ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕မွာယေန႔ ည ၈ နာရီခန္႔က ၉ ႏွစ္အရြယ္စတုတၳတန္းေက်ာင္းသူတစ္ဦးကို အစ္မ တစ္ဝမ္းကြဲေတာ္စပ္သူရဲ႕ ခင္ပြန္းျဖစ္တဲ့ တပ္မေတာ္သားတစ္ဦးကအတင္းအဓမၼျပဳက်င့္ၾကံစည္မႈ ျဖစ္ပြား ခဲ့ပါတယ္
ျဖစ္စဥ္မွာ – ဉာဏ္ထြန္းေအာင္လို႔ေခၚတဲ့ အဓမၼျပဳက်င့္ဖို႔ ၾကံစည္သူမွာ ေတာင္ပိုင္းတိုင္းစစ္ဌါနခ်ဳပ္စခန္းရံုးက တပ္သားအဆင့္ရွိတဲ့သူတစ္ဦးျဖစ္ၿပီး ဒီေန႔ညေန ၈ နာရီအခ်ိန္ ေက်ာင္းသူတစ္ဦးတည္း ေစ်းဝယ္၍အျပန္ အိမ္ေရွ႕ေရႏုတ္ေျမာင္းအနီးက သစ္ပင္ေအာက္ အတင္းအဓမၼကိုေခၚေဆာင္ၿပီး
ေက်ာင္းသူေလး အား အဓမၼျပဳက်င့္ဖို႔က်ိဳးစားရာေက်ာင္းသူေလးေအာ္သံေၾကာင့္ မိခင္ျဖစ္သူသမီးျဖစ္သူ အသံၾကား၍ အနီးပတ္ဝန္းက်င္ကိုေအာ္ဟစ္အကူအညီေတာင္းေသာေၾကာင့္ပတ္ဝန္းက်င္မွ လူမ်ားေရာက္ရိွလာၿပီး
တပ္မေတာ္သား ကို ဝိုင္း႐ိုက္ဖမ္းဆီး ခဲ့ၾကသည္ဝုိင္း႐ိုက္ဒဏ္ရာ ျပင္းထန္ေသာေၾကာင့္ ေတာင္ငူျပည္သူ႔ေဆးရံုႀကီးတြင္ အေရးေပၚ လူနာအျဖစ္ေဆးကုသမႉ ခံယူေနလ်က္ရိွပါသည္
ဉာဏ္ထြန္းေအာင္အား ၿမိဳ႕သစ္နယ္ေျမရဲစခန္းတြင္(ပ ၈၆ /၂၀၁၈) ပုဒ္မ ၃၇၆ ျဖင့္အမွဳဖြင့္ထားေၾကာင္းသတင္းရရွိပါတယ္
ဖိုးသူေတာ္(www.phothutaw.com)
Credit: thargyi
#Unicode Version#
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာယနေ့ ည ၈ နာရီခန့်က ၉ နှစ်အရွယ်စတုတ္ထတန်းကျောင်းသူတစ်ဦးကို အစ်မ တစ်ဝမ်းကွဲတော်စပ်သူရဲ့ ခင်ပွန်းဖြစ်တဲ့ တပ်မတော်သားတစ်ဦးကအတင်းအဓမ္မပြုကျင့်ကြံစည်မှု ဖြစ်ပွား ခဲ့ပါတယ်
ဖြစ်စဉ်မှာ – ဉာဏ်ထွန်းအောင်လို့ခေါ်တဲ့ အဓမ္မပြုကျင့်ဖို့ ကြံစည်သူမှာ တောင်ပိုင်းတိုင်းစစ်ဌါနချုပ်စခန်းရုံးက တပ်သားအဆင့်ရှိတဲ့သူတစ်ဦးဖြစ်ပြီး ဒီနေ့ညနေ ၈ နာရီအချိန် ကျောင်းသူတစ်ဦးတည်း ဈေးဝယ်၍အပြန် အိမ်ရှေ့ရေနုတ်မြောင်းအနီးက သစ်ပင်အောက် အတင်းအဓမ္မကိုခေါ်ဆောင်ပြီး
ကျောင်းသူလေး အား အဓမ္မပြုကျင့်ဖို့ကျိုးစားရာကျောင်းသူလေးအော်သံကြောင့် မိခင်ဖြစ်သူသမီးဖြစ်သူ အသံကြား၍ အနီးပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းသောကြောင့်ပတ်ဝန်းကျင်မှ လူများရောက်ရှိလာပြီး
တပ်မတော်သား ကို ဝိုင်းရိုက်ဖမ်းဆီး ခဲ့ကြသည်ဝိုင်းရိုက်ဒဏ်ရာ ပြင်းထန်သောကြောင့် တောင်ငူပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် လူနာအဖြစ်ဆေးကုသမှူ ခံယူနေလျက်ရှိပါသည်
ဉာဏ်ထွန်းအောင်အား မြို့သစ်နယ်မြေရဲစခန်းတွင်(ပ ၈၆ /၂၀၁၈) ပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ထားကြောင်းသတင်းရရှိပါတယ်
ဖိုးသူတော်(www.phothutaw.com)
Credit: thargyi