ျဖဴျဖဴေက်ာ္သိန္းဟာဆိုရင္ ေအာင္ျမင္မႈကုိနွစ္အရွည္ၾကာဆံုးထိန္းထားနုိင္တဲ့ အနုပညာရွင္ေတြထဲမွာတစ္ဦးအပါအဝင္ျဖစ္ျပီး တစ္နုိ္င္ငံလံုးကပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈကုိရရွိထားတဲ့ အဆိုေတာ္တစ္ဦးလည္းျဖစ္ပါတယ္။ ျဖဴျဖဴက မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္းနဲ႔ rave ရတာၾကိဳက္တယ္လို႔လည္းေျပာသြားခဲ့ပါေသးတယ္။

ျဖဴျဖဴက ဒြန္႔ရတဲ့ music ေတြကုိၾကိဳက္တယ္လို႔ “ေပ်ာ္လို႔ ဒြန္႔ရတာကုိသေဘာက်လာတာ။အမွန္ေတာ့ ဒီ music ကေလ အလိုလိုေနရင္းကုိလြင့္ေျမာက္ၾကြတက္ျပီးေတာ့ ေပ်ာ္စရာေကာင္းတဲ့ music ေလ။ အဲဒီထဲမွာ အဲ့လုိ positive ျဖစ္တဲ့စာသားေလးေတြကုိထည့္နုိင္ရင္ပုိျပီး အဆင္ေျပတယ္။ ကုိယ့္ရဲ႕သီခ်င္းေဟာင္းသီခ်င္းေကာင္းေလးေတြကုိ ဒီလိုမ်ိဳး remix နဲ႔ေျပာင္းလိုက္ေတာ့ ပရိသတ္ေတြလည္းသူတို႔ရျပီးသားသီခ်င္းေလးေတြဆိုရင္ ပုိျပီးေတာ့လြင့္လို႔ေကာင္းတာေပ့ါေနာ္”လို႔ ေျပာျပထားပါတယ္။

Rock and Rave သီခ်င္းေလးေတြကုိၾကိဳက္တဲ့အေၾကာင္းနဲ႔အသည္းကြဲရင္း rave ရင္ပုိျပီးေတာ့ ခံသာတယ္လို႔လည္း ျဖဴျဖဴက “အခုေနာက္ပုိင္းကေတာ့ Rave ျဖစ္ေနတယ္။ ပြဲေတြမွာဆိုရင္ေတာ့ Rock လည္း rock တယ္။ Rave လည္း Rave ပါတယ္။ ပြဲေတြမွာေတာ့ Rock and Rave ဆိုရတာပါပဲ။ အခုဒီေန႔ဆိုမယ့္သီခ်င္းေတြဆိုရင္လည္း ဥပမာအားျဖင့္ အခ်ိဳ႕သီခ်င္းေတြဆိုရင္အရင္အသည္းကြဲသီခ်င္းေလးေတြကုိ ေနာက္တစ္မ်ိဳးပံုစံနဲ႔ေျပာင္းလုိက္တာဆိုေတာ့ ဒြန္႔တာေပ့ါေနာ္။ ဒြန္႔ေတာ့ဒြန္႔တယ္ေပ့ါ။အသည္းကြဲရင္းနဲ႔ ဒြန္႔ေနတာ။ အဲ့ေတာ့ နည္းနည္းခံသာတာေပ့ါ”လို႔ ရယ္ေမာရင္းေျဖထားပါတယ္။

ျဖဴျဖဴက လက္ရွိအနုပညာလႈပ္ရွားမႈေတြကုိေတာ့ “အခ်စ္သီခ်င္းေတြဆိုပါတယ္။ ျဖဴျဖဴအခုဒီနွစ္ထဲမွာဆိုရင္ေတာ့ အတြဲေခြ Cobra နဲ႔တြဲမယ့္စံုတြဲအေခြဆိုရင္ေတာ့ အခ်စ္သီခ်င္းေတြလည္းပါမွာပါ။ တစ္ကုိယ္ေတာ္အခ်စ္သီခ်င္းေလးေတြလည္းပါမယ္။ စံုတြဲအခ်စ္သီခ်င္းေလးေတြလည္းပါမယ္။ပရိသတ္ေတြဒီပြင့္လင္းရာသီမွာနားဆင္ရမွာပါလို႔။ ျဖဴျဖဴဒီရက္ထဲမွာ ေလာက္ကုိင္ပြဲသြားပါမယ္။သီခ်င္းဆိုဖို႔ပါ။ျဖဴျဖဴ႕အဆိုေတာ္သက္တမ္း ဆယ့္ငါးနွစ္လံုးလံုးမွာ တစ္ခါမွမေရာက္ဖူးတဲ့ေနရာလည္းျဖစ္ပါတယ္”လို႔ ေျပာျပထားပါေသးတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ျဖဴျဖဴေက်ာ္သိန္းကုိအားေပးၾကလား။ ျဖဴျဖဴ႕ရဲ႕ေနာက္ထပ္သီခ်င္းေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ဖြူဖြူကျော်သိန်းဟာဆိုရင် အောင်မြင်မှုကိုနှစ်အရှည်ကြာဆုံးထိန်းထားနိုင်တဲ့ အနုပညာရှင်တွေထဲမှာတစ်ဦးအပါအဝင်ဖြစ်ပြီး တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ ဖြူဖြူက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ rave ရတာကြိုက်တယ်လို့လည်းပြောသွားခဲ့ပါသေးတယ်။

ဖြူဖြူက ဒွန့်ရတဲ့ music တွေကိုကြိုက်တယ်လို့ “ပျော်လို့ ဒွန့်ရတာကိုသဘောကျလာတာ။အမှန်တော့ ဒီ music ကလေ အလိုလိုနေရင်းကိုလွင့်မြောက်ကြွတက်ပြီးတော့ ပျော်စရာကောင်းတဲ့ music လေ။ အဲဒီထဲမှာ အဲ့လို positive ဖြစ်တဲ့စာသားလေးတွေကိုထည့်နိုင်ရင်ပိုပြီး အဆင်ပြေတယ်။ ကိုယ့်ရဲ့သီချင်းဟောင်းသီချင်းကောင်းလေးတွေကို ဒီလိုမျိုး remix နဲ့ပြောင်းလိုက်တော့ ပရိသတ်တွေလည်းသူတို့ရပြီးသားသီချင်းလေးတွေဆိုရင် ပိုပြီးတော့လွင့်လို့ကောင်းတာပေ့ါနော်”လို့ ပြောပြထားပါတယ်။

Rock and Rave သီချင်းလေးတွေကိုကြိုက်တဲ့အကြောင်းနဲ့အသည်းကွဲရင်း rave ရင်ပိုပြီးတော့ ခံသာတယ်လို့လည်း ဖြူဖြူက “အခုနောက်ပိုင်းကတော့ Rave ဖြစ်နေတယ်။ ပွဲတွေမှာဆိုရင်တော့ Rock လည်း rock တယ်။ Rave လည်း Rave ပါတယ်။ ပွဲတွေမှာတော့ Rock and Rave ဆိုရတာပါပဲ။ အခုဒီနေ့ဆိုမယ့်သီချင်းတွေဆိုရင်လည်း ဥပမာအားဖြင့် အချို့သီချင်းတွေဆိုရင်အရင်အသည်းကွဲသီချင်းလေးတွေကို နောက်တစ်မျိုးပုံစံနဲ့ပြောင်းလိုက်တာဆိုတော့ ဒွန့်တာပေ့ါနော်။ ဒွန့်တော့ဒွန့်တယ်ပေ့ါ။အသည်းကွဲရင်းနဲ့ ဒွန့်နေတာ။ အဲ့တော့ နည်းနည်းခံသာတာပေ့ါ”လို့ ရယ်မောရင်းဖြေထားပါတယ်။

ဖြူဖြူက လက်ရှိအနုပညာလှုပ်ရှားမှုတွေကိုတော့ “အချစ်သီချင်းတွေဆိုပါတယ်။ ဖြူဖြူအခုဒီနှစ်ထဲမှာဆိုရင်တော့ အတွဲခွေ Cobra နဲ့တွဲမယ့်စုံတွဲအခွေဆိုရင်တော့ အချစ်သီချင်းတွေလည်းပါမှာပါ။ တစ်ကိုယ်တော်အချစ်သီချင်းလေးတွေလည်းပါမယ်။ စုံတွဲအချစ်သီချင်းလေးတွေလည်းပါမယ်။ပရိသတ်တွေဒီပွင့်လင်းရာသီမှာနားဆင်ရမှာပါလို့။ ဖြူဖြူဒီရက်ထဲမှာ လောက်ကိုင်ပွဲသွားပါမယ်။သီချင်းဆိုဖို့ပါ။ဖြူဖြူ့အဆိုတော်သက်တမ်း ဆယ့်ငါးနှစ်လုံးလုံးမှာ တစ်ခါမှမရောက်ဖူးတဲ့နေရာလည်းဖြစ်ပါတယ်”လို့ ပြောပြထားပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဖြူဖြူကျော်သိန်းကိုအားပေးကြလား။ ဖြူဖြူ့ရဲ့နောက်ထပ်သီချင်းတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top