ျပည့္သူ႔အခ်စ္ေတာ္ ဇာတ္မင္းသား ရုပ္ရွင္သရုပ္ေဆာင္ ဖိုးခ်စ္ကေတာ့ သူ႔အေနနဲ႔ မီဒီယာေတြနဲ႔ အနည္းငယ္ကင္းကြာေနတာျဖစ္ျပီး လက္ရွိမွာေတာ့ တဖန္မီဒီယာေပၚမွာ ေပၚလာျပီး အဓိပၸါယ္ရွိတဲ့ စကားေတာ္ေတာ္မ်ားမ်ားကို ေျပာၾကားသြားခဲ့ပါတယ္။ ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္ကို ခ်စ္ျမတ္ႏိုးတဲ့ ျမန္မာ့ဇာတ္မင္းသား ဖိုးခ်စ္ကေတာ့ လက္ရွိမွာလည္း ျမန္မာ့ယဥ္ေက်းမႈေတြကို ထိန္းသိမ္းဖို႔ လိုအပ္သလို စိုးရိမ္ရတဲ့အေျခအေနမွာလည္း ေရာက္ေနျပီလို႔သူ႔ရဲ့ အျမင္ေလးကို ေဝမွ်ေျပာဆိုလာခဲ့ပါတယ္။

ဖိုးခ်စ္ကေတာ့ PannPwint နဲ႔ အင္တာဗ်ဴးမွာေတာ့ ရုပ္ရွင္မင္းသားနဲ႔ ဇာတ္မင္းသားဘဝ ဘာကြာလဲဆိုတဲ့ ေမးခြန္းကုိေတာ့ “ဇာတ္မင္းသားလည္း လူပါပဲ။ ရုပ္ရွင္မင္းသားကလည္း လူပါပဲ။ လူကေတာ့ လူပီသေအာင္ေနရင္ လူနဲ႔တူေနမွာပါပဲ။ ဘာအလုပ္ပဲ လုပ္လုပ္ လူပါပဲ။ အဲ့ဒါေတြက သတ္မွတ္ထားတဲ့အရာေတြပါ။ တကယ္တမ္းေတာ့ ကြ်န္ေတာ္တို႔က ဘာအလုပ္ပဲလုပ္လုပ္ လူစိတ္ေမႊးဖို႔ပဲ လိုပါတယ္”

ျမန္မာ့ယဥ္ေက်းမႈနဲ႔ ပတ္သက္ျပီး ေျပာခ်င္တာရွိလားဆိုတဲ့ အေပၚမွာေတာ့ “ရွိပါတယ္။ ဒါကိုေတာ့ ကြ်န္ေတာ္သီးျခားေလး ေျပာဖို႔ရွိပါတယ္။ မီဒီယာေတြကိုလည္း တေလးတစားဖိတ္မွာပဲ။ ဒီလိုအင္တာဗ်ဴးမွာက်ေတာ့ သိပ္ျပီး အာရံုမရမွာဆိုးလို႔ပါ။ အေရးၾကီးပါတယ္၊ ကြ်န္ေတာ္တို႔ႏိုင္ငံက ရိုးရာယဥ္ေက်းမႈနဲ႔ ပတ္သက္ရင္စိုးရိမ္ေရမွတ္ေရာက္ေနပါျပီ။ သိပ္စိုးရိမ္ရတဲ့ အေနအထားတခုပါ။ မျမင္ရတဲ့အခါ လက္နဲ႔ ဆုတ္ကိုင္ျပီး ျပလို႔မရေတာ့ မေၾကာက္ၾကပါဘူး။ ဘာေတြ စိုးရိမ္ရလည္းဆိုေတာ့ အမ်ားၾကီးပါ။ ကြ်န္ေတာ္ တခုထုတ္ေျပာပါ့မယ္။ ကိုယ္ႏိုင္ငံက ပိုင္ဆိုင္တဲ့ ရိုးရာယဥ္ေက်းမႈအေမြအႏွစ္ေတြ တျခားႏိုင္ငံကို ပါေနျပီ။ မျဖစ္သင့္တဲ့ ကိစၥပါ။ အားလံုးမွာ တာဝန္ရွိပါတယ္။ သနပ္ခါး အေျခအေနမေကာင္းေတာ့ဘူး။ လက္ဖက္ ျမန္မာဆိုင္ေတြ ဒီတိုင္းၾကည့္ေနလို႔မရေတာ့ဘူး။ ကြ်န္ေတာ္တို႔ ပိုင္တဲ့ဟာေတြ၊ အိႏၵိယႏိုင္ငံက ေျဗာင္ေျပာရရင္ ခိုးတယ္။ ဒါေပမယ့္လည္း သူတိ႔ုက အားေကာင္းတယ္။ ကြ်န္ေတာ္တို႔ လက္တြဲညီမွ ရေတာ့မယ္”

ဒီအတြက္ ႏိုင္ငံေတာ္ အပိုင္းက ဘယ္ေလာက္အေရးပါလဲဆိုတဲ့ အေပၚမွာေတာ့ “အမ်ားၾကီး အေရးပါပါတယ္။ ေရွ႔ပိုင္းမွာေတာ့ အလုပ္ေတြမ်ားေနတာေၾကာင့္ အခုခ်ိန္မွာေတာ့ ကြ်န္ေတာ္ပူဆာပါေတာ့မယ္။ တိုင္းျပည္မွာလည္း ငိုတတ္တ့ဲကေလး ႏို႔ပိုစို႔ရတာ မျဖစ္ေစခ်င္ဘူး။ ကြ်န္ေတာ္ငိုေတာ့မယ္။ ငိုမွသိမယ္ဆိုေတာ့လည္း ကြ်န္ေတာ္ငိုပါေတာ့မယ္။ ကြ်န္ေတာ့္အတြက္ မဟုတ္ပါဘူး။ ျမန္မာ့ယဥ္ေက်းမႈအတြက္ပါဗ်ာ”

ျမန္မာ့ရိုးရာ ဂီတနဲ႔ ပတ္သက္ျပီး “ႏိုင္ငံတကာ အဆင့္မွီ သဘင္ရြာေတြ ေဆာက္လုပ္ဖို႔ လိုအပ္ပါတယ္။ ျပီးေတာ့ Music ေတြ မပ်က္သြားဖို႔ လိုတယ္။ ဒီတူရိယာပစၥည္းေတြ ကမာၻက အသိအမွတ္ျပဳျပီး ျမန္မာႏိုင္ငံ ပိုင္တဲ့ဟာပါဆိုျပီး Register လုပ္ဖို႔လိုပါတယ္။ ယဥ္ေက်းမႈေတြ ထိန္းသိမ္းဖို႔ အမ်ားၾကီးလိုလာျပီ။ ဒီအခ်ိန္က အရမ္းအေရးၾကီးတဲ့ အခ်ိန္ျဖစ္ေနျပီ”

ျမန္မာ့သမိုင္းအေမြအႏွစ္နဲ႔ ပတ္သက္ျပီး “ေရွးႏွစ္သန္းေပါင္းမ်ားစြာကတည္းက ပံုေတာင္ပံုညာေဒသမွာ ေတြ႔ရတဲ့ ေက်ာက္ျဖစ္ရုပ္ၾကြင္းေတြကိုၾကည့္ရင္ လူသားအစ ျမန္မာကလို႔ ေျပာရေလာက္ေအာင္ကို ေရွးက်ပါတယ္။ လူသားအစက ျမန္မာလို႔ ေျပာလို႔ရတဲ့အခ်ိန္မွာ ယဥ္ေက်းမႈကလည္း ကြ်န္ေတာ္တို႔ ပိုေစာပါတယ္။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ ပိုင္တဲ့ ပစၥည္းေတြကို ဘာလို႔ ခိုင္ခိုင္မာမာ မလုပ္ႏိုင္ရတာလဲ။ ေတြးၾကည့္လိုက္ပါ။ အႏၱရာယ္သိပ္မ်ားတယ္။ ကြ်န္ေတာ္တို႔ ပိုင္တဲ့ ပစၥည္းေတြကို သူမ်ားပိုင္တယ္လို႔ ေျပာခံရမွာ။ ေနာက္ပိုင္းဆို လူမ်ိဳးေတာင္ ေပ်ာက္သြားႏိုင္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေျပာခ်င္လြန္းလို့

#Unicode Version#
ပြည့်သူ့အချစ်တော် ဇာတ်မင်းသား ရုပ်ရှင်သရုပ်ဆောင် ဖိုးချစ်ကတော့ သူ့အနေနဲ့ မီဒီယာတွေနဲ့ အနည်းငယ်ကင်းကွာနေတာဖြစ်ပြီး လက်ရှိမှာတော့ တဖန်မီဒီယာပေါ်မှာ ပေါ်လာပြီး အဓိပ္ပါယ်ရှိတဲ့ စကားတော်တော်များများကို ပြောကြားသွားခဲ့ပါတယ်။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကို ချစ်မြတ်နိုးတဲ့ မြန်မာ့ဇာတ်မင်းသား ဖိုးချစ်ကတော့ လက်ရှိမှာလည်း မြန်မာ့ယဉ်ကျေးမှုတွေကို ထိန်းသိမ်းဖို့ လိုအပ်သလို စိုးရိမ်ရတဲ့အခြေအနေမှာလည်း ရောက်နေပြီလို့သူ့ရဲ့ အမြင်လေးကို ဝေမျှပြောဆိုလာခဲ့ပါတယ်။

ဖိုးချစ်ကတော့ PannPwint နဲ့ အင်တာဗျူးမှာတော့ ရုပ်ရှင်မင်းသားနဲ့ ဇာတ်မင်းသားဘဝ ဘာကွာလဲဆိုတဲ့ မေးခွန်းကိုတော့ “ဇာတ်မင်းသားလည်း လူပါပဲ။ ရုပ်ရှင်မင်းသားကလည်း လူပါပဲ။ လူကတော့ လူပီသအောင်နေရင် လူနဲ့တူနေမှာပါပဲ။ ဘာအလုပ်ပဲ လုပ်လုပ် လူပါပဲ။ အဲ့ဒါတွေက သတ်မှတ်ထားတဲ့အရာတွေပါ။ တကယ်တမ်းတော့ ကျွန်တော်တို့က ဘာအလုပ်ပဲလုပ်လုပ် လူစိတ်မွှေးဖို့ပဲ လိုပါတယ်”

မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ပြောချင်တာရှိလားဆိုတဲ့ အပေါ်မှာတော့ “ရှိပါတယ်။ ဒါကိုတော့ ကျွန်တော်သီးခြားလေး ပြောဖို့ရှိပါတယ်။ မီဒီယာတွေကိုလည်း တလေးတစားဖိတ်မှာပဲ။ ဒီလိုအင်တာဗျူးမှာကျတော့ သိပ်ပြီး အာရုံမရမှာဆိုးလို့ပါ။ အရေးကြီးပါတယ်၊ ကျွန်တော်တို့နိုင်ငံက ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်ရင်စိုးရိမ်ရေမှတ်ရောက်နေပါပြီ။ သိပ်စိုးရိမ်ရတဲ့ အနေအထားတခုပါ။ မမြင်ရတဲ့အခါ လက်နဲ့ ဆုတ်ကိုင်ပြီး ပြလို့မရတော့ မကြောက်ကြပါဘူး။ ဘာတွေ စိုးရိမ်ရလည်းဆိုတော့ အများကြီးပါ။ ကျွန်တော် တခုထုတ်ပြောပါ့မယ်။ ကိုယ်နိုင်ငံက ပိုင်ဆိုင်တဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေ တခြားနိုင်ငံကို ပါနေပြီ။ မဖြစ်သင့်တဲ့ ကိစ္စပါ။ အားလုံးမှာ တာဝန်ရှိပါတယ်။ သနပ်ခါး အခြေအနေမကောင်းတော့ဘူး။ လက်ဖက် မြန်မာဆိုင်တွေ ဒီတိုင်းကြည့်နေလို့မရတော့ဘူး။ ကျွန်တော်တို့ ပိုင်တဲ့ဟာတွေ၊ အိန္ဒိယနိုင်ငံက ဗြောင်ပြောရရင် ခိုးတယ်။ ဒါပေမယ့်လည်း သူတိ့ုက အားကောင်းတယ်။ ကျွန်တော်တို့ လက်တွဲညီမှ ရတော့မယ်”

ဒီအတွက် နိုင်ငံတော် အပိုင်းက ဘယ်လောက်အရေးပါလဲဆိုတဲ့ အပေါ်မှာတော့ “အများကြီး အရေးပါပါတယ်။ ရှေ့ပိုင်းမှာတော့ အလုပ်တွေများနေတာကြောင့် အခုချိန်မှာတော့ ကျွန်တော်ပူဆာပါတော့မယ်။ တိုင်းပြည်မှာလည်း ငိုတတ်တဲ့ကလေး နို့ပိုစို့ရတာ မဖြစ်စေချင်ဘူး။ ကျွန်တော်ငိုတော့မယ်။ ငိုမှသိမယ်ဆိုတော့လည်း ကျွန်တော်ငိုပါတော့မယ်။ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ မြန်မာ့ယဉ်ကျေးမှုအတွက်ပါဗျာ”

မြန်မာ့ရိုးရာ ဂီတနဲ့ ပတ်သက်ပြီး “နိုင်ငံတကာ အဆင့်မှီ သဘင်ရွာတွေ ဆောက်လုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ Music တွေ မပျက်သွားဖို့ လိုတယ်။ ဒီတူရိယာပစ္စည်းတွေ ကမ္ဘာက အသိအမှတ်ပြုပြီး မြန်မာနိုင်ငံ ပိုင်တဲ့ဟာပါဆိုပြီး Register လုပ်ဖို့လိုပါတယ်။ ယဉ်ကျေးမှုတွေ ထိန်းသိမ်းဖို့ အများကြီးလိုလာပြီ။ ဒီအချိန်က အရမ်းအရေးကြီးတဲ့ အချိန်ဖြစ်နေပြီ”

မြန်မာ့သမိုင်းအမွေအနှစ်နဲ့ ပတ်သက်ပြီး “ရှေးနှစ်သန်းပေါင်းများစွာကတည်းက ပုံတောင်ပုံညာဒေသမှာ တွေ့ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုကြည့်ရင် လူသားအစ မြန်မာကလို့ ပြောရလောက်အောင်ကို ရှေးကျပါတယ်။ လူသားအစက မြန်မာလို့ ပြောလို့ရတဲ့အချိန်မှာ ယဉ်ကျေးမှုကလည်း ကျွန်တော်တို့ ပိုစောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပိုင်တဲ့ ပစ္စည်းတွေကို ဘာလို့ ခိုင်ခိုင်မာမာ မလုပ်နိုင်ရတာလဲ။ တွေးကြည့်လိုက်ပါ။ အန္တရာယ်သိပ်များတယ်။ ကျွန်တော်တို့ ပိုင်တဲ့ ပစ္စည်းတွေကို သူများပိုင်တယ်လို့ ပြောခံရမှာ။ နောက်ပိုင်းဆို လူမျိုးတောင် ပျောက်သွားနိုင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။



ဖိုးသူတော်(www.phothutaw.com)
Credit:ပြောချင်လွန်းလို့
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top