ဟင္းခ်က္တဲ့အခ်ိန္တိုင္းမွာ ၾကက္သြန္ျဖဴတို႔ ဂ်င္းတို႔ကို မပါမျဖစ္တဲ့ အရာေတြပါပဲ။ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ဂ်င္းတို႔က ဘယ္ေလာက္ပဲ ပါးစပ္နံတယ္ေျပာေျပာ ဘယ္ေလာက္ပဲ အရသာမ႐ွိပါဘူးေျပာေျပာ ႀကိတ္မွိတ္သည္းခံၿပီး စားသံုးေပးမယ္ဆိုရင္ေတာ့ က်န္းမာေရးအတြက္ အင္မတန္အစြမ္းထက္တဲ့ ေဆးစြမ္းေကာင္းတစ္လက္ပဲျဖစ္ပါတယ္။

ဒီေဆာင္းပါးေလးထဲမွာေတာ့ ဂ်င္းကို ပံုမွန္မွီဝဲစားသံုးေပးျခင္းက က်န္းမာေရးအတြက္ ဘယ္လိုအက်ိဳးေက်းဇူးေတြ ေပးစြမ္းေနသလဲဆိုတဲ့ အေၾကာင္းအရာေလးေတြကို ေဝမွ်ေပးခ်င္တာပဲျဖစ္ပါတယ္။

အေအးမိ တုပ္ေကြးေရာဂါကို ကုသေပးျခင္း

အခုဆိုရင္ မိုးရာသီက တျဖည္းျဖည္း နီးကပ္လို႔ လာပါၿပီ။ မိုးတြင္းမွာ အျဖစ္မ်ားတဲ့ အေအးမိ တုပ္ေကြးေရာဂါ၊ ႏွာေစး ေခ်ာင္းဆိုးျခင္းတို႔ကို ဂ်င္းက ေပ်ာက္ကင္းေအာင္ ကုသေပးနိုင္ပါတယ္။ လည္ေခ်ာင္းနာျခင္းကိုလည္း သက္သာေစပါတယ္။ ေသာက္သံုးရမယ့္ ေဆးနည္းေလးကေတာ့ ဂ်င္းကို အခြံခြာၿပီး ပါးပါးလွီးကာ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းစာခန္႔ကို ေရေႏြးပူထဲ ထည့္စိမ္ၿပီး တစ္ေန႔ ႏွစ္ႀကိမ္၊ သံုးႀကိမ္ခန္႔ ေသာက္သံုးေပးရမွာပဲျဖစ္ပါတယ္။ အရသာေလး နည္းနည္း႐ွိခ်င္တယ္ဆိုရင္ေတာ့ ပ်ားရည္အနည္းငယ္ ထည့္ေသာက္လို႔လည္းရပါတယ္။

ၾကြက္သားမ်ား နာက်င္ကိုက္ခဲျခင္း၊ မူးေဝျခင္း ေအာ့အန္ျခင္းတို႔ကို သက္သာေပ်ာက္ကင္းေစျခင္း

လစဥ္ဓမၼတာေၾကာင့္ နာက်င္ကိုက္ခဲျခင္း၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ား မူးေဝေအာ့အန္ျခင္းတို႔အျပင္ ေခါင္းတစ္ျခမ္းကိုက္ျခင္း၊ ေခါင္းမူးျခင္းတို႔ ခံစားရပါက ဂ်င္းျပဳတ္ရည္ေလး ေသာက္သံုးေပးလိုက္ပါ။ ဓမၼတာေၾကာင့္ ဗိုက္ေအာင့္တဲ့အခါ တဘက္အပူတစ္ထည္ကို ဂ်င္းျပဳတ္ရည္ထဲ စိမ္ၿပီးေနာက္ အရည္ညွစ္လိုက္ပါ။ ထို႔ေနာက္ တင္ပါးဆံု႐ိုးမွာ ကပ္ထားေပးလိုက္ပါ။ နာက်င္ကိုက္ခဲမႈေတြ ေပ်ာက္ကင္းသြားပါလိမ့္မယ္။

ေသြးလွည့္ပတ္မႈကို ပံုမွန္ျဖစ္ေအာင္ ထိန္းညွိေပးျခင္း

ဂ်င္းထဲမွာ ေသြးလွည့္ပတ္စီးဆင္းမႈကို ေကာင္းမြန္ေစတဲ့ ခ႐ိုမီယမ္၊ မဂၢနီဆီယမ္နဲ႔ ဇင့္ဓာတ္တို႔ ပါဝင္ပါတယ္။ ဂ်င္းျပဳတ္ရည္ေလး ေသာက္မယ္ဆိုရင္ ေသြးလွည့္ပတ္မႈေကာင္းမြန္ေစတာေၾကာင့္ ခ်မ္းတုန္ျခင္း၊ အဖ်ားႀကီးျခင္း (သို႔) ေခြ်းထြက္မ်ားျခင္း ျပႆနာတို႔ကို ေလ်ာ့ပါးသက္သာေစပါတယ္။ သူ႔ထဲမွာ ပါဝင္တဲ့ သတၱဳဓာတ္နဲ႔ အမိုင္ႏိုအက္စစ္တို႔ကလည္း ေသြးေၾကာနဲ႔ပတ္သက္တဲ့ေရာဂါမ်ား မခံစားရေအာင္ ကူညီကာကြယ္ေပးပါတယ္။

စိတ္ဖိစီးမႈႏွင့္ စိတ္က်ေရာဂါမွ ကာကြယ္ေပးျခင္း

လုပ္ငန္းခြင္ေၾကာင့္ စိတ္ဖိစီးမႈေတြ ခံစားရတဲ့အခါ လူမႈေရးျပႆနာနဲ႔ အျခားအေၾကာင္းအရာ အမ်ိဳးမ်ိဳးေၾကာင့္ စိတ္ဓာတ္က်တဲ့အခါ ဂ်င္းျပဳတ္ရည္ ေသာက္သံုးေပးလိုက္မယ္ဆိုရင္ စိတ္ဖိစီးမႈမ်ားကို ေျပေပ်ာက္ေစၿပီး ရႊင္လန္းတက္ၾကြလာေစမွာပဲျဖစ္ပါတယ္။

ခံတြင္းအနံ႔အသက္မ်ား ေကာင္းမြန္ေစျခင္း

သံပုယိုရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႔ ဂ်င္းကို ေထာင္းထားၿပီး ရလာတဲ့အရည္ ၂ စက္ ၃ စက္ကို ေရာေမႊလိုက္ပါ။ ထို႔ေနာက္ ေရေႏြးေႏြးေလးနဲ႔ ထပ္ေရာလိုက္ၿပီး ပလုပ္က်င္းေပးလိုက္ပါ။ တစ္ေန႔ကို တစ္ႀကိမ္ ႏွစ္ႀကိမ္ခန္႔ ပလုပ္က်င္းေပးမယ္ဆိုရင္ ခံတြင္းအနံ႔အသက္ဆိုးမ်ား ေပ်ာက္ကင္းသြားမွာပဲျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:myfoodmyanmar

#Unicode Version#
ဟင်းချက်တဲ့အချိန်တိုင်းမှာ ကြက်သွန်ဖြူတို့ ဂျင်းတို့ကို မပါမဖြစ်တဲ့ အရာတွေပါပဲ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့က ဘယ်လောက်ပဲ ပါးစပ်နံတယ်ပြောပြော ဘယ်လောက်ပဲ အရသာမရှိပါဘူးပြောပြော ကြိတ်မှိတ်သည်းခံပြီး စားသုံးပေးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အင်မတန်အစွမ်းထက်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ ဂျင်းကို ပုံမှန်မှီဝဲစားသုံးပေးခြင်းက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ပေးစွမ်းနေသလဲဆိုတဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးချင်တာပဲဖြစ်ပါတယ်။

အအေးမိ တုပ်ကွေးရောဂါကို ကုသပေးခြင်း

အခုဆိုရင် မိုးရာသီက တဖြည်းဖြည်း နီးကပ်လို့ လာပါပြီ။ မိုးတွင်းမှာ အဖြစ်များတဲ့ အအေးမိ တုပ်ကွေးရောဂါ၊ နှာစေး ချောင်းဆိုးခြင်းတို့ကို ဂျင်းက ပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။ လည်ချောင်းနာခြင်းကိုလည်း သက်သာစေပါတယ်။ သောက်သုံးရမယ့် ဆေးနည်းလေးကတော့ ဂျင်းကို အခွံခွာပြီး ပါးပါးလှီးကာ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာခန့်ကို ရေနွေးပူထဲ ထည့်စိမ်ပြီး တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ်ခန့် သောက်သုံးပေးရမှာပဲဖြစ်ပါတယ်။ အရသာလေး နည်းနည်းရှိချင်တယ်ဆိုရင်တော့ ပျားရည်အနည်းငယ် ထည့်သောက်လို့လည်းရပါတယ်။

ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ မူးဝေခြင်း အော့အန်ခြင်းတို့ကို သက်သာပျောက်ကင်းစေခြင်း

လစဉ်ဓမ္မတာကြောင့် နာကျင်ကိုက်ခဲခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ မူးဝေအော့အန်ခြင်းတို့အပြင် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ခေါင်းမူးခြင်းတို့ ခံစားရပါက ဂျင်းပြုတ်ရည်လေး သောက်သုံးပေးလိုက်ပါ။ ဓမ္မတာကြောင့် ဗိုက်အောင့်တဲ့အခါ တဘက်အပူတစ်ထည်ကို ဂျင်းပြုတ်ရည်ထဲ စိမ်ပြီးနောက် အရည်ညှစ်လိုက်ပါ။ ထို့နောက် တင်ပါးဆုံရိုးမှာ ကပ်ထားပေးလိုက်ပါ။ နာကျင်ကိုက်ခဲမှုတွေ ပျောက်ကင်းသွားပါလိမ့်မယ်။

သွေးလှည့်ပတ်မှုကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးခြင်း

ဂျင်းထဲမှာ သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေတဲ့ ခရိုမီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တို့ ပါဝင်ပါတယ်။ ဂျင်းပြုတ်ရည်လေး သောက်မယ်ဆိုရင် သွေးလှည့်ပတ်မှုကောင်းမွန်စေတာကြောင့် ချမ်းတုန်ခြင်း၊ အဖျားကြီးခြင်း (သို့) ချွေးထွက်များခြင်း ပြဿနာတို့ကို လျော့ပါးသက်သာစေပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ သတ္တုဓာတ်နဲ့ အမိုင်နိုအက်စစ်တို့ကလည်း သွေးကြောနဲ့ပတ်သက်တဲ့ရောဂါများ မခံစားရအောင် ကူညီကာကွယ်ပေးပါတယ်။

စိတ်ဖိစီးမှုနှင့် စိတ်ကျရောဂါမှ ကာကွယ်ပေးခြင်း

လုပ်ငန်းခွင်ကြောင့် စိတ်ဖိစီးမှုတွေ ခံစားရတဲ့အခါ လူမှုရေးပြဿနာနဲ့ အခြားအကြောင်းအရာ အမျိုးမျိုးကြောင့် စိတ်ဓာတ်ကျတဲ့အခါ ဂျင်းပြုတ်ရည် သောက်သုံးပေးလိုက်မယ်ဆိုရင် စိတ်ဖိစီးမှုများကို ပြေပျောက်စေပြီး ရွှင်လန်းတက်ကြွလာစေမှာပဲဖြစ်ပါတယ်။

ခံတွင်းအနံ့အသက်များ ကောင်းမွန်စေခြင်း

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ဂျင်းကို ထောင်းထားပြီး ရလာတဲ့အရည် ၂ စက် ၃ စက်ကို ရောမွှေလိုက်ပါ။ ထို့နောက် ရေနွေးနွေးလေးနဲ့ ထပ်ရောလိုက်ပြီး ပလုပ်ကျင်းပေးလိုက်ပါ။ တစ်နေ့ကို တစ်ကြိမ် နှစ်ကြိမ်ခန့် ပလုပ်ကျင်းပေးမယ်ဆိုရင် ခံတွင်းအနံ့အသက်ဆိုးများ ပျောက်ကင်းသွားမှာပဲဖြစ်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top