ပ်ိဳေမတို႔ကို အသက္ႀကီး လာၿပီ ဆိုၿပီး သတိေပးေန တဲ့ အရာေတြ ထဲ မွာ မ်က္ႏွာေပၚက အ ေရး အ ေၾကာင္းေတြနဲ႔ မ်က္ႏွာအ ေရျပား တင္းရင္းမႈ မရွိျခင္းပဲျဖစ္ပါတယ္။ မ်က္ႏွာအသားအ ေရ တင္းရင္းၿပီး အ ေရး အ ေၾကာင္း ကင္းစင္ဖို႔အတြက္ မ်က္ႏွာမွာ ရွိတဲ့ ႂကြက္သားေတြ ႀကံ့ခိုင္မႈရွိဖို႔လိုပါတယ္။

တျခား ခႏၶာကိုယ္အစိတ္အပိုင္းေတြလိုပဲ မ်က္ႏွာ ၾကြက္သားေတြ ကို လည္း ႀကံ့ခိုင္လာေအာင္ ေလ့က်င့္ခန္း လုပ္ေပး လိုက္ မယ္ ဆို ရင္ အသားအ ရေ ေလ်ာ့တြဲတာနဲ႔ အ ေရး အ ေၾကာင္းျဖစ္တာေတြကို ေပ်ာက္ကင္းေစၿပီး တင္းရင္းလွပတဲ့ မ်က္ႏွာေလးျဖစ္သြားေစပါတယ္။

ေသြးပူေလ့က်င့္ခန္း

မ်က္ႏွာေလ့က်င့္ခန္းလုပ္မယ္ဆိုရင္လည္း အရင္ဆုံး ေသြးပူေလ့က်င့္ခန္း လုပ္ဖို႔ လိုပါတယ္။ ခါးကို မတ္မတ္ ထားကာမ်က္ႏွာကို ေရွ႕တည့္တည့္ကိုၾကည့္ၿပီး “I” “O” “E” “A” ဆိုတဲ့ စာလုံးေလးေတြ ႐ြတ္တဲ့ပုံစံလုပ္ေပးပါ။ တစ္မိနစ္ ေလာက္ လုပ္ၿပီးရင္ ေအာက္ က ေလ့က်င့္ခန္းေလးေတြ ဆက္လုပ္ပါ။

ေလ့က်င့္ခန္း (၁)

လက္ႏွစ္ဖက္ကို ပုံမွာ ျပထားတဲ့အတိုင္း ေမးေအာက္မွာ ထား လိုက္ၿပီး အ ေပၚဘက္ တြန္းတင္တဲ့ ပုံစံမ်ိဳး လုပ္ပါ။ လွ်ာကို ေအာက္ဘက္ကပ္ထားၿပီး ေမး႐ိုးကိုေအာက္ဖက္ကိုဖိပါ။ လက္ႏွစ္ဖက္က အ ေပၚကို တြန္းတင္ထားၿပီး ေမး႐ိုးကို ေအာက္ဖက္ ဖိထားတဲ့ အ ေန အထားမွာ စကၠန႔္ ၃၀ ေနၿပီး ခဏ ေလာက္နားပါ။ အဲ့ဒါကို ၁၀ ႀကိမ္ လုပ္ပါ။

ေလ့က်င့္ခန္း (၂)

ပါးစပ္ကို ဖြင့္လိုက္ၿပီး သြားေတြကို ႏႈတ္ခမ္း နဲ႔ ဖုံးထားလိုက္ပါ။ ေအာက္ေမး႐ိုးကို အ ေရွ႕ ကို တိုးလိုက္ၿပီး လက္ညႇိဳး ေလးနဲ႔ အ ေနာက္ဘက္ျပန္တြန္းထားပါ။အဲ့ဒီ အ ေန အထားမွာ စကၠန႔္ ၃၀ ေလာက္ ေန ၿပီး ခဏ နားပါ ။ အဲ့ ဒါ ကို ၁၀ ႀကိမ္ လုပ္ေပးပါ။ အဲ့ဒီေလ့က်င့္ခန္းက မ်က္ႏွာႂကြက္သားေတြကို ဆြဲဆန႔္သလို ျဖစ္ ေစ တာ ေၾကာင့္ အ ေရး အ ေၾကာင္းေတြ တျဖည္းျဖည္း နည္းပါးလာၿပီး ေလ်ာ့တြဲေနတဲ့ အေရျပားကို တင္းရင္းက်စ္လစ္ေစပါတယ္။

ေလ့က်င့္ခန္း (၃)

ပါးစပ္ကို တင္းတင္းေစ့ၿပီး ေလ ေဖာင္းတဲ့ ပုံစံေလးလုပ္ၿပီး လက္ႏွစ္ဖက္က ပါးကိုအုပ္ကိုင္ထားေပးပါ။ အဲ့ဒီ အ ေန အထားမွာ ၅ စကၠန႔္က ေန ၁၀ စကၠန႔္ေလာက္ ေန ေပးၿပီး ခဏနားပါ။ အဲ့ဒါကို ၅ ႀကိမ္ လုပ္ေပးလိုက္ပါ။

ေလ့က်င့္ခန္း (၄)

ဦးေခါင္းကို ညာဘက္ကို ေစာင္းလိုက္ၿပီး ညာဘက္လက္ နဲ႔ ပင့္ကိုင္ထားတဲ့ ပုံစံမ်ိဳးလုပ္ေပးပါ။ အဲ့ဒီ အ ေန အထားမွာ ေခါင္းနဲ႔ လက္က အျပန္အလွန္ တြန္းေနတဲ့ပုံစံမ်ိဳးျဖစ္ရပါမယ္။ အဲ့ဒါမွ ေမး႐ိုးနဲ႔ လည္ပင္းတ ေလွ်ာက္ႂကြက္သားေတြကို ထိေရာက္မႈျဖစ္ေစၿပီး မ်က္ႏွာ ကို သြယ္ လ် ေစတဲ့အျပင္ ေက်ာ့ရွင္းတဲ့ လည္တိုင္အလွကိုပါ ရ ေစႏိုင္ပါတယ္။ အဲ့ဒီအ ေနအထားမွာ ၁၀ စကၠန႔္ေနၿပီး ဘယ္ညာတလွည့္စီလုပ္ေပးပါ။

ေလ့က်င့္ခန္း (၅)

ခႏၶာကိုယ္ကို မတ္မတ္ထားၿပီး ခဲတံတစ္ေခ်ာင္းကို ပုံထဲကလို ကိုက္ထားလိုက္ၿပီး ေလထဲမွာ ကိုယ့္ရဲ႕ နာမည္စာလုံး ေလးေတြ ေရးလိုက္ပါ။ ခဏနားလိုက္ၿပီး ေနာက္ထပ္ ၂ ေခါက္ ၃ ေခါက္ေလာက္ျပန္လုပ္ေပးပါ။

ေလ့က်င့္ခန္း (၆)

ႏႈတ္ခမ္းကို တင္းတင္းေစ့ၿပီး ေထာင့္စြန္းႏွစ္ဖက္ကို ေအာက္ဘက္ကို ဆြဲခ်ၿပီး စကၠန႔္အနည္းငယ္ေလာက္ၾကာရင္ နဂိုအတိုင္းျပန္ေနပါ။ အဲ့ဒီအတိုင္း ၅ ႀကိမ္လုပ္ပါ။

ေလ့က်င့္ခန္း (၇)

ပုံမွာျပထားတဲ့အတိုင္း လက္ႏွစ္ဖက္ကို ရင္ဘတ္ေရွ႕မွာ ယွက္ၿပီးလက္ေမာင္းေနရာကို ကိုင္ထားၿပီး ခႏၶာကိုယ္ကို မတ္ မတ္ရပ္ပါ။ ဦးေခါင္းကို အေနာက္လွန္ခ်လိုက္ၿပီး အသက္ကိုျဖည္းျဖည္းခ်င္း ရွဴသြင္းပါ။ ၁ က ေန ၁၅ အထိ ေရတြက္ၿပီး နဂိုပုံစံအတိုင္းျပန္ေနလိုက္ပါ။ အဲ့ဒါကို ၁၀ ႀကိမ္လုပ္ေပးပါ။

ေလ့က်င့္ခန္း (၈)

ခႏၶာကိုယ္ကို မတ္မတ္ထားၿပီး ဦးေခါင္းကိုေမာ့ထားပါ။ ေအာက္ႏႈတ္ခမ္းကို အ ေပၚဘက္ေရာက္ႏိုင္ သ ေလာက္ေရာက္ေအာင္ ပို႔ၿပီး ၅ စကၠန႔္ကေန ၁၀ စကၠန႔္ေလာက္ေနေပးၿပီး နဂိုအတိုင္းျပန္ေန ေပးပါ။ အဲ့ဒါကို ၃ ႀကိမ္လုပ္ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MAY THAZINHTOO
# Unicode Version # ျဖင့္ ဖတ္ပါ #

ပျိုမေတို့ကို အသက်ကြီး လာပြီ ဆိုပြီး သတိပေးနေ တဲ့ အရာတွေ ထဲ မှာ မျက်နှာပေါ်က အ ရေး အ ကြောင်းတွေနဲ့ မျက်နှာအ ရေပြား တင်းရင်းမှု မရှိခြင်းပဲဖြစ်ပါတယ်။ မျက်နှာအသားအ ရေ တင်းရင်းပြီး အ ရေး အ ကြောင်း ကင်းစင်ဖို့အတွက် မျက်နှာမှာ ရှိတဲ့ ကြွက်သားတွေ ကြံ့ခိုင်မှုရှိဖို့လိုပါတယ်။

တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ မျက်နှာ ကြွက်သားတွေ ကို လည်း ကြံ့ခိုင်လာအောင် လေ့ကျင့်ခန်း လုပ်ပေး လိုက် မယ် ဆို ရင် အသားအ ရေ လျော့တွဲတာနဲ့ အ ရေး အ ကြောင်းဖြစ်တာတွေကို ပျောက်ကင်းစေပြီး တင်းရင်းလှပတဲ့ မျက်နှာလေးဖြစ်သွားစေပါတယ်။

သွေးပူလေ့ကျင့်ခန်း

မျက်နှာလေ့ကျင့်ခန်းလုပ်မယ်ဆိုရင်လည်း အရင်ဆုံး သွေးပူလေ့ကျင့်ခန်း လုပ်ဖို့ လိုပါတယ်။ ခါးကို မတ်မတ် ထားကာမျက်နှာကို ရှေ့တည့်တည့်ကိုကြည့်ပြီး “I” “O” “E” “A” ဆိုတဲ့ စာလုံးလေးတွေ ရွတ်တဲ့ပုံစံလုပ်ပေးပါ။ တစ်မိနစ် လောက် လုပ်ပြီးရင် အောက် က လေ့ကျင့်ခန်းလေးတွေ ဆက်လုပ်ပါ။

လေ့ကျင့်ခန်း (၁)

လက်နှစ်ဖက်ကို ပုံမှာ ပြထားတဲ့အတိုင်း မေးအောက်မှာ ထား လိုက်ပြီး အ ပေါ်ဘက် တွန်းတင်တဲ့ ပုံစံမျိုး လုပ်ပါ။ လျှာကို အောက်ဘက်ကပ်ထားပြီး မေးရိုးကိုအောက်ဖက်ကိုဖိပါ။ လက်နှစ်ဖက်က အ ပေါ်ကို တွန်းတင်ထားပြီး မေးရိုးကို အောက်ဖက် ဖိထားတဲ့ အ နေ အထားမှာ စက္ကန့် ၃၀ နေပြီး ခဏ လောက်နားပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပါ။

လေ့ကျင့်ခန်း (၂)

ပါးစပ်ကို ဖွင့်လိုက်ပြီး သွားတွေကို နှုတ်ခမ်း နဲ့ ဖုံးထားလိုက်ပါ။ အောက်မေးရိုးကို အ ရှေ့ ကို တိုးလိုက်ပြီး လက်ညှိုး လေးနဲ့ အ နောက်ဘက်ပြန်တွန်းထားပါ။အဲ့ဒီ အ နေ အထားမှာ စက္ကန့် ၃၀ လောက် နေ ပြီး ခဏ နားပါ ။ အဲ့ ဒါ ကို ၁၀ ကြိမ် လုပ်ပေးပါ။ အဲ့ဒီလေ့ကျင့်ခန်းက မျက်နှာကြွက်သားတွေကို ဆွဲဆန့်သလို ဖြစ် စေ တာ ကြောင့် အ ရေး အ ကြောင်းတွေ တဖြည်းဖြည်း နည်းပါးလာပြီး လျော့တွဲနေတဲ့ အရေပြားကို တင်းရင်းကျစ်လစ်စေပါတယ်။

လေ့ကျင့်ခန်း (၃)

ပါးစပ်ကို တင်းတင်းစေ့ပြီး လေ ဖောင်းတဲ့ ပုံစံလေးလုပ်ပြီး လက်နှစ်ဖက်က ပါးကိုအုပ်ကိုင်ထားပေးပါ။ အဲ့ဒီ အ နေ အထားမှာ ၅ စက္ကန့်က နေ ၁၀ စက္ကန့်လောက် နေ ပေးပြီး ခဏနားပါ။ အဲ့ဒါကို ၅ ကြိမ် လုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

ဦးခေါင်းကို ညာဘက်ကို စောင်းလိုက်ပြီး ညာဘက်လက် နဲ့ ပင့်ကိုင်ထားတဲ့ ပုံစံမျိုးလုပ်ပေးပါ။ အဲ့ဒီ အ နေ အထားမှာ ခေါင်းနဲ့ လက်က အပြန်အလှန် တွန်းနေတဲ့ပုံစံမျိုးဖြစ်ရပါမယ်။ အဲ့ဒါမှ မေးရိုးနဲ့ လည်ပင်းတ လျှောက်ကြွက်သားတွေကို ထိရောက်မှုဖြစ်စေပြီး မျက်နှာ ကို သွယ် လျ စေတဲ့အပြင် ကျော့ရှင်းတဲ့ လည်တိုင်အလှကိုပါ ရ စေနိုင်ပါတယ်။ အဲ့ဒီအ နေအထားမှာ ၁၀ စက္ကန့်နေပြီး ဘယ်ညာတလှည့်စီလုပ်ပေးပါ။

လေ့ကျင့်ခန်း (၅)

ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး ခဲတံတစ်ချောင်းကို ပုံထဲကလို ကိုက်ထားလိုက်ပြီး လေထဲမှာ ကိုယ့်ရဲ့ နာမည်စာလုံး လေးတွေ ရေးလိုက်ပါ။ ခဏနားလိုက်ပြီး နောက်ထပ် ၂ ခေါက် ၃ ခေါက်လောက်ပြန်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၆)

နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ထောင့်စွန်းနှစ်ဖက်ကို အောက်ဘက်ကို ဆွဲချပြီး စက္ကန့်အနည်းငယ်လောက်ကြာရင် နဂိုအတိုင်းပြန်နေပါ။ အဲ့ဒီအတိုင်း ၅ ကြိမ်လုပ်ပါ။

လေ့ကျင့်ခန်း (၇)

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ ယှက်ပြီးလက်မောင်းနေရာကို ကိုင်ထားပြီး ခန္ဓာကိုယ်ကို မတ် မတ်ရပ်ပါ။ ဦးခေါင်းကို အနောက်လှန်ချလိုက်ပြီး အသက်ကိုဖြည်းဖြည်းချင်း ရှူသွင်းပါ။ ၁ က နေ ၁၅ အထိ ရေတွက်ပြီး နဂိုပုံစံအတိုင်းပြန်နေလိုက်ပါ။ အဲ့ဒါကို ၁၀ ကြိမ်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၈)

ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး ဦးခေါင်းကိုမော့ထားပါ။ အောက်နှုတ်ခမ်းကို အ ပေါ်ဘက်ရောက်နိုင် သ လောက်ရောက်အောင် ပို့ပြီး ၅ စက္ကန့်ကနေ ၁၀ စက္ကန့်လောက်နေပေးပြီး နဂိုအတိုင်းပြန်နေ ပေးပါ။ အဲ့ဒါကို ၃ ကြိမ်လုပ်ပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:MAY THAZINHTOO
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top