ေအာင္ရင္က သားျဖစ္သူ မိုးေအာင္ရင္ ဆြမ္းခံၾကြေနတဲ့ ပံုေလးေတြကို ၾကည့္ၿပီး ဝမ္းသာပီတိျဖစ္ေနတာပါ။ မိုးေအာင္ရင္ရဲ႕ ဘြဲ႕နာမည္က ေမဃဇယ ပါတဲ့။

သရုပ္ေဆာင္ မိုးေအာင္ရင္ဟာ ေမလ(၁၂) ရက္ေန႕က သာသနာ့ေဘာင္ထဲ ဝင္ခဲ့တာပါ။ ဒီေန႕မွာလည္း ရပ္ကြက္ထဲသို႕ ကိုယ္တိုင္ ဆြမ္းခံၾကြေနတာ ေတြ႕ရပါတယ္။ ေအာင္ရင္ကေတာ့ သားျဖစ္သူ ဦးပဇင္း ဆြမ္းခံၾကြေနတဲ့ ပံုေလးေတြကို ၾကည့္ၿပီး ဝမ္းသာပီတိျဖစ္လို႕ေနပါတယ္။

“ဦးပဇင္း ေမဃဇယ ဆြမ္းခံႂကြတဲ႔ပံုေလးေတြ

ေတြ႕ရေတာ႔ ခမည္းေတာ္၊ မယ္ေတာ္ နဲ႔ ညီမေတာ္တို႔

ဝမ္းသာပီတိျဖစ္ရပါတယ္၊ သာဓုပါ ဦးပဇင္း” ဆိုၿပီး ေမလ(၁၄) ရက္ေန႕က ေအာင္ရင္ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။



ေအာင္ရင္တို႕ ဇနီးေမာင္ႏွံဟာ လက္ရွိမွာ အဂၤလန္သို႕ ျပန္ေရာက္ေနတာ ျဖစ္ပါတယ္။ သားျဖစ္သူကို သာသနာ့ေဘာင္ထဲမွာ ထားခဲ့ၿပီး အဂၤလန္သုိ႕ ခဏျပန္သြားခဲ့တာပါ ။ မုိးေအာင္ရင္ဟာ ေမလ ၇ ရက္ေန႔မွာ လြတ္ျငိမ္းခ်မ္းသာခြင့္ နဲ႔ အက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္လာတာျဖစ္ပါတယ္။ သူ႔ကုိေတာ့ မူးယစ္ေဆးဝါးမႈနဲ႔ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ ၂၉ ရက္ေန႔က မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရွိမႈနဲ႔ အက်ဥ္းခ်ခံခဲ့ရတာျဖစ္ပါတယ္။ သူဟာ မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရွိမႈနဲ႔ သုံးစြဲမႈ တုိ႔အတြက္ ၂၀၁၈ ခုႏွစ္ ႏုိဝင္ဘာလ အတြင္းက အလုပ္နဲ႔ ေထာင္ဒဏ္ ၁၅ ႏွစ္ က်ခံခဲ့ရတာျဖစ္ပါတယ္။

မုိးေအာင္ရင္ကုိေတာ့ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကား၊ တီဗီေၾကာ္ျငာေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာျဖစ္ပါတယ္။ သူဟာ အဆုိေတာ္ ေအာင္ရင္ရဲ႕ သားတစ္ေယာက္ျဖစ္ပါတယ္။

အျပဳံးခ်ဳိခ်ဳိ၊ သေဘာေကာင္းလြန္းသူ၊ ေပးလာတဲ့ ကာရုိက္တာအေပၚ အေကာင္းဆုံး သရုပ္ေဆာင္ႏုိင္သူျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ကုိ ဒီေန႔ အထိ ရရွိပုိင္ဆုိင္ထားတဲ့ မင္းသားေခ်ာတစ္ေယာက္ပါ။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


အောင်ရင်က သားဖြစ်သူ မိုးအောင်ရင် ဆွမ်းခံကြွနေတဲ့ ပုံလေးတွေကို ကြည့်ပြီး ဝမ်းသာပီတိဖြစ်နေတာပါ။ မိုးအောင်ရင်ရဲ့ ဘွဲ့နာမည်က မေဃဇယ ပါတဲ့။

သရုပ်ဆောင် မိုးအောင်ရင်ဟာ မေလ(၁၂) ရက်နေ့က သာသနာ့ဘောင်ထဲ ဝင်ခဲ့တာပါ။ ဒီနေ့မှာလည်း ရပ်ကွက်ထဲသို့ ကိုယ်တိုင် ဆွမ်းခံကြွနေတာ တွေ့ရပါတယ်။ အောင်ရင်ကတော့ သားဖြစ်သူ ဦးပဇင်း ဆွမ်းခံကြွနေတဲ့ ပုံလေးတွေကို ကြည့်ပြီး ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

“ဦးပဇင်း မေဃဇယ ဆွမ်းခံကြွတဲ့ပုံလေးတွေ

တွေ့ရတော့ ခမည်းတော်၊ မယ်တော် နဲ့ ညီမတော်တို့

ဝမ်းသာပီတိဖြစ်ရပါတယ်၊ သာဓုပါ ဦးပဇင်း” ဆိုပြီး မေလ(၁၄) ရက်နေ့က အောင်ရင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

အောင်ရင်တို့ ဇနီးမောင်နှံဟာ လက်ရှိမှာ အင်္ဂလန်သို့ ပြန်ရောက်နေတာ ဖြစ်ပါတယ်။ သားဖြစ်သူကို သာသနာ့ဘောင်ထဲမှာ ထားခဲ့ပြီး အင်္ဂလန်သို့ ခဏပြန်သွားခဲ့တာပါ ။ မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ သူ့ကိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အကျဉ်းချခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။

အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top