ေနေလာင္ျခင္း ၊ ဆဲလ္ေသေတြေၾကာင့္ အသားအေရ ၾကမ္းတမ္းျခင္း ၊ ေဟာ္မုန္း မမွ်တျခင္းတို႔ေၾကာင့္ ဒူးနဲ႔တံေတာင္ဆစ္ေတြမွာ မည္းႏိုင္ပါတယ္ ။ ဒူးနဲ႔ တံေတာင္ဆစ္ေတြမွာ အဆီဂလင္း မရွိတာေၾကာင့္ မေျခာက္ေသြ႕ေအာင္ ထိန္းသိမ္းေပးဖို႔ လိုပါတယ္…..
(၁) သခြားသီး

သခြားသီးမွာ ေၾကးခြၽတ္တဲ့ အစြမ္းရွိတာေၾကာင့္ ဒူးနဲ႔ တံေတာင္ဆစ္ေတြမွာ မည္းေနတာကို ဖယ္ရွားေပးႏိုင္ပါတယ္ ။ သခြားသီးက ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး အသားအေရကို ေရဓာတ္ ျပည့္ေစပါတယ္ ။ ဗီတာမင္ A နဲ႔ ဗီတာမင္ C ပါဝင္တာေၾကာင့္ အသားအေရကိုလည္း လွပေစပါတယ္….

သခြားသီးျပားေလးေတြကို တံေတာင္ဆစ္နဲ႔ ဒူးမွာ ၁၅ မိနစ္ၾကာ ကပ္ထားေပးရမွာပါ ။ ေနာက္ၿပီးရင္ေတာ့ ေရေအးနဲ႔ ေဆးလိုက္လို႔ ရပါၿပီ ။ သခြားသီးရည္နဲ႔ သံပ႐ိုသီးရည္ကို ေရာလိမ္းၿပီး မိနစ္ ၂၀ ၾကာ ထားလို႔လည္း ရပါတယ္ ။ ေန႔တိုင္း ျပဳလုပ္ေပးရင္ ဒူးနဲ႔ တံေတာင္ဆစ္မည္းတာေတြ ေပ်ာက္သြားမွာပါ…..
(၂) သံပ႐ိုသီးနဲ႔ မုန႔္ဖုတ္ဆိုဒါ

သံပ႐ိုသီးက အသားအေစကို ဝင္းေစပါတယ္ ။ ဗီတာမင္ C ပါဝင္လို႔ အသားအေရကို ထိန္းသိမ္းေပးပါတယ္ ။ မုန႔္ဖုတ္ဆိုဒါက အသားအေရကို ႏူးညံ့ေစၿပီး အမည္းေတြကို ဖယ္ရွားေပးပါတယ္….သံပ႐ိုသီးကို ႏွစ္ျခမ္းခြဲပါ…..

သံပ႐ိုသီး တစ္ျခမ္းစီေပၚကို မုန႔္ဖုတ္ေဆာ္ဒါ တစ္ဇြန္းစီ တင္ပါ ။ ဒူးနဲ႔ တံေတာင္ဆစ္ေတြကို ၁ မိနစ္ ၾကာေအာင္ ပြတ္ေပးပါ ။ ၁၅ မိနစ္ၾကာ ထားၿပီးရင္ ေရေႏြးနဲ႔ ေဆးပါ ။ ဒီနည္းေလးကို ႏွစ္ရက္တစ္ႀကိမ္ ျပဳလုပ္ေပးႏိုင္ပါတယ္…..
(၃) ရွားေစာင္းလက္ပတ္ႏွင့္ႏြားႏို႔

ရွားေစာင္းလက္ပတ္က အသားအေရာင္ကို ညီညာေစၿပီး ေရဓာတ္ ျဖည့္ေပးပါတယ္ ။ ဘက္တီးရီးယားနဲ႔ မႈိေတြကိုလည္း တိုက္ထုတ္ေပးပါတယ္ ။ ရွားေစာင္းလက္ပတ္နဲ႔ ႏြားႏို႔ကို ေရာစပ္လိုက္တဲ့အခါ အသားအေရက သဘာဝအတိုင္း ဝင္းသြားပါတယ္….

ရွားေစာင္းလက္ပတ္ဂ်ယ္နဲ႔ ႏြားႏို႔ေရာၿပီး အေရျပားေပၚ လိမ္းေပးရမွာပါ ။ တစ္ညခန႔္ ထားၿပီး မနက္ေရာက္ရင္ ေရေဆးခ်လိုက္လို႔ ရပါၿပီ ။ ရွားေစာင္းလက္ပတ္ အခြံကိုလည္း ဒူးနဲ႔ တံေတာင္ဆစ္မွာ မိနစ္ ၂၀ ၾကာကပ္ထားလို႔ ရပါတယ္……
(၄) အာလူး

အာလူးက အသားအေရကို ျဖဴေစပါတယ္ ။ အာလူးကို ေန႔တိုင္း အသုံးျပဳရင္ အသားအေရႏူးညံ့လာၿပီး မည္းေနတာေတြ ေပ်ာက္သြားမွာပါ….အာလူးကို အရည္ညႇစ္ၿပီး အေရျပားေပၚလိမ္းေပးပါ။ ၁၅ မိနစ္ၾကာထားၿပီး ေရေဆးခ်လို႔ ရပါၿပီ…..
အာလူးျပားေလးေတြကို တံေတာင္ဆစ္နဲ႔ ဒူးေနရာမွာ ၁၀ မိနစ္ ၁၅ မိနစ္ခန႔္ ကပ္ထားေပးလို႔လည္း ရပါတယ္……
(၅) နႏြင္း

နႏြင္းက တံေတာင္ဆစ္နဲ႔ ဒူးက အမည္းေတြကို ေဘးထြက္ဆိုးက်ိဳး မရွိဘဲ သဘာဝအတိုင္း ဖယ္ရွားေပးပါတယ္ ။
နႏြင္းစားပြဲတင္ ဇြန္းတစ္ဇြန္းကို ႏြားႏို႔နဲ႔ေရာပါ ။ ဒူးနဲ႔ တံေတာင္ဆစ္ကို လိမ္းေပးပါ ။ ေျခာက္ေသြ႕သြားေအာင္ထားၿပီး ေရေဆးခ်လို႔ ရပါၿပီ ။ နႏြင္းနဲ႔ ႏြားႏို႔ထဲမွာ ပ်ားရည္ေရာထည့္ၿပီး လိမ္းေပးလို႔လည္း ရပါတယ္…….
(၆) အုန္းဆီ

အုန္းဆီမွာ ဗီတာမင္ E ပါဝင္လို႔ ပ်က္စီးေနတဲ့ အသားအေရကို ျပျပင္ေပးပါတယ္..ေရမခ်ိဳးခင္မွာ အုန္းဆီကို ဒူးနဲ႔ တံေတာင္ဆစ္ေနရာမွာ လိမ္းေပးပါ…အုန္းဆီ စိမ့္ဝင္သြားေအာင္ ၂ မိနစ္ ၃ မိနစ္ခန႔္ ႏွိပ္နယ္ေပးပါ ။ အုန္းဆီထဲမွာ သံပ႐ိုရည္စားပြဲတင္ ဇြန္း ၂ ဇြန္းထည့္ၿပီး လိမ္းေပးလို႔လည္း ရပါတယ္……
(၇) ပ်ားရည္

ပ်ားရည္က အသားအေရကို သဘာဝအတိုင္း ေရဓာတ္ ျဖည့္ေပးပါတယ္ ။ ပ်ားရည္စားပြဲတင္ ဇြန္း ၂ ဇြန္း ၊ သံပ႐ိုရည္ စားပြဲတင္ ဇြန္းတစ္ဝက္ ၊ မုန႔္ဖုတ္ေဆာ္ဒါစားပြဲတင္ ဇြန္းတစ္ဇြန္းကို ေရာေမႊပါ ။ ဒူးနဲ႔ တံေတာင္ဆစ္ ေနရာေတြကို လိမ္းေပးပါ ။ မိနစ္ ၂၀ ၊ ၃၀ ခန႔္ ထားၿပီးရင္ ေရေဆးခ်လို႔ ရပါၿပီ ။ ပ်ားရည္ထဲကို ရွားေစာင္းလက္ပတ္ဂ်ယ္ ထည့္ၿပီး လိမ္းလို႔လည္း ရပါတယ္……
(၈) သံလြင္ဆီႏွင့္သၾကား

သံလြင္ဆီႏွင့္ သၾကားက အိမ္တြင္းျဖစ္ ေၾကးခြၽတ္ေဆးေတြပါ ။ သူတို႔က အသားအေရကို ေရဓာတ္ ျဖည့္ေပးၿပီး ဆဲလ္ေသေတြကို ဖယ္ရွားေပးပါတယ္ ။ သၾကားနဲ႔ သံလြင္ဆီကို ဆတူ ေရာပါ ။ တံေတာင္ဆစ္နဲ႔ ဒူးကို ၅ မိနစ္ၾကာ ႏွိပ္နယ္ေပးပါ ။ တစ္ပတ္တစ္ခါ ႏွိပ္နယ္ေပးရင္ တံေတာင္ဆစ္နဲ႔ဒူးေတြမွာ မမည္းေတာ့ပါဘူး ။ သံလြင္ဆီနဲ႔ သၾကားကို မ်က္ႏွာေၾကးခြၽတ္ရာမွာလည္း သုံးလို႔ရပါတယ္…….
(၉) အုတ္ဂ်ဳံမႈန႔္

အုတ္ဂ်ဳံမႈန႔္က က်န္းမာေရးကို ေကာင္းေစ႐ုံသာမက အနာအဆာကင္းတဲ့ အသားအေရအတြက္လည္း အက်ိဳးရွိေစပါတယ္ ။ သံပ႐ိုရည္ လက္ဖက္ရည္ဇြန္း တစ္ဝက္ ၊ အုတ္ဂ်ဳံမႈန႔္ လက္ဖက္ရည္ဇြန္း တစ္ဝက္ ၊ ဆား ၅ ဂရမ္တို႔ကို ေရာၿပီး ဒူးနဲ႔ တံေတာင္ဆစ္မွာ ၁၀ မိနစ္ ၁၅ မိနစ္ၾကာေအာင္ လိမ္းေပးပါ ။

ေနာက္ၿပီးရင္ ေရေႏြးနဲ႔ ေဆးခ်လို႔ ရပါၿပီ ။တစ္ပတ္ကို ၃ ခါ ၊ ၄ ခါ ျပဳလုပ္ေပးလို႔ ရပါတယ္ ။ အုတ္ဂ်ဳံမႈန႔္လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းနဲ႔ ႏြားႏို႔လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းကို ေရာၿပီးေတာ့လည္း လိမ္းေပးလို႔ ရပါတယ္…….
(၁၀) ရွာလကာရည္ႏွင့္ဒိန္ခ်ဥ္

ရွာလကာရည္မွာ ပါဝင္တဲ့ အက္ဆီးတစ္ အက္ဆစ္နဲ႔ ဒိန္ခ်ဥ္မွာပါဝင္တဲ့ လက္တစ္အက္ဆစ္က ဒူးနဲ႔တံေတာင္ဆစ္က အမည္းေတြကို ဖယ္ရွားေပးပါတယ္ ။ဒိန္ခ်ဥ္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း ၊ ပန္းသီးရွာလကာရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းတို႔ကို ေရာေမႊၿပီး ဒူးနဲ႔ တံေတာင္ဆစ္ေနရာေတြကို လိမ္းေပးပါ……

၁၅ မိနစ္ၾကာ ထားၿပီး ေရေဆးခ်လိုက္ရင္ေတာ့ ဒူးနဲ႔ တံေတာင္ဆစ္က မည္းေနတာေတြ ေပ်ာက္သြားမွာပါ ။လြယ္ကူတဲ့ နည္းလမ္းေလးေတြနဲ႔ ဒူးနဲ႔တံေတာင္ဆစ္ မည္းေနတာကို ဖယ္ရွားလို႔ ရပါၿပီ……

ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #

နေလောင်ခြင်း ၊ ဆဲလ်သေတွေကြောင့် အသားအရေ ကြမ်းတမ်းခြင်း ၊ ဟော်မုန်း မမျှတခြင်းတို့ကြောင့် ဒူးနဲ့တံတောင်ဆစ်တွေမှာ မည်းနိုင်ပါတယ် ။ ဒူးနဲ့ တံတောင်ဆစ်တွေမှာ အဆီဂလင်း မရှိတာကြောင့် မခြောက်သွေ့အောင် ထိန်းသိမ်းပေးဖို့ လိုပါတယ်…..
(၁) သခွားသီး

သခွားသီးမှာ ကြေးချွတ်တဲ့ အစွမ်းရှိတာကြောင့် ဒူးနဲ့ တံတောင်ဆစ်တွေမှာ မည်းနေတာကို ဖယ်ရှားပေးနိုင်ပါတယ် ။ သခွားသီးက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ရေဓာတ် ပြည့်စေပါတယ် ။ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်တာကြောင့် အသားအရေကိုလည်း လှပစေပါတယ်….

သခွားသီးပြားလေးတွေကို တံတောင်ဆစ်နဲ့ ဒူးမှာ ၁၅ မိနစ်ကြာ ကပ်ထားပေးရမှာပါ ။ နောက်ပြီးရင်တော့ ရေအေးနဲ့ ဆေးလိုက်လို့ ရပါပြီ ။ သခွားသီးရည်နဲ့ သံပရိုသီးရည်ကို ရောလိမ်းပြီး မိနစ် ၂၀ ကြာ ထားလို့လည်း ရပါတယ် ။ နေ့တိုင်း ပြုလုပ်ပေးရင် ဒူးနဲ့ တံတောင်ဆစ်မည်းတာတွေ ပျောက်သွားမှာပါ…..
(၂) သံပရိုသီးနဲ့ မုန့်ဖုတ်ဆိုဒါ

သံပရိုသီးက အသားအစေကို ဝင်းစေပါတယ် ။ ဗီတာမင် C ပါဝင်လို့ အသားအရေကို ထိန်းသိမ်းပေးပါတယ် ။ မုန့်ဖုတ်ဆိုဒါက အသားအရေကို နူးညံ့စေပြီး အမည်းတွေကို ဖယ်ရှားပေးပါတယ်….သံပရိုသီးကို နှစ်ခြမ်းခွဲပါ…..

သံပရိုသီး တစ်ခြမ်းစီပေါ်ကို မုန့်ဖုတ်ဆော်ဒါ တစ်ဇွန်းစီ တင်ပါ ။ ဒူးနဲ့ တံတောင်ဆစ်တွေကို ၁ မိနစ် ကြာအောင် ပွတ်ပေးပါ ။ ၁၅ မိနစ်ကြာ ထားပြီးရင် ရေနွေးနဲ့ ဆေးပါ ။ ဒီနည်းလေးကို နှစ်ရက်တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်…..
(၃) ရှားစောင်းလက်ပတ်နှင့်နွားနို့

ရှားစောင်းလက်ပတ်က အသားအရောင်ကို ညီညာစေပြီး ရေဓာတ် ဖြည့်ပေးပါတယ် ။ ဘက်တီးရီးယားနဲ့ မှိုတွေကိုလည်း တိုက်ထုတ်ပေးပါတယ် ။ ရှားစောင်းလက်ပတ်နဲ့ နွားနို့ကို ရောစပ်လိုက်တဲ့အခါ အသားအရေက သဘာဝအတိုင်း ဝင်းသွားပါတယ်….

ရှားစောင်းလက်ပတ်ဂျယ်နဲ့ နွားနို့ရောပြီး အရေပြားပေါ် လိမ်းပေးရမှာပါ ။ တစ်ညခန့် ထားပြီး မနက်ရောက်ရင် ရေဆေးချလိုက်လို့ ရပါပြီ ။ ရှားစောင်းလက်ပတ် အခွံကိုလည်း ဒူးနဲ့ တံတောင်ဆစ်မှာ မိနစ် ၂၀ ကြာကပ်ထားလို့ ရပါတယ်……
(၄) အာလူး

အာလူးက အသားအရေကို ဖြူစေပါတယ် ။ အာလူးကို နေ့တိုင်း အသုံးပြုရင် အသားအရေနူးညံ့လာပြီး မည်းနေတာတွေ ပျောက်သွားမှာပါ….အာလူးကို အရည်ညှစ်ပြီး အရေပြားပေါ်လိမ်းပေးပါ။ ၁၅ မိနစ်ကြာထားပြီး ရေဆေးချလို့ ရပါပြီ…..
အာလူးပြားလေးတွေကို တံတောင်ဆစ်နဲ့ ဒူးနေရာမှာ ၁၀ မိနစ် ၁၅ မိနစ်ခန့် ကပ်ထားပေးလို့လည်း ရပါတယ်……
(၅) နနွင်း

နနွင်းက တံတောင်ဆစ်နဲ့ ဒူးက အမည်းတွေကို ဘေးထွက်ဆိုးကျိုး မရှိဘဲ သဘာဝအတိုင်း ဖယ်ရှားပေးပါတယ် ။
နနွင်းစားပွဲတင် ဇွန်းတစ်ဇွန်းကို နွားနို့နဲ့ရောပါ ။ ဒူးနဲ့ တံတောင်ဆစ်ကို လိမ်းပေးပါ ။ ခြောက်သွေ့သွားအောင်ထားပြီး ရေဆေးချလို့ ရပါပြီ ။ နနွင်းနဲ့ နွားနို့ထဲမှာ ပျားရည်ရောထည့်ပြီး လိမ်းပေးလို့လည်း ရပါတယ်…….
(၆) အုန်းဆီ

အုန်းဆီမှာ ဗီတာမင် E ပါဝင်လို့ ပျက်စီးနေတဲ့ အသားအရေကို ပြပြင်ပေးပါတယ်..ရေမချိုးခင်မှာ အုန်းဆီကို ဒူးနဲ့ တံတောင်ဆစ်နေရာမှာ လိမ်းပေးပါ…အုန်းဆီ စိမ့်ဝင်သွားအောင် ၂ မိနစ် ၃ မိနစ်ခန့် နှိပ်နယ်ပေးပါ ။ အုန်းဆီထဲမှာ သံပရိုရည်စားပွဲတင် ဇွန်း ၂ ဇွန်းထည့်ပြီး လိမ်းပေးလို့လည်း ရပါတယ်……
(၇) ပျားရည်

ပျားရည်က အသားအရေကို သဘာဝအတိုင်း ရေဓာတ် ဖြည့်ပေးပါတယ် ။ ပျားရည်စားပွဲတင် ဇွန်း ၂ ဇွန်း ၊ သံပရိုရည် စားပွဲတင် ဇွန်းတစ်ဝက် ၊ မုန့်ဖုတ်ဆော်ဒါစားပွဲတင် ဇွန်းတစ်ဇွန်းကို ရောမွှေပါ ။ ဒူးနဲ့ တံတောင်ဆစ် နေရာတွေကို လိမ်းပေးပါ ။ မိနစ် ၂၀ ၊ ၃၀ ခန့် ထားပြီးရင် ရေဆေးချလို့ ရပါပြီ ။ ပျားရည်ထဲကို ရှားစောင်းလက်ပတ်ဂျယ် ထည့်ပြီး လိမ်းလို့လည်း ရပါတယ်……
(၈) သံလွင်ဆီနှင့်သကြား

သံလွင်ဆီနှင့် သကြားက အိမ်တွင်းဖြစ် ကြေးချွတ်ဆေးတွေပါ ။ သူတို့က အသားအရေကို ရေဓာတ် ဖြည့်ပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ် ။ သကြားနဲ့ သံလွင်ဆီကို ဆတူ ရောပါ ။ တံတောင်ဆစ်နဲ့ ဒူးကို ၅ မိနစ်ကြာ နှိပ်နယ်ပေးပါ ။ တစ်ပတ်တစ်ခါ နှိပ်နယ်ပေးရင် တံတောင်ဆစ်နဲ့ဒူးတွေမှာ မမည်းတော့ပါဘူး ။ သံလွင်ဆီနဲ့ သကြားကို မျက်နှာကြေးချွတ်ရာမှာလည်း သုံးလို့ရပါတယ်…….
(၉) အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့်က ကျန်းမာရေးကို ကောင်းစေရုံသာမက အနာအဆာကင်းတဲ့ အသားအရေအတွက်လည်း အကျိုးရှိစေပါတယ် ။ သံပရိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက် ၊ အုတ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် ၊ ဆား ၅ ဂရမ်တို့ကို ရောပြီး ဒူးနဲ့ တံတောင်ဆစ်မှာ ၁၀ မိနစ် ၁၅ မိနစ်ကြာအောင် လိမ်းပေးပါ ။

နောက်ပြီးရင် ရေနွေးနဲ့ ဆေးချလို့ ရပါပြီ ။တစ်ပတ်ကို ၃ ခါ ၊ ၄ ခါ ပြုလုပ်ပေးလို့ ရပါတယ် ။ အုတ်ဂျုံမှုန့်လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ နွားနို့လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရောပြီးတော့လည်း လိမ်းပေးလို့ ရပါတယ်…….
(၁၀) ရှာလကာရည်နှင့်ဒိန်ချဉ်

ရှာလကာရည်မှာ ပါဝင်တဲ့ အက်ဆီးတစ် အက်ဆစ်နဲ့ ဒိန်ချဉ်မှာပါဝင်တဲ့ လက်တစ်အက်ဆစ်က ဒူးနဲ့တံတောင်ဆစ်က အမည်းတွေကို ဖယ်ရှားပေးပါတယ် ။ဒိန်ချဉ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ၊ ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပြီး ဒူးနဲ့ တံတောင်ဆစ်နေရာတွေကို လိမ်းပေးပါ……

၁၅ မိနစ်ကြာ ထားပြီး ရေဆေးချလိုက်ရင်တော့ ဒူးနဲ့ တံတောင်ဆစ်က မည်းနေတာတွေ ပျောက်သွားမှာပါ ။လွယ်ကူတဲ့ နည်းလမ်းလေးတွေနဲ့ ဒူးနဲ့တံတောင်ဆစ် မည်းနေတာကို ဖယ်ရှားလို့ ရပါပြီ……

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top