သရုပ္ေဆာင္ေတြဟာ က်ရာဇာတ္ရုပ္ေတြမွာ ပီျပင္ေအာင္သရုပ္ေဆာင္ရင္း ပရိသတ္ေတြကုိ မေမာနိုင္မပန္းနိုင္ေဖ်ာ္ေျဖခဲ့ၾကေပမယ့္တကယ္တမ္း အသက္ၾကီးလာတဲ့အခါမွာ အနုပညာအလုပ္ေတြလည္းမလုပ္ရေတာ့ပဲ က်န္းမာေရးကလည္းမေကာင္း၊အျခား လုပ္တတ္တာလည္း မရွိတဲ့အခ်ိန္မွာ ဒုကၡေရာက္ၾကရရွာပါတယ္။

အဲဒီလိုသက္ၾကီးအနုပညာသည္ေတြအတြက္ မၾကာေသးမီကပဲျပႆနာ ဇာတ္ကားၾကီးရဲ႕ အဖြဲ႕ဝင္ေတြ ပူးေပါင္းျပီး သိန္းရွစ္ဆယ္အလွဴျပဳခဲ့ေၾကာင္းသိရပါတယ္။ အဲဒီအလွဴနဲ႔ပတ္သက္ျပီး ေနတိုးအပါအဝင္သရုပ္ေဆာင္ၾကီးမ်ားက MC နဲ႔ အင္တာဗ်ဴးမွာေျဖၾကားသြားခဲ့ပါတယ္။

ျပႆနာရုပ္ရွင္ဇာတ္ကားမွာပါဝင္တဲ့ မိသားစုေတြ ေနတိုး၊ ဇာဂနာနဲ႔အျခားေသာ သရုပ္ေဆာင္ေတြစုေပါင္းျပီး သိန္း (၈၀)အလွဴျပဳခဲ့တဲ့အေၾကာင္းကိို ေနတိုး ကေတာ္ေတာ္ေလး ဝမ္းသာပါတယ္။

ပီတိလည္းျဖစ္မိပါတယ္။ ေနာက္ေနာင္မွာလည္း ကြ်န္ေတာ္တို႔ဒီလုိမ်ိဳးလွဴဒါန္းမႈေတြျပဳလုပ္ နုိင္ေအာင္ကြ်န္ေတာ္တို႔ ၾကိဳးစားသြားပါ့မယ္လို႔ စိတ္ထဲမွာျဖစ္မိပါတယ္ေက်း ဇူးတင္ပါတယ္”လို႔ ေျပာၾကားထားသလို လွဴဒါန္းရတဲ့ရည္ရြယ္ခ်က္ကုိ ဇာဂနာက “ဒီကရတ့ဲပိုက္ဆံထဲကေနျပီးလွဴလိုက္တာေပါ့။



ေနာက္ ဒီလိုမ်ိဳးအစဥ္အလာေလးလည္း အျမဲျဖစ္္ေစခ်င္တဲ့စိတ္နဲ႔ လွဴလိုက္တာပါ”လုိ႔ေျပာျပထားပါတယ္။ဒါ့အျပင္ ဇာတ္ကားထဲမွာပါတဲ့ သရုပ္ေဆာင္ယဥ္လတ္ကလည္း “အရမ္းပဲၾကည္နူးဝမ္းသာရပါတယ္။

ဒီကားမွာပါဝင္ခြင့္ရတဲ့အတြက္သာ ဒီလွဴဒါန္းမႈမွာ ပါဝင္ခြင့္ရတဲ့ အတြက္ၾကည္နူးဝမ္းသာပါတယ္”လို႔ ေျဖၾကားထားျပီး ဒါရို္က္တာၾကည္စိုးထြန္းကေတာ့ လွဴဒါန္းပြဲမွာ ရင္ထဲကစကားေတြကုိ “ကုိယ့္ထက္ေလးစားရမယ့္ဝါၾကီးတဲ့လူေတြကုိ အသက္ၾကီးတဲ့အနုပညာရွင္ၾကီးေတြကို ရုိေသရမွန္းေလးစားရမွန္းသိတဲ့ BoBo Entertainment ကုိလည္းေက်းဇူးတင္ပါတယ္။သက္ၾကီးမ်ားအတြက္လည္း ဝမ္းသာပါတယ္”လို႔ ေျပာၾကားထားပါတယ္။

ဝါရင့္သက္ၾကီးအနုပညာရွင္ၾကီးအနုပညာဝင္္းနုိင္ကလည္း ရင္ထဲကလာတဲ့ ငိုသံပါနဲ႔ “ဟုတ္ကဲ့ ဝမ္းသာပါတယ္။ ဒါေဆးတစ္မ်ိဳးပါပဲ။အားရွိေစတဲ့ေဆးေပါ့။ ကြ်န္ေတာ့္ကုိလာျပီးေတာ့ အင္တာဗ်ဴးလုပ္တိုင္းေမးတယ္။

မင္းသားမင္းသမီးေတြကမလွဴၾကဘူးလားတဲ့။တကယ္တမ္းက်ေတာ့သူတို႔လည္း သူတို႔အလုပ္သူတုိ႔လုပ္စားၾကတာေလ။ အခုဆိုရင္ အလုပ္ရွင္ေတြေရာ ကြ်န္ေတာ္တို ႔နဲ႔လုပ္ေဖာ္ကုိင္္ဖက္သရုပ္ေဆာင္ေတြေရာ ပါဝင္ေနတဲ့အ လွဴၾကီးေပါ့။အင္မ တန္ေကာင္းပါတယ္။

အားလံုးေမွ်ာ္ေနတဲ့အလွဴပါ။ အထူးသျဖင့္ကြ်န္ေတာ္တို႔ပုိေမွ်ာ္တာေပါ့ဗ်ာ”လို႔ ေျဖၾကားထားတာကိုဂရုဏာသက္စရာေတြ႕ျမင္ရပါတယ္။လူၾကီးခန္းေတြမွာသရုပ္ေဆာင္ေနက်ျဖစ္တဲ့ ဦးဝင္းျမိဳင္ကလည္း”အင္မတန္ဝမ္းသာပါတယ္။

ဒီလိုပဲ တျခားေအာင္ျမင္တဲ့ဇာတ္ကားေတြရွိလို႔ရွိရင္လည္း ဒီလိုေလးေတြလွဴၾကတာက အင္မတန္ေကာင္းပါတယ္လို႔ ဘာလို႔ဆိုေတာ့ ရုပ္ရွင္္ေလာကထဲမွာအဆင္မေျပတဲ့ေန ရာေလးေတြကုိ ပံ့ပိုးေပးတယ္ဆိုတာက မဂၤလာပါပဲ”လို႔ ေျပာၾကားထားပါတယ္။



ဒီ သိန္္းရွစ္ဆယ္လွဴဒါန္းပြဲၾကီးကိုသက္ၾကီးအနုပညာရွင္ေတာ္ေတာ္မ်ားမ်ားတက္ေရာက္ခဲ့ျပီး ဝမ္းေျမာက္ဝမ္းသာနဲ႔အလွဴေငြေတြလက္ခံကာ သာဓုေခၚဆိုခဲ့ၾကပါတယ္။ ပရိသတ္ၾကီးေရာ ျပႆနာဇာတ္ကားၾကီးကုိအားေပးၾကလား။ ရုပ္ရွင္ေလာကသားေတြရဲ႕ မြန္ျမတ္တဲ့အလွဴ ကုိလည္းသာဓုေခၚလုိက္ၾကပါဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

သရုပ်ဆောင်တွေဟာ ကျရာဇာတ်ရုပ်တွေမှာ ပီပြင်အောင်သရုပ်ဆောင်ရင်း ပရိသတ်တွေကို မမောနိုင်မပန်းနိုင်ဖျော်ဖြေခဲ့ကြပေမယ့်တကယ်တမ်း အသက်ကြီးလာတဲ့အခါမှာ အနုပညာအလုပ်တွေလည်းမလုပ်ရတော့ပဲ ကျန်းမာရေးကလည်းမကောင်း၊အခြား လုပ်တတ်တာလည်း မရှိတဲ့အချိန်မှာ ဒုက္ခရောက်ကြရရှာပါတယ်။

အဲဒီလိုသက်ကြီးအနုပညာသည်တွေအတွက် မကြာသေးမီကပဲပြဿနာ ဇာတ်ကားကြီးရဲ့ အဖွဲ့ဝင်တွေ ပူးပေါင်းပြီး သိန်းရှစ်ဆယ်အလှူပြုခဲ့ကြောင်းသိရပါတယ်။ အဲဒီအလှူနဲ့ပတ်သက်ပြီး နေတိုးအပါအဝင်သရုပ်ဆောင်ကြီးများက MC နဲ့ အင်တာဗျူးမှာဖြေကြားသွားခဲ့ပါတယ်။

ပြဿနာရုပ်ရှင်ဇာတ်ကားမှာပါဝင်တဲ့ မိသားစုတွေ နေတိုး၊ ဇာဂနာနဲ့အခြားသော သရုပ်ဆောင်တွေစုပေါင်းပြီး သိန်း (၈၀)အလှူပြုခဲ့တဲ့အကြောင်းကို နေတိုး ကတော်တော်လေး ဝမ်းသာပါတယ်။

ပီတိလည်းဖြစ်မိပါတယ်။ နောက်နောင်မှာလည်း ကျွန်တော်တို့ဒီလိုမျိုးလှူဒါန်းမှုတွေပြုလုပ် နိုင်အောင်ကျွန်တော်တို့ ကြိုးစားသွားပါ့မယ်လို့ စိတ်ထဲမှာဖြစ်မိပါတယ်ကျေး ဇူးတင်ပါတယ်”လို့ ပြောကြားထားသလို လှူဒါန်းရတဲ့ရည်ရွယ်ချက်ကို ဇာဂနာက “ဒီကရတဲ့ပိုက်ဆံထဲကနေပြီးလှူလိုက်တာပေါ့။

နောက် ဒီလိုမျိုးအစဉ်အလာလေးလည်း အမြဲဖြစ်စေချင်တဲ့စိတ်နဲ့ လှူလိုက်တာပါ”လို့ပြောပြထားပါတယ်။ဒါ့အပြင် ဇာတ်ကားထဲမှာပါတဲ့ သရုပ်ဆောင်ယဉ်လတ်ကလည်း “အရမ်းပဲကြည်နူးဝမ်းသာရပါတယ်။

ဒီကားမှာပါဝင်ခွင့်ရတဲ့အတွက်သာ ဒီလှူဒါန်းမှုမှာ ပါဝင်ခွင့်ရတဲ့ အတွက်ကြည်နူးဝမ်းသာပါတယ်”လို့ ဖြေကြားထားပြီး ဒါရိုက်တာကြည်စိုးထွန်းကတော့ လှူဒါန်းပွဲမှာ ရင်ထဲကစကားတွေကို “ကိုယ့်ထက်လေးစားရမယ့်ဝါကြီးတဲ့လူတွေကို အသက်ကြီးတဲ့အနုပညာရှင်ကြီးတွေကို ရိုသေရမှန်းလေးစားရမှန်းသိတဲ့ BoBo Entertainment ကိုလည်းကျေးဇူးတင်ပါတယ်။သက်ကြီးများအတွက်လည်း ဝမ်းသာပါတယ်”လို့ ပြောကြားထားပါတယ်။

ဝါရင့်သက်ကြီးအနုပညာရှင်ကြီးအနုပညာဝင်းနိုင်ကလည်း ရင်ထဲကလာတဲ့ ငိုသံပါနဲ့ “ဟုတ်ကဲ့ ဝမ်းသာပါတယ်။ ဒါဆေးတစ်မျိုးပါပဲ။အားရှိစေတဲ့ဆေးပေါ့။ ကျွန်တော့်ကိုလာပြီးတော့ အင်တာဗျူးလုပ်တိုင်းမေးတယ်။

မင်းသားမင်းသမီးတွေကမလှူကြဘူးလားတဲ့။တကယ်တမ်းကျတော့သူတို့လည်း သူတို့အလုပ်သူတို့လုပ်စားကြတာလေ။ အခုဆိုရင် အလုပ်ရှင်တွေရော ကျွန်တော်တို့နဲ့လုပ်ဖော်ကိုင်ဖက်သရုပ်ဆောင်တွေရော ပါဝင်နေတဲ့အ လှူကြီးပေါ့။အင်မ တန်ကောင်းပါတယ်။

အားလုံးမျှော်နေတဲ့အလှူပါ။ အထူးသဖြင့်ကျွန်တော်တို့ပိုမျှော်တာပေါ့ဗျာ”လို့ ဖြေကြားထားတာကိုဂရုဏာသက်စရာတွေ့မြင်ရပါတယ်။လူကြီးခန်းတွေမှာသရုပ်ဆောင်နေကျဖြစ်တဲ့ ဦးဝင်းမြိုင်ကလည်း”အင်မတန်ဝမ်းသာပါတယ်။

ဒီလိုပဲ တခြားအောင်မြင်တဲ့ဇာတ်ကားတွေရှိလို့ရှိရင်လည်း ဒီလိုလေးတွေလှူကြတာက အင်မတန်ကောင်းပါတယ်လို့ ဘာလို့ဆိုတော့ ရုပ်ရှင်လောကထဲမှာအဆင်မပြေတဲ့နေ ရာလေးတွေကို ပံ့ပိုးပေးတယ်ဆိုတာက မင်္ဂလာပါပဲ”လို့ ပြောကြားထားပါတယ်။

ဒီ သိန်းရှစ်ဆယ်လှူဒါန်းပွဲကြီးကိုသက်ကြီးအနုပညာရှင်တော်တော်များများတက်ရောက်ခဲ့ပြီး ဝမ်းမြောက်ဝမ်းသာနဲ့အလှူငွေတွေလက်ခံကာ သာဓုခေါ်ဆိုခဲ့ကြပါတယ်။ ပရိသတ်ကြီးရော ပြဿနာဇာတ်ကားကြီးကိုအားပေးကြလား။ ရုပ်ရှင်လောကသားတွေရဲ့ မွန်မြတ်တဲ့အလှူ ကိုလည်းသာဓုခေါ်လိုက်ကြပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top