ပရိသတ္ေတြရဲ႕ ပါးစပ္ဖ်ားမွာေရပန္းစားေနတဲ့ ကိုတင္ေဖလို႔ေခၚတဲ့ ေအာင္ေရခ်မ္းကိုေတာ့ အထူး မိတ္ဆက္ေပးစရာမလိုဘူးထင္ပါတယ္။ သူကေတာ့ ခ်စ္သူနဲ႔(၃)ႏွစ္ ၾကာလက္တြဲခဲ့ၿပီးေတာ့ အေၾကာင္းမတိုက္ဆိုင္လို႔လမ္းခြဲခဲ့ရတာျဖစ္ပါတယ္။ ခ်စ္ရဲ႕ နဲ႔လမ္းခြဲခဲ့ရတာပါဆိုတဲ့အေၾကာင္းကို မီဒီယာေတြနဲ႔ေတြ႕ဆုံစဥ္ရင္ဖြင့္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

”ျပႆနာျဖစ္တာေတာ့ခုမွမဟုတ္ပါဘူး။ ဟိုးအရင္တည္းကပါ သူက ကေလးစိတ္ရွိေတာ့ အရင္တည္းက အခ်စ္ေရးျပႆနာေလးေတြရွိတယ္။ကြၽန္ေတာ္ကအႏုပညာရွင္တစ္ေယာက္ျဖစ္တယ္။ အဲေတာ့ကြၽန္ေတာ္နဲ႔တြဲလုပ္တဲ့အႏုပညာရွင္ ညီအကိုေမာင္ႏွမေတြက ေမာင္ႏွမေတြပဲ ကြၽန္ေတာ္လည္းသစၥာတရားနဲ႔ အလုပ္လုပ္တယ္ အခ်ိန္တန္ရင္အိမ္ျပန္တယ္။ ၿပီးရင္ခ်စ္သူနဲ႔ေတြ႕ ဒါပဲကြၽန္ေတာ္လုပ္ခဲ့တာ ဒါေပမယ့္ အလုပ္ေတြမ်ားလာတဲ့အခ်ိန္မွာတစ္ေယာက္နဲ႔ တစ္ေယာက္က အခ်ိန္မေပးႏိုင္လို႔ မတိုက္ဆိုင္ပဲ လမ္းခြဲခဲ့ရတာပါ ။ ခ်စ္ရဲ႕နဲ႔ လမ္းခြဲလိုက္တာလို႔လည္းေျပာလို႔ရပါတယ္လို႔ ေျပာျပထားၿပီးေတာ့

အႏုပညာရွင္နဲ႔ အျပင္လူကြာျခားတယ္ဆိုတာကိုလည္း “ကြၽန္ေတာ္အႏုပညာရွင္ေတြက တျခားစီပြားေရးသမား၊ ေက်ာင္းသား၊ ဝန္ထမ္းေတြနဲ႔ေတာ့မတူဘူးေပါ့ေနာ္။ ဘာလို႔လည္းဆိုေတာ့ ကြၽန္ေတာ္တို႔အႏုပညာရွင္ေတြက မင္းသမီးေတြနဲ႔ ဖက္ရမယ္ ၾကင္နာရမယ္ အဲလိုမ်ိဳးအမ်ားႀကီးရွိေတာ့ ဘယ္သူမဆို ကိုယ့္ရည္းစားတစ္ေယာက္ကို တျခားေကာင္မေလးရဲ႕ရင္ခြင္မွာ ႐ုတ္တရက္ျမင္ေနရင္ေတာ့ အျပင္မိန္းကေလးတစ္ေယာက္အေနနဲ႔ ခံစားရမယ္ဆိုတာလည္း ကြၽန္ေတာ္နားလည္ပါတယ္။ အဲဒါေၾကာင့္ကြၽန္ေတာ္တို႔အႏုပညာရွင္ေတြကိုနားလည္ေပးၾကပါလို႔ေျပာခ်င္ပါတယ္။ ေနာက္ထပ္အခ်စ္ေရးကေတာ့ ေနာက္ဆိုဘယ္ေတာ့မွရွိလာေတာ့မွာမဟုတ္ပါဘူး။ အႏုပညာကိုပဲပိုခ်စ္တယ္ အႏုပညာကိုပဲပိုလုပ္ခ်င္တယ္ “လို႔ဆက္ၿပီးေတာ့ေျပာျပထားပါေသးတယ္။ေနာက္ထပ္ သဝန္တိုတဲ့ခ်စ္သူကို မလိုခ်င္ဘူးလို႔ေတာ့မဟုတ္ပါဘူး ႀကဳံလာသလိုေပါ့လို႔လည္း မွတ္ခ်က္ေပးခဲ့ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ ကိုတင္ေဖ (ေအာင္ေရခ်မ္း)တို႔ခ်စ္သူႏွစ္ဦး ခ်စ္ရဲ႕နဲ႔လမ္းခြဲခဲ့တယ္ဆိုတဲ့အေပၚမွတ္ခ်က္ေလးေရးေပးခဲ့ပါဦး။

ဖိုးသူေတာ္(www.phothutaw.com)
Credit:celegabar

#Unicode Version#
ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားနေတဲ့ ကိုတင်ဖေလို့ခေါ်တဲ့ အောင်ရေချမ်းကိုတော့ အထူး မိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်။ သူကတော့ ချစ်သူနဲ့(၃)နှစ် ကြာလက်တွဲခဲ့ပြီးတော့ အကြောင်းမတိုက်ဆိုင်လို့လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။ ချစ်ရဲ့ နဲ့လမ်းခွဲခဲ့ရတာပါဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့တွေ့ဆုံစဉ်ရင်ဖွင့်ပြောကြားခဲ့တာဖြစ်ပါတယ်။

”ပြဿနာဖြစ်တာတော့ခုမှမဟုတ်ပါဘူး။ ဟိုးအရင်တည်းကပါ သူက ကလေးစိတ်ရှိတော့ အရင်တည်းက အချစ်ရေးပြဿနာလေးတွေရှိတယ်။ကျွန်တော်ကအနုပညာရှင်တစ်ယောက်ဖြစ်တယ်။ အဲတော့ကျွန်တော်နဲ့တွဲလုပ်တဲ့အနုပညာရှင် ညီအကိုမောင်နှမတွေက မောင်နှမတွေပဲ ကျွန်တော်လည်းသစ္စာတရားနဲ့ အလုပ်လုပ်တယ် အချိန်တန်ရင်အိမ်ပြန်တယ်။ ပြီးရင်ချစ်သူနဲ့တွေ့ ဒါပဲကျွန်တော်လုပ်ခဲ့တာ ဒါပေမယ့် အလုပ်တွေများလာတဲ့အချိန်မှာတစ်ယောက်နဲ့ တစ်ယောက်က အချိန်မပေးနိုင်လို့ မတိုက်ဆိုင်ပဲ လမ်းခွဲခဲ့ရတာပါ ။ ချစ်ရဲ့နဲ့ လမ်းခွဲလိုက်တာလို့လည်းပြောလို့ရပါတယ်လို့ ပြောပြထားပြီးတော့

အနုပညာရှင်နဲ့ အပြင်လူကွာခြားတယ်ဆိုတာကိုလည်း “ကျွန်တော်အနုပညာရှင်တွေက တခြားစီပွားရေးသမား၊ ကျောင်းသား၊ ဝန်ထမ်းတွေနဲ့တော့မတူဘူးပေါ့နော်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့အနုပညာရှင်တွေက မင်းသမီးတွေနဲ့ ဖက်ရမယ် ကြင်နာရမယ် အဲလိုမျိုးအများကြီးရှိတော့ ဘယ်သူမဆို ကိုယ့်ရည်းစားတစ်ယောက်ကို တခြားကောင်မလေးရဲ့ရင်ခွင်မှာ ရုတ်တရက်မြင်နေရင်တော့ အပြင်မိန်းကလေးတစ်ယောက်အနေနဲ့ ခံစားရမယ်ဆိုတာလည်း ကျွန်တော်နားလည်ပါတယ်။ အဲဒါကြောင့်ကျွန်တော်တို့အနုပညာရှင်တွေကိုနားလည်ပေးကြပါလို့ပြောချင်ပါတယ်။ နောက်ထပ်အချစ်ရေးကတော့ နောက်ဆိုဘယ်တော့မှရှိလာတော့မှာမဟုတ်ပါဘူး။ အနုပညာကိုပဲပိုချစ်တယ် အနုပညာကိုပဲပိုလုပ်ချင်တယ် “လို့ဆက်ပြီးတော့ပြောပြထားပါသေးတယ်။နောက်ထပ် သဝန်တိုတဲ့ချစ်သူကို မလိုချင်ဘူးလို့တော့မဟုတ်ပါဘူး ကြုံလာသလိုပေါ့လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ကိုတင်ဖေ (အောင်ရေချမ်း)တို့ချစ်သူနှစ်ဦး ချစ်ရဲ့နဲ့လမ်းခွဲခဲ့တယ်ဆိုတဲ့အပေါ်မှတ်ချက်လေးရေးပေးခဲ့ပါဦး။


ဖိုးသူတော်(www.phothutaw.com)
Credit:celegabar


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top