ခ်က္ႀကိဳးတန္းလန္းနဲ႔ ေမြးကင္းစ ကေလးငယ္ေလးကို ထိုင္းနိုင္ငံက အဝတ္ေလၽွာ္ဆိုင္တစ္ခုက အဝတ္ေလၽွာ္စက္ထဲမွာ တိတ္တဆိတ္စြန႔္ပစ္ခဲ့မွုျဖစ္ပြားခဲ့ပါတယ္။ အေႂကြေစ့ထည့္ၿပီး အဝတ္ေလၽွာ္ရတဲ့ စက္ေတြျဖစ္တာေၾကာင့္ တစ္ေယာက္ေယာက္က အထဲမွာ ကေလးရွိေနတာ မသိပဲ စက္ကိုလည္လိုက္ရင္ ကေလးေသဆုံးသြားနိုင္ပါတယ္။

ဒါေပမယ့္ ကံေကာင္းေထာက္မစြာနဲ႔ ဆိုင္ပိုင္ရွင္ျဖစ္သူက ဆိုင္မပိတ္ခင္မွာ ကေလးငိုသံၾကားၿပီး အမွတ္မထင္ အဝတ္ေလၽွာ္စက္ထဲမွာ ေတြ႕ခဲ့တာျဖစ္ပါတယ္။
 
ထိုင္းနိုင္ငံေတာင္ပိုင္း ကာဘီမွာ ေသာၾကာေန႔က ျဖစ္ပြားခဲ့တာပါ။ ဆိုင္ရွင္ျဖစ္သူက ေန႔လည္ပိုင္းမွာ ဆိုင္ပိတ္ဖို႔ လုပ္ေနတုန္း ကေလးငိုသံၾကားခဲ့ပါတယ္။ ပထမေတာ့ အိမ္နီးနားခ်င္းေတြဆီက ျဖစ္မယ္လို႔ထင္ၿပီး ေနခဲ့ေပမယ့္ အသံက နီးကပ္လြန္းတာေၾကာင့္ ဆိုင္ထဲမွာ လိုက္ရွာခဲ့ရာ ကေလးကို ခ်က္ႀကိဳးတန္းလန္းနဲ႔ အဝတ္ေလၽွာ္စက္တစ္ခုထဲမွာ ေတြ႕လိုက္ရတာျဖစ္ပါတယ္။

အသက္ ၄၇ ႏွစ္အရြယ္ ဆိုင္ရွင္ျဖစ္သူ Sangduen Khaorueng က သက္ဆိုင္ရာကို အေၾကာင္းၾကားခဲ့ပါတယ္။ လက္တေလာမွာေတာ့ ကေလးကို မိဘမဲ့ေဂဟာသို႔ ပို႔ကာ ေစာင့္ေရွာက္ထားၿပီး လာပစ္သြားတဲ့ မိခင္ကိုေတာ့ ေျခရာခံလို မရေသးဘူးလို႔ ရဲအဖြဲ႕က ဆိုပါတယ္။ ဆိုင္ထဲမွာ စီစီတီဗီ မတပ္ထားတာေၾကာင့္ ျပန္လည္စစ္ေဆးလို႔မရေပမယ့္ လမ္းတစ္ေလၽွာက္မွာ တပ္ဆင္ထားတဲ့ စီစီတီဗီေတြကေနတစ္ဆင့္ ဆက္လက္ ရွာေဖြသြားမွာ ျဖစ္ေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:popolay
#Unicode Verison#
 ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစ ကလေးငယ်လေးကို ထိုင်းနိုင်ငံက အဝတ်လျှော်ဆိုင်တစ်ခုက အဝတ်လျှော်စက်ထဲမှာ တိတ်တဆိတ်စွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ်။ အကြွေစေ့ထည့်ပြီး အဝတ်လျှော်ရတဲ့ စက်တွေဖြစ်တာကြောင့် တစ်ယောက်ယောက်က အထဲမှာ ကလေးရှိနေတာ မသိပဲ စက်ကိုလည်လိုက်ရင် ကလေးသေဆုံးသွားနိုင်ပါတယ်။

ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ဆိုင်ပိုင်ရှင်ဖြစ်သူက ဆိုင်မပိတ်ခင်မှာ ကလေးငိုသံကြားပြီး အမှတ်မထင် အဝတ်လျှော်စက်ထဲမှာ တွေ့ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ကာဘီမှာ သောကြာနေ့က ဖြစ်ပွားခဲ့တာပါ။ ဆိုင်ရှင်ဖြစ်သူက နေ့လည်ပိုင်းမှာ ဆိုင်ပိတ်ဖို့ လုပ်နေတုန်း ကလေးငိုသံကြားခဲ့ပါတယ်။ ပထမတော့ အိမ်နီးနားချင်းတွေဆီက ဖြစ်မယ်လို့ထင်ပြီး နေခဲ့ပေမယ့် အသံက နီးကပ်လွန်းတာကြောင့် ဆိုင်ထဲမှာ လိုက်ရှာခဲ့ရာ ကလေးကို ချက်ကြိုးတန်းလန်းနဲ့ အဝတ်လျှော်စက်တစ်ခုထဲမှာ တွေ့လိုက်ရတာဖြစ်ပါတယ်။

အသက် ၄၇ နှစ်အရွယ် ဆိုင်ရှင်ဖြစ်သူ Sangduen Khaorueng က သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။ လက်တလောမှာတော့ ကလေးကို မိဘမဲ့ဂေဟာသို့ ပို့ကာ စောင့်ရှောက်ထားပြီး လာပစ်သွားတဲ့ မိခင်ကိုတော့ ခြေရာခံလို မရသေးဘူးလို့ ရဲအဖွဲ့က ဆိုပါတယ်။ ဆိုင်ထဲမှာ စီစီတီဗီ မတပ်ထားတာကြောင့် ပြန်လည်စစ်ဆေးလို့မရပေမယ့် လမ်းတစ်လျှောက်မှာ တပ်ဆင်ထားတဲ့ စီစီတီဗီတွေကနေတစ်ဆင့် ဆက်လက် ရှာဖွေသွားမှာ ဖြစ်ကြောင်း သိရှိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top