










#Unicode Version# ဖြင့်ဖတ်ပါ ။

ဘုရားစာမကြောက်၊ ပရိတ်ရေ မကြောက်တဲ့ အနူသရဲကို ထမီနဲ့ အုပ်လိုက်တဲ့အခါ…..

မိုးရွာပီးချိန်စိုစိုစွတ်စွတ်ညနေချိန်ခါလေးမှာပေါ့အိမ်အနောက်ဘက်လမ်းပေါ်ခွေးတွေအရမ်းအူနေသံကကြားမကောင်းညမိုးမချုပ်သေးဘူးညနေချိန်ခါအူနေကြတာမောင်းထုတ်အုံးမှဆိုပီးလမ်းဘက်ကိုထွက်လာခဲ့တယ်ကြိမ်တံကိုင်လို့ခွေးတွေကိုမောင်းထုတ်ပီးစိတ်တိုတိုဖြင့်အောင်ပိုင်တယောက်လမ်းနောက်ဘက်ကသပြေပင်ကိုင်းကိုအားပါပါဖြင့်ရိုက်ချလိုက်ရာကစပီးခေါင်းတွေထိုးကိုက်လာလို့အိမ်ကိုအမြန်အပြေးပြန်ရာခလုပ်တိုက်လဲသွားခဲ့သည်။

“မောင်လေးဘာဖြစ်နေတာလဲဟင်မောင်လေးအမကိုမော့ကြည့်ပါအုံး” ခေါင်းငိုက်စိုက်ပီး ညည်းတွားနေသော မောင်ငယ်ကို အမကမေးရာမော့အကြည့်” အမယ်လေးးးး အမေရေ အမေသားမျက်နှာကြီးက ဘယ်လိုကြီးတုန်း ကြောက်စရာ ကောင်းလိုက်တာ အမေလာကြည့်ပါအုံး”

“ဟဲ့ဟဲ့ဘာဖြစ်လို့တုန်းဘာလို့အော်နေတာတုန်းလူကြားမကောင်းအငယ်ကောင်အမကိုမစနဲ့လေ” အူးအူးအူး ဟီးဟီးဟီး မကျေနပ်ဘူးး။ မကျေနပ်ဘူးး”ဟဲ့ငါနင့်အမေလေဘာမကျေနပ်ဘူးလဲငါ့ကိုကြည့်စမ်း”အပူးခံရသော အောင်ပိုင် မော့ကြည့် လိုက်ရာ”အောင်မယ်လေးးးဘုရားဘုရားငါ့သားမျက်နှာဘယ်လိုဖြစ်တာပါလိမ့်ခရမ်းချဉ်သီးကြီးလိုပါပဲလား

နဖူးကဘုကကြက်ဥလုံးလောက်ရှိတယ်သုံးလုံးတောင်မှပါးနှစ်ဖက်ဘုလေးလုံးမေးစေ့ကနှစ်လုံးဖြစ်နေတယ်တကိုယ်လုံးလဲနီရဲလို့ဖုတွေကြည့်ပါလားမဖြစ်ဘူးမဖြစ်ဘူးဒါတယောက်ယောက်ကလုပ်ထားတာဖြစ်ရမယ်ဘုရားစဉ်ကရေမန်းယူခဲ့စပ်းပါဟေ့အကြီးမရေ”ဟုတ်အမေကဲသားလေးသောက်လိုက်နော်ရေမန်းလေးသောက်နော်”အားးးး ခင်ဗျားသား မဟုတ်ဘူး ခင်ဗျားသားကိုမကျေနပ်ဘူးးးးးးးးးး

ဟဲ့လုပ်ကြပါအုံး ရေမန်းလဲမနိုင် ကယ်ကြပါအုံး ငါ့သားလေး အပူးခံရလို့ဘယ်လိုလုပ်ရမှာလဲခေါ်ကြပါအုံးဟဲ့”အမေ တယောက် ပူဆွေးသောကရောက်ရပီအမကလည်း မျက်ရည်တွေရွှဲလို့ခဏကြာမှာ ဆရာတယောက် ရောက်လာသည် စစ်ဆေးမေးမြန်းကြည့်ရာ အသံနက်ကြီးဖြင့် မျက်လုံးကလည်း နီရဲကာ မျက်ဆံနက်ပါပျောက်သွားသည်”ငါအိပ်နေ တာကိုကြိမ်နဲ့ထပ်ကာထပ်ကာရိုက်တယ်မကျေနပ်လို့ဟေ့မကျေနပ်လို့ငါ့ကိုအမဲသားကြွေးစားပီးမှပြန်မယ်ဟီးဟီးးးးဟီးး

ကလေးငယ်ကိုမနောက်ယှက်နဲ့သင့်နေရာသို့သင်ပြန်အကျင့်ပါတယ်ဘာအမဲသားမှမကြွေးနိုင်ဘူးနင်တို့တွေစားရရင်တယောက်ပီး တယောက်ဝင်ပူးနေတော့မှ ခက်မယ်သွားထွက် အခုထွက် ဒီကလေးကိုယ်ပေါ်က ဆရာလည်း ဘာတွေမန်းမှုတ် လဲမသိ

သရဲကိုမနိုင် ပိန်ပိန် ကောင်လေးငယ်က လူကြီးလေးငါးယောက် ချုပ်တာတောင်မှ ဘယ်လိုမှမရ သောင်းကျန်းချက် သီလသမာဓိရှိတဲ့သူကလည်း ခုခေတ်မှာရှားးပါးးတော့ ဘယ်လိုဆရာမှ ထုတ်မရ ကဲကဲမင်းကဘယ်ကလဲ ဘယ်ကသရဲ တစ္ဆေလဲပြောစမ်းငါကသပြေကိုင်းမှာအိပ်နေတဲ့သရဲအနူသရဲငါ့ဘာသာနေတာသူကကြိမ်နဲ့ရိုက်လို့ငါနာကျဉ်တာမကျေနပ်ဘူးငါ့နေတဲ့သပြေကိုင်းကျိုးသွားပီငါနေစရာမရှိတော့ဘူးသူ့ကိုယ်ပေါ်မှာပဲနေမယ်မထွက်ဘူးးးး

“အနူသရဲကပါဝါအတော်မြင့်ပုံရတယ်ဘယ်လိုပြောပြောရိုက်ရိုက်မဖြုံ၊ မောင်လေးကို မကယ်နိုင်တော့ဘူးလား အဘတို့ ဆရာတို့ရဲ့လုပ်ကြပါအုံးးး”ထမီနဲ့သာအုပ်လိုက်ကြတော့ သရဲကအဆင့်မြင့်တယ် ဘုရားဂါထာမကြောက် တရားရေ မကြောက် ဆိုတော့ထမီနဲ့သာအုပ်လိုက်တော့မြန်မြန်ထွက်အောင်လို့”အမယ်လေးး ကျမသား ဘုန်းကံနိမ့်ကုန်မှာပေါ့ မလုပ်ပါနဲ့”အမေရေမတတ်နိုင်ဘူးဒီတိုင်းဆိုအမေသားသေလိမ့်မယ်ကဲသမီးထမီနဲ့အုပ်ပီ”အားးးးးးပူတယ်ပူတယ် ဝူးးးးးးးဝါးးးးး”အိမ်ထဲမှအပြင်သို့လေတချက်ဝှေ့ခတ်သွားသည်။

အောင်ပိုင်လည်းပျော့ခွေကျသွားသည်”သားလေးသားလေး သတိထားပါဦးး ကဲကလေးကို ပရိတ်ရေလေးတိုက် လိုက်ပါ သူသတိရလာရင်အဆင်ပြေသွားမှာပါအဘတို့သွားပီဟေ့”နောက်ဆိုရင် သတိထားကြပေါ့ ကလေးငယ်တွေ ကိုမှာထားနေရဲ့ အလင်းရောင်ကွယ်ချိန်မှ စသစ်ပင်ပန်းပင်တို့ကို ချိုးခူးရိုက်ခုတ်ခြင်းမပြုရဘူးး မမြင်နိုင်တဲ့ သတ္တဝါတွေ နေထိုင်ကြတယ် ကိုယ့်ကိုအန္တရယ်မပြုနိုင်အောင်မေတ္တာပို့အမျှဝေပေးပါ။ သစ်ပင်အကိုင်းအခက်တွေက လည်းသူတို့ နေထိုင်ရာအိမ်တွေဖြစ်လို့မချိုးမိပါစေနဲ့ ညနေနေဝင်ချိန်မှစနေရဲ့အလင်းရောင်မလာခင်ချိန်ထိပေါ့။

ဖိုးသူတော် (www.phothutaw.com)
Credit:Infotainment Media
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top