ပဲခူးတိုင္ေဒသႀကီး ေရတာရွည္ၿမိဳ႕နယ္ ဘန္႔ေဘြးပင္ေက်းရြာတြင္ တရားဝင္ကြာရွင္းထားသည့္ ခင္ပြန္းေဟာင္းကို အလိုမတူ အဓမၼျပဳက်င့္မႈျဖင့္ ေမလ ၅ ရက္ေန႔က အမႈဖြင့္တိုင္ၾကားေသာေၾကာင့္ ဖမ္းဆီးလိုက္ၿပီျဖစ္ေၾကာင္း သာဂရနယ္ေျမရဲစခန္းမွ သိရသည္။

ၿပီးခဲ့သည့္ မတ္လ ၂၂ ရက္ေန႔ ညေန ၆ နာရီက လယ္တဲတြင္ အလုပ္လုပ္ၿပီးျပန္လာသူ (၄၇) ႏွစ္အရြယ္ အမ်ိဳးသမီးကို သူမ၏ ခင္ပြန္းေဟာင္းျဖစ္သူ (၅၅) ႏွစ္အရြယ္ အမ်ိဳးသားက အလိုမတူ အဓမၼျပဳက်င့္ခဲ့သည့္အျပင္ ေနအိမ္သို႔ ျပန္လည္ပို႔ေဆာင္ေျဖရွင္းေပးရန္ ေတာင္းဆိုေသာ္လည္း ျငင္းဆန္ခဲ့ေၾကာင္း ရဲစခန္းတိုင္ၾကားခ်က္အရ သိရသည္။

“ေက်းရြာဓေလ့ထံုးစံအရ ညႇိႏႈိင္းၾကေပမဲ့ မေျပလည္လုိ႔ မေန႔က အမႈဖြင့္တယ္။ ျပစ္မႈက်ဳးလြန္တယ္လုိ႔ဆုိတဲ့ အမ်ဳိးသားကိုလည္း ဖမ္းဆီးထားၿပီးပါၿပီ” ဟု သာဂရနယ္ေျမရဲစခန္းမွ တာဝန္႐ွိသူတစ္ဦးက ေျပာၾကားသည္။

အလိုမတူအဓမၼျပဳက်င့္သူဟု အမႈဖြင့္ထားေသာ ဦးဖုိးနီကို သာဂရနယ္ေျမရဲစခန္းမွ (ပ) ၅၆/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ အရ ဖမ္းဆီး အမႈဖြင့္လွစ္ စစ္ေဆးေဆာင္ရြက္ထားလ်က္ရွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoicemyanmar

#Unicode Version#
ပဲခူးတိုင်ဒေသကြီး ရေတာရှည်မြို့နယ် ဘန့်ဘွေးပင်ကျေးရွာတွင် တရားဝင်ကွာရှင်းထားသည့် ခင်ပွန်းဟောင်းကို အလိုမတူ အဓမ္မပြုကျင့်မှုဖြင့် မေလ ၅ ရက်နေ့က အမှုဖွင့်တိုင်ကြားသောကြောင့် ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သာဂရနယ်မြေရဲစခန်းမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ ညနေ ၆ နာရီက လယ်တဲတွင် အလုပ်လုပ်ပြီးပြန်လာသူ (၄၇) နှစ်အရွယ် အမျိုးသမီးကို သူမ၏ ခင်ပွန်းဟောင်းဖြစ်သူ (၅၅) နှစ်အရွယ် အမျိုးသားက အလိုမတူ အဓမ္မပြုကျင့်ခဲ့သည့်အပြင် နေအိမ်သို့ ပြန်လည်ပို့ဆောင်ဖြေရှင်းပေးရန် တောင်းဆိုသော်လည်း ငြင်းဆန်ခဲ့ကြောင်း ရဲစခန်းတိုင်ကြားချက်အရ သိရသည်။

“ကျေးရွာဓလေ့ထုံးစံအရ ညှိနှိုင်းကြပေမဲ့ မပြေလည်လို့ မနေ့က အမှုဖွင့်တယ်။ ပြစ်မှုကျုးလွန်တယ်လို့ဆိုတဲ့ အမျိုးသားကိုလည်း ဖမ်းဆီးထားပြီးပါပြီ” ဟု သာဂရနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလိုမတူအဓမ္မပြုကျင့်သူဟု အမှုဖွင့်ထားသော ဦးဖိုးနီကို သာဂရနယ်မြေရဲစခန်းမှ (ပ) ၅၆/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ဖမ်းဆီး အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်ထားလျက်ရှိသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thevoicemyanmar


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top