အခ်စ္ေရးေဗဒင္တြက္နည္း
ခ်စ္သူနဲ႔ဒီႏွစ္ဖူးစာဆုံနိင္မွာလားလို႔ေဗဒင္ဆရာေတြမၾကာခဏအေမးခံရတတ္ပါတယ္။ေဗဒင္ပညာကိုေလ့လာခ်င္ရင္ဒီတြက္နည္းကိုသိထားသင့္ပါတယ္။
တြက္နည္းကလြယ္ပါတယ္ျမန္မာ့ရိုးရာတြက္နည္းပါပဲ။ဒီတြက္နည္းကိုလက္ေတြ႔ေဟာေျပာတ့ဲအခါအခက္အခဲေလးေတြရိွပါတယ္နားလည္ေအာင္ရွင္းျပေပးပါ့မယ္နားမလည္တာရွိခ့ဲရင္ျပန္လည္ေမးျမန္းပါ။ရွင္းျပေပးပါ့မယ္။
တြက္နည္း
အသက္၃၄ႏွစ္ရွိတ့ဲၾကာသာပေတးသမီးကဒီႏွစ္ထဲမွာခ်စ္သူနဲ႔အိမ္ေထာင္က်ကိန္းရွိမရွိေမးလာတယ္။ေမးသူရဲ႕အသက္ကိုတည္ေန႔နံနဲ႔ေပါင္းအမ်ဳိးသားရဲ႕ေန႔နံနဲ႔ထပ္ေပါင္းျပီးရလဒ္ကို၈နဲ႔စား
ဥပမာ=ေမးသူအသက္ ၃၄
ေန႔နံ=ၾကာသာပေတး ၅
ခ်စ္သူေန႔နံ=တနလာၤ ၂
ေပါင္းျခင္းရလဒ္ ၃၄+၅+၂=၄၁
၄၁ကို၈နဲ႔ျပန္စား၄၁÷၈=၁ႄကြင္း
။။ႄကြင္း၁၊၃၊၅၊၀ႄကြင္းရင္မရေသးပါဘူး။အစီအစဥ္ေလးေတြေနာက္ေရႊ႕ရမယ္။ခ်စ္သူဘဝမွာဘဲတင္းတိမ္ၾကပါဦး။ႏွစ္ေယာက္ျကားမွာရွိတ့ဲအဖုအထစ္ေလးေတြေျပလည္ေအာင္ေျဖရွင္းၾကပါဦး
တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာေဘးစကားအေႏွာက္အယွက္ေတြရွိေနပါတယ္။အိမ္ေထာင္ျပဳဖို႔စီစဥ္ပါကပ်က္ရြင္းတတ္ပါတယ္။
၂၊၄၊၆ႄကြင္းရင္ဟန္က်ျပီဗ်ဳိ႕ဘယ္သို႔ေသာအေႏွာက္အယွက္မွႏွစ္ေယာက္ၾကားမဝင္နိုင္ေတာ့ဘူး။ရည္ရႊယ္ထားသူနဲ႔ဒီႏွစ္ထဲဖူးစာဆုံမွာပါ
အခ်စ္ေဗဒင္ (၂)
လက္ေတြ႔ေဟာေျပာတ့ဲအခါမွာျပသနာအနည္းငယ္ရွိပါတယ္။ဘယ္သူ႔အသက္ကိုယူရမွာလဲဆိုတ့ဲျပသနာပါ။ေျဖရွင္းနည္း၄နည္းရွိပါတယ္
၁။တစ္ေယာက္ထဲလာေမးရင္ေမးသူရဲ႕အသက္(အမ်ဳိးကေမးရင္အမ်ဳိးသားအသက္)ကိုယူရပါတယ္။
၂။ႏွစ္ေယာက္ထဲျပီးက်ြန္ေတာ္က်ြန္မတို႔ဆိုျပီးေမးရင္အမ်ဳိးသမီးရဲ႕အသက္ကိုယူရပါတယ္။
၃။အမ်ဳိးသမီးရဲ႕အသက္ကိုအတိအက်မသိရင္အမ်ဳိးသားရဲ႕အသက္ကိုယူရပါတယ္။
၄။ႏွစ္ေယာက္လုံးရဲ႕အသက္ကိုမသိဘူးဆိုရင္ယခုေရာက္ဆဲေကာဇာသကၠရာဇ္ကိုအသက္ေနရာမွာတည္ျပီးတြက္ရပါတယ္။
ဒီတြက္နည္းမွာေနာက္ထပ္ျပသနာရွိတာကလူတစ္ေယာက္ကသူ႔မွာရည္းစားကႏွစ္ေယာက္အိမ္ကစီစဥ္တာကတစ္ေယာက္ေပါင္းသုံးေယာက္ရွိေနတယ္ဘယ္သူနဲ႔အိမ္ေထာင္က်မွာလဲလို႔ေမးလာျပီဘယ္လိုတြက္မွာလဲ။
ေဗဒင္ေမးသူကအသက္၂၄ႏွစ္ရွိစေနသားသူရည္ရႊယ္ထားတာကဗုဒၶဟူးသမီးနဲ႔ေသာၾကာသမီးအိမ္ကစီစဥ္တာကအဂၤါသမီးဒီ၃ေယာက္မွာဘယ္သူနဲ႔ဖူးစာဆုံမလဲ။
လြယ္ပါတယ္။ပထမနည္းအတိုင္းတစ္ေယာက္ျပီးတစ္ေယာက္တြက္ရပါတယ္။
၁။ေမးသူအသက္၂၄+ေမးသူေန႔နံ၇+သူလိုသူေန႔နံဗုဒၶဟူး၄=၅၃÷၈=၃မညား
၂။ေမးသူ၂၄+၇+သိလိုသူေသာျကာ၆=၃၇÷၈=၅မညား
၃။၂၄+၇+အဂၤါသမီး၃=၃၄÷၈=၂ညား
အေျဖရပါျပီဒီႏွစ္မွာခ်စ္သူေတြနဲ႔မညားဘဲအိမ္ကစီစဥ္တ့ဲအဂၤါသမီးနဲ႔သာဖူးစာဆုံမွာပါ။ဒီေနရာမွာျပသနာတစ္ခုရွိပါတယ္။
အခ်စ္ေဗဒင္(၃)–
အမ်ားထဲကတစ္ေယာက္ကိုတြက္တ့ဲအခါမွာလက္ထပ္ရမယ့္ကိန္း၊ညားတ့ဲကိန္းကႏွစ္ေယာက္ျဖစ္ေနတယ္
ဥပမာ။
အသက္၂၄ႏွစ္ရွိတနလာၤသမီးမွာရည္မွန္းထားတ့ဲသူႏွစ္ေယာက္ရွိပါတယ္။တနလၤာသားနဲ႔ဗုဒၶဟူးသား၊ဘယ္သူနဲ႔ဒီကာလမွာဖူးစာစုံမွာလဲလို႔တြက္ၾကည့္တ့ဲအခါ
တနလၤာသား-၂၄+၂+၂=၂၈၎ကို၈နဲ႔စား၈÷၂၈=၄(ညား)
ဗုဒၶဟူးသား-၂၄+၂+၄=၃၀၎ကို၈နဲ႔စား၈÷၃၀=၆(ညား)
ႏွစ္ေယာက္စလုံးနဲ႔ညားမယ္လို႔အေျဖထြက္ေနပါတယ္။ဒီလိုျပႆနာနဲ႔ႀကံဳေတြ႔ရရင္အမ်ဳိးသားရဲ႕ဘက္ကျပန္တြက္ရပါတယ္။
ဥပမာ။
တနလာၤသားအသက္က၃၁ဆိုပါေတာ့၃၁ကို၎၏ေန႔နံႏွင့္ေပါင္းတဖန္အမ်ဳိးသမီးေန႔နံႏွင့္ေပါင္း၊ေပါင္း၍ရေသာကိန္းကို၈နဲ႔စားပါ။ဥပမာ
တနလၤာသားအသက္၃၁+၎ေန႔နံ၂+အမ်ဳိးသမီးေန႔နံ၂=၃၅၎ကို၈နဲ႔စား၈÷၃၅=၁(မညား)
ဗုဒၶဟူးသားအသက္၂၈+၎၏ေန႔နံ၄+အမ်ဳိးသမီးေန႔နံ၂=၃၄၎ကို၈နဲ႔စား၈÷၃၄=၂(ညား)
အေျဖရပါျပီ။တနလာၤသမီးအတြက္ဒီႏွစ္ထဲမွာေရႊးရခက္ေအာင္ႏွစ္ေယာက္ကိန္းႀကံဳေနေပမယ့္ဗုဒၶသားနဲ႔သာဖူးစာစုံမွာျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:မူရင္းဆရာမ်ားကို ခရစ္ဒစ္ေပးပါတယ္႐ွင္
# Unicode Version # ျဖင့္ ဖတ္ပါ။
ချစ်သူနဲ့ဒီနှစ်ဖူးစာဆုံနိင်မှာလားလို့ဗေဒင်ဆရာတွေမကြာခဏအမေးခံရတတ်ပါတယ်။ဗေဒင်ပညာကိုလေ့လာချင်ရင်ဒီတွက်နည်းကိုသိထားသင့်ပါတယ်။
တွက်နည်းကလွယ်ပါတယ်မြန်မာ့ရိုးရာတွက်နည်းပါပဲ။ဒီတွက်နည်းကိုလက်တွေ့ဟောပြောတဲ့အခါအခက်အခဲလေးတွေရှိပါတယ်နားလည်အောင်ရှင်းပြပေးပါ့မယ်နားမလည်တာရှိခဲ့ရင်ပြန်လည်မေးမြန်းပါ။ရှင်းပြပေးပါ့မယ်။
တွက်နည်း
အသက်၃၄နှစ်ရှိတဲ့ကြာသာပတေးသမီးကဒီနှစ်ထဲမှာချစ်သူနဲ့အိမ်ထောင်ကျကိန်းရှိမရှိမေးလာတယ်။မေးသူရဲ့အသက်ကိုတည်နေ့နံနဲ့ပေါင်းအမျိုးသားရဲ့နေ့နံနဲ့ထပ်ပေါင်းပြီးရလဒ်ကို၈နဲ့စား
ဥပမာ=မေးသူအသက် ၃၄
နေ့နံ=ကြာသာပတေး ၅
ချစ်သူနေ့နံ=တနလာၤ ၂
ပေါင်းခြင်းရလဒ် ၃၄+၅+၂=၄၁
၄၁ကို၈နဲ့ပြန်စား၄၁÷၈=၁ကြွင်း
။။ကြွင်း၁၊၃၊၅၊ဝကြွင်းရင်မရသေးပါဘူး။အစီအစဉ်လေးတွေနောက်ရွှေ့ရမယ်။ချစ်သူဘဝမှာဘဲတင်းတိမ်ကြပါဦး။နှစ်ယောက်ကြားမှာရှိတဲ့အဖုအထစ်လေးတွေပြေလည်အောင်ဖြေရှင်းကြပါဦး
တစ်ယောက်နဲ့တစ်ယောက်ကြားမှာဘေးစကားအနှောက်အယှက်တွေရှိနေပါတယ်။အိမ်ထောင်ပြုဖို့စီစဉ်ပါကပျက်ရွင်းတတ်ပါတယ်။
၂၊၄၊၆ကြွင်းရင်ဟန်ကျပြီဗျို့ဘယ်သို့သောအနှောက်အယှက်မှနှစ်ယောက်ကြားမဝင်နိုင်တော့ဘူး။ရည်ရွှယ်ထားသူနဲ့ဒီနှစ်ထဲဖူးစာဆုံမှာပါ
အချစ်ဗေဒင် (၂)
လက်တွေ့ဟောပြောတဲ့အခါမှာပြသနာအနည်းငယ်ရှိပါတယ်။ဘယ်သူ့အသက်ကိုယူရမှာလဲဆိုတဲ့ပြသနာပါ။ဖြေရှင်းနည်း၄နည်းရှိပါတယ်
၁။တစ်ယောက်ထဲလာမေးရင်မေးသူရဲ့အသက်(အမျိုးကမေးရင်အမျိုးသားအသက်)ကိုယူရပါတယ်။
၂။နှစ်ယောက်ထဲပြီးကျွန်တော်ကျွန်မတို့ဆိုပြီးမေးရင်အမျိုးသမီးရဲ့အသက်ကိုယူရပါတယ်။
၃။အမျိုးသမီးရဲ့အသက်ကိုအတိအကျမသိရင်အမျိုးသားရဲ့အသက်ကိုယူရပါတယ်။
၄။နှစ်ယောက်လုံးရဲ့အသက်ကိုမသိဘူးဆိုရင်ယခုရောက်ဆဲကောဇာသက္ကရာဇ်ကိုအသက်နေရာမှာတည်ပြီးတွက်ရပါတယ်။
ဒီတွက်နည်းမှာနောက်ထပ်ပြသနာရှိတာကလူတစ်ယောက်ကသူ့မှာရည်းစားကနှစ်ယောက်အိမ်ကစီစဉ်တာကတစ်ယောက်ပေါင်းသုံးယောက်ရှိနေတယ်ဘယ်သူနဲ့အိမ်ထောင်ကျမှာလဲလို့မေးလာပြီဘယ်လိုတွက်မှာလဲ။
ဗေဒင်မေးသူကအသက်၂၄နှစ်ရှိစနေသားသူရည်ရွှယ်ထားတာကဗုဒ္ဓဟူးသမီးနဲ့သောကြာသမီးအိမ်ကစီစဉ်တာကအင်္ဂါသမီးဒီ၃ယောက်မှာဘယ်သူနဲ့ဖူးစာဆုံမလဲ။
လွယ်ပါတယ်။ပထမနည်းအတိုင်းတစ်ယောက်ပြီးတစ်ယောက်တွက်ရပါတယ်။
၁။မေးသူအသက်၂၄+မေးသူနေ့နံ၇+သူလိုသူနေ့နံဗုဒ္ဓဟူး၄=၅၃÷၈=၃မညား
၂။မေးသူ၂၄+၇+သိလိုသူသောကြာ၆=၃၇÷၈=၅မညား
၃။၂၄+၇+အင်္ဂါသမီး၃=၃၄÷၈=၂ညား
အဖြေရပါပြီဒီနှစ်မှာချစ်သူတွေနဲ့မညားဘဲအိမ်ကစီစဉ်တဲ့အင်္ဂါသမီးနဲ့သာဖူးစာဆုံမှာပါ။ဒီနေရာမှာပြသနာတစ်ခုရှိပါတယ်။
အချစ်ဗေဒင်(၃)–
အများထဲကတစ်ယောက်ကိုတွက်တဲ့အခါမှာလက်ထပ်ရမယ့်ကိန်း၊ညားတဲ့ကိန်းကနှစ်ယောက်ဖြစ်နေတယ်
ဥပမာ။
အသက်၂၄နှစ်ရှိတနလာၤသမီးမှာရည်မှန်းထားတဲ့သူနှစ်ယောက်ရှိပါတယ်။တနင်္လာသားနဲ့ဗုဒ္ဓဟူးသား၊ဘယ်သူနဲ့ဒီကာလမှာဖူးစာစုံမှာလဲလို့တွက်ကြည့်တဲ့အခါ
တနင်္လာသား-၂၄+၂+၂=၂၈၎င်းကို၈နဲ့စား၈÷၂၈=၄(ညား)
ဗုဒ္ဓဟူးသား-၂၄+၂+၄=၃၀၎င်းကို၈နဲ့စား၈÷၃၀=၆(ညား)
နှစ်ယောက်စလုံးနဲ့ညားမယ်လို့အဖြေထွက်နေပါတယ်။ဒီလိုပြဿနာနဲ့ကြုံတွေ့ရရင်အမျိုးသားရဲ့ဘက်ကပြန်တွက်ရပါတယ်။
ဥပမာ။
တနလာၤသားအသက်က၃၁ဆိုပါတော့၃၁ကို၎င်း၏နေ့နံနှင့်ပေါင်းတဖန်အမျိုးသမီးနေ့နံနှင့်ပေါင်း၊ပေါင်း၍ရသောကိန်းကို၈နဲ့စားပါ။ဥပမာ
တနင်္လာသားအသက်၃၁+၎င်းနေ့နံ၂+အမျိုးသမီးနေ့နံ၂=၃၅၎င်းကို၈နဲ့စား၈÷၃၅=၁(မညား)
ဗုဒ္ဓဟူးသားအသက်၂၈+၎င်း၏နေ့နံ၄+အမျိုးသမီးနေ့နံ၂=၃၄၎င်းကို၈နဲ့စား၈÷၃၄=၂(ညား)
အဖြေရပါပြီ။တနလာၤသမီးအတွက်ဒီနှစ်ထဲမှာရွှေးရခက်အောင်နှစ်ယောက်ကိန်းကြုံနေပေမယ့်ဗုဒ္ဓသားနဲ့သာဖူးစာစုံမှာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းဆရာများကို ခရစ်ဒစ်ပေးပါတယ်ရှင်