ကိုယ္၀န္ေဆာင္ဖူးတဲ့ အမ်ိဳးသမီးေတာ္ေတ္ာမ်ားမ်ားသိၾကမွာပါ။ ကိုယ္ဝန္ရင့္လာေလေလ ကိုယ္ခႏၶာေပၚက တစ္ခ်ိဳ႕အရာေတြ ေျပာင္းလဲလာေလေလဆုိတာမ်ိဳးကုိ။ ကိုယ္အေလးခ်ိန္၊ မိန္းမကိုယ္ကအျဖဴဆင္းတာေတြ ေျခေထာက္ေဖာေရာင္တာေတြ  အျပင္ အသက္ရွဴရခက္တာကလည္း လရင့္ေနတဲ့ ကိုယ္ဝန္ေဆာင္တုိင္း ၾကံဳေတြ႕ရတတ္တဲ့ ျပႆနာတစ္ခုပါ။

ဒီလို အသက္ရွဴရခက္တာ ဘာ့ေၾကာင့္ျဖစ္ရတာလဲ။ စိုးရိမ္ရလား ။

ကိုယ္ဝန္ရင့္လာတဲ့အခ်ိန္မွာ အသက္ရွဴရခက္တာ ပံုမွန္ ျဖစ္ေနက် အရာတစ္ခုပါ။

    ၾကီးလာတဲ့ ဗုိက္ထဲက ရင္ေသြးေလးက အသက္ရွဴတဲ့ေနရာက တစ္စိတ္တစ္ပို္င္းျဖစ္တဲ့ ရင္ဝမ္းျခား အေျမွး diaphragm ကို သြားဖိတဲ့အခါ အသက္ရွဴဳရခက္သလို
    ကိုယ္ဝန္ေဆာင္ခ်ိန္ ထြက္ေနတတ္တဲ့ ပရိုဂ်က္စတုန္းေဟာ္မုန္းေၾကာင့္လည္း အသက္ရွဴရ ၾကပ္တတ္ပါတယ္။ ဒါေတြက ကိုယ္ဝန္ရင့္လာတဲ့အခါ ျဖစ္ေနက်ဆိုရမယ့္ ျပႆနာေတြပါ။

ကိုယ္ဝန္ရင့္လာတဲ့အခါ အသက္ရွဴခက္တာ ပံုမွန္ ျပႆာနာတစ္ခုဆိုေပမယ့္ ခုေျပာျပမယ့္ ျပႆနာေတြရွိရင္ေတာ့ စိုးရိမ္စရာရွိပါတယ္။

ပန္းနာရင္ၾကပ္ေရာဂါ အစတည္းကရွိတဲ့သူေတြ

ကိုယ္ဝန္က ပန္းနာရင္ၾကပ္ေရာဂါကို ပုိဆိုးေစတာေၾကာင့္ ကိုယ္ဝန္ရင့္လို႕ ပုံမွန္ အသက္ရွဴၾကပ္တာလား၊ ပန္းနာရင္ၾကပ္ျပန္ထတာလားဆိုတာကို ေသခ်ာ ခြဲသိဖို႕ ဆရာဝန္ဆီ သြားျပဖို႕ လိုပါတယ္။

ေသြးအားနည္းျခင္း

ေသြးအားနည္းတယ္ဆုိတဲ့ေနရာမွာ သံဓာတ္ခ်ိဳ႕တဲ့ေသြးအားနည္းေရာဂါကို အဓိက ေျပာခ်င္တာပါ။ ဒီ သံဓာတ္ခ်ိဳ႕တဲ့ ေသြးအားနည္းေရာဂါက ကိုယ္ဝန္ေဆာင္ေတြမွာ အမ်ားဆံုးျဖစ္တတ္ျပီး အသက္ရွဴရခက္တာ၊ ႏုန္းေနတာ ၊ေခါင္းကိုက္ျပီး ေမာပန္းလြယ္တာေတြကို ျဖစ္ေစပါတယ္။ သံဓာတ္ျဖည့္ေသြးအားနည္းေနတာကို သိဖို႔ ဆရာဝန္က ေသြးတြင္း သံဓာတ္ ပမာဏကို စစ္ေဆးမွာျဖစ္ျပီး နည္းေနတာေသခ်ာရင္ သံဓာတ္ျဖည့္ အားေဆးတုိက္မွာ ျဖစ္ပါတယ္။

အသက္ရွဴလုိက္တုိင္း ေအာင့္ေနတာ ( ဒါမွမဟုတ္ ) အဆက္မျပတ္ေခ်ာင္းဆိုးတာ ။ ။

အသက္ကိုရႈိက္ရွဴလိုက္တဲ့အခါ ရင္ဘတ္ေအာင့္သြားတာ၊ အသက္ရွဴမဝလို႔ အသက္ျမန္ျမန္ရွဴေနရတာ နဲ႔ ေသြးခုန္ႏႈန္းေတြ ျမန္လာတာ၊ ေခ်ာင္းအဆတ္မျပတ္ဆိုးေနတာမ်ိဳးဆို အဆုတ္ထဲ ေသြးခဲေရာက္သြားတဲ့ ျပႆာနာ ေတြ ျဖစ္ႏုိင္တာေၾကာင့္ ဆရာဝန္နဲ႔ အျမန္ဆံုး တုိင္ပင္ျပီး အေျဖရွာ ကုသသင့္ပါတယ္။
ဒီလုိ ကိုယ္ဝန္ရင့္တဲအ့ခါ အသက္ရွဴရခက္တာက ပံုမွန္ျဖစ္တတ္တဲ့ ျပႆနာတစ္ခုဆုိေတာ့ ဘယ္လို သက္သာေအာင္ ေနရမလဲ ။ ။

အသက္ရွဴရခက္တဲ့ ျပႆနာတစ္ခုဟာ ပံုမွန္လူေတြ အတြက္ေတာင္ ေနထုိင္ရတာ သက္ေတာင့္သက္သာမရွိတာ ကိုယ္ဝန္ေဆာင္ေတြ အတြက္ဆို ပိုဆိုးတာေပါ့ ။ဒါေပမယ့္လည္း သက္သာေအာင္ လုပ္လို႔ရတဲ့ နည္းေတြ အမ်ားၾကီးပါ။ ။

ကိုယ္ဟန္အေနအထားကိုျပင္ပါ။

ထုိင္ေနရင္ပဲျဖစ္ျဖစ္ မတ္တပ္ရပ္ေနရင္ပဲျဖစ္ျဖစ္ ရင္ဘတ္ေကာ့ထားတဲ့ ပံုစံမ်ိဳးနဲ႔ ေက်ာကို မတ္မတ္ထားပါ။ ဒါမွ ရင္ဘတ္က်ယ္သြားသလိုျဖစ္ျပီး အဆုတ္အလုပ္လုပ္ရတာ ပိုလြယ္ကူမွာပါ။

ကိုယ္လက္လႈပ္ရွားမႈ လုပ္ပါ။

ေယာဂလိုမ်ိဳး အျငိမ္တစ္လိုင္း ေလ့က်င့္ခန္းေတြ ကိုယ္ဝန္ေဆာင္ေတြ လုပ္ေပးလို႔ရပါတယ္။ ေယာဂေလ့က်င့္ခန္း အခ်ဳပ္က အသက္ရွဴေလ့က်င့္ခန္းနဲ႔ အေၾကာေတြ ေျပေလ်ာ့ေအာင္လုပ္တာျဖစ္တာေၾကာင့္ ကိုယ္ဝန္သည္ေတြရဲ႕ အေၾကာေတြ ေျပေလ်ာ့ျပီး ေသြးလည္ပတ္မႈကို ေကာင္းေစပါတယ္။ ဘယ္လိုေလ့က်င့္ခန္းနဲ႔ ကိုယ္နဲ႔သင့္ေတာ္သလဲဆုိတာကို ဆရာဝန္နဲ႕ ေသခ်ာတုိင္ပင္ပါ။

စိတ္ကို ေအးေအးထားပါ။

အသက္ရွဴရၾကပ္ေနလို႕ဆိုျပီး အရမ္း အစိုးရိမ္မလြန္ပါနဲ႔။ ပိုျပီး စိုးရိမ္ ေလေလ အသက္ရွဴရပိုၾကပ္ေလေလ ျဖစ္လာပါလိမ့္မယ္။ ဒါ့ေၾကာင့္ စိတ္ကို ေအးေအးထားပါ။ အသက္ကုိျဖည္းျဖည္းခ်င္း ေလ့က်င့္ရွဴပါ။

ေမြးရမယ့္ရက္ နီးလာေလေလ အသက္ရွဴရခက္တဲ့ ျပႆနာ တျဖည္းျဖည္း နည္းလာေလေလျဖစ္မွာပါ။ ေမြးခါနီးေတာ့ ကေလးက ေမြးလမ္းေၾကာင္းထဲ ဆင္းလာတဲ့အတြက္ေၾကာင့္ ရင္ဝမ္းျခားၾကြက္သားနဲ႔ အဆုတ္တုိ႕အတြက္ ေနရာျပန္ရသြားျပီး အသက္ရွဴရတာ ပံုမွန္ျပန္ျဖစ္သြားပါလိမ့္မယ္ ။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


ကိုယ်ဝန်ဆောင်ဖူးတဲ့ အမျိုးသမီးတော်တေ်ာများများသိကြမှာပါ။ ကိုယ်ဝန်ရင့်လာလေလေ ကိုယ်ခန္ဓာပေါ်က တစ်ချို့အရာတွေ ပြောင်းလဲလာလေလေဆိုတာမျိုးကို။ ကိုယ်အလေးချိန်၊ မိန်းမကိုယ်ကအဖြူဆင်းတာတွေ ခြေထောက်ဖောရောင်တာတွေ  အပြင် အသက်ရှူရခက်တာကလည်း လရင့်နေတဲ့ ကိုယ်ဝန်ဆောင်တိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။

ဒီလို အသက်ရှူရခက်တာ ဘာ့ကြောင့်ဖြစ်ရတာလဲ။ စိုးရိမ်ရလား ။

ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာ အသက်ရှူရခက်တာ ပုံမှန် ဖြစ်နေကျ အရာတစ်ခုပါ။

    ကြီးလာတဲ့ ဗိုက်ထဲက ရင်သွေးလေးက အသက်ရှူတဲ့နေရာက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ရင်ဝမ်းခြား အမြှေး diaphragm ကို သွားဖိတဲ့အခါ အသက်ရှူုရခက်သလို
    ကိုယ်ဝန်ဆောင်ချိန် ထွက်နေတတ်တဲ့ ပရိုဂျက်စတုန်းဟော်မုန်းကြောင့်လည်း အသက်ရှူရ ကြပ်တတ်ပါတယ်။ ဒါတွေက ကိုယ်ဝန်ရင့်လာတဲ့အခါ ဖြစ်နေကျဆိုရမယ့် ပြဿနာတွေပါ။

ကိုယ်ဝန်ရင့်လာတဲ့အခါ အသက်ရှူခက်တာ ပုံမှန် ပြဿာနာတစ်ခုဆိုပေမယ့် ခုပြောပြမယ့် ပြဿနာတွေရှိရင်တော့ စိုးရိမ်စရာရှိပါတယ်။

ပန်းနာရင်ကြပ်ရောဂါ အစတည်းကရှိတဲ့သူတွေ

ကိုယ်ဝန်က ပန်းနာရင်ကြပ်ရောဂါကို ပိုဆိုးစေတာကြောင့် ကိုယ်ဝန်ရင့်လို့ ပုံမှန် အသက်ရှူကြပ်တာလား၊ ပန်းနာရင်ကြပ်ပြန်ထတာလားဆိုတာကို သေချာ ခွဲသိဖို့ ဆရာဝန်ဆီ သွားပြဖို့ လိုပါတယ်။

သွေးအားနည်းခြင်း

သွေးအားနည်းတယ်ဆိုတဲ့နေရာမှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါကို အဓိက ပြောချင်တာပါ။ ဒီ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါက ကိုယ်ဝန်ဆောင်တွေမှာ အများဆုံးဖြစ်တတ်ပြီး အသက်ရှူရခက်တာ၊ နုန်းနေတာ ၊ခေါင်းကိုက်ပြီး မောပန်းလွယ်တာတွေကို ဖြစ်စေပါတယ်။ သံဓာတ်ဖြည့်သွေးအားနည်းနေတာကို သိဖို့ ဆရာဝန်က သွေးတွင်း သံဓာတ် ပမာဏကို စစ်ဆေးမှာဖြစ်ပြီး နည်းနေတာသေချာရင် သံဓာတ်ဖြည့် အားဆေးတိုက်မှာ ဖြစ်ပါတယ်။

အသက်ရှူလိုက်တိုင်း အောင့်နေတာ ( ဒါမှမဟုတ် ) အဆက်မပြတ်ချောင်းဆိုးတာ ။ ။

အသက်ကိုရှိုက်ရှူလိုက်တဲ့အခါ ရင်ဘတ်အောင့်သွားတာ၊ အသက်ရှူမဝလို့ အသက်မြန်မြန်ရှူနေရတာ နဲ့ သွေးခုန်နှုန်းတွေ မြန်လာတာ၊ ချောင်းအဆတ်မပြတ်ဆိုးနေတာမျိုးဆို အဆုတ်ထဲ သွေးခဲရောက်သွားတဲ့ ပြဿာနာ တွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပြီး အဖြေရှာ ကုသသင့်ပါတယ်။
ဒီလို ကိုယ်ဝန်ရင့်တဲအ့ခါ အသက်ရှူရခက်တာက ပုံမှန်ဖြစ်တတ်တဲ့ ပြဿနာတစ်ခုဆိုတော့ ဘယ်လို သက်သာအောင် နေရမလဲ ။ ။

အသက်ရှူရခက်တဲ့ ပြဿနာတစ်ခုဟာ ပုံမှန်လူတွေ အတွက်တောင် နေထိုင်ရတာ သက်တောင့်သက်သာမရှိတာ ကိုယ်ဝန်ဆောင်တွေ အတွက်ဆို ပိုဆိုးတာပေါ့ ။ဒါပေမယ့်လည်း သက်သာအောင် လုပ်လို့ရတဲ့ နည်းတွေ အများကြီးပါ။ ။

ကိုယ်ဟန်အနေအထားကိုပြင်ပါ။

ထိုင်နေရင်ပဲဖြစ်ဖြစ် မတ်တပ်ရပ်နေရင်ပဲဖြစ်ဖြစ် ရင်ဘတ်ကော့ထားတဲ့ ပုံစံမျိုးနဲ့ ကျောကို မတ်မတ်ထားပါ။ ဒါမှ ရင်ဘတ်ကျယ်သွားသလိုဖြစ်ပြီး အဆုတ်အလုပ်လုပ်ရတာ ပိုလွယ်ကူမှာပါ။

ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

ယောဂလိုမျိုး အငြိမ်တစ်လိုင်း လေ့ကျင့်ခန်းတွေ ကိုယ်ဝန်ဆောင်တွေ လုပ်ပေးလို့ရပါတယ်။ ယောဂလေ့ကျင့်ခန်း အချုပ်က အသက်ရှူလေ့ကျင့်ခန်းနဲ့ အကြောတွေ ပြေလျော့အောင်လုပ်တာဖြစ်တာကြောင့် ကိုယ်ဝန်သည်တွေရဲ့ အကြောတွေ ပြေလျော့ပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းနဲ့ ကိုယ်နဲ့သင့်တော်သလဲဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။

စိတ်ကို အေးအေးထားပါ။

အသက်ရှူရကြပ်နေလို့ဆိုပြီး အရမ်း အစိုးရိမ်မလွန်ပါနဲ့။ ပိုပြီး စိုးရိမ် လေလေ အသက်ရှူရပိုကြပ်လေလေ ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် စိတ်ကို အေးအေးထားပါ။ အသက်ကိုဖြည်းဖြည်းချင်း လေ့ကျင့်ရှူပါ။

မွေးရမယ့်ရက် နီးလာလေလေ အသက်ရှူရခက်တဲ့ ပြဿနာ တဖြည်းဖြည်း နည်းလာလေလေဖြစ်မှာပါ။ မွေးခါနီးတော့ ကလေးက မွေးလမ်းကြောင်းထဲ ဆင်းလာတဲ့အတွက်ကြောင့် ရင်ဝမ်းခြားကြွက်သားနဲ့ အဆုတ်တို့အတွက် နေရာပြန်ရသွားပြီး အသက်ရှူရတာ ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ် ။ ။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top