မဂၤလာပါ ပရိတ္သတ္တုိ႔ေရ။ မနက္မိုးလင္းတာနဲ႔ လူတိုင္းပထမဆံုးစရွာတဲ့ ပစၥည္းေတြထဲမွာ သြားတိုက္ေဆးက အပါအဝင္ပါပဲ။ သြားတုိက္မွသာ သင့္သြားေတြက သန္႔ရွင္းခိုင္မာမွာပါ။ အားလံုးက သြားတိုက္ေဆးဟာ သြားအတြက္မရွိမျဖစ္လုိအပ္တယ္ဆိုတာ သိထားၾကပါတယ္။ ဒါ့အျပင္ သင့္အလွအပအတြက္ပါ အသံုးဝင္တယ္ဆိုတာ သိျပီးျပီလား။

ဒါေၾကာင့္ အလြယ္တကူရႏုိင္တဲ့ သြားတိုက္ေဆးကိုအသံုးျပဳျပီး ပ်ိဳေမတို႔ ပိုလွသြားေစဖို႔ အသံုးဝင္ပံု (၅)မ်ိဳးကို ေျပာျပလိုက္ပါတယ္။

အစက္အေပ်ာက္ဖယ္ရွားဖို႔

၁။ အျဖဴေရာင္သြားတိုက္ေဆးတစ္ဇြန္းကို ခြက္တစ္ခြက္ထဲထည့္ပါ။ ေရ လဘရည္ဇြန္းတစ္ဇြန္းထည့္ပါ။ ဒီႏွစ္ခုကို အႏွစ္ပံုစံျဖစ္ေအာင္ ေရာေမႊေပးပါ။

၂။ သင့္လက္နဲ႔ အႏွစ္ကိုယူျပီး မ်က္ႏွာေပၚလိမ္းပါ။ ဒါမွမဟုတ္ မ်က္ႏွာေပၚက အစက္အေပ်ာက္ေတြေပၚလိမ္းေပးပါ။

၃။ လိမ္းျပီးေနာက္မွာေတာ့ နာရီဝက္ထားျပီးေျခာက္သြားပါေစ။ အစက္အေပ်ာက္ေပၚတင္ျပီး တစ္ညလံုးလည္းထားႏိုင္ပါတယ္။

၄။ ျပီးတာနဲ႔ေရနဲ႔ေဆးပါ။ အစိုဓာတ္ထိန္းခရင္လိမ္းေပးပါ။

၅။ ဒီနည္းလမ္းကို တစ္ပတ္မွာႏွစ္ၾကိမ္ကေန သံုးၾကိမ္ျပဳလုပ္ေပးႏုိင္ပါတယ္။

အသားအေရေတာက္ပဖို႔

၁။ ေျမေစးႏွစ္ဇြန္းနဲ႔ လိေမၼာ္ရည္ကို ေရာေပးပါ။ ဒီထဲကို သြားတုိက္ေဆးတစ္ဇြန္းထည့္ပါ။ ထူထူႏွစ္ႏွစ္ေလးျဖစ္ေအာင္ ေရာေပးပါ။

၂။ သင့္မ်က္ႏွာကို ေရနဲ႔ေဆးေပးပါ။ ျပီးမွဒီအေရာကို လိမ္းပါ။ ေခၽြးေပါက္ပြင့္သြားဖို႔ ေျဖးေျဖးေလးႏွိပ္ႏွယ္ေပးပါ။

၃။ ေျခာက္သြားတဲ့အထိထားေပးပါ။ ျပီးတာနဲ႔ ေရနဲ႔ေဆးခ်ျပီး သဘတ္နဲ႔ ဖြဖြေလးသုတ္ေပးပါ။ အစိုဓာတ္ထိန္းခရင္လိမ္းေပးပါ။

၄။ ဒါကို တစ္ပတ္မွာသံုးၾကိမ္ျပဳလုပ္ႏိုင္ပါတယ္။

ဝက္ျခံေပ်ာက္ဖို႔

၁။သြားတိုက္ေဆးတစ္ဇြန္းနဲ႔ သံပယိုရည္တစ္ဇြန္းကို ေရာေပးပါ။

၂။ ဒါကိုသင့္ဝက္ျခံေတြေပၚလိမ္းေပးပါ။

၃။ ေျခာက္သြားတဲ့အထိေစာင့္ေပးျပီး ေရနဲ႔ေဆးပါ။

၄။ ဒါကို တစ္ပတ္မွာ တစ္ေန႔တစ္ၾကိမ္ျပဳလုပ္ေပးႏိုင္ပါတယ္။

အေမႊးအမွ်င္ဖယ္ရွားဖို႔

၁။ ခြက္တစ္ခြက္ထဲမွာ သြားတုိက္ေဆးတစ္ဇြန္း သၾကားအႏုႏွစ္ဇြန္းနဲ႔ သံပယိုရည္ကို ေရာေပးပါ။

၂။ သင္အေမႊးဖယ္ရွားခ်င္တဲ့ေနရာကို ေရနဲ႔ေဆးေၾကာပါ။ ျပီးတာနဲ႔ ဒီအေရာကိုလိမ္းေပးပါ။

၃။ နာရီဝက္ထားေပးျပီး ေရနဲ႔ေဆးခ်ပါ။ ဒါက ဖေယာင္းနဲ႔ခၽြတ္တဲ့နည္းလမ္းနဲ႔မတူတာေၾကာင့္ လိမ္းထားတာကို ဒီအတုိင္းပဲထားေပးပါ။

၄။ ဒါကို အေမႊးပါးလာတဲ့အထိ ေန႔စဥ္ျပဳလုပ္ေပးႏိုင္ပါတယ္။

ႏွင္းဆီဖူးေရာင္ႏႈတ္ခမ္းေလးရဖို႔

၁။ သင့္ႏႈတ္ခမ္းေပၚမွာ သြားတိုက္ေဆးလိမ္းေပးပါ။

၂။ ဒါကို ၁၀ မိနစ္ကေန ၁၅ မိနစ္ထားေပးပါ။ ျပီးတာနဲ႔ေရနဲ႔ေဆးပါ။

၃။ ႏႈတ္ခမ္းကို ညင္ညင္သာသာသုတ္ေပးပါ။

၄။ ဒီနည္းလမ္းကို ေန႔စဥ္ျပဳလုပ္ေပးႏိုင္ပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:MyStyle Myanmar

#Unicode Version#
မင်္ဂလာပါ ပရိတ်သတ်တို့ရေ။ မနက်မိုးလင်းတာနဲ့ လူတိုင်းပထမဆုံးစရှာတဲ့ ပစ္စည်းတွေထဲမှာ သွားတိုက်ဆေးက အပါအဝင်ပါပဲ။ သွားတိုက်မှသာ သင့်သွားတွေက သန့်ရှင်းခိုင်မာမှာပါ။ အားလုံးက သွားတိုက်ဆေးဟာ သွားအတွက်မရှိမဖြစ်လိုအပ်တယ်ဆိုတာ သိထားကြပါတယ်။ ဒါ့အပြင် သင့်အလှအပအတွက်ပါ အသုံးဝင်တယ်ဆိုတာ သိပြီးပြီလား။

ဒါကြောင့် အလွယ်တကူရနိုင်တဲ့ သွားတိုက်ဆေးကိုအသုံးပြုပြီး ပျိုမေတို့ ပိုလှသွားစေဖို့ အသုံးဝင်ပုံ (၅)မျိုးကို ပြောပြလိုက်ပါတယ်။

အစက်အပျောက်ဖယ်ရှားဖို့

၁။ အဖြူရောင်သွားတိုက်ဆေးတစ်ဇွန်းကို ခွက်တစ်ခွက်ထဲထည့်ပါ။ ရေ လဘရည်ဇွန်းတစ်ဇွန်းထည့်ပါ။ ဒီနှစ်ခုကို အနှစ်ပုံစံဖြစ်အောင် ရောမွှေပေးပါ။

၂။ သင့်လက်နဲ့ အနှစ်ကိုယူပြီး မျက်နှာပေါ်လိမ်းပါ။ ဒါမှမဟုတ် မျက်နှာပေါ်က အစက်အပျောက်တွေပေါ်လိမ်းပေးပါ။

၃။ လိမ်းပြီးနောက်မှာတော့ နာရီဝက်ထားပြီးခြောက်သွားပါစေ။ အစက်အပျောက်ပေါ်တင်ပြီး တစ်ညလုံးလည်းထားနိုင်ပါတယ်။

၄။ ပြီးတာနဲ့ရေနဲ့ဆေးပါ။ အစိုဓာတ်ထိန်းခရင်လိမ်းပေးပါ။

၅။ ဒီနည်းလမ်းကို တစ်ပတ်မှာနှစ်ကြိမ်ကနေ သုံးကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

အသားအရေတောက်ပဖို့

၁။ မြေစေးနှစ်ဇွန်းနဲ့ လိမ္မော်ရည်ကို ရောပေးပါ။ ဒီထဲကို သွားတိုက်ဆေးတစ်ဇွန်းထည့်ပါ။ ထူထူနှစ်နှစ်လေးဖြစ်အောင် ရောပေးပါ။

၂။ သင့်မျက်နှာကို ရေနဲ့ဆေးပေးပါ။ ပြီးမှဒီအရောကို လိမ်းပါ။ ချွေးပေါက်ပွင့်သွားဖို့ ဖြေးဖြေးလေးနှိပ်နှယ်ပေးပါ။

၃။ ခြောက်သွားတဲ့အထိထားပေးပါ။ ပြီးတာနဲ့ ရေနဲ့ဆေးချပြီး သဘတ်နဲ့ ဖွဖွလေးသုတ်ပေးပါ။ အစိုဓာတ်ထိန်းခရင်လိမ်းပေးပါ။

၄။ ဒါကို တစ်ပတ်မှာသုံးကြိမ်ပြုလုပ်နိုင်ပါတယ်။

ဝက်ခြံပျောက်ဖို့

၁။သွားတိုက်ဆေးတစ်ဇွန်းနဲ့ သံပယိုရည်တစ်ဇွန်းကို ရောပေးပါ။

၂။ ဒါကိုသင့်ဝက်ခြံတွေပေါ်လိမ်းပေးပါ။

၃။ ခြောက်သွားတဲ့အထိစောင့်ပေးပြီး ရေနဲ့ဆေးပါ။

၄။ ဒါကို တစ်ပတ်မှာ တစ်နေ့တစ်ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

အမွှေးအမျှင်ဖယ်ရှားဖို့

၁။ ခွက်တစ်ခွက်ထဲမှာ သွားတိုက်ဆေးတစ်ဇွန်း သကြားအနုနှစ်ဇွန်းနဲ့ သံပယိုရည်ကို ရောပေးပါ။

၂။ သင်အမွှေးဖယ်ရှားချင်တဲ့နေရာကို ရေနဲ့ဆေးကြောပါ။ ပြီးတာနဲ့ ဒီအရောကိုလိမ်းပေးပါ။

၃။ နာရီဝက်ထားပေးပြီး ရေနဲ့ဆေးချပါ။ ဒါက ဖယောင်းနဲ့ချွတ်တဲ့နည်းလမ်းနဲ့မတူတာကြောင့် လိမ်းထားတာကို ဒီအတိုင်းပဲထားပေးပါ။

၄။ ဒါကို အမွှေးပါးလာတဲ့အထိ နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။

နှင်းဆီဖူးရောင်နှုတ်ခမ်းလေးရဖို့

၁။ သင့်နှုတ်ခမ်းပေါ်မှာ သွားတိုက်ဆေးလိမ်းပေးပါ။

၂။ ဒါကို ၁၀ မိနစ်ကနေ ၁၅ မိနစ်ထားပေးပါ။ ပြီးတာနဲ့ရေနဲ့ဆေးပါ။

၃။ နှုတ်ခမ်းကို ညင်ညင်သာသာသုတ်ပေးပါ။

၄။ ဒီနည်းလမ်းကို နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:MyStyle Myanmar 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top