူမ်ားအတြက္ အက်ိဳးအျမတ္ ပိုမိုရရွိလာ ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

“ဇြန္လဆိုရင္ ထန္းရည္ကို တိုက္႐ိုက္ဝယ္မယ္။ ထန္းသမားေတြအေနနဲ႔ကလည္း ထန္းလ်က္ခ်က္ရတာ ဒုကၡေရာက္ လာတယ္။ ထင္း ရွားလာတဲ့အတြက္ သူတို႔မွာ ထင္းကိုဝယ္ၿပီးေတာ့ သုံးရတယ္။ သူတို႔ တစ္ရက္ တစ္ရက္ ထန္းလ်က္ခ်က္ လို႔ရတဲ့ ဝင္ေငြရဲ႕ ၅၀ရာခိုင္ႏႈန္းက ထင္းထဲမွာ ျပန္သြားေနတယ္။ ပထမတစ္ခ်က္က ထင္းသုံးစြဲလာတဲ့အတြက္ စိတ္ဝင္စားမႈ ေလ်ာ့လာတယ္။

ဒုတိယတစ္ခ်က္က မိသားစုအကုန္ ဒီထဲမွာပဲ ျမဳပ္ႏွံၿပီးလုပ္ရေတာ့ တျခားဝင္ေငြရမယ့္ အလုပ္လည္း မလုပ္ႏိုင္တဲ့အတြက္ အဲဒီ ၂ ခ်က္ေၾကာင့္ တျဖည္းျဖည္းခ်င္း ထန္းသမားေလ်ာ့ေလ်ာ့လာတယ္။ ထန္းလ်က္ကို စိတ္ဝင္စားမႈ၊ ထန္းတက္ဖို႔ စိတ္ဝင္စားမႈ ေလ်ာ့နည္းလာတယ္။ အဲဒါေၾကာင့္ သူတို႔အခက္အခဲကို အတန္အသင့္ ေျပေလ်ာ့သြားေအာင္ သူတို႔ဆီက တိုက္႐ိုက္အရည္ဘဲ ဝယ္သြားမွာျဖစ္ပါတယ္။” ဟု 555 SHWE HINTHA ကုမၸဏီမွ CEO ကိုေကာင္းဆက္ႏိုင္မွ ေျပာသည္။

ထိုသို႔ထန္းရည္အား တိုက္႐ိုက္ဝယ္ယူပါက ထန္းသမားမ်ားအတြက္ ထန္းလ်က္ခ်က္ရသည့္ ဒုကၡမွ ကင္းေဝးေစ မည္ ျဖစ္ကာ ထန္းရည္တန္ဖိုးကိုလည္း ထန္းလ်က္ခဲတန္ဖိုးထက္ မေလ်ာ့နည္းေသာ ေဈးႏႈန္း သတ္မွတ္ဝယ္ယူမည္ျဖစ္သျဖင့္ ထန္းရည္ခ်ိဳတန္ဖိုးမွာ ေဈးျမင့္တက္ ရရွိလာမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ထန္းသမားမိသားစုမ်ား အလုပ္အကိုင္ပိုမိုရရွိရန္ အဆိုပါကုမၸဏီတြင္ ဝန္ထမ္း ၂၀ဝ ဦးခန္႔ထားမည္ျဖစ္ရာ ယခု  အခ်ိန္တြင္ ဝန္ထမ္း ၄၇ ဦးရွိၿပီျဖစ္သည္။ က်န္ရွိသည့္ ၁၅၀ ဦးခန္႔ကို ထန္းလုပ္ငန္း လုပ္ကိုင္သူမ်ားအား ဦးစားေပး ခန္႔ထားမည္ျဖစ္ေၾကာင္း သိရသည္။ တစ္ႏွစ္လၽွင္ ထန္းလ်က္မႈန္႔ တန္ခ်ိန္ ၇၀ဝ မွ ၁၀ဝ၀ ၾကား ထုတ္လုပ္ႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း သိရသည္။

“ေက်း႐ြာေပါင္း ၂၀ ေက်ာ္နဲ႔ စမယ္မွန္းထားတယ္။ ေလာေလာဆယ္ ၅ ႐ြာေလာက္ပဲ ရွိေသးတယ္။ ထန္းရည္ဝယ္ မယ္ဆိုရင္ ေက်း႐ြာ ၂၀ ေက်ာ္အတြက္ အလုပ္အကိုင္ အခြင့္အလမ္း မ်ားလာမယ္ေပါ့။ ထန္းရည္ဝယ္တယ္ဆိုတာ အေလ့အက်င့္ဘယ္မွာမွ မရွိေသးဘူး။ ကၽြန္ေတာ္က စဝယ္မယ္ေပါ့။ ေနာက္တျဖည္းျဖည္း မ်ားလာရင္ ေရစႀကိဳၿမိဳ႕နယ္နဲ႔ထိစပ္ေနတဲ့ ၿမိဳ႕နယ္ေတြဆီကေန ဝယ္လို႔ ရမွာျဖစ္ပါတယ္” ဟု ကိုေကာင္းဆက္ႏိုင္မွ ေျပာသည္။

ေရစႀကိဳၿမိဳ႕နယ္တြင္ ထန္းလ်က္အမႈန္႔ကို ထုတ္လုပ္ၿပီးဂ်ပန္၊ အင္ဒိုနီးရွားႏွင့္ နယ္သာလန္ ႏိုင္ငံမ်ားသို႔ တင္ပို႔ ေရာင္းခ်လ်က္ရွိေၾကာင္း သိရသည္။ အဆိုပါ ထန္းလ်က္မႈန္႔ကို ေရစႀကိဳၿမိဳ႕နယ္ရွိ 555 SHWE HINTHA ကုမၸဏီမွ ထုတ္လုပ္ေရာင္းခ်လ်က္ရွိသည္။

“ထန္းလ်က္အမႈန္႔ကို စၿပီးလုပ္ျဖစ္သြားတာ။ ၂၀၁၆ က စစမ္းတယ္။ ၂၀၁၇ ႏွစ္စပိုင္းမွာ ေအာင္ျမင္တယ္။ ၿပီးေတာ့ ၂၀၁၇ မွာ ဂ်ပန္ကိုစစမ္းၿပီးေတာ့ ပို႔တယ္။ ၂၀၁၈မွာေတာ့ တန္ ၃၀ ေလာက္ပို႔ထားတယ္။ ဂ်ပန္ရယ္ အင္ဒိုနီးရွားဘက္လည္း နည္းနည္းစမ္းပို႔တယ္။ နယ္သာလန္ကိုလည္း စမ္းၿပီးေတာ့ပို႔ေနတယ္။ အဓိကကေတာ့ ဂ်ပန္ကို တင္ပို႔ေနတာပါ။” ဟု ကိုေကာင္းဆက္ႏိုင္မွ ဆက္ေျပာသည္။

ေရစႀကိဳၿမိဳ႕နယ္ထြက္ ထန္းလ်က္အမႈန္႔ကို အေရွ႕ေတာင္အာရွႏိုင္ငံမ်ားႏွင့္ ဥေရာပႏိုင္ငံမ်ားသို႔ ထိုးေဖါက္ေရာင္းခ်ရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း သိရသည္။ ေရစႀကိဳၿမိဳ႕နယ္ထြက္ ထန္းလ်က္အမႈန္႔မွာ ေအာ္ဂဲနစ္စစ္စစ္ျဖစ္သျဖင့္ ျပည္ပကုမၸဏီမ်ားမွ စိတ္ဝင္စားမႈမ်ားေၾကာင္း သိရသည္။

“ထန္းလ်က္မႈန္႔ကို ကမ္းလွမ္းတာကေတာ့ ျပည္ပကုမၸဏီေတြကေတာ့ တန္ခ်ိန္အမ်ားႀကီး ကမ္းလွမ္းထားတာေပါ့ သူတို႔ကေတာ့ ကၽြန္ေတာ္တို႔ဆီက ထြက္သမၽွ လိုခ်င္တယ္။ ဒါေပမယ့္ ကၽြန္ေတာ္က ျပည္တြင္းကလူေတြကိုလည္း ထန္းလ်က္စားေစခ်င္တယ္။ အခ်ိဳကိုမွ တျခားဟာေတြအစားထိုးၿပီးေတာ့ ဝင္ေနတာဆိုေတာ့ ထန္းလ်က္က ေတာ္ေတာ္ကိုျပည္တြင္းမွာ ေပၚျပဴလာ မျဖစ္ေတာ့ဘူး။ ေနာက္ မ်ဳိးဆက္ ေတြဆိုရင္ ထန္းလ်က္ေကာင္းက်ိဳးကို မသိၾကေတာ့ဘူးေလ။ ထန္းလ်က္ကိုျပည္တြင္းမွာလည္း စားသုံးေစခ်င္တယ္။ အဲဒါေၾကာင့္ ျပည္တြင္းမွာလည္း ရာခိုင္ႏႈန္းတစ္ခုအေနနဲ႔ ျဖန္႔ပါတယ္ ဟု ကိုေကာင္းဆက္ႏိုင္က ေျပာသည္။

ထန္းလ်က္အမႈန္႔ကို ျပည္ပႏိုင္ငံမ်ားတြင္ ကိတ္၊ ေကာ္ဖီ၊ ေဖ်ာ္ရည္တို႔တြင္ သၾကားအစားထိုး အေနျဖင့္ အမ်ိဳးမ်ိဳး အသုံးျပဳၾကလ်က္ရွိၿပီး ျပည္တြင္းတြင္ သၾကား၊ အခ်ိဳမႈန္တို႔ အသုံးျပဳလာၾကလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အိမြန္ေဆြ(ေရစႀကိဳ)

#Unicode Version# ျဖင့္ဖတ္ပါ ။

ရေစကြိုမြို့တွင် ထန်းလျက်အမှုန့်ကို ထုတ်လုပ်လျက်ရှိပြီး ပြည်ပနိုင်ငံများသို့ စမ်းသပ်တင်ပို့လျက်ရှိရာ ထန်းလျက်မှုန့် ပိုမိုထုတ်လုပ်နိုင်ရန် ထန်းလျက်မှုန့် ထုတ်လုပ်သည့် 555 SHWE HINTHA ကုမ္ပဏီမှ လာမည့်ဇွန်လတွင် ထန်းတောင်သူ များ ထံမှ ထန်းရည်ချိုကို တိုက်ရိုက်ဝယ်ယူတော့မည်ဖြစ်ရာ ထန်းတောင်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိလာ နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

“ဇွန်လဆိုရင် ထန်းရည်ကို တိုက်ရိုက်ဝယ်မယ်။ ထန်းသမားတွေအနေနဲ့ကလည်း ထန်းလျက်ချက်ရတာ ဒုက္ခရောက် လာတယ်။ ထင်း ရှားလာတဲ့အတွက် သူတို့မှာ ထင်းကိုဝယ်ပြီးတော့ သုံးရတယ်။ သူတို့ တစ်ရက် တစ်ရက် ထန်းလျက်ချက် လို့ရတဲ့ ဝင်ငွေရဲ့ ၅၀ရာခိုင်နှုန်းက ထင်းထဲမှာ ပြန်သွားနေတယ်။ ပထမတစ်ချက်က ထင်းသုံးစွဲလာတဲ့အတွက် စိတ်ဝင်စားမှု လျော့လာတယ်။

ဒုတိယတစ်ချက်က မိသားစုအကုန် ဒီထဲမှာပဲ မြုပ်နှံပြီးလုပ်ရတော့ တခြားဝင်ငွေရမယ့် အလုပ်လည်း မလုပ်နိုင်တဲ့အတွက် အဲဒီ ၂ ချက်ကြောင့် တဖြည်းဖြည်းချင်း ထန်းသမားလျော့လျော့လာတယ်။ ထန်းလျက်ကို စိတ်ဝင်စားမှု၊ ထန်းတက်ဖို့ စိတ်ဝင်စားမှု လျော့နည်းလာတယ်။ အဲဒါကြောင့် သူတို့အခက်အခဲကို အတန်အသင့် ပြေလျော့သွားအောင် သူတို့ဆီက တိုက်ရိုက်အရည်ဘဲ ဝယ်သွားမှာဖြစ်ပါတယ်။” ဟု 555 SHWE HINTHA ကုမ္ပဏီမှ CEO ကိုကောင်းဆက်နိုင်မှ ပြောသည်။

ထိုသို့ထန်းရည်အား တိုက်ရိုက်ဝယ်ယူပါက ထန်းသမားများအတွက် ထန်းလျက်ချက်ရသည့် ဒုက္ခမှ ကင်းဝေးစေ မည် ဖြစ်ကာ ထန်းရည်တန်ဖိုးကိုလည်း ထန်းလျက်ခဲတန်ဖိုးထက် မလျော့နည်းသော ဈေးနှုန်း သတ်မှတ်ဝယ်ယူမည်ဖြစ်သဖြင့် ထန်းရည်ချိုတန်ဖိုးမှာ ဈေးမြင့်တက် ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထန်းသမားမိသားစုများ အလုပ်အကိုင်ပိုမိုရရှိရန် အဆိုပါကုမ္ပဏီတွင် ဝန်ထမ်း ၂၀ဝ ဦးခန့်ထားမည်ဖြစ်ရာ ယခု  အချိန်တွင် ဝန်ထမ်း ၄၇ ဦးရှိပြီဖြစ်သည်။ ကျန်ရှိသည့် ၁၅၀ ဦးခန့်ကို ထန်းလုပ်ငန်း လုပ်ကိုင်သူများအား ဦးစားပေး ခန့်ထားမည်ဖြစ်ကြောင်း သိရသည်။ တစ်နှစ်လျှင် ထန်းလျက်မှုန့် တန်ချိန် ၇၀ဝ မှ ၁၀ဝ၀ ကြား ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

“ကျေးရွာပေါင်း ၂၀ ကျော်နဲ့ စမယ်မှန်းထားတယ်။ လောလောဆယ် ၅ ရွာလောက်ပဲ ရှိသေးတယ်။ ထန်းရည်ဝယ် မယ်ဆိုရင် ကျေးရွာ ၂၀ ကျော်အတွက် အလုပ်အကိုင် အခွင့်အလမ်း များလာမယ်ပေါ့။ ထန်းရည်ဝယ်တယ်ဆိုတာ အလေ့အကျင့်ဘယ်မှာမှ မရှိသေးဘူး။ ကျွန်တော်က စဝယ်မယ်ပေါ့။ နောက်တဖြည်းဖြည်း များလာရင် ရေစကြိုမြို့နယ်နဲ့ထိစပ်နေတဲ့ မြို့နယ်တွေဆီကနေ ဝယ်လို့ ရမှာဖြစ်ပါတယ်” ဟု ကိုကောင်းဆက်နိုင်မှ ပြောသည်။

ရေစကြိုမြို့နယ်တွင် ထန်းလျက်အမှုန့်ကို ထုတ်လုပ်ပြီးဂျပန်၊ အင်ဒိုနီးရှားနှင့် နယ်သာလန် နိုင်ငံများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။ အဆိုပါ ထန်းလျက်မှုန့်ကို ရေစကြိုမြို့နယ်ရှိ 555 SHWE HINTHA ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချလျက်ရှိသည်။

“ထန်းလျက်အမှုန့်ကို စပြီးလုပ်ဖြစ်သွားတာ။ ၂၀၁၆ က စစမ်းတယ်။ ၂၀၁၇ နှစ်စပိုင်းမှာ အောင်မြင်တယ်။ ပြီးတော့ ၂၀၁၇ မှာ ဂျပန်ကိုစစမ်းပြီးတော့ ပို့တယ်။ ၂၀၁၈မှာတော့ တန် ၃၀ လောက်ပို့ထားတယ်။ ဂျပန်ရယ် အင်ဒိုနီးရှားဘက်လည်း နည်းနည်းစမ်းပို့တယ်။ နယ်သာလန်ကိုလည်း စမ်းပြီးတော့ပို့နေတယ်။ အဓိကကတော့ ဂျပန်ကို တင်ပို့နေတာပါ။” ဟု ကိုကောင်းဆက်နိုင်မှ ဆက်ပြောသည်။

ရေစကြိုမြို့နယ်ထွက် ထန်းလျက်အမှုန့်ကို အရှေ့တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ ထိုးဖေါက်ရောင်းချရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ ရေစကြိုမြို့နယ်ထွက် ထန်းလျက်အမှုန့်မှာ အော်ဂဲနစ်စစ်စစ်ဖြစ်သဖြင့် ပြည်ပကုမ္ပဏီများမှ စိတ်ဝင်စားမှုများကြောင်း သိရသည်။

“ထန်းလျက်မှုန့်ကို ကမ်းလှမ်းတာကတော့ ပြည်ပကုမ္ပဏီတွေကတော့ တန်ချိန်အများကြီး ကမ်းလှမ်းထားတာပေါ့ သူတို့ကတော့ ကျွန်တော်တို့ဆီက ထွက်သမျှ လိုချင်တယ်။ ဒါပေမယ့် ကျွန်တော်က ပြည်တွင်းကလူတွေကိုလည်း ထန်းလျက်စားစေချင်တယ်။ အချိုကိုမှ တခြားဟာတွေအစားထိုးပြီးတော့ ဝင်နေတာဆိုတော့ ထန်းလျက်က တော်တော်ကိုပြည်တွင်းမှာ ပေါ်ပြူလာ မဖြစ်တော့ဘူး။ နောက် မျိုးဆက် တွေဆိုရင် ထန်းလျက်ကောင်းကျိုးကို မသိကြတော့ဘူးလေ။ ထန်းလျက်ကိုပြည်တွင်းမှာလည်း စားသုံးစေချင်တယ်။ အဲဒါကြောင့် ပြည်တွင်းမှာလည်း ရာခိုင်နှုန်းတစ်ခုအနေနဲ့ ဖြန့်ပါတယ် ဟု ကိုကောင်းဆက်နိုင်က ပြောသည်။

ထန်းလျက်အမှုန့်ကို ပြည်ပနိုင်ငံများတွင် ကိတ်၊ ကော်ဖီ၊ ဖျော်ရည်တို့တွင် သကြားအစားထိုး အနေဖြင့် အမျိုးမျိုး အသုံးပြုကြလျက်ရှိပြီး ပြည်တွင်းတွင် သကြား၊ အချိုမှုန်တို့ အသုံးပြုလာကြလျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: အိမွန်ဆွေ(ရေစကြို)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top