အေဆာင္အေယာင္၊ အသံုးစရိတ္၊ ခ်ီးျမွင့္ေငြနဲ႔ လစာအေပၚမွာ သာယာေနမယ္ဆိုရင္ အဲ့ဒါ ျပဳျပင္ေျပာင္းလဲမႈ မဟုတ္ဘူးလို႔ သမၼတဦးဝင္းျမင့္က ေျပာၾကားလိုက္ပါတယ္။ ေနျပည္ေတာ္ေကာင္စီက ဌာနဆိုင္ရာဝန္ထမ္းေတြနဲ႔ ေကာင္စီ႐ံုးမွာ ေမလ ၂၄ရက္က ေတြ႔ဆံုခ်ိန္မွာ အခုလို ေျပာလုိက္တာ ျဖစ္ပါတယ္။

သူ႔အေနနဲ႔လည္း တာဝန္ကို ေက်ပြန္စြာ ထမ္းေဆာင္ေနၿပီး အေဆာင္အေယာင္ေတြအေပၚမွာ သာယာ၊ ေပ်ာ္ေမြ႔မႈ မရွိဘူးလို႔ ဦးဝင္းျမင့္က ေျပာပါတယ္။  ဌာနဆိုင္ရာ အရာရွိဝန္ထမ္းေတြကိုယ္တုိိင္က အေဆာင္အေယာင္ေတြအေပၚမွာ သာယာၿပီး ကိုယ့္အလုပ္ကိုယ္မလုပ္ဘဲ အိပ္လိုက္၊ စားလိုက္ လုပ္ေနမယ္ဆိုရင္ တိုင္းျပည္အတြက္ ျပဳျပင္ေျပာင္းလဲေရးလုပ္ဖို႔ မလြယ္ကူေၾကာင္းလည္း သမၼတက ေျပာဆိုသြားပါတယ္။

ဒီေတြ႔ဆံုပြဲကို ျပည္ေထာင္စုဝန္ႀကီး ၄ဦး၊ ေနျပည္ေတာ္ေကာင္စီဥကၠဌ ေဒါက္တာမ်ိဳးေအာင္နဲ႔ ေနျပည္ေတာ္ေကာင္စီအတြင္းက ဌာနဆိုင္ရာ အရာထမ္း ႏွစ္ရာခန္႔ တက္ေရာက္ခဲ့ပါတယ္။ 
 ဖိုးသူေတာ္(www.phothutaw.com)
Credit:Mizzima

#Unicode Version#
အဆောင်အယောင်၊ အသုံးစရိတ်၊ ချီးမြှင့်ငွေနဲ့ လစာအပေါ်မှာ သာယာနေမယ်ဆိုရင် အဲ့ဒါ ပြုပြင်ပြောင်းလဲမှု မဟုတ်ဘူးလို့ သမ္မတဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။ နေပြည်တော်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ကောင်စီရုံးမှာ မေလ ၂၄ရက်က တွေ့ဆုံချိန်မှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

သူ့အနေနဲ့လည်း တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေပြီး အဆောင်အယောင်တွေအပေါ်မှာ သာယာ၊ ပျော်မွေ့မှု မရှိဘူးလို့ ဦးဝင်းမြင့်က ပြောပါတယ်။  ဌာနဆိုင်ရာ အရာရှိဝန်ထမ်းတွေကိုယ်တိုင်က အဆောင်အယောင်တွေအပေါ်မှာ သာယာပြီး ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ အိပ်လိုက်၊ စားလိုက် လုပ်နေမယ်ဆိုရင် တိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ မလွယ်ကူကြောင်းလည်း သမ္မတက ပြောဆိုသွားပါတယ်။

ဒီတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး ၄ဦး၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နဲ့ နေပြည်တော်ကောင်စီအတွင်းက ဌာနဆိုင်ရာ အရာထမ်း နှစ်ရာခန့် တက်ရောက်ခဲ့ပါတယ်။ 

 ဖိုးသူတော်(www.phothutaw.com)
Credit:Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top