႐ုပ္႐ွင္ကားေတြမ်ားစြာ ဗီဒီယုိကားေတြမ်ားစြာနဲ႔ ပရိသတ္အားေပးမႈကုိ ရယူထားႏုိင္သလုိ ျမန္မာႏုိင္ငံရဲ႕ ပုရိသေယာက္်ားေတြ မက္ေမာရေလာက္တဲ့ မိန္းကေလးေတြလည္း အားက်ရေလာက္ Sexy က်တဲ့ အမုိက္စား ကုိယ္ခႏၶာကုိယ္ကုိ ပုိင္ဆုိင္ထားျပီး ဝတ္စားဆင္ယင္ပုံေၾကာင့္ ေဝဖန္ခံရမႈ မ်ားေနတဲ့ မင္းသမီးသင္ဇာဝင့္ေက်ာ္ကေတာ့ လက္႐ွိခ်စ္သူက Motivate လုပ္ေပးတာမ်ားလုိ႔ အရက္မေသာက္ျဖစ္ေတာ့ဘူးလုိ႔ Fashion magazine ရဲ႕အင္တာဗ်ဴး တစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

သင္ဇာဝင့္ေက်ာ္က “သူရန္ကုန္ကုိလာဖုိ႔႐ွိတယ္ေပါ့ေနာ္ ဒီလကုန္ရင္ သူလာေတြ႔မယ္။ တစ္ေယာက္တစ္လွည့္ေပါ့ သူလာေတြ႔လုိက္ သင္ဇာက သူ႔ကုိသြားေတြ႔လုိက္ အဲ့လုိမ်ိဳးေလးပဲ ႐ွိမွာပါ Distance Relationship ဆုိေတာ့။ Distance Relationship ဆုိေပမယ့္ သူက ယုံၾကည္မႈကုိ အျပည့္အဝေပးထားတာ သင္ဇာလည္း သူ႔ကုိ အျပည့္အဝ ယုံၾကည္တယ္ အဲ့လုိမ်ိဳးေလးပဲ ျဖစ္ရမွာ Distance Relationship ဆုိတာက ဘာပဲျဖစ္ျဖစ္ ေက်နပ္စရာေလးေပါ့ေနာ္။”လုိ႔ေျပာသြားခဲ့ပါတယ္

အႏုပညာအလုပ္ေတြမွာ ခ်စ္သူက အၾကံေပးတာ႐ွိလားလုိ႔ ေမးျမန္းရာ “အင္းေပါ့ ေပးသင့္တာေလးေတြ ေပးပါတယ္။ ဒါေပမဲ့ သူကေတာ့ အႏုပညာ႐ွင္ေတာ့ မဟုတ္ဘူးေပါ့ေနာ္။ဘာပဲျဖစ္ျဖစ္ Motivation အျမဲေပးတယ္ သင္ဇာ့ကုိ အေကာင္းျမင္ေအာင္ ဘယ္လုိေလးေတြ ဘဝမွာ ေနထုိင္သင့္တယ္ဆုိတာကုိ အျမဲတမ္း လမ္းၫႊန္ေပးတယ္ သူကလည္း အေ႐ွ႕ကေန စံျပျဖစ္ေအာင္ေနတယ္။ သင္ဇာ့ကုိ အရက္မေသာက္ေစခ်င္ဘူး ေဆးလိပ္မေသာက္ေစခ်င္ဘူးဆုိရင္ သူကုိယ္တုိင္ကလည္း မေသာက္တတ္မွ ျဖစ္မွာေလ သူကုိယ္တုိင္ကလည္း မေသာက္ဘူး။ အရက္လည္းမေသာက္ဘူး တစ္ပတ္ကုိ တစ္ခါတာေတာင္မွ ဝုိင္ေလးတစ္ခြက္ႏွစ္ခြက္ေလာက္ပဲ။ အဲ့လုိလူမ်ိဴးနဲ႔ တြဲရတဲ့အခါက်ေတာ့ သင္ဇာလည္း မေသာက္ျဖစ္ေတာ့ဘူးေလ ကုိယ့္အတြက္ အမ်ားႀကီး ေကာင္းဖုိ႔ေတြ ျဖစ္လာတာေပါ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။

သူ႔ဘက္ကေရာ လက္ထပ္ဖုိ႔ေျပာတာ႐ွိလား လုိ႔ ေမးျမန္းရာ “အဲ့တာကေတာ့ သူတုိ႔က Surprise လုပ္တတ္တဲ့ လူမ်ိဳးေတြဆုိေတာ့သူတုိ႔က ၾကဳိေျပာမွာေတာ့ မဟုတ္ဘူး။ အေမတုိ႔ အေဖတုိ႔ကက်ေတာ့ သင္ဇာ ဘယ္လုိဘဲမ်ိဴးပဲ ထားထား သူတုိ႔က စိတ္တုိင္းမက်ဘူး။ ယူလည္းမယူေစခ်င္ေသးဘူးေပါ့ေနာ္။ ဒါေပမဲ့လည္း ကုိယ္က အျမဲတမ္းတစ္သက္လုံးတစ္ေယာက္တည္း ေနသြားလုိ႔မရတဲ့ အခါမ်ိဳးက်ေတာ့သူတုိ႔လည္း ဒီတစ္ေယာက္နဲ႔ေတာ့ မဆုိးပါဘူး နည္းနည္းအဆင္ေျပပါတယ္။ သူတုိ႔က သေလာတူတယ္လည္း မဟုတ္ဘူး ေသခ်ာေမးတာေပါ့ေနာ္ တကယ္ၾကဳိက္လားေပါ့ အဲ့လုိမ်ိဳး ေသခ်ာေမးတယ္ ႀကိဳက္ရင္လည္း ယူေပါ့ေနာ္ အဲ့လုိမ်ိဴးေလးေတာ့ ေျပာတဲ့ အဆင့္ေတာ့႐ွိတာေပါ့ေနာ္ ဒါေပမဲ့လည္း သင္ဇာကေတာ့ စဥ္းစားေနတုန္းပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ရုပ်ရှင်ကားတွေများစွာ ဗီဒီယိုကားတွေများစွာနဲ့ ပရိသတ်အားပေးမှုကို ရယူထားနိုင်သလို မြန်မာနိုင်ငံရဲ့ ပုရိသယောက်ျားတွေ မက်မောရလောက်တဲ့ မိန်းကလေးတွေလည်း အားကျရလောက် Sexy ကျတဲ့ အမိုက်စား ကိုယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဝတ်စားဆင်ယင်ပုံကြောင့် ဝေဖန်ခံရမှု များနေတဲ့ မင်းသမီးသင်ဇာဝင့်ကျော်ကတော့ လက်ရှိချစ်သူက Motivate လုပ်ပေးတာများလို့ အရက်မသောက်ဖြစ်တော့ဘူးလို့ Fashion magazine ရဲ့အင်တာဗျူး တစ်ခုမှာ ပြောသွားခဲ့ပါတယ်။

သင်ဇာဝင့်ကျော်က “သူရန်ကုန်ကိုလာဖို့ရှိတယ်ပေါ့နော် ဒီလကုန်ရင် သူလာတွေ့မယ်။ တစ်ယောက်တစ်လှည့်ပေါ့ သူလာတွေ့လိုက် သင်ဇာက သူ့ကိုသွားတွေ့လိုက် အဲ့လိုမျိုးလေးပဲ ရှိမှာပါ Distance Relationship ဆိုတော့။ Distance Relationship ဆိုပေမယ့် သူက ယုံကြည်မှုကို အပြည့်အဝပေးထားတာ သင်ဇာလည်း သူ့ကို အပြည့်အဝ ယုံကြည်တယ် အဲ့လိုမျိုးလေးပဲ ဖြစ်ရမှာ Distance Relationship ဆိုတာက ဘာပဲဖြစ်ဖြစ် ကျေနပ်စရာလေးပေါ့နော်။”လို့ပြောသွားခဲ့ပါတယ်

အနုပညာအလုပ်တွေမှာ ချစ်သူက အကြံပေးတာရှိလားလို့ မေးမြန်းရာ “အင်းပေါ့ ပေးသင့်တာလေးတွေ ပေးပါတယ်။ ဒါပေမဲ့ သူကတော့ အနုပညာရှင်တော့ မဟုတ်ဘူးပေါ့နော်။ဘာပဲဖြစ်ဖြစ် Motivation အမြဲပေးတယ် သင်ဇာ့ကို အကောင်းမြင်အောင် ဘယ်လိုလေးတွေ ဘဝမှာ နေထိုင်သင့်တယ်ဆိုတာကို အမြဲတမ်း လမ်းညွှန်ပေးတယ် သူကလည်း အရှေ့ကနေ စံပြဖြစ်အောင်နေတယ်။ သင်ဇာ့ကို အရက်မသောက်စေချင်ဘူး ဆေးလိပ်မသောက်စေချင်ဘူးဆိုရင် သူကိုယ်တိုင်ကလည်း မသောက်တတ်မှ ဖြစ်မှာလေ သူကိုယ်တိုင်ကလည်း မသောက်ဘူး။ အရက်လည်းမသောက်ဘူး တစ်ပတ်ကို တစ်ခါတာတောင်မှ ဝိုင်လေးတစ်ခွက်နှစ်ခွက်လောက်ပဲ။ အဲ့လိုလူမျိူးနဲ့ တွဲရတဲ့အခါကျတော့ သင်ဇာလည်း မသောက်ဖြစ်တော့ဘူးလေ ကိုယ့်အတွက် အများကြီး ကောင်းဖို့တွေ ဖြစ်လာတာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

သူ့ဘက်ကရော လက်ထပ်ဖို့ပြောတာရှိလား လို့ မေးမြန်းရာ “အဲ့တာကတော့ သူတို့က Surprise လုပ်တတ်တဲ့ လူမျိုးတွေဆိုတော့သူတို့က ကြိုပြောမှာတော့ မဟုတ်ဘူး။ အမေတို့ အဖေတို့ကကျတော့ သင်ဇာ ဘယ်လိုဘဲမျိူးပဲ ထားထား သူတို့က စိတ်တိုင်းမကျဘူး။ ယူလည်းမယူစေချင်သေးဘူးပေါ့နော်။ ဒါပေမဲ့လည်း ကိုယ်က အမြဲတမ်းတစ်သက်လုံးတစ်ယောက်တည်း နေသွားလို့မရတဲ့ အခါမျိုးကျတော့သူတို့လည်း ဒီတစ်ယောက်နဲ့တော့ မဆိုးပါဘူး နည်းနည်းအဆင်ပြေပါတယ်။ သူတို့က သလောတူတယ်လည်း မဟုတ်ဘူး သေချာမေးတာပေါ့နော် တကယ်ကြိုက်လားပေါ့ အဲ့လိုမျိုး သေချာမေးတယ် ကြိုက်ရင်လည်း ယူပေါ့နော် အဲ့လိုမျိူးလေးတော့ ပြောတဲ့ အဆင့်တော့ရှိတာပေါ့နော် ဒါပေမဲ့လည်း သင်ဇာကတော့ စဉ်းစားနေတုန်းပါ။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top