စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ္ ဘုန္းႀကီးေက်ာင္းႏွစ္ေက်ာင္းၾကားသစ္ပင္တြင္ အမ်ဳိးသားတစ္ဦး စြပ္က်ယ္ျဖင့္ ႀကိဳးဆြဲခ်ေသဆုံးေနသည္ကို ေတြ႔ရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ လင္းလြန္း(ေတာင္)ရပ္ကြက္၊ လင္းလြန္းပင္ ေက်ာင္းတုိက္ႏွင့္ ဂႏၶာရုံ ေက်ာင္းတိုက္ၾကားရွိေဘာစကိုင္းပင္တြင္ ေမလ ၁၆ ရက္၊ နံနက္အေစာပိုင္းက ေအာက္ပိုင္းအဝတ္မပါ၊ အေပၚပိုင္းဝတ္ထားသည့္စြပ္က်ယ္ျဖင့္ ႀကိဳးဆြဲခ်ေသဆုံးေနေသာ အမ်ဳိးသားတစ္ဦးကို ေတြ႔ရွိရေၾကာင္း ဂႏၶာရုံေက်ာင္း တိုက္ဆရာေတာ္ထံမွ သိရသည္။

“ဦးဇင္းအိပ္ယာႏိုးေတာ့ သြပ္ေပၚလမ္းေလွ်ာက္သံၾကားရတယ္။ ၾကည့္လိုက္တဲ့အခါ လူျဖစ္ေနလို႔ သူခိုးထင္တာနဲ႔ အထဲကေစာင့္ေနတာ။ ေနာက္ေတာ့ၿငိမ္သြားတာနဲ႔ တံခါးဖြင့္ၾကည့္လိုက္တဲ့အခါ အျပင္ဘက္မွာ အဲဒီလိုျဖစ္ေနတာကို ေတြ႔ရတယ္။ ဦးဇင္းတို႔ေတြ႔တဲ့အခ်ိန္က်ေတာ့ အဲဒီလူမွာ ဘာမွမပါဘူး၊ ဝတ္ထားတဲ့ စြပ္က်ယ္နဲ႔ ေဘာစကိုင္းပင္ကို ခ်ီထားတာေတြ႔ရတယ္။ ေအာက္ပိုင္းမွာ ပုဆိုးတို႔ေဘာင္းဘီတို႔လည္းမပါဘူး” ဟု ဂႏၶာရုံေက်ာင္း တိုက္ဆရာေတာ္ ဦးဣစတိက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

အဆိုပါအမ်ဳိးသားသည္ အသက္ ၃၅ ႏွစ္ခန္႔ရွိကာ မည္သူမည္ဝါဆိုျခင္းကို မသိရွိရေသးဘဲ အဆိုပါ ေသဆုံးမႈႏွင့္ပတ္သက္၍ ဓမၼတာအတိုင္း ေသဆုံးျခင္းဟုတ္/မဟုတ္သိရွိႏိုင္ရန္ စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၇/၂၀၁၉ ျဖင့္ အမႈေရးဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:poppinnew

#Unicode Version#
စမ်းချောင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းကြားသစ်ပင်တွင် အမျိုးသားတစ်ဦး စွပ်ကျယ်ဖြင့် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်း(တောင်)ရပ်ကွက်၊ လင်းလွန်းပင် ကျောင်းတိုက်နှင့် ဂန္ဓာရုံ ကျောင်းတိုက်ကြားရှိဘောစကိုင်းပင်တွင် မေလ ၁၆ ရက်၊ နံနက်အစောပိုင်းက အောက်ပိုင်းအဝတ်မပါ၊ အပေါ်ပိုင်းဝတ်ထားသည့်စွပ်ကျယ်ဖြင့် ကြိုးဆွဲချသေဆုံးနေသော အမျိုးသားတစ်ဦးကို တွေ့ရှိရကြောင်း ဂန္ဓာရုံကျောင်း တိုက်ဆရာတော်ထံမှ သိရသည်။

“ဦးဇင်းအိပ်ယာနိုးတော့ သွပ်ပေါ်လမ်းလျှောက်သံကြားရတယ်။ ကြည့်လိုက်တဲ့အခါ လူဖြစ်နေလို့ သူခိုးထင်တာနဲ့ အထဲကစောင့်နေတာ။ နောက်တော့ငြိမ်သွားတာနဲ့ တံခါးဖွင့်ကြည့်လိုက်တဲ့အခါ အပြင်ဘက်မှာ အဲဒီလိုဖြစ်နေတာကို တွေ့ရတယ်။ ဦးဇင်းတို့တွေ့တဲ့အချိန်ကျတော့ အဲဒီလူမှာ ဘာမှမပါဘူး၊ ဝတ်ထားတဲ့ စွပ်ကျယ်နဲ့ ဘောစကိုင်းပင်ကို ချီထားတာတွေ့ရတယ်။ အောက်ပိုင်းမှာ ပုဆိုးတို့ဘောင်းဘီတို့လည်းမပါဘူး” ဟု ဂန္ဓာရုံကျောင်း တိုက်ဆရာတော် ဦးဣစတိက အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါအမျိုးသားသည် အသက် ၃၅ နှစ်ခန့်ရှိကာ မည်သူမည်ဝါဆိုခြင်းကို မသိရှိရသေးဘဲ အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန် စမ်းချောင်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၇/၂၀၁၉ ဖြင့် အမှုရေးဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:poppinnew
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top