ဦးေအာင္ေဇယ် နွင့္ မယ္ယြန္းစံ သည္ ရြာသူႀကီးဘ၀ ကတည္းက မရွိအတူရွိအတူ လက္တြဲ၍ ဘဝကို ႐ုန္းကန္ ခဲ့ၾကေသာ ငယ္လင္ ငယ္မယားျဖစ္၏။ ဦးေအာင္ေဇယ် သည္ မင္းေလာင္း အျဖစ္ ေက်ာ္ၾကားၿပီး စစ္သည္ ရဲမက္မ်ား စုေဆာင္း ေနေသာ အခ်ိန္ျဖစ္၏။* ေနာင္တြင္ အင္းဝ ကို သိမ္းပိုက္ႏုိင္ရန္ လူေထာက္လႊတ္ျခင္း၊ ကိုယ္တုိင္သြား၍ စံုစမ္းျခင္းျပဳေလ့ ရွိ၏။ ထိုသို႔ ခရီးထြက္ရင္း စစ္ကိုင္းၿမိဳ႕တြင္မယားငယ္ တစ္ေယာက္ ရွိခဲ့ၿပီး ေနာင္ေသာအခါ မိဖုရားငယ္ တစ္ဦးျဖစ္လာ၏။

တစ္ႀကိမ္တြင္ စစ္ကိုင္းသို႔ ထြက္ခါနီး၌ မယ္ယြန္းစံ က သူ႔အတြက္ ပိုးခါးစည္းႀကိဳး တစ္ေခ်ာင္း ဝယ္ယူခဲ့ရန္ မွာၾကား လိုက္ ၏။ အင္းဝသို႔ ကူး၍ ဝယ္မည္ျပဳေသာ အခါ မယားငယ္ ကလည္း သူ႔အတြက္ တစ္ေခ်ာင္းမွာ၏။ ပိုးခါးစည္းႀကိဳး မွာ ရွားပါး ခိုက္ျဖစ္၍ တစ္ေခ်ာင္းသာ ရရွိၿပီး ခ်ည္ခါးစည္းႀကိဳး တစ္ေခ်ာင္းႏွင့္ ႏွစ္ေခ်ာင္းဝယ္ခဲ့၏။

မယားငယ္က ပိုးခါးစည္းႀကိဳးကို ဦးစြာ ယူလုိက္၏။ ျပန္ေတာင္းယူ၍ မရေတာ့ဘဲ မုဆိုးဖိုသို႔ ျပန္ခဲ့၏။ မယ္ယြန္းစံ က သူမွာေသာ ပိုးခါးစည္းႀကိဳး ရခဲ့သေလာဟုေမးရာ ဦးေအာင္ေဇယ် က ခ်ည္ခါးစည္း ႀကိဳးသာရသည္ဟု ထုတ္ေပး၏။

ထိုအခါ မယ္ယြန္းစံက အလြန္တိက်ေသာ မိန္းမပီပီ ‘‘ပိုးႀကိဳး မွာသည္ကို ခ်ည္ႀကိဳး ဝယ္ခဲ့ေလသည္။ က်ဳပ္ကို ခါးစည္းႀကိဳး တစ္ေခ်ာင္းမွ် မၾကည္ျဖဴၿပီေလာ’’ ဟု ဆုိ၏။

ဦးေအာင္ေဇယ် က သူသည္ ပိုးခါးစည္းႀကိဳး တစ္ေခ်ာင္းသာရၿပီး ၎တည္းခိုရာမွ ေဒသခံ မိန္းမ တစ္ဦး ကလည္းမွာ၍ ေပးခဲ့ မိေၾကာင္း ေျပာဆုိရာ မယ္ယြန္းစံ က ‘‘ကိုေအာင္ေဇယ် ရွင္သည္ သူလိုငါလို ဆင္းရဲသား ဘဝ မွာပင္ ရွင့္အလို အတုိင္းျပဳမူ၏။ ေနာင္အထြတ္ အထိပ္သို႔ေရာက္ေသာ္ ဆုိဖြယ္ရာ ရွိအံ့နည္း။

ယေန႔မွ စ၍ ရွင္အရိပ္ကို ကြၽန္မ မခိုလႈႈံ’’ ဟု ျပတ္ျပတ္ သားသား ဆံုးျဖတ္ၿပီး သမီးမ်ားႏွင့္ ေဆြမ်ိဳးမ်ား ရွိရာ စည္ပုတၱရာၿမိဳ႕ သို႔ သြားေရာက္ကာ လယ္ယာ လုပ္ငန္း လုပ္ကိုင္ စားေသာက္ေန၏။

ဦးေအာင္ေဇယ် သည္ ဘုရင္ျဖစ္ေသာအခါ မယ္ယြန္းစံ ကို ေဝါယာဥ္ႏွင့္ ပင့္ေခၚေစ၏။ မယ္ယြန္းစံကမလိုက္ သမီးေတာ္မ်ားကို သာ ထည့္လိုက္၏။ ဦးေအာင္ေဇယ် အ ခက္ႀကံဳေန၏။

ထိုအခါ ဉာဏ္နီဉာဏ္နက္ထုတ္ၿပီး မယ္ယြန္းစံ ေနထိုင္ရာ စည္ပုတၱရာကို အျခားေသာ ၿမိဳ႕မ်ားထက္ အခြန္ဘ႑ာေငြတိုး၍ ေကာက္၏။ စည္ပုတၱရာ ျပည္သူတုိ႔ ဒုကၡအႀကီး အက်ယ္ ေရာက္ၿပီး မယ္ယြန္းစံ အား စိတ္ေလွ်ာ့၍ ဦးေအာင္ေဇယ်ထံ သြားရန္ အႀကိမ္ႀကိမ္တိုက္တြန္းၾကရ၏။

ဦးေအာင္ေဇယ်က ၿငိမ္ၿပီး ေစာင့္ေန၏။ မယ္ယြန္းစံ သည္ ဦးေအာင္ေဇယ် ႀကိဳက္တတ္ေသာ မုန္႔ဆန္းကေလးမ်ားထုပ္၍ နန္းေတာ္သို႔ ေရာက္လာ၏။ ဦးေအာင္ေဇယ် က အလြန္ေပ်ာ္သြားၿပီး ‘‘ငါ့ မိန္းမ သည္ မုန္႔ဆန္းကို လက္ေဆာင္ျပဳၿပီး ေျမာက္နန္းကို လုရန္လာသည္ထင္၏’’ဟု ေထ့၏။

မယ္ယြန္းစံ က ‘‘ကိုေအာင္ေဇယ် ရွင္၏ ေျမာက္နန္းကို ရည္မွန္း၍ က်ဳပ္လာသည္မဟုတ္၊ စည္ပုတၱရာမွာ အခြန္ မ်ားလြန္း ၍ ျပည္သူတို႔ဆင္းရဲကုန္ၿပီ။ ဘုရင္ျဖစ္မွ မင္းက်င့္တရား ကို ေမ့ေလ်ာ့ေနလွ်င္ ကဲ့ရဲ႕ဖြယ္ျဖစ္ေနၿပီ’’ဟု ညီလာခံ ၌ပင္ ခပ္ျပတ္ျပတ္ေလွ်ာက္ထား၏။

ငယ္လင္ငယ္မယားမုိ႔ ဘုရင္ ျဖစ္လည္း လံုးဝမေၾကာက္၊ မိဘုရားေခါင္ႀကီး အျဖစ္ နန္းစံေရး ကိုလည္း လံုးဝမက္ေမာမႈမရွိေသာ မယ္ယြန္းစံ ၏ စိတ္ဓာတ္ ကို အလြန္ခ်ီးက်ဴးမိ၏။

သာမန္ အမ်ိဳးသမီး တစ္ဦးဆုိပါက လင္ျဖစ္သူ ရွင္ဘုရင္ႀကီး ျဖစ္ၿပီဆုိလွ်င္ ဣေႁႏၵ သိကၡာမရွိ အေခၚဆင့္သည္ကို မေစာင့္ဆုိင္းဘဲ ‘‘ကြၽန္မမွားပါတယ္ ကိုေအာင္ေဇယ်ရယ္’’ဟု ေျပာၿပီး နန္းေတာ္သို႔ ေျပးဝင္မွာ ေသခ်ာ၏။ မယ္ယြန္းစံကား လင္၏အမွားကို ျပတ္ျပတ္သားသား ေဝဖန္ရဲေသာ သတၱိရွိ၏။ ဦးေအာင္ေဇယ် အား ျပည္သူ တုိ႔အေပၚ အခြန္ ပိုမို မေကာက္ရန္အတြက္ အမိန္႔စာထုတ္ေပးရန္ ရဲရဲဝံ့ဝံ့ထပ္မံ ေတာင္းဆို၏။

အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ် သည္ အေလွ်ာ့ေပးလိုက္ရေလေတာ့၏။ ပိုးခါးစည္းႀကိဳးကို မယားငယ္အား ေပးလိုက္မိသည့္ တတိယျမန္မာ ႏုိင္ငံေတာ္တည္ေထာင္သူ သူရဲေကာင္းႀကီး အေလာင္းဘုရားသည္ သူ႔လိပ္ျပာသူမလံုဘဲ ရဲရဲေတာက္ မယ္ယြန္းစံ ကို အေလွ်ာ့ေပးခဲ့ရသည့္ျဖစ္စဥ္က ျမန္မာ အမ်ိဳးသမီးတုိ႔၏ လင္ေသာ၊ ဘုရင္ေသာ နားမလည္ မဟုတ္မခံေသာ သတၱိကုိပါ အထင္အရွားျပသလ်က္ ရွိေပသည္။

ျမန္မာ ရာဇဝင္တြင္ ဆံုးျဖတ္ခ်က္ျပတ္သားေသာ ျမန္မာ အမ်ိဳးသမီး မ်ားစြာရွိသည့္အထဲမွ လူသိနည္းမည္ထင္ေသာ ဂႏၴဝင္ပံုရိပ္အခ်ိဳ႕ကို ေကာက္ႏုတ္တင္ျပျခင္း ျဖစ္ပါသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Min Gyi
#Unicode Version#

ဦးအောင်ဇေယျ နှင့် မယ်ယွန်းစံ သည် ရွာသူကြီးဘ၀ ကတည်းက မရှိအတူရှိအတူ လက်တွဲ၍ ဘဝကို ရုန်းကန် ခဲ့ကြသော ငယ်လင် ငယ်မယားဖြစ်၏။ ဦးအောင်ဇေယျ သည် မင်းလောင်း အဖြစ် ကျော်ကြားပြီး စစ်သည် ရဲမက်များ စုဆောင်း နေသော အချိန်ဖြစ်၏။* နောင်တွင် အင်းဝ ကို သိမ်းပိုက်နိုင်ရန် လူထောက်လွှတ်ခြင်း၊ ကိုယ်တိုင်သွား၍ စုံစမ်းခြင်းပြုလေ့ ရှိ၏။ ထိုသို့ ခရီးထွက်ရင်း စစ်ကိုင်းမြို့တွင်မယားငယ် တစ်ယောက် ရှိခဲ့ပြီး နောင်သောအခါ မိဖုရားငယ် တစ်ဦးဖြစ်လာ၏။

တစ်ကြိမ်တွင် စစ်ကိုင်းသို့ ထွက်ခါနီး၌ မယ်ယွန်းစံ က သူ့အတွက် ပိုးခါးစည်းကြိုး တစ်ချောင်း ဝယ်ယူခဲ့ရန် မှာကြား လိုက် ၏။ အင်းဝသို့ ကူး၍ ဝယ်မည်ပြုသော အခါ မယားငယ် ကလည်း သူ့အတွက် တစ်ချောင်းမှာ၏။ ပိုးခါးစည်းကြိုး မှာ ရှားပါး ခိုက်ဖြစ်၍ တစ်ချောင်းသာ ရရှိပြီး ချည်ခါးစည်းကြိုး တစ်ချောင်းနှင့် နှစ်ချောင်းဝယ်ခဲ့၏။

မယားငယ်က ပိုးခါးစည်းကြိုးကို ဦးစွာ ယူလိုက်၏။ ပြန်တောင်းယူ၍ မရတော့ဘဲ မုဆိုးဖိုသို့ ပြန်ခဲ့၏။ မယ်ယွန်းစံ က သူမှာသော ပိုးခါးစည်းကြိုး ရခဲ့သလောဟုမေးရာ ဦးအောင်ဇေယျ က ချည်ခါးစည်း ကြိုးသာရသည်ဟု ထုတ်ပေး၏။

ထိုအခါ မယ်ယွန်းစံက အလွန်တိကျသော မိန်းမပီပီ ‘‘ပိုးကြိုး မှာသည်ကို ချည်ကြိုး ဝယ်ခဲ့လေသည်။ ကျုပ်ကို ခါးစည်းကြိုး တစ်ချောင်းမျှ မကြည်ဖြူပြီလော’’ ဟု ဆို၏။

ဦးအောင်ဇေယျ က သူသည် ပိုးခါးစည်းကြိုး တစ်ချောင်းသာရပြီး ၎င်းတည်းခိုရာမှ ဒေသခံ မိန်းမ တစ်ဦး ကလည်းမှာ၍ ပေးခဲ့ မိကြောင်း ပြောဆိုရာ မယ်ယွန်းစံ က ‘‘ကိုအောင်ဇေယျ ရှင်သည် သူလိုငါလို ဆင်းရဲသား ဘဝ မှာပင် ရှင့်အလို အတိုင်းပြုမူ၏။ နောင်အထွတ် အထိပ်သို့ရောက်သော် ဆိုဖွယ်ရာ ရှိအံ့နည်း။

ယနေ့မှ စ၍ ရှင်အရိပ်ကို ကျွန်မ မခိုလှုှုံ’’ ဟု ပြတ်ပြတ် သားသား ဆုံးဖြတ်ပြီး သမီးများနှင့် ဆွေမျိုးများ ရှိရာ စည်ပုတ္တရာမြို့ သို့ သွားရောက်ကာ လယ်ယာ လုပ်ငန်း လုပ်ကိုင် စားသောက်နေ၏။

ဦးအောင်ဇေယျ သည် ဘုရင်ဖြစ်သောအခါ မယ်ယွန်းစံ ကို ဝေါယာဉ်နှင့် ပင့်ခေါ်စေ၏။ မယ်ယွန်းစံကမလိုက် သမီးတော်များကို သာ ထည့်လိုက်၏။ ဦးအောင်ဇေယျ အ ခက်ကြုံနေ၏။

ထိုအခါ ဉာဏ်နီဉာဏ်နက်ထုတ်ပြီး မယ်ယွန်းစံ နေထိုင်ရာ စည်ပုတ္တရာကို အခြားသော မြို့များထက် အခွန်ဘဏ္ဍာငွေတိုး၍ ကောက်၏။ စည်ပုတ္တရာ ပြည်သူတို့ ဒုက္ခအကြီး အကျယ် ရောက်ပြီး မယ်ယွန်းစံ အား စိတ်လျှော့၍ ဦးအောင်ဇေယျထံ သွားရန် အကြိမ်ကြိမ်တိုက်တွန်းကြရ၏။

ဦးအောင်ဇေယျက ငြိမ်ပြီး စောင့်နေ၏။ မယ်ယွန်းစံ သည် ဦးအောင်ဇေယျ ကြိုက်တတ်သော မုန့်ဆန်းကလေးများထုပ်၍ နန်းတော်သို့ ရောက်လာ၏။ ဦးအောင်ဇေယျ က အလွန်ပျော်သွားပြီး ‘‘ငါ့ မိန်းမ သည် မုန့်ဆန်းကို လက်ဆောင်ပြုပြီး မြောက်နန်းကို လုရန်လာသည်ထင်၏’’ဟု ထေ့၏။

မယ်ယွန်းစံ က ‘‘ကိုအောင်ဇေယျ ရှင်၏ မြောက်နန်းကို ရည်မှန်း၍ ကျုပ်လာသည်မဟုတ်၊ စည်ပုတ္တရာမှာ အခွန် များလွန်း ၍ ပြည်သူတို့ဆင်းရဲကုန်ပြီ။ ဘုရင်ဖြစ်မှ မင်းကျင့်တရား ကို မေ့လျော့နေလျှင် ကဲ့ရဲ့ဖွယ်ဖြစ်နေပြီ’’ဟု ညီလာခံ ၌ပင် ခပ်ပြတ်ပြတ်လျှောက်ထား၏။

ငယ်လင်ငယ်မယားမို့ ဘုရင် ဖြစ်လည်း လုံးဝမကြောက်၊ မိဘုရားခေါင်ကြီး အဖြစ် နန်းစံရေး ကိုလည်း လုံးဝမက်မောမှုမရှိသော မယ်ယွန်းစံ ၏ စိတ်ဓာတ် ကို အလွန်ချီးကျူးမိ၏။

သာမန် အမျိုးသမီး တစ်ဦးဆိုပါက လင်ဖြစ်သူ ရှင်ဘုရင်ကြီး ဖြစ်ပြီဆိုလျှင် ဣန္ဒြေ သိက္ခာမရှိ အခေါ်ဆင့်သည်ကို မစောင့်ဆိုင်းဘဲ ‘‘ကျွန်မမှားပါတယ် ကိုအောင်ဇေယျရယ်’’ဟု ပြောပြီး နန်းတော်သို့ ပြေးဝင်မှာ သေချာ၏။ မယ်ယွန်းစံကား လင်၏အမှားကို ပြတ်ပြတ်သားသား ဝေဖန်ရဲသော သတ္တိရှိ၏။ ဦးအောင်ဇေယျ အား ပြည်သူ တို့အပေါ် အခွန် ပိုမို မကောက်ရန်အတွက် အမိန့်စာထုတ်ပေးရန် ရဲရဲဝံ့ဝံ့ထပ်မံ တောင်းဆို၏။

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သည် အလျှော့ပေးလိုက်ရလေတော့၏။ ပိုးခါးစည်းကြိုးကို မယားငယ်အား ပေးလိုက်မိသည့် တတိယမြန်မာ နိုင်ငံတော်တည်ထောင်သူ သူရဲကောင်းကြီး အလောင်းဘုရားသည် သူ့လိပ်ပြာသူမလုံဘဲ ရဲရဲတောက် မယ်ယွန်းစံ ကို အလျှော့ပေးခဲ့ရသည့်ဖြစ်စဉ်က မြန်မာ အမျိုးသမီးတို့၏ လင်သော၊ ဘုရင်သော နားမလည် မဟုတ်မခံသော သတ္တိကိုပါ အထင်အရှားပြသလျက် ရှိပေသည်။

မြန်မာ ရာဇဝင်တွင် ဆုံးဖြတ်ချက်ပြတ်သားသော မြန်မာ အမျိုးသမီး များစွာရှိသည့်အထဲမှ လူသိနည်းမည်ထင်သော ဂန္ထဝင်ပုံရိပ်အချို့ကို ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်။


ဖိုးသူတော်(www.phothutaw.com)
Credit: Min Gyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top