ေယာက်္ားေလးေတြဟာလည္း မာယာၾကြယ္တတ္ၾကပါတယ္။ သင့္ကို အထာေတြေပးျပီး သင့္ကို အတည္လား၊ ကစားတာလားဆိုတာကို ဇေဝဇဝါ မရွင္းမလင္းျဖစ္ေအာင္ လုပ္တတ္ၾကပါတယ္။ သင္မရွင္းမလင္း ျဖစ္ေနတဲ့ အရာေတြကို ဒီစာေလးက အေျဖေပးႏိုင္မယ္လို႔လည္းေမ်ွာ္လင္႔မိပါတယ္။

(၁) သင္တို႔သံုးေလးရက္ေလာက္အဆက္အသြယ္ျပတ္ေလ့ရွိတယ္။

သင့္ကို ခ်စ္တဲ့ေယာက်္ားေလးဟာ သင့္နဲ႔ မဆက္သြယ္ပဲ တစ္ရက္ေတာင္ ေနႏိုင္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ သင္တို႔ မဆက္သြယ္တဲ့ရက္ေတြ သံုးေလးရက္ေလာက္ ဆက္တိုက္ျဖစ္ေနရင္ သင့္ကိုသူမခ်စ္လို႔ပါ။ သူဟာ တစ္ေယာက္ေယာက္အတြက္ သူ႔အခ်ိန္ေတြကို ေပးေနတယ္ဆိုတာ သိသာလြန္းေနတာေၾကာင့္ သင့္ကိုေနာက္တစ္ခါ ျပန္ၾကဴရင္ ကန္ထုတ္ပစ္လိုက္ပါ။

(၂) စာမျပန္တဲ့အခါတိုင္းအလုပ္ရႈပ္ေနလို႔ ဆိုတာခ်ည္းပဲေျပာမယ္။

သူ႕ဘက္က မဆက္သြယ္ျဖစ္ၾကတဲ့ေန႔ေတြအေၾကာင္း သင္ေမးရင္ သူ႔အေျဖက အရမး္အလုပ္ရႈပ္ေနလို႔ ဆိုတာပဲျဖစ္ေနမွာပါ။ တကယ္ အလုပ္ရႈပ္ေနတယ္ဆိုရင္ေတာင္ သင့္ကို ခဏတျဖဳတ္စာပို႔တာ၊ ဖုန္းေခၚတာတို႔ လုပ္သင့္ပါတယ္။ လံုးဝမဆက္သြယ္ဘူး ဆိုကတည္းကိုက သင့္ကိုသူကစားေနမွန္း သိသင့္ေနပါျပီ။

(၃) သူနဲ႔အျမဲေျပာျဖစ္ေပမယ့္သူ႔အေၾကာင္းေသခ်ာမသိဘူး။

သင္ဟာ သူနဲ႔အျမဲ စကားေျပာေနတတ္ေပမယ့္ သူ႔အေၾကာင္းကို ေသခ်ာသိမွာမဟုတ္ပါဘူး။ သင့္သူငယ္ခ်င္းေတြက သင္တို႔အေျခအေနကို ေမးရင္ေတာင္ သင့္အေျဖဟာ ဇေဝဇဝါပဲျဖစ္ေနမွာပါ။ ဒါဆိုရင္ေသခ်ာပါတယ္ သင့္ကိုသူ ကစားေနတာျဖစ္ပါတယ္။

(၄) သူ႔အသိုင္းအဝိုငး္နဲ႔မိတ္ဆက္ေပးမွာမဟုတ္ဘူး။

သူသာသင့္ကိုတကယ္ခ်စ္တယ္ဆိုရင္ သူ႔ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းေလာက္နဲ႔ေတာ့ မိတ္ဆက္ေပးသင့္ပါတယ္။ ဒါေပမယ့္ သင္တို႔ေတြ႕တိုင္း လူေတြမျမင္ႏိ္ုင္တဲ့ေနရာေတြကိုပဲ သူေရြးတယ္၊ သူ႕အသိုင္းအဝိုင္းကလူေတြ တစ္ေယာက္နဲ႔မွ မိတ္မဆက္ေပးဘူးဆိုရင္ေတာ့ ေသခ်ာပါတယ္ သင့္ကို ကစားေနတာပါ။

(၅) သူ႔အေၾကာင္းေတြကိုေမးတိုင္းေရွာင္တယ္။

သူ႔အေၾကာင္းကို သင္သိခ်င္လို႔ေမးရင္ အျခားေခါင္းစဥ္ ေျပာင္းလိုက္တာတို႔၊ အီစီကလီစကားေတြပဲ ေျပာေနတာတို႔ ဆိုရင္ေတာ့ ေသခ်ာပါတယ္။ သင့္ကို သူ႔စိတ္ထဲမွာ ကစားရံုပဲ စဥ္းစားထားတာပါ။ သူ႔အေၾကာင္းေတြ သင့္ကို မေျပာခ်င္ဘူးဆိုကတည္းက သူ႔ဘဝမွာ သင္ဟာ အေရးမပါလို႔ပါ။ သူ႔ရဲ႕ ေတာ္ကီေတြမွာ ဆက္ျပီး ေျမာမေနပါနဲ႕ေတာ့လို႔ပဲ အၾကံေပးပါရေစေနာ္။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #

ယောကျ်ားလေးတွေဟာလည်း မာယာကြွယ်တတ်ကြပါတယ်။ သင့်ကို အထာတွေပေးပြီး သင့်ကို အတည်လား၊ ကစားတာလားဆိုတာကို ဇဝေဇဝါ မရှင်းမလင်းဖြစ်အောင် လုပ်တတ်ကြပါတယ်။ သင်မရှင်းမလင်း ဖြစ်နေတဲ့ အရာတွေကို ဒီစာလေးက အဖြေပေးနိုင်မယ်လို့လည်းမျှော်လင့်မိပါတယ်။

(၁) သင်တို့သုံးလေးရက်လောက်အဆက်အသွယ်ပြတ်လေ့ရှိတယ်။

သင့်ကို ချစ်တဲ့ယောကျ်ားလေးဟာ သင့်နဲ့ မဆက်သွယ်ပဲ တစ်ရက်တောင် နေနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သင်တို့ မဆက်သွယ်တဲ့ရက်တွေ သုံးလေးရက်လောက် ဆက်တိုက်ဖြစ်နေရင် သင့်ကိုသူမချစ်လို့ပါ။ သူဟာ တစ်ယောက်ယောက်အတွက် သူ့အချိန်တွေကို ပေးနေတယ်ဆိုတာ သိသာလွန်းနေတာကြောင့် သင့်ကိုနောက်တစ်ခါ ပြန်ကြူရင် ကန်ထုတ်ပစ်လိုက်ပါ။

(၂) စာမပြန်တဲ့အခါတိုင်းအလုပ်ရှုပ်နေလို့ ဆိုတာချည်းပဲပြောမယ်။

သူ့ဘက်က မဆက်သွယ်ဖြစ်ကြတဲ့နေ့တွေအကြောင်း သင်မေးရင် သူ့အဖြေက အရမ်းအလုပ်ရှုပ်နေလို့ ဆိုတာပဲဖြစ်နေမှာပါ။ တကယ် အလုပ်ရှုပ်နေတယ်ဆိုရင်တောင် သင့်ကို ခဏတဖြုတ်စာပို့တာ၊ ဖုန်းခေါ်တာတို့ လုပ်သင့်ပါတယ်။ လုံးဝမဆက်သွယ်ဘူး ဆိုကတည်းကိုက သင့်ကိုသူကစားနေမှန်း သိသင့်နေပါပြီ။

(၃) သူနဲ့အမြဲပြောဖြစ်ပေမယ့်သူ့အကြောင်းသေချာမသိဘူး။

သင်ဟာ သူနဲ့အမြဲ စကားပြောနေတတ်ပေမယ့် သူ့အကြောင်းကို သေချာသိမှာမဟုတ်ပါဘူး။ သင့်သူငယ်ချင်းတွေက သင်တို့အခြေအနေကို မေးရင်တောင် သင့်အဖြေဟာ ဇဝေဇဝါပဲဖြစ်နေမှာပါ။ ဒါဆိုရင်သေချာပါတယ် သင့်ကိုသူ ကစားနေတာဖြစ်ပါတယ်။

(၄) သူ့အသိုင်းအဝိုင်းနဲ့မိတ်ဆက်ပေးမှာမဟုတ်ဘူး။

သူသာသင့်ကိုတကယ်ချစ်တယ်ဆိုရင် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလောက်နဲ့တော့ မိတ်ဆက်ပေးသင့်ပါတယ်။ ဒါပေမယ့် သင်တို့တွေ့တိုင်း လူတွေမမြင်နိုင်တဲ့နေရာတွေကိုပဲ သူရွေးတယ်၊ သူ့အသိုင်းအဝိုင်းကလူတွေ တစ်ယောက်နဲ့မှ မိတ်မဆက်ပေးဘူးဆိုရင်တော့ သေချာပါတယ် သင့်ကို ကစားနေတာပါ။

(၅) သူ့အကြောင်းတွေကိုမေးတိုင်းရှောင်တယ်။

သူ့အကြောင်းကို သင်သိချင်လို့မေးရင် အခြားခေါင်းစဉ် ပြောင်းလိုက်တာတို့၊ အီစီကလီစကားတွေပဲ ပြောနေတာတို့ ဆိုရင်တော့ သေချာပါတယ်။ သင့်ကို သူ့စိတ်ထဲမှာ ကစားရုံပဲ စဉ်းစားထားတာပါ။ သူ့အကြောင်းတွေ သင့်ကို မပြောချင်ဘူးဆိုကတည်းက သူ့ဘဝမှာ သင်ဟာ အရေးမပါလို့ပါ။ သူ့ရဲ့ တော်ကီတွေမှာ ဆက်ပြီး မြောမနေပါနဲ့တော့လို့ပဲ အကြံပေးပါရစေနော်။ ။

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top