၅-၅-၂၀၁၉ ရက္ေန႔ ၁၄၁၀ အခ်ိန္တြင္ ထား၀ယ္-ၿမိတ္ကားလမ္း မုိင္တုိင္အမွတ္(၁၅/၁) အနီး ေမာ္ရွည္ကုန္းရပ္ကြက္တြင္ ယာဥ္တုိက္မႈျဖစ္ပြားေၾကာင္းသတင္းအရ သရက္ေခ်ာင္းၿမိဳ႕မ ရဲစခန္းမွ ဒုရဲအုပ္ ေက်ာ္စုိးႏုိင္ႏွင့္အဖြဲ႕သည္ သက္ေသမ်ားနွင့္အတူ သြားေရာက္စစ္ေဆးရာ

၁၃၅၅ အခ်ိန္ခန္႔တြင္ ၿမိတ္ၿမိဳ႕ဘက္မွ ထား၀ယ္ၿမိဳ႕ဘက္သုိ႔ ယာဥ္ေမာင္း ေအာင္ေဇာ္ဦး (၃၁)ႏွစ္၊ ၀ဲကြ်န္းရပ္ကြက္၊ ထား၀ယ္ၿမိဳ႕ေနသူ ေမာင္းႏွင္လာေသာ 6L/4800 Hiace အမ်ဳိးအစား ေနနဲ႔လ ခရီးသည္တင္မွန္လုံယာဥ္ငယ္သည္ အခင္းျဖစ္ေနရာအေရာက္တြင္ လမ္းျဖတ္ကူးသူ မ၀တ္မႈံျဖဴ (၈)ႏွစ္၊ တတိယတန္းေက်ာင္းသူ၊ ေမာ္ရွည္ကုန္းရပ္ကြက္၊ သရက္ေခ်ာင္းၿမိဳ႕နယ္ေနသူအား

၀င္ ေရာက္တုိက္မိခဲ့ေသာေၾကာင့္ မ၀တ္မႈံျဖဴတြင္ ၀ဲမ်က္ခုံးအထက္ေပါက္ၿပဲ၊ ယာခ်ဳိေစာင္းေပါက္ၿပဲ၊ ၀ဲတံေတာင္က်ဳိး၊ ေအာက္ႏႈတ္ခမ္းကြဲ၊ နဖူးညိဳမဲ၊ သြားမ်ားက်ဳိး၊ ႏွာေခါင္းေသြးထြက္ဒဏ္ရာမ်ားရရွိ ခဲ့ၿပီး သရက္ေခ်ာင္းျပည္သူ႔ေဆးရုံသုိ႔ တင္ပုိ႔ကုသစဥ္ ၁၄၁၀ အခ်ိန္တြင္ေသဆုံးသြားခဲ့သျဖင့္

ယာဥ္မဆင္မျခင္ေမာင္းႏွင္သူ ေအာင္ေဇာ္ဦးအား သရက္ေခ်ာင္းၿမိဳ႕မရဲစခန္း၏ ယာဥ္(ပ)၁၈/ ၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-ကျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားရွိပါသည္။

 ဖိုးသူေတာ္(www.phothutaw.com)
Credit:Tanintharyi Police

#Unicode Version#
၅-၅-၂၀၁၉ ရက်နေ့ ၁၄၁၀ အချိန်တွင် ထားဝယ်-မြိတ်ကားလမ်း မိုင်တိုင်အမှတ်(၁၅/၁) အနီး မော်ရှည်ကုန်းရပ်ကွက်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သရက်ချောင်းမြို့မ ရဲစခန်းမှ ဒုရဲအုပ် ကျော်စိုးနိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ

၁၃၅၅ အချိန်ခန့်တွင် မြိတ်မြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ ယာဉ်မောင်း အောင်ဇော်ဦး (၃၁)နှစ်၊ ဝဲကျွန်းရပ်ကွက်၊ ထားဝယ်မြို့နေသူ မောင်းနှင်လာသော 6L/4800 Hiace အမျိုးအစား နေနဲ့လ ခရီးသည်တင်မှန်လုံယာဉ်ငယ်သည် အခင်းဖြစ်နေရာအရောက်တွင် လမ်းဖြတ်ကူးသူ မဝတ်မှုံဖြူ (၈)နှစ်၊ တတိယတန်းကျောင်းသူ၊ မော်ရှည်ကုန်းရပ်ကွက်၊ သရက်ချောင်းမြို့နယ်နေသူအား

ဝင် ရောက်တိုက်မိခဲ့သောကြောင့် မဝတ်မှုံဖြူတွင် ဝဲမျက်ခုံးအထက်ပေါက်ပြဲ၊ ယာချိုစောင်းပေါက်ပြဲ၊ ဝဲတံတောင်ကျိုး၊ အောက်နှုတ်ခမ်းကွဲ၊ နဖူးညိုမဲ၊ သွားများကျိုး၊ နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိ ခဲ့ပြီး သရက်ချောင်းပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် ၁၄၁၀ အချိန်တွင်သေဆုံးသွားခဲ့သဖြင့်

ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ဇော်ဦးအား သရက်ချောင်းမြို့မရဲစခန်း၏ ယာဉ်(ပ)၁၈/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပါသည်။

 ဖိုးသူတော်(www.phothutaw.com)
Credit:Tanintharyi Police


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top