သက္ေတာ္(၉၆)ႏွစ္ ဝါေတာ္(၄၃)ဝါရွိ ေအာင္သုခဓမၼရိပ္သာဆရာေတာ္္ ဘဒၵႏၲစႏၵိမာ၏ အႏၲိမအဂၢိစ်ာပနသာဓုကီဠနပူဇာသဘင္အခမ္းအနားကိုေမလ(၁၂)ရက္ေန႔ မြန္းလြဲ(၃:၃၀)နာရီအခ်ိန္က ပဲခူးျမိဳ႕ဘိုကုန္း(၁၈)ရပ္ကြက္ ေအာင္သုခဓမၼရိပ္သာႏွင့္ တပ္မ(၇၇)အနီးရွိေတေဇာဓာတ္ပူေဇာ္မည့္ကြင္းတြင္က်င္းပျပဳလုပ္ခဲ႕ေၾကာင္းသိရသည္။

ဆရာေတာ္ဘုရားႀကီး၏ရုပ္ကလပ္ေတာ္အားေတေဇာဓာတ္ျဖင့္အဂၢိစ်ာပနကို ညေန၄နာရီမိ္ိနစ္၂၀မွစတင္ၿပီးမီးပူေဇာ္ခဲ႕ရာည၈နာရီအခ်ိန္တြင္မီးၿငိမ္းသတ္ခဲဲ႕ၾကသည္။

ဆရာေတာ္ႀကီးအားေတေဇာဓါတ္ေလာင္က်ြမ္းခ်ိန္မွာ ၄နာရီမိနစ္၂၀ခန္႕ၾကာျမင့္ခဲ႕ေသာ္လည္းဆရာေတာ္ႀကီး၏ဓါတ္ေတာ္ျပာအနည္းငယ္သာရွိခဲ႕ၿပီးအရိုးေတာ္အမ်ားအျပားမီးေလာင္က်ြမ္းျခင္းမရွိေၾကာင္္းသိရသည္။

“ဆရာေတာ္ဘုရားႀကီးကတရားနဲ႔သက္ေသျပသြားတာက၁၅ရက္ၾကာထားတာ၊ဘာေဆးမွမထိုးဘာအစီအမံမွမလုပ္ထားတာေတာင္လံုးဝအနံ႕အသက္မရွိခဲ့ဘူး၊ေပ်ာ့ေျပာင္းေနတာအခုလဲအခ်ိန္အၾကာႀကီးမီးရိႈ႕တာေတာင္ျပာအနည္းငယ္ပဲရၿပီးအရိုးေတြကအရိုးအတိုင္းနီးပါးက်န္ေနတာကထူးကဲလွပါတယ္”ဟု ဆရာေတာ္ဘုရားႀကီးစ်ာပနအားၿပီးဆံုးခ်ိန္အထိိေစာင့္ၾကည့္္ေနသည့္ပဲခူးၿမိဳ႕ခံတစ္ဦးကေျပာသည္။

ဆရာ​ေတာ္​ႀကီးသည္​၁၄ရက္ၾကာသည္အထိမပုပ္​မသုိးအနံ႔မထြက္​သည္​့အျပင္​ဆံပင္​မ်ားရွည္​လာျခင္​း၊မုတ္​ဆိတ္​​ေမႊမ်ားထြက္​လာျခင္​း၊ကုိယ္​အပူခ်ိန္​မက်ျခင္​းတုိ႔​ေၾကာင့္ဆရာေတာ္ႀကီး၏ရုပ္ကလပ္ေတာ္အား စံေက်ာင္းျဖင့္ထားရွိခ်င္ေသာတပည့္ဒကာဒကာမမ်ားကတစ္ဘက္၊ဆရာေတာ္ႀကီးျပန္လြန္ေတာ္မမူခင္မိန္႕မွာခဲ႕သည့္စကားအတိုင္းေတေဇာဓါတ္ျဖင့္ပူေဇာ္ခ်င္ၾကသည့္တပည့္ဒကာဒကာမမ်ားကတစ္ဘက္အျငင္းပြားမႈမ်ားျဖစ္ေပၚခဲ႕ၾကသျဖင့္ေမလ၁၀ရက္ေန႕က ပဲခူးၿမိဳ႕နယ္သံဃာ့နာယကဆရာေတာ္မ်ားကဆရာေတာ္ႀကီးမိန္႕မွာခ်က္္အတိုင္းသာေဆာင္ရြက္သြားၾကရန္ဆံုးျဖတ္ေပးခဲ႕ရေၾကာင္းသိရသည္။

ပဲခူးၿမိဳ႕ေအာင္သုခဓမၼရိပ္သာဘဒၵႏၲစႏၵိမာဆရာေတာ္္ဘုရားႀကီး၏သရီရဓာတ္ျပာေတာ္မ်ား (ကိုေအာင္သုခ)

ဓမၼရိပ္သာရွိႀကိဳတင္တည္ထားေသာေစတီအတြင္း ဌာပနာသြင္းအပူေဇာ္ခံထားရွိမည္ျဖစ္ေၾကာင္းသိရသည္္

။ပဲခူးၿမိဳ႕ ေအာင္သုခဓမၼရိပ္သာႀကီး၏ အဓိပတိမဟာနာယက ဆရာေတာ္ဘုရားႀကီး ဘဒၵႏၲစႏီၵိမာသည္ သက္တာ္(၉၆)ႏွစ္၊ ဝါေတာ္(၄၃)ဝါရွိၿပီးဧျပီလ(၂၇)ရက္ေ

န႔ည(၁၁:၁၀)နာရီအခ်ိန္ကရန္ကုန္ၿမိဳ႕အာရွေတာ္ဝင္ေဆးရံု၌ ဘဝနတ္ထံပ်ံလြန္ေတာ္မူခဲ႕ေၾကာင္း္သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:သန္းဝင္းႏိုင္(ပဲခူး)
weeklyheadline
#Unicode Version#

သက်တော်(၉၆)နှစ် ဝါတော်(၄၃)ဝါရှိ အောင်သုခဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တစန္ဒိမာ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင်အခမ်းအနားကိုမေလ(၁၂)ရက်နေ့ မွန်းလွဲ(၃:၃၀)နာရီအချိန်က ပဲခူးမြို့ဘိုကုန်း(၁၈)ရပ်ကွက် အောင်သုခဓမ္မရိပ်သာနှင့် တပ်မ(၇၇)အနီးရှိတေဇောဓာတ်ပူဇော်မည့်ကွင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်တော်အားတေဇောဓာတ်ဖြင့်အဂ္ဂိဈာပနကို ညနေ၄နာရီမိနစ်၂၀မှစတင်ပြီးမီးပူဇော်ခဲ့ရာည၈နာရီအချိန်တွင်မီးငြိမ်းသတ်ခဲ့ကြသည်။

ဆရာတော်ကြီးအားတေဇောဓါတ်လောင်ကျွမ်းချိန်မှာ ၄နာရီမိနစ်၂၀ခန့်ကြာမြင့်ခဲ့သော်လည်းဆရာတော်ကြီး၏ဓါတ်တော်ပြာအနည်းငယ်သာရှိခဲ့ပြီးအရိုးတော်အများအပြားမီးလောင်ကျွမ်းခြင်းမရှိကြောင်းသိရသည်။

“ဆရာတော်ဘုရားကြီးကတရားနဲ့သက်သေပြသွားတာက၁၅ရက်ကြာထားတာ၊ဘာဆေးမှမထိုးဘာအစီအမံမှမလုပ်ထားတာတောင်လုံးဝအနံ့အသက်မရှိခဲ့ဘူး၊ပျော့ပြောင်းနေတာအခုလဲအချိန်အကြာကြီးမီးရှို့တာတောင်ပြာအနည်းငယ်ပဲရပြီးအရိုးတွေကအရိုးအတိုင်းနီးပါးကျန်နေတာကထူးကဲလှပါတယ်”ဟု ဆရာတော်ဘုရားကြီးဈာပနအားပြီးဆုံးချိန်အထိစောင့်ကြည့််နေသည့်ပဲခူးမြို့ခံတစ်ဦးကပြောသည်။

ဆရာတော်ကြီးသည်၁၄ရက်ကြာသည်အထိမပုပ်မသိုးအနံ့မထွက်သည့်အပြင်ဆံပင်များရှည်လာခြင်း၊မုတ်ဆိတ်မွှေများထွက်လာခြင်း၊ကိုယ်အပူချိန်မကျခြင်းတို့ကြောင့်ဆရာတော်ကြီး၏ရုပ်ကလပ်တော်အား စံကျောင်းဖြင့်ထားရှိချင်သောတပည့်ဒကာဒကာမများကတစ်ဘက်၊ဆရာတော်ကြီးပြန်လွန်တော်မမူခင်မိန့်မှာခဲ့သည့်စကားအတိုင်းတေဇောဓါတ်ဖြင့်ပူဇော်ချင်ကြသည့်တပည့်ဒကာဒကာမများကတစ်ဘက်အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ကြသဖြင့်မေလ၁၀ရက်နေ့က ပဲခူးမြို့နယ်သံဃာ့နာယကဆရာတော်များကဆရာတော်ကြီးမိန့်မှာချက်အတိုင်းသာဆောင်ရွက်သွားကြရန်ဆုံးဖြတ်ပေးခဲ့ရကြောင်းသိရသည်။

ပဲခူးမြို့အောင်သုခဓမ္မရိပ်သာဘဒ္ဒန္တစန္ဒိမာဆရာတော်ဘုရားကြီး၏သရီရဓာတ်ပြာတော်များ (ကိုအောင်သုခ)

ဓမ္မရိပ်သာရှိကြိုတင်တည်ထားသောစေတီအတွင်း ဌာပနာသွင်းအပူဇော်ခံထားရှိမည်ဖြစ်ကြောင်းသိရသည်

။ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာကြီး၏ အဓိပတိမဟာနာယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒီိမာသည် သက်တာ်(၉၆)နှစ်၊ ဝါတော်(၄၃)ဝါရှိပြီးဧပြီလ(၂၇)ရက်ေ

န့ည(၁၁:၁၀)နာရီအချိန်ကရန်ကုန်မြို့အာရှတော်ဝင်ဆေးရုံ၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့ကြောင်းသိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:သန်းဝင်းနိုင်(ပဲခူး)
weeklyheadline
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top