ယခုအခါ မင္းသမီးခ်စ္သူေဝရဲ႕ သမီးအမႊာေလးမ်ားကို အားက်လ်က္ ကိုယ္ဝန္အမႊာရရန္ အထူးဆႏၵရွိၾကပါတယ္။ အမႊာကိုယ္ဝန္ေဆာင္ႏိုင္ရန္ နည္းလမ္းေပးၾကပါဟု အၿမဲေတာင္းတတ္ၾကပါတယ္။ အမႊာကိုယ္ဝန္ေဆာင္လွ်င္ တစ္ႀကိမ္တစ္ခါတည္းႏွင့္ သားသမီး၂ဦးရရွိေသာေၾကာင့္ မိသားစုအတြင္း ပိုမိုျပည့္စုံႏိုင္မည္ဟု ယုံၾကည္ၾကပါတယ္။ မ်ိဳးေအာင္ေစေသာ ေဆးဝါးမ်ားသည္သာ အမႊာကိုယ္ဝန္ေဆာင္ႏိုင္ေသာ တစ္ခုတည္းေသာ နည္းလမ္းမဟုတ္ပါ။

အမႊာကိုယ္ဝန္ရေစေသာအျခားနည္းလမ္းမ်ားမွာ ………

(1) အသက္အ႐ြယ္

အသက္၃၀ေက်ာ္ေသာ အမ်ိဳးသမီးမ်ားသည္ အမႊာကိုယ္ဝန္ေဆာင္ႏိုင္ေခ်မ်ားပါတယ္။ အဘယ္ေၾကာင့္ဆိုေသာ္ အသက္ႀကီးေလေလ FHSေဟာ္မုန္းမ်ားေလေလျဖစ္ပါတယ္။ FHSသည္ မ်ိဳးဥအိမ္တြင္ မမ်ိဳးဥေႂကြရန္လိုအပ္ပါတယ္။ အသက္ႀကီးေသာ အမ်ိဳးသမီးမ်ားသည္ အသက္ငယ္သူမ်ားထက္ မ်ိဳးဥေႂကြရန္ FHSေဟာ္မုန္း ပိုမိုလိုအပ္ပါတယ္။ FHSသည္ မ်ားလာေသာအခါ မမ်ိဳးဥတစ္လုံးထက္ ပိုေႂကြေသာေၾကာင့္ အမႊာကိုယ္ဝန္ရလာျခင္းျဖစ္ပါတယ္။

(2) မ်ိဳး႐ိုးရွိျခင္း

မိမိ မိသားစုမ်ိဳး႐ိုးတြင္ ထပ္တူညီေသာ အမႊာရွိပါက မိမိတြင္ အမႊာကိုယ္ဝန္ရရန္ အခြင့္အလမ္းနည္းေသာ္လည္း ထပ္တူမညီေသာအမႊာရွိပါက အမႊာကိုယ္ဝန္ပိုမိုရလြယ္ပါတယ္။ မိဘ ၂ ဦးစလုံးတြင္ အမႊာမ်ိဳး႐ိုးရွိပါက ပိုမိုအခြင့္အလမ္းမ်ားပါတယ္။

(3) ကိုယ္အေလးခ်ိန္

BMI 30 ေက်ာ္ေသာ ကိုယ္အေလးခ်ိန္မ်ားေသာအမ်ိဳးသမီးမ်ားသည္ BMI ေကာင္းေသာ အမ်ိဳးသမီးမ်ားထက္ အမႊာပိုမိုရရွိေစရန္ အခြင့္အလမ္းမ်ားသည္ဟု ဆိုေသာ္ျငားလည္း အရမ္းဝလွ်င္လည္း ကိုယ္ဝန္မေဆာင္ႏိုင္ပါ။ အဆီပိုမ်ားသည္ estrogen ေဟာ္မုန္းမ်ားေစၿပီး estrogen သည္ သားဥအိမ္ကို မ်ိဳးဥေႂကြေစရန္ လႈံေဆာ္မူပိုမိုေစပါတယ္။ ထို႔ေၾကာင့္ မမ်ိဳးဥ တစ္လုံးထက္မနည္း ေႂကြေစပါတယ္။

(4) အရပ္

အရပ္ရွည္ေသာသူမ်ားသည္ အမႊာကိုယ္ဝန္ရရန္ အခြင့္အလမ္းပိုမ်ားပါတယ္။

(5) လူမ်ိဳး

အေရွ႕တိုင္းအမ်ိဳးသမီးမ်ားသည္ အေမရိကန္ႏွင့္ အာဖရိကန္အမ်ိဳးသမီးႏွင့္ယွဥ္လွ်င္ အမႊာကိုယ္ဝန္ရရန္ အခြင့္အလမ္းနည္းပါတယ္။

(6) ႏို႔တိုက္ျခင္း

ႏို႔တိုက္ေနစဥ္ ကိုယ္ဝန္မေတာ္တဆရလွ်င္ အမႊာျဖစ္ရန္ အခြင့္အလမ္းမ်ားပါတယ္။ ႏို႔တိုက္ျခင္းသည္ ကိုယ္ဝန္ရရန္ တားဆီးေပးသည္ဟုဆိုေသာ္လည္း ေလ့လာခ်က္အရ မေတာ္တဆရခဲ့လွ်င္ ရာခိုင္ႏူန္းပိုမ်ားေၾကာင္း ေတြ႕ရွိရပါတယ္။

(7) အစာအာဟာရ

ႏို႔ႏွင့္ႏို႔ထြက္ပစၥည္းမ်ား ပိုမိုစားသုံးေသာ အမ်ိဳးသမီးမ်ားသည္ အမႊာကိုယ္ဝန္ရရန္ အခြင့္အလမ္းမ်ားပါတယ္။

ေဆးဝါးအကူအညီျဖင့္အမႊာကိုယ္ဝန္ေဆာင္ျခင္း

ေဆးဝါးေသာက္သုံးျခင္းႏွင့္ IVFနည္းျဖင့္ အမႊာကိုယ္ဝန္ရရန္ ျပဳလုပ္ႏိုင္ပါတယ္။ အမႊာကိုယ္ဝန္ေဆာင္ျခင္းရဲ႕ အက်ိဳးဆက္ မိခင္ႏွင့္ ကေလးမ်ားျဖစ္လာႏိုင္ေသာ က်န္းမာေရးအေျခအေနမ်ားကိုပါ ထည့္သြင္းစဥ္းစားသင့္ပါတယ္။ ကုသမူတိုင္းေၾကာင့္ေတာ့ ကိုယ္ဝန္ရရွိေစႏိုင္သည္ဟု တထစ္ခ်ယုံၾကည္၍ မရႏိုင္ပါ။

အမႊာကိုယ္ဝန္လိုခ်င္ေသာ မိဘမ်ားအတြက္ ေဆးဝါးကုသမူေၾကာင့္ အမႊာရရွိေစႏိုင္သည္ဟု တထစ္ခ်မယုံၾကည္သင့္ဘဲ အျခားေသာအေၾကာင္းရင္းမ်ားကိုလည္း ထည့္သြင္းစဥ္းစားသင့္ပါတယ္။ အမႊာကိုယ္ဝန္ရရွိလာေသာအခါတြင္လည္း ကိုယ္ဝန္ေဆာင္ေစာင့္ေရွာက္မႈ အျပည့္အဝရရွိမွသာ အမႊာကိုယ္ဝန္ေၾကာင့္ ရရွိႏိုင္ေသာ ဆိုးက်ိဳးမ်ားကို ေလ်ာ့က်ေစႏိုင္ေၾကာင္း ႀကိဳတင္သိရွိရန္လိုအပ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Pyae Shin

#Unicode Version#

ယခုအခါ မင်းသမီးချစ်သူဝေရဲ့ သမီးအမွှာလေးများကို အားကျလျက် ကိုယ်ဝန်အမွှာရရန် အထူးဆန္ဒရှိကြပါတယ်။ အမွှာကိုယ်ဝန်ဆောင်နိုင်ရန် နည်းလမ်းပေးကြပါဟု အမြဲတောင်းတတ်ကြပါတယ်။ အမွှာကိုယ်ဝန်ဆောင်လျှင် တစ်ကြိမ်တစ်ခါတည်းနှင့် သားသမီး၂ဦးရရှိသောကြောင့် မိသားစုအတွင်း ပိုမိုပြည့်စုံနိုင်မည်ဟု ယုံကြည်ကြပါတယ်။ မျိုးအောင်စေသော ဆေးဝါးများသည်သာ အမွှာကိုယ်ဝန်ဆောင်နိုင်သော တစ်ခုတည်းသော နည်းလမ်းမဟုတ်ပါ။

အမွှာကိုယ်ဝန်ရစေသောအခြားနည်းလမ်းများမှာ ………

(1) အသက်အရွယ်

အသက်၃၀ကျော်သော အမျိုးသမီးများသည် အမွှာကိုယ်ဝန်ဆောင်နိုင်ချေများပါတယ်။ အဘယ်ကြောင့်ဆိုသော် အသက်ကြီးလေလေ FHSဟော်မုန်းများလေလေဖြစ်ပါတယ်။ FHSသည် မျိုးဥအိမ်တွင် မမျိုးဥကြွေရန်လိုအပ်ပါတယ်။ အသက်ကြီးသော အမျိုးသမီးများသည် အသက်ငယ်သူများထက် မျိုးဥကြွေရန် FHSဟော်မုန်း ပိုမိုလိုအပ်ပါတယ်။ FHSသည် များလာသောအခါ မမျိုးဥတစ်လုံးထက် ပိုကြွေသောကြောင့် အမွှာကိုယ်ဝန်ရလာခြင်းဖြစ်ပါတယ်။

(2) မျိုးရိုးရှိခြင်း

မိမိ မိသားစုမျိုးရိုးတွင် ထပ်တူညီသော အမွှာရှိပါက မိမိတွင် အမွှာကိုယ်ဝန်ရရန် အခွင့်အလမ်းနည်းသော်လည်း ထပ်တူမညီသောအမွှာရှိပါက အမွှာကိုယ်ဝန်ပိုမိုရလွယ်ပါတယ်။ မိဘ ၂ ဦးစလုံးတွင် အမွှာမျိုးရိုးရှိပါက ပိုမိုအခွင့်အလမ်းများပါတယ်။

(3) ကိုယ်အလေးချိန်

BMI 30 ကျော်သော ကိုယ်အလေးချိန်များသောအမျိုးသမီးများသည် BMI ကောင်းသော အမျိုးသမီးများထက် အမွှာပိုမိုရရှိစေရန် အခွင့်အလမ်းများသည်ဟု ဆိုသော်ငြားလည်း အရမ်းဝလျှင်လည်း ကိုယ်ဝန်မဆောင်နိုင်ပါ။ အဆီပိုများသည် estrogen ဟော်မုန်းများစေပြီး estrogen သည် သားဥအိမ်ကို မျိုးဥကြွေစေရန် လှုံဆော်မူပိုမိုစေပါတယ်။ ထို့ကြောင့် မမျိုးဥ တစ်လုံးထက်မနည်း ကြွေစေပါတယ်။

(4) အရပ်

အရပ်ရှည်သောသူများသည် အမွှာကိုယ်ဝန်ရရန် အခွင့်အလမ်းပိုများပါတယ်။

(5) လူမျိုး

အရှေ့တိုင်းအမျိုးသမီးများသည် အမေရိကန်နှင့် အာဖရိကန်အမျိုးသမီးနှင့်ယှဉ်လျှင် အမွှာကိုယ်ဝန်ရရန် အခွင့်အလမ်းနည်းပါတယ်။

(6) နို့တိုက်ခြင်း

နို့တိုက်နေစဉ် ကိုယ်ဝန်မတော်တဆရလျှင် အမွှာဖြစ်ရန် အခွင့်အလမ်းများပါတယ်။ နို့တိုက်ခြင်းသည် ကိုယ်ဝန်ရရန် တားဆီးပေးသည်ဟုဆိုသော်လည်း လေ့လာချက်အရ မတော်တဆရခဲ့လျှင် ရာခိုင်နူန်းပိုများကြောင်း တွေ့ရှိရပါတယ်။

(7) အစာအာဟာရ

နို့နှင့်နို့ထွက်ပစ္စည်းများ ပိုမိုစားသုံးသော အမျိုးသမီးများသည် အမွှာကိုယ်ဝန်ရရန် အခွင့်အလမ်းများပါတယ်။

ဆေးဝါးအကူအညီဖြင့်အမွှာကိုယ်ဝန်ဆောင်ခြင်း

ဆေးဝါးသောက်သုံးခြင်းနှင့် IVFနည်းဖြင့် အမွှာကိုယ်ဝန်ရရန် ပြုလုပ်နိုင်ပါတယ်။ အမွှာကိုယ်ဝန်ဆောင်ခြင်းရဲ့ အကျိုးဆက် မိခင်နှင့် ကလေးများဖြစ်လာနိုင်သော ကျန်းမာရေးအခြေအနေများကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ကုသမူတိုင်းကြောင့်တော့ ကိုယ်ဝန်ရရှိစေနိုင်သည်ဟု တထစ်ချယုံကြည်၍ မရနိုင်ပါ။

အမွှာကိုယ်ဝန်လိုချင်သော မိဘများအတွက် ဆေးဝါးကုသမူကြောင့် အမွှာရရှိစေနိုင်သည်ဟု တထစ်ချမယုံကြည်သင့်ဘဲ အခြားသောအကြောင်းရင်းများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အမွှာကိုယ်ဝန်ရရှိလာသောအခါတွင်လည်း ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အပြည့်အဝရရှိမှသာ အမွှာကိုယ်ဝန်ကြောင့် ရရှိနိုင်သော ဆိုးကျိုးများကို လျော့ကျစေနိုင်ကြောင်း ကြိုတင်သိရှိရန်လိုအပ်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Pyae Shin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top